မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

F4 Thailand: Boys Over Flowers သည် Tontawan Tantivejakul (Tu)၊ Vachirawit Chiva-aree (Bright)၊ Jirawat Sutivanisak (Dew)၊ Metawin Opas-iamkajorn (Win) နှင့် Hirunkit Changkham (Nani) တို့ ပါဝင်သရုပ်ဆောင်ထားသည့် ၂၀၂၁ တွင် ထွက်ရှိလာမည့် ထိုင်းဇာတ်လမ်းတွဲတစ်ပုဒ် ဖြစ်သည်။

F4 Thailand:
Boys Over Flowers
အမျိုးအစား
ဖန်တီးသူGMMTV
အခြေခံထားသည်မှာYoko Kamio ၏
Boys Over Flowers
ရေးသားသူယိုကို ခါ့မိအို
ဒါရိုက်တာPatha Thongpan
သရုပ်ဆောင်
  • Tontawan Tantivejakul
  • Vachirawit Chiva-aree
  • Jirawat Sutivanisak
  • Metawin Opas-iamkajorn
  • Hirunkit Changkham
နိုင်ငံThailand
ဘာသာစကားThai
ထုတ်လုပ်မှု
ထုတ်လုပ်သူX Nuttapong Monkolsawas , Jan Punchong Tuntisungwaragol
ထုတ်လုပ်သည့် ကုမ္ပဏီ
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းGMM 25
ဇာတ်လမ်းတွဲစဉ်
ဆက်စပ်မှုများ

ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်တို့ကဲ့သို့ ယိုကို ခါ့မိအို၏ ဂျပန် မန်ဂါ Boys Over Flowers (花より男子, Hana Yori Dango) ကို အခြေခံ ရိုက်ကူးထားခြင်းဖြစ်သည်။[၁]

ဒါရိုက်တာ Patha Thongpan ရိုက်ကူးပြီး GMMTV နှင့် Parbdee Taweesuk တို့ ပူးပေါင်းထုတ်လုပ်သည့် ဤ ဇာတ်လမ်းတွဲကို ၂၀၂၁ အထူးပရောဂျက်အဖြစ် ၂၀၁၉ အောက်တိုဘာ ၁၅၌ ပြုလုပ်သော "New & Next" အစီအစဉ်တွင် ကြေညာခဲ့သည်။[၂][၃]

သရုပ်ဆောင်များနှင့် ဇာတ်ကောင်များ ပြင်ဆင်ရန်

ဤ ဇာတ်လမ်းတွဲတွင် ပါဝင်သည့် သရုပ်ဆောင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၄]

အဓိက ပြင်ဆင်ရန်

  • Gorya အဖြစ် (Tu) Tontawan Tantivejakul
    မန်ဂါ ဇာတ်ကောင်: 牧野 つくし (Makino Tsukushi)
  • Thyme အဖြစ် (Bright) Vachirawit Chiva-aree
    မန်ဂါ ဇာတ်ကောင်: 道明寺 司 (Dōmyōji Tsukasa)
  • Ren အဖြစ် (Dew) Jirawat Sutivanisak
    မန်ဂါ ဇာတ်ကောင်: 花沢 類 (Hanazawa Rui)
  • Kavin အဖြစ် (Win) Metawin Opas-iamkajorn
    မန်ဂါ ဇာတ်ကောင်: 西門 総二郎 (Nishikado Sōjirō)
  • M.J. အဖြစ် (Nani) Hirunkit Changkham
    မန်ဂါ ဇာတ်ကောင်: 美作 あきら (Mimasaka Akira)

ဇာတ်ပို့ ပြင်ဆင်ရန်

  • Cindy Bishop as (Thyme's mother)
  • (Fah)Yongwaree Ngamkasem as "Hana"(Ren's childhood love)
  • (Prim)Chanikarn Tangabodi as "Kaning"(Gorya's best friend)
  • (June) Wanwimol Jaenasavamethee as (Gorya's high school friend)
  • (Gunsmile) Chanagun Arpornsutinan
  • (Milk) Pansa Vosbein as (Thyme's fiancée)
  • Neen Suwanamas as (Kavin's first love)
  • (Kapook) Phatchara Tubthong
  • Maria Poonlertlarp as (Thyme's sister)
  • (Fourth) Nattawat Jirochtikul as (Gorya's best friend)

ထုတ်လုပ်ရေး ပြင်ဆင်ရန်

၂၀၁၉ အောက်တိုဘာ ၁၅၌ ကြေညာလိုက်သည်မှစ၍ ထိုင်းပရိသတ်များက အဓိကဇာတ်ဆောင်နေရာအတွက် အမျိုးမျိုး အကြံပြုကြသည်။[၃][၅]

