Electropunk
ဤ ဆောင်းပါးသည် ကျစ်လစ်သော စွယ်စုံကျမ်းပုံစံ ဖြစ်လာစေရန်အတွက် အခြား ဆောင်းပါးများသို့ လင့်ခ်များ ထပ်မံချိတ်ဆက်ရန် လိုအပ်နေသည်။ |
Electropunk သည် အီလက်ထရွန်းနစ် ဂီတနှင့် ပန့်ခ် ဂီတ ကို ပေါင်းစပ်ထားသည့် ဂီတအမျိုးအစားတစ်ခုဖြစ်သည်။
ဝိသေသလက္ခဏာ
ပြင်ဆင်ရန်Punk rock ၏ဂီတအရင်းအမြစ်တွင် ဂီတာများကို ကြီးမားစွာ လွှမ်းမိုးအသုံးပြုသော်လည်း synthesizer များကိုလည်း အသုံးပြုသည်။ သို့သော် အလွန်ရှားပါးသည်။ အထူးသဖြင့် အမေရိကတွင် punk ဂီတသမားများသည် punk ဂီတကိုဖန်တီးရန် synthesizer (သို့) ကီးဘုတ်များကို အအသုံးပြုကြသည်။ ဂီတာအစားအသုံးပြုကြသည်။ punk ဂီတထဲတွင် ကျိုးကြောင်းဆင်ခြင်၍ ဂီတာများအစား အသုံးပြုထားစဉ်တွင် synthesizer ကို အခြေခံခြင်းကို အသိအမှတ်ပြုလာကြသည်။ punk rock မျိုးခွဲများသည် နှစ်များစွာကြာလာသောအခါ စုဝေးထားသော အမျိုးအစားမျာကို အသိအမှတ်ပြုလာကြသည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်၁၉၇၅တွင် Suicide, ၁၉၇၉ ဩဂုတ်လ ၉ရက်တွင် The Units၊ ၁၉၇၉ အောက်တိုဘာတွင် Pere Uba တီးဝိုင်းတို့သည် electronic ဂီတ synthesizer များကို အသုံးပြုလာကြသည်။ The Screamer တီးဝိုင်း (၁၉၇၇) သည်လည်း အစောပိုင်း synthpunk မှတ်တမ်းတင်ရာတွင် ပါဝင်ခဲ့သည်။ The Units တီးဝိုင်းသည် ၁၉၇၉ ခုနှစ်တွင် The San Francisco Examiner နေ့စဉ်သတင်းစာတွင် "ကီးဘုတ်များ တီးခတ်နေသော punk များ" ဆောင်းပါးတွင် ပါဝင်လာခဲ့သည်။ The Screamers သည် ၁၉၇၈တွင် Los Angeles Times နေ့စဉ်သတင်းစာ၏ techno-punk ဆောင်းပါးတွင်ပါဝင်ခဲ့ သည်။ သို့သော် အမျိုးအစားအမည်ကို မတည်ထောင်ရသေးပေ။ မည်သို့ပင်ဆိုစေ USA တွင် အနုပညာတီးဝိုင်းများ(သို့) အနုပညာမှတ်တမ်း label ပြောင်းရွှေ့စဉ် The Units တီးဝိုင်းသည် The Prodigy နှင့် Chemical Brothers တို့၏ အစောပိုင်းအလုပ်များကို ပြင်းထန်စွာ စမ်းသပ်လေ့လာခဲ့သည်။ နောက်ပိုင်းနှစ်များတွင် Minimal Man ၏ She Was A Visitors နှင့် Enstuction ၏ Keep Out of My Body Bag တို့ဖြန့်ချိခဲ့သည်။ Harrisburg, Pennysylvania မှ Billy Synthနှင့် the Janitors(၁၉၇၈-၁၉၈၂) တို့သည် ARP Odyssey analog synthesizer များကို punk ဂီတထဲသို့ တိုက်ရိုက်ထည့်သုံးခဲ့သည်။