Gothabilly သည် ဂီတအကွဲအပြားဖြစ်သော ဂီတထဲမှ တစ်ခုဖြစ်ပြီး rockabilly ၏ ယဉ်ကျေးမှုဆိုင်ရာ မျိုးခွဲဖြစ်သည်။ portmanteau စကားလုံးဖြစ်ပြီး gothic နှင့် rockabilly တို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၁၉၇၀ နောက်ပိုင်းတွင် the Cramps တီးဝိုင်းတွင် အသုံးပြုထားသည်ကို တွေ့ရသည်။ punk rock နှင့် rockabilly တို့ရောနှောထားသည်။[၁][၂] gothic နှင့် rockabilly ယဉ်ကျေးမှုနှင့် ဂီတနှင့်ဖက်ရှင်ကို ဖော်ပြရန် ဦးတည်ရာ တံတားတစ်ခုဖြစ်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၇၀ နောက်ပိုင်းတွင် Cramps တီးဝိုင်းသည် proto-gothabilly မျိုးခွဲကို ဖန်တီးရန် ကူညီခဲ့သည်။ မည်သို့ပင်ဆိုစေ နိုင်ငံတကာ gothabilly ပေါင်းစည်းထားသော albumများ ဖြန့်ချိသည့် တိုင်အောင် gothabilly ဟူသော ဝေါဟာရသည် မကျော်ခဲ့ပါဘူး။ Skully records မှ ၁၉၉၀ အလယ်တွင် ဖြန့်ချိခဲ့ခြင်းဖြစ်သည်။[၃][၄] ဝေါဟာရသည် The Cramps တီးဝိုင်းနှင့် သက်ဆိုင်သော်လည်း သူတို့၏ဂီတဆိုင်ရာပုံစံသည် ၁၉၆၀ အစောပိုင်း၏ surf rock ပုံစံဖြစ်ပြီး traditional 12 bar blues နှင့်အတူ ပေါင်းစပ်ထားခြင်းဖြစ်ပြီး ၁၉၅၀ rockabilly rhythms နှင့် vocal ပုံစံများကို ဖွဲ့စည်းထားခြင်းဖြစ်သည်။ တစ်ခါတစ်ရံ gothic rock နှင့်ဆက်နွယ်နေပြီး အနက်ရောင် eyeliner များပါဝင်ပြီး အမျိုးသားနှင့် အမျိုးသမီးအဖွဲ့ဝင်များပါဝင်သည်။ gothic မျိုးခွဲယဉ်ကျေးမှုထဲတွင် ကျော်ကြားလာသည်။ တီးဝိုင်းသည် psychobilly အမျိုးအစားလွှမ်းမိုးလာခဲ့သည်။

Gothabilly သည် အမေရိကန်တွင် ရှင်သန်ခဲ့ပြီး ယနေ့ခေတ်တီးဝိုင်းများသည် California မှစတင်ခဲ့သည်။[၅]

ဂီတပုံစံ ပြင်ဆင်ရန်

Gothabily သည် gothic ယဉ်ကျေးမှုနှင့် rockabilly ဂီတများရောနှောထားပြီး ဖွံဖြိုးတိုးတက်ခဲ့သည်။ gothