Hon Hai Precision Industry Co., Ltd. ("Foxconn Technology Group" ဟူသည့် အမည်ဖြင့် ကုန်သွယ်မှုဆောင်ရွက်ပြီး "Foxconn" ဟူသည့် အမည်ဖြင့် လူသိများသည်) သည် လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် ထိုင်ဝမ်ကုမ္ပဏီတစ်ခု ဖြစ်သည်။ ရုံးချုပ်မှာ ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့တော်၊ နယူးတိုင်ပေ၊ Tucheng တွင် တည်ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ဤကုမ္ပဏီသည် ကမ္ဘာပေါ်ရှိ အီလက်ထရောနစ်ထုတ်လုပ်ရေးဝန်ဆောင်မှုများအတွက် ကမ္ဘာ့အကြီးဆုံး ထောက်ပံ့သူ ဖြစ်ခဲ့ပြီး[၃] ဝင်ငွေအားဖြင့် ကမ္ဘာပေါ်တွင် လေးခုမြောက်အကြီးဆုံး နည်းပညာကုမ္ပဏီတစ်ခုလည်း ဖြစ်ခဲ့သည်။[၄] ထိုင်ဝမ်တွင် ရုံးချုပ်တည်ရှိသော်လည်း ကုမ္ပဏီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကလုငန်းတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ အကြီးဆုံး လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။[၅][၆] Terry Gou သည် ကုမ္ပဏီကို တည်ထောင်သူနှင့် ယခင်ဥက္ကဋ္ဌလည်း ဖြစ်သည်။

Hon Hai Precision Industry Co. Ltd.
鴻海科技集團
အမျိုးအစားPublic
လုပ်ငန်းElectronics
တည်ထောင်သည့်နှစ်၂၀ ဖေဖော်ဝါရီ ၁၉၇၄; ၅၀ နှစ် အကြာက (၁၉၇၄-၀၂-20) (as Hon Hai Precision Industry Co., Ltd.)
တည်ထောင်သူများTerry Gou
ဌာနချုပ်Tucheng District, New Taipei, Taiwan
ဝန်ဆောင်မှု ဧရိယာWorldwide
အရေးပါ ပုဂ္ဂိုလ်များYoung Liu
(Chairman and President)
ထုတ်ကုန်ပစ္စည်းElectronics, electronic components, PCBs, PCB components, computer chips.
ဝန်ဆောင်မှုElectronics manufacturing services
ဝင်ငွေNT$5.33 trillion (2019)[၁]
အခွန်မဆောင်မီ ဝင်ငွေNT$114.9 billion (2019)[၁]
အသားတင် ဝင်ငွေNT$132.19 billion (2019)[၁]
ရင်းနှီးမြှုပ်နှံမှုNT$3.029 trillion (2019)[၁]
စုစုပေါင်း ရှယ်ယာတန်ဖိုးNT$1.240 trillion (2019)[၁]
အလုပ်သမားဦးရေIncrease 1,290,000 (2020)[၂]
ကုမ္ပဏီခွဲ
ဝက်ဘ်ဆိုက်honhai.com/en-us/
Foxconn
ရိုးရာ တရုတ်鴻海精密工業股份有限公司
ရိုးရှင်းသော တရုတ်鸿海精密工业股份有限公司
ဆိုလိုရင်းHon Hai Precision Industry Co., Ltd.
Trading name
ရိုးရာ တရုတ်富士康科技集團
ရိုးရှင်းသော တရုတ်富士康科技集团
ဆိုလိုရင်းFoxconn Technology Group