တစ်နှစ်နီးပါးအကြာ ၂၀၂၀ စက်တင်ဘာ ၁၆တွင် GMMTV က အဓိကဇာတ်ဆောင်များကို ကြေညာခဲ့သည်။[၆] ၂၀၂၁အတွင်း ထုတ်လွှင့်နိုင်ရန် ရည်ရွယ်ထားသည့် အဆိုပါ ဇာတ်လမ်းတွဲတွင် 2gether: The Series နှင့် Still 2gether တို့မှ Bright VachirawitWin Metawin တို့နှင့်အတူ မျက်နှာသစ် သရုပ်ဆောင်များဖြစ်သည့် Tontawan Tantivejakul၊ Hirunkit Changkham၊ Jirawat Sutivanisak တို့က အဓိကနေရာက ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်သည်။[၇] ထိုင်း F4 တွင် BrightWin ၏ ပါဝင်မှုနှင့် ပတ်သက်၍ ထိုင်းအွန်လိုင်း ပရိသတ်အချို့မှာ အံအားသင့်ခဲ့ကြသကဲ့သို့၊ အချို့မှာ "သရုပ်ဆောင်များအဖြစ် ရှေ့ဆက်နိုင်မည့် အခွင့်အရေး" အဖြစ် ရှုမြင်ကြသည်။[၈]

GMMTV ၏ မန်နေးဂျင်း ဒါရိုက်တာ Sataporn Panichraksapong က မူရင်းစီးရီးမှာ မှတ်ချက်ကောင်းများ ရရှိခဲ့ပြီး ဇာတ်လမ်းမှာလည်း လက်ရှိ ထိုင်း လူမှုပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသည်များနှင့် ကိုက်ညီနေသဖြင့် ထိုင်းဗားရှင်းဖြင့် ရိုက်ကူးထုတ်လွှင့်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။[၆][၉] Parbdee Taweesuk နှင့် လက်တွဲသည်မှာလည်း ယခင်ကတည်းက The Gifted ကဲ့သို့ ပူးပေါင်းထုတ်လုပ်မှုများ ရှိခဲ့ခြင်းကြောင့်ဟု ဆိုသည်။[၇] ဇာတ်လမ်းတွဲ ဒါရိုက်တာဖြစ်သူ Patha Thongpan က ယခု ထိုင်းဗားရှင်းမှာ မူရင်းနှင့် ကွဲပြားမည်ဖြစ်ကြောင်း ဝန်ခံထားသည်။[၆]

ဝေဖန်မှုများ ပြင်ဆင်ရန်

ဇာတ်လမ်းတွဲ နမူနာကြော်ငြာပြီးနောက် #แบนF4 (F4 ကို ဖျက်) ဟူသော ဟက်ရှ်တက်ဂ်မှာ နှစ်ရက်တိတိ ရေပန်းစားခဲ့သည်။[၁၀][၁၁][၁၂]

ကိုးကား ပြင်ဆင်ရန်

  1. "WATCH: BrightWin to star in Thailand's 'Meteor Garden' remake"၊ Rappler၊ 16 September 2020။ 
  2. เปิดโผซีรีส์ใหม่ปี 2020 ของ GMMTV ทั้งซีรีส์วาย, ภาคต่อ, รีเมกเกาหลี และลิขสิทธิ์ F4! (in th)။ 5 October 2020 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ GMMTV ประกาศสร้าง F4 เวอร์ชั่นไทย ชาวเน็ตเปิดแคสติ้ง(มโน) (in th)။ Sanook.com (16 October 2019)။ 5 October 2020 တွင် ပြန်စစ်ပြီး။
  4. มันดีต่อหัวใจ!! ส่องหนุ่มสาวชาว F4 Thailand สวยหล่อ สดใส พร้อมกระชากใจแฟนซีรีส์ (in th)။ TrueID (17 September 2020)။ 5 October 2020 တွင် ပြန်စစ်ပြီး။
  5. เปิดคาดการณ์ ใครบ้างจะได้รับบท F4 หลัง GMMTV ทำฮือฮา ประกาศสร้างเวอร์ชั่นไทย (in th)။ Kapook (16 October 2019)။ 5 October 2020 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ ၆.၂ F4 Thailand เผยโฉม "ไบร์ท-วิน-นานิ-ดิว" ประกบนางเอกน้องใหม่ ในทีเซอร์สุดปัง! (in th)။ Sanook.com (16 September 2020)။ 5 October 2020 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ "Teaser for Thailand's 'Boys Over Flowers' remake released"၊ The Jakarta Post၊ 18 September 2020။ 
  8. From '2gether' to F4, 'BrightWin' to star in Thai's 'Meteor Garden' remake။ 12 October 2020 တွင် ပြန်စစ်ပြီး။
  9. Thank you GMMTV in trusting us for #F4Thailand. We will do our best, please stay tuned။ Parbdee Taweesuk (16 September 2020)။ 5 October 2020 တွင် ပြန်စစ်ပြီး။
  10. BETTA (2020-09-17)။ ทวิตเตอร์ ลุกเป็นไฟ! แห่ติดแฮชแท็ก #แบนF4 นักแสดงไม่เหมาะสม (in th)။ 2021-02-09 တွင် ပြန်စစ်ပြီး။
  11. #แบนF4 แฟนคลับไม่ปลื้ม เอาคู่วายมาแย่งจีบสาว, เนื้อหาบุลลี่สุด (in th) (2020-09-18)။ 24 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-09 တွင် ပြန်စစ်ပြီး။
  12. เปิดดราม่า แบน F4 ชี้ละครบูลลี่ คุกคามผู้หญิง ไม่ควรรีเมกใหม่ - ผิดหวัง ไบร์ท วิน โดนแยกคู่ (2020-09-17)။ 2021-02-09 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်