Folk punk

ရိုးဂာဂီတနှင့်ပန့်ခ်ရော့ခ်၏ပေါင်းစပ်မှု

Folk punk (အစောပိုင်းနေ့များတွင် rogue folk) သည် folk ဂီတနှင့် Punk rock ရောစပ်ထားခြင်းဖြစ်သည်။ ဤ ဝေါဟာရသည် ၁၉၈၀အစောပိုင်းတွင် ဗြိတိန်မှ The Pogues နှင့် အမေရိကန် Violent Femmes တီးဝိုင်းတို့ကြောင့် ကျော်ကြားလာခဲ့သည်။ folk punk သည် ထိုဆယ်စုနှစ်အတွင်း အောင်မြင်မှုအချို့ ရရှိခဲ့သည်။ မကြာသေးမီက နှစ်များတွင် Celtic punkနှင့် Gypsy punk တို့သည် စီးပွားရေးအရ အောင်မြင်မှုရရှိခဲ့သည်။

ဝိသေသလက္ခဏာ ပြင်ဆင်ရန်

Folk punkသည် Celtic rock နှင့် electric folk တို့နှင့် မတူညီဘဲ ရိုးရာဂီတနှင့်ဆက်သွယ်ရန် ဂရုစိုက်ထားသည်။ folk punk ဂီတသမားများ punk rock ထဲမှ ပုံစံတစ်ခုဖြစ်သည့် folk punk ကို ကိုယ်ပိုင် ပေါင်းစပ်သီကုံးဖျော်ဖြေကြသည်။ သို့သော် folk တူရိယာများဖြစ်သည့် မယ်ဒလင်၊ အကော်ဒီယံ၊ ဘင်ဂျို သို့မဟုတ် တယောများ ပေါင်းစပ်အသုံးပြုထားသည်။ သို့သော်လည်း folk punk တီးဝိုင်း အချို့သည် folk ဂီတမှ ရိုးရာပုံစံများကို ယူသုံးထားသည်။ sea shantiesနှင့် အရှေ့ဥရောပမှ gypsy ဂီတများပါဝင်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၈၀ ပြင်ဆင်ရန်

Violent Femmes သည် ၁၉၈၀တွင် အမေရိကန်နိုင်ငံ Milwaukee မြို့တွင် ဖွဲ့စည်းခဲ့ပြီး သူတို့သည် velvet underground မှ အစောပိုင်း art rock အနုပညာရှင်များလွှမ်းမိုးခဲ့သော်လည်း punkနှင့် folk တို့ကို ရောစပ်၍ စီးပွားရေးအရ အောင်မြင်ခဲ့သော တီးဝိုင်းများမှတစ်ခုဖြစ်သည်။ ၁၉၈၀ အတောအတွင်းတွင် အခြား punkနှင့် hardcore တီးဝိုင်းများသည် folk သံစဉ်များကို အစားထိုးခဲ့သည်။ The Dead Milkmen, Husker Du နှင့် Articles of Faith စသောတီးဝိုင်းများသည် အမှတ်ရစရာတီးဝိုင်းများဖြစ်သည်။ hardcore တီးဝိုင်း The Meat Puppets သည် ၁၉၈၄တွင် punk ကို folk-country ပုံစံပြောင်းလဲထားသည်။ “Meat Puppets 2” album ကို ဖြန့်ချိခဲ့သည်။ UK တွင် လန်ဒန်အခြေစိုက် အိုင်းရစ်တီးဝိုင်း The Pogues တီးဝိုင်းသည် ၁၉၈၂ တွင် ဖွဲ့စည်းခဲ့ပြီး folk and punk ကို ရောနှော၍ တီထွင်ခဲ့သည်။ folk အဆိုတော်များ၏ ပြန်ဆိုတေးများနှင့် မှုရင်းသီချင်းများကို punk ပုံစံဖြင့် ဖျော်ဖြေခဲ့ကြသည်။ UK မှ top ten album တွင် ပါဝင်ခဲ့သည်။ ၁၉၈ရတွင် အမျိုးသမီးအဆိုရှင် Kirsly McColl နှင့်အတူ Fairytale of New York သီချင်းဖန်တီးခဲ့သည်။ The Pogues မှ ဦးဆောင်အဆိုရှင် Shane Mc Gowan သည် လန်ဒန်မှ punk တီးဝိုင်း The Nips တွင် သီဆိုခဲ့သည်။ The Nipple Erectors ဟုလည်း အသိများသည်။ ဖန်တီးသူများထဲမှ ထင်ရှားသောတီးဝိုင်းမှာ The Men They Couldn’t Hang ဖြစ်ပြီး ၁၉၈၄ တွင် ဖွဲ့စည်းခဲ့သည်။ အခြားအရေးပါသော တီးဝိုင်းတစ်ခုမှာ Oyster band ဖြစ်ပြီး ၁၉၈၆ ဝန်းကျင်မှ မြန်၍ ခက်ခဲ့သော rock သံစဉ်များကို Ceilidh ဂီတနှင့် ပေါင်းစပ်ခဲ့သည်။ The Levellers တီးဝိုင်းသည် ၁၉၈၈တွင် ဖွဲ့စည်းခဲ့ပြီး ရိုးရာတေးသွားများအသုံးနည်းသော်လည်း အကူစတစ်(စ်) တူရိယာများနှင့် တယောများကို အသုံးပြုခဲ့သည်။ ၁၉၈၀အင်္ဂလိပ် punk ဖြစ်ရပ်မှ ထင်ရှားသော အဖွဲ့ဝင်များသည် folk လွှမ်းမိုးမှုများကို စမ်းသပ်လေ့လာခဲ့သည်။ ဗြိတိန်တီးဝိုင်း Chumbawaba သည် အကော်ဒီယံနှင့် တံပိုးများကို အသုံးပြုခဲ့သည်။ Attila The Stockbroker ဂီတသမားသည် ၁၉၈၆တွင် မယ်ဒလင်ဖြင့် စတင်ဖျော်ဖြေခဲ့သည်။ ယနေ့တိုင်ဖျော်ဖြေခဲ့သည်။ ၁၉၈၀တွင် အင်္ဂလိပ် folk punk နှင့်ဆက်စပ်၍ အောင်မြင်ခဲ့သော အနုပညာရှင်တစ်ဦးမှာ Bill Bragg ဖြစ်ပြီး ထင်ရှားစွာ လွှမ်းမိုးခဲ့သည့် folk punk အနုပညာရှင်တစ်ဦးဖြစ်သည်။