Foxconn သည် အမေရိကန်၊ ကနေဒါ၊ တရုတ်၊ ဖင်လန်၊ ဂျပန်စသည့် နိုင်ငံများရှိ ကုမ္ပဏီများသို့ လျှပ်စစ်ပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိသည်။ Foxconn မှ ထုတ်လုပ်သည့် ထင်ရှားသည့် ထုတ်ကုန်များတွင် BlackBerry,[၇] iPad,[၈] iPhone, iPod,[၉] Kindle,[၁၀] GameCube မှစတင်၍ Nintendo ဂိမ်းစနစ်အားလုံး (နောက်ပိုင်း Nintendo DS models များမှလွဲ၍)၊ Nokia စက်ပစ္စည်များ, Sony စက်ပစ္စည်းများ (PlayStation 3 and PlayStation 4 gaming consoles အပါအဝင်), Google Pixel devices, Xiaomi devices, မိုက်ခရိုဆော့၏ ပထမဆုံးသော Xbox console ကို ဆက်ခံသည့် ကိရိယာများအားလုံး,[၁၁] motherboard အချို့တွင် အသုံးပြုသည့် အမျိုးမျိုးသော TR4 CPU socket များအပါအဝင် အမျိုးမျိုးသော CPU socket များ စသည်တို့ ပါဝင်သည်။ ၂၀၁၂ ခုနှစ်တွင် Foxconn စက်ရုံများမှ ခန့်မှန်းခြေ ကမ္ဘာတစ်ဝန်းလျှပ်စ္စည်းများသုံးစွဲမှု၏ ၄၀ ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့သည်။[၁၂]

သမိုင်းကြောင်း ပြင်ဆင်ရန်

 
Foxconn connector box tag in 2014

Terry Gou သည် ၁၉၇၄ ခုနှစ်တွင် လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအဖြစ် Hon Hai Precision Industry Co., Ltd. ကို တည်ထောင်ခဲ့သည်။ Foxconn ၏ ပထမဆုံးသော ထုတ်လုပ်ရေးစက်ရုံနေရာကို ၁၉၈၉ ခုနှစ်တွင် တရုတ်နိုင်ငံ၊ Shenzhen, Longhua မြို့တွင် ဖွင့်လှစ်ခဲ့သည်။[၉]

Foxconn ၏ ပထမဆုံးအရေးပါသည့် ထုတ်လုပ်မှုသည် ၂၀၀၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ထိုအချိန်က Intel သည် သူ၏ Intel အမှတ်တံဆိပ်ပါ motherboard များ ထုတ်လုပ်ရန်အတွက် Asus အစား Foxconn ကို ရွေးချယ်ခဲ့သည်။ [၁၃]၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် Foxconn သည် အခြားနောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန် စက်ရုံသစ်တစ်ခုကို တရုတ်နိုင်ငံတောင်ပိုင်း၊ Huizhou တွင် တိုးချဲ့တည်ဆောက်မည့် စီမံကိန်းကို ကြေညာခဲ့သည်။[၁၄]

၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ကုမ္ပဏီ၏ အခွဲတစ်ခုဖြစ်သည့် FIH Mobile Limited ၏ အကြီးအကဲ Tien Chong (Terry) Cheng သည် ကုမ္ပဏီ၏ အမည်အား Foxconn ဟု ပေးခဲ့သည်။[၁၅] ထိုနှစ်တွင်ပင်သူသည် ကျန်းမာရေးပြဿနာဖြင့် နုတ်ထွက်ခဲ့သည်။[၁၆] ထိုအချိန်တွင် Foxconn သည် ကမ္ဘာတစ်ဝန်းရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်မှု၏ ခန့်မှန်းခြေ ၄၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေပြီ ဖြစ်သည်။[၁၇]

၂၀၁၂ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံ၏ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Sharp Corporation တွင် အမေရိကန်ဒေါ်လာ ၈၀၆ သန်းဖြင့် ၁၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ဂျပနိုင်ငံ၊ Sakai ရှိ Sharp စက်ရုံမှ ထုတ်လုပ်သည့် LCD များ၏ ၅၀ ရာခိုင်နှုန်းအထိ ဝယ်ယူခဲ့သည်။[၁၈] သို့သော်လည်း နောက်လများတွင် Sharp ၏ ဈေးကွက်ဝေစုသည် ထိုးကျသွားခဲ့သည့်အတွက် သဘောတူညီမှုများသည် ပျက်စီးသွားခဲ့သည်။[၁၉] ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် Foxconn သည် ဘရာဇီးနိုင်ငံ၊ Itu တွင် စက်ရုံသစ် ငါးရုံကို တည်ဆောက်မည့် စီမံကိန်းကို ကြေညာခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၉၄ သန်း ရင်းနှီးမြှုပ်နှံခဲ့သည်။ ထိုစက်ရုံသစ်ငါးခုတွင် အလုပ်အကိုင်ပေါင်း ၁၀၀၀၀ ကို ဖန်တီးပေးနိုင်ခဲ့သည်။[၂၀]