၁၉၉၀ ပြင်ဆင်ရန်

အစောပိုင်းတွင် punk လွှမ်းမိုးသည့် folk ကို စိတ်ဝင်စားကြသည်။ အနုပညာရှင်အနည်းစု ခရီးစဉ်များကျင်းပခဲ့သည်။ ၁၉၉၀ တွင် ဖွဲ့စည်းခဲ့သော ဩစတင်အခြေစိုက်တီးဝိုင်း The Bad Livers သည် Misfit တီးဝိုင်း၏ ရှပ်များကို ဝတ်ဆင်၍ Iggy Pop (အဆိုရှင် တေးရေးဆရာ) ၏ Lust for Life သီချင်းကို ပြန်ဆိုခဲ့သည်။ ၁၉၉၄တွင် Plan-it-Record စတင်ဖွဲ့စည်းခဲ့ပြီး ၉၀နောက်ပို်င်းနှင့် ၂၀၀၀အစောပိုင်းမှ စံပြုလောက်သော folk punk များကို ဖြန့်ချိခဲ့သည်။ ဤအမျိုးအစားအပေါ်ကြီးမားစွာ လွှမ်းမိုးခဲ့သည်။ ၁၉၉၅တွင် ဖွဲ့စည်းခဲ့သော The World/Inferno Frienship Society တီးဝို်င်းသည် နယူးယော့ခ် Gypsy Punk ဖြစ်ရပ်တွင် လွှမ်းမိုးခဲ့သည်။ သူတို့သည် သူတို့၏ ဟိတ်ဟန်များသော ဖျော်ဖြေမှုများတွင် Cabaret, Punk နှင့် Klezmer အမျိုးအစားများကို ပေါင်းထည့်ခဲ့သည်။ ၁၉၉၀တွင် Celtic punk တီးဝိုင်းများပြန်လည်ရှင်သန်လာခဲ့သည်။ Dropkick Murphys, Flogging Molly, Greenland Whalefisher နှင့် The Real Mckenzies တီးဝိုင်းတို့ပါဝင်ပြီး စီးပွားရေးအရ ကျယ်ပြန့်လာခဲ့သည်။ Pogues တီးဝိုင်းသည် street punk တီးဝိုင်းများဖြစ်သော Cockney Reject တီးဝိုင်းသီချင်းပုံစံနှင့် မကြာခဏရောနှောခဲ့သည်။