၂၀၁၄ ခုနှစ်တွင် ကုမ္ပဏီသည် Asia Pacific Telecom ကို ဝယ်ယူခဲ့ပြီး လေလံဆွဲပွဲတစ်ခုတွင် အစိုးရခွင့်ပြုသည့် spectrum လိုင်စင်အချို့ကို ရရှိခဲ့သည်။ ထိုလိုင်စင်များဖြင့် ထိုင်ဝမ်နိုင်ငံတွင် 4G ဆက်သွယ်ရေးဆိုင်ရာကိရိယာများကို လုပ်ဆောင်ရန် အခွင့်ရရှိခဲ့သည်။[၂၁]

၂၀၁၆ ခုနှစ်တွင် Foxconn သည် Tencent နှင့်အတူ ဇိမ်ခံကားရောင်းဝယ်သည့် Harmony New Energy Auto နှင့်အတူ Future Mobility ကို တည်ထောင်ခဲ့သည်။ ကားထုတ်လုပ်ရေးစွန့်ဦးတီထွင်သည့် ကုမ္ပဏီတစ်ခုဖြစ်ကာ ၂၀၂၀ ခုနှစ်တွင် လျှပ်စစ်ဖြင့် အပြည့်အဝလုပ်ဆောင်သည့် အလိုအလျှောက်မောင်းနှင်သည့် ပရီမီယံကားများကို ရောင်းချရန် ရည်ရွယ်ထားသည်။[၂၂] Foxconn ၏ အခွဲတစ်ခုဖြစ်သည့် Foxconn Interconnect Technology သည် ၂၀၁၈ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် Belkin International ကို ဒေါ်လာ ၈၆၆ သန်းဖြင့် ဝယ်ယူခဲ့သည်။ [၂၃]

နိုင်ငံတကာ လုပ်ငန်းဆောင်တာများ ပြင်ဆင်ရန်

ကုမ္ပဏီ၏ အဓိကစက်ရုံများသည် အရှေ့အာရှ၊ ဘရာဇီး၊ အိန္ဒိယ၊ ဥရောပနှင့် မက္ကဆီကိုနိုင်ငံများတွင် တည်ရှိသည်။[၂၄]

တရုတ် ပြင်ဆင်ရန်

တရုတ်နိုင်ငံ၏ မြို့ ၉ မြို့တွင် Foxconn ၏ စက်ရုံ ၁၂ ရုံတည်ရှိသည်။ ဤပမာဏသည် အခြားနိုင်ငံများတွင် တည်ရှိနေသည့် ပမာဏထက် များပြားသည်။

Foxconn ၏ အကြီးဆုံးစက်ရုံသည် Longhua မြို့, Shenzhen တွင် တည်ရှိသည်။ ထိုစက်ရုံသည် Longhua Science & Technology Park တွင် တည်ရှိပြီး စက်ရုံလုပ်သား ထောင်ပေါင်းများစွာတို့သည် လုပ်ကိုင်နေကြသည်။ အရေအတွက်သည် လုပ်သား ၂၃၀,၀၀၀ ဦးမှသည် ၃၀၀,၀၀၀ နှင့် ၄၅၀,၀၀၀ ဦးအထိ အပြောင်းအလဲ ရှိနိုင်သည်။ ထို Longhua Science & Technology Park သည် ကာရံထားသည့် ဝန်းတစ်ခုဖြစ်ကာ ၎င်းကို တစ်ခါတရံ "Foxconn City" ဟုလည်း ခေါ်ကြသေးသည်။

ဘရာဇီး ပြင်ဆင်ရန်

တောင်အမေရိကရှိ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများအားလုံးသည် ဘရာဇီးနိုင်ငံတွင် တည်ရှိသည်။ ၎င်းစက်ရုံများတွင် Manaus နှင့် Indaiatuba တွင် တည်ရှိသည့် မိုဘိုင်းဖုန်းစက်ရုံများနှင့် Jundiaí, Sorocaba, နှင့် Santa Rita do Sapucaí တို့တွင် အခြေစိုက်သည့် ထုတ်လုပ်ရေးစက်ရုံများလည်း ပါဝင်သည်။ ကုမ္ပဏီမှလည်း ဘရာဇီးနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စဉ်းစားလျက်ရှိသည်။