၂၀၀၀ ပြင်ဆင်ရန်

၂၀၀၀အစောပိုင်းတွင် Plan-It-X Record သည် ၁၉၉၀ underground မှ pop punk နှင့် DIY တို့ကြီးမားစွာ လွှမ်းမိုးခဲ့သည်။ သူတို့သည် electric အနုပညာရှင်များလွှမ်းမိုးသော်လည်း folk punkနှင့် ဆက်စပ်လာခဲ့သည်။ အမှတ်အရဆုံးတီးဝိုင်းများထဲတွင် Defiance, Ohio, This Bike is A Pipe Bombs, Andrew Jackson Jihad နှင့် Against Me တို့ပါဝင်သည်။ ထိုအချိန်တွင် Gogol Bordello, Golem, Insomnias Folklore နှင့် အခြားအုပ်စုများ ပူးပေါင်မှုကြောင့် Gypsy punk ဂီတသည် နယူးယောခ့်တွင် စတင်လာခဲ့သည်။ ထိုတီးဝိုင်းများသည် punk, ska နှင့် rock ၏ စည်းဝါးတို့နှင့် အရှေ့ဥရောပမှ တီးခတ်ပုံများကို ရောနှောခဲ့သည်။ ထိုတီးဝိုင်းများထဲမှ အများစုသည် အသိအမှတ်ပြုထိုက်သော Campy မှ Soviet Art, Burlesque အနုပညာရသများနှင့် The Clash ၏ classic punk ပုံစံများယူသုံးခဲ့သည်။ Gogol Bordello သည် mainstream အောင်မြင်မှုအတိုင်းအတာရရှိခဲ့သည်။ မြောက်ပို်င်းမှ ပေါ်ထွက်လာသော အဖွဲ့အစည်းများမှာ Mischief Brew တီးဝိုင်းနှင့် Fistolo Record တို့ဖြစ်သည်။ အခြားအမှတ်ရစရာကောင်းသော မြောက်ပို်င်းအနုပညာရှင်များမှာ Appalachian မှ The Can Kickers နှင့် Johnny Hobo and the Freight Trains တို့ဖြစ်သည်။ ၂၀၀၀ခုနှစ်အလယ်တွင် အနောက်ကမ်းရိုးတမ်းသည် DIY ဖြစ်ရပ်မှ Folk punk အနုပညာရှင်များနှင့်အတူ ဖြန့်ချိခဲ့သည်။ Santa Cruz မြို့တော်မှ Blackbird Raurn တီးဝိုင်းနှင့် ဆက်သွယ်ခဲ့သည်။ ထိုတီးဝိုင်း၏ ထူးခြားချက်မှာ ရိုးရာတူရိယာများမှ အကူစတစ်(စ်)ကို အခြေခံခဲ့သည်။ သို့သော် မြန်သော punk စည်းဝါးများနှင့် crust punk၏စာသားများနှင့် လွှမ်းမိုးခဲ့သည်။ သူတို့သည် acoustic hardcore တီးဝိုင်း Hail Seizures နှင့် Northwest Folklife ပွဲတော်နှင့် နီးစပ်စွာ ဆက်သွယ်နေသည်။ အနောက်ကမ်းရိုတမ်းတီးဝိုင်းများသည် street performance ဖြင့်တီးခတ်ခဲ့ကြသည်။ ၂၀၀၈ခုနှစ်တွင် Hot Water Music တီးဝိုင်းမှ အဆိုတော် Chuck Ragan သည် The Revival ခရီးစဉ်ကို ကျင်းပခဲ့သည်။ ထူးခြားချက်မှာ အကောင်းဆုံး solo folk punk အနုပညာရှင်များပါရှိများပါရှိပြီး မြောက်အမေရိက၊ ဩစတေးလျနှင့် ဥရောပ သို့လည်ပတ်ခဲ့သည်။ ရည်ရွယ်ချက်မှာ acoustic punk rock ပြန်လည်ရှင်သန်ရန်နှင့် အနုပညာရှင်များသို့ ပရိသတ်အသစ်များ ရရှိစေရန်ဖြစ်သည်။

၂၀၁၀ ပြင်ဆင်ရန်

၂၀၁၀တွင် solo အဆိုတော်-သီချင်းရေးဆရာများသည် folk ဂီတကို တီးခတ်ခဲ့ကြသည်။ အဆိုတော်များဖြစ်ကြသည့် Frank Turner( hardcore punk တီးဝိုင်း Million Dead ၏ တည်ထောင်သူ)၊ Chuk Ragan ( Hot Water Music တီးဝိုင်း) နှင့် Austin Lucas၊ Tim Barry နှင့် အခြားအနုပညာရှင်များ ကျော်ကြားလာခဲ့သည်။