ဥရောပ ပြင်ဆင်ရန်

Foxconn သည် ဟန်ဂေရီနိုင်ငံ၊ ဆလိုဗားကီးယားနိုင်ငံ၊ ချက်သမ္မတနိုင်ငံများတွင်လည်း စက်ရုံများ တည်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် ချက်သမ္မတနိုင်ငံသည် ဒုတိယအကြီးဆုံးသော တင်ပို့သူ ဖြစ်ခဲ့သည်။

အိန္ဒိယ ပြင်ဆင်ရန်

၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် Foxconn သည် အိန္ဒိယနိုင်ငံ၌ Apple ကုမ္ပဏီ၏ iPhone များကို ထုတ်လုပ်ရန် ပြောဆိုခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် Foxconn သည် အိန္ဒိယနိုင်ငံတွင် စက်ရုံ ၁၂ ရုံကို တည်ဆောက်တပ်ဆင်နေပြီး ၎င်းသည် အလုပ်အကိုင် တစ်သန်းကို ဖန်တီးပေးလိမ့်မယ်ဟု ကြေညာခဲ့သည်။ ထို့အပြင် နိုင်ငံအတွင်းတွင် ချဲ့ထွင်နိုင်ရန်အတွက် Adani Group နှင့်အတူ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လတွင် သည် Snapdeal တွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ ကုမ္ပဏီသည် Maharashtra ပြည်နယ်အစိုးရနှင့်အတူ နားလည်မှုလက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုနားလည်မှု လက်မှတ်တွင် ငါးနှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ၅ ဘီလီယံရင်းနှီးကာ လျှပ်စစ်ပစ္စည်းများထုတ်လုပ်သည့် စက်ရုံကို တည်ဆောက်ရန် သဘောတူခဲ့ကြသည်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် Foxconn သည် Gionee နှင့်အတူ ပစ္စည်းထုတ်လုပ်မှုများကို စတင်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် အိန္ဒိယနိုင်ငံ၌ မြောက်မြားစွာသော iPhone အသစ်များကို ထုတ်လုပ်ရန် အဆင်သင့်ဖြစ်နေပြီဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Terry Gou က ထုတ်လုပ်မှုများကို ခန်နိုင်းမြို့ (Chennai) ၏ တောင်ဘက်ပိုင်းတွင် ပြလုပ်မည်ဟု ပြောခဲ့သည်။

ဂျပန် ပြင်ဆင်ရန်

Foxconn နှင့် Sharp ကော်ပိုရေးရှင်းတို့သည် အိုဆာကာခရိုင်၊ Sakai တွင် မျက်နှာပြင်ကြီးမားသည့်တီဗွီများကို အဓိကထားထုတ်လုပ်သည့် စက်ရုံနှစ်ခုကို ဖက်စပ်တည်ဆောက်ခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လတွင် Sharp သည် စီးပွားရေးများကို ပြန်လည်ပြင်ဆင်ခြင်းနှင့် လုပ်ငန်းအား လျှော့ချခြင်းများပြုလုပ်ကာ စက်ရုံများကို Foxconn သို့ ရောင်းချရန် စဉ်းစားခဲ့သည်ဟု ဖော်ပြခဲ့သည်။

မလေးရှား ပြင်ဆင်ရန်

၂၀၁၁ ခုနှစ်တွင် Foxconn သည် Johor ပြည်နယ်၊ Kulai တွင် အနည်းဆုံးစက်ရုံ ၇ ခု တည်ဆောက်ရန် ရှိခဲ့သည်။ ထိုနေရာတွင် အလိုအလျောက်တပ်ဆင့်သည့် လိုင်းများပါဝင်သည့် စက်ရုံလေးခုပါဝင်သည့် စက်မှုနေရာတစ်ခု ဖြစ်သည်။ ထို့အပြင် အလိုအလျောက်အပြည့်အဝ ထုပ်ပိုးသည့် လိုင်းများလည်း ပါဝင်မည် ဖြစ်သည်။

မက္ကဆီကို ပြင်ဆင်ရန်

တောင်ကိုရီးယား ပြင်ဆင်ရန်

အမေရိကန်ပြည်ထောင်စု ပြင်ဆင်ရန်

အဓိကဝယ်ယူအသုံးပြုသူများ ပြင်ဆင်ရန်

လက်အောက်ခံကုမ္ပဏီခွဲများ ပြင်ဆင်ရန်

FIH Mobile ပြင်ဆင်ရန်

Foxtron ပြင်ဆင်ရန်

အငြင်းပွားမှုများ ပြင်ဆင်ရန်

လုပ်ငန်းဆိုင်ရာ အခြေအနေများ ပြင်ဆင်ရန်

မိမိကိုယ်ကို အဆုံးစီရင်မှုများ ပြင်ဆင်ရန်

ဝစ်စကွန်စင်တောင်ကြားစီမံကိန်း ပြင်ဆင်ရန်

အစာအဆိပ်ဖြစ်ခြင်း ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ Hon Hai Precision Industry Co., Ltd. 2019 Annual Report
  2. Foxconn။ 11 March 2021 တွင် ပြန်စစ်ပြီး။
  3. "Strikes End at Two Chinese Automotive Suppliers". Reuters. 2010-07-22.
  4. "Top 50 Global Technology Companies"၊ Datamonitor။ 9 April 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 3 February 2009။ 
  5. "How China Built 'iPhone City' With Billions in Perks for Apple's Partner"၊ 2016-12-29။ 
  6. Who is the world's biggest employer? The answer might not be what you expect.။ World Economic Forums။ 2017-07-28 တွင် ပြန်စစ်ပြီး။
  7. "BlackBerry shares surge 15.5% on Foxconn deal"၊ USA Today၊ 2013-12-20။ 
  8. Blodget၊ Henry (23 November 2010)။ Apple Adding More iPad Production Lines To Meet Holiday and 2011 DemandBusiness InsiderAxel Springer SE။ 28 October 2017 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ Dean၊ Jason (11 August 2007)။ The Forbidden City of Terry GouThe Wall Street Journal။ 28 October 2017 တွင် ပြန်စစ်ပြီး။
  10. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named computerworld
  11. George၊ Richard (17 October 2012)။ iPhone, Wii U Manufacturer Admits to Employing ChildrenIGN။ 28 October 2017 တွင် ပြန်စစ်ပြီး။
  12. "Apple, America and a Squeezed Middle Class" (in en-US)၊ The New York Times၊ 2012။ 
  13. Mueller, Scott (2012)။ Upgrading and Repairing PCs (20th ed.)။ Indianapolis: Que။ p. 24ISBN 978-0-7897-4710-5
  14. "Foxconn International plans new $500 million South China plant"၊ Reuters၊ 22 November 2007။ 
  15. Executive Profile: Tien Chong Chengfoxconn international hldgs (2038:Hong Kong)။ Bloomberg Businessweek။ 20 November 2012 တွင် ပြန်စစ်ပြီး။
  16. Buetow, Mike (5 July 2012)။ Foxconn CEO to ResignCircuits Assembly။ UP Media Group။ 29 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 April 2022 တွင် ပြန်စစ်ပြီး။
  17. "Apple, America and a Squeezed Middle Class" (in en)၊ New York Times၊ 21 January 2012။ 
  18. "Foxconn owner Hon Hai buying 10 percent stake in Japanese electronics giant Sharp for $806M"၊ 27 March 2012။ 25 April 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 25 December 2018။ 
  19. "Foxconn deal to become major shareholder in Sharp falls apart" (in en)၊ Computer World၊ 26 March 2013။ 25 April 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 31 January 2022။ 
  20. Wang၊ Lisa။ "Foxconn invests more in Brazil"၊ Taipei Times၊ 20 Sep 2012၊ စာ- 13။ 
  21. FAITH HUNG AND MICHAEL GOLD (26 May 2014)။ Foxconn to buy $390 million stake in Taiwan telecom operator in 4G pushreuters.com။ Thomson Reuters။ 10 April 2016 တွင် ပြန်စစ်ပြီး။
  22. Archived copy။ 2017-03-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-03-11 တွင် ပြန်စစ်ပြီး။
  23. "Foxconn unit to buy Belkin International for $866m"။ 
  24. Duhigg၊ Charles။ "How the U.S. Lost Out on iPhone Work"၊ 21 January 2012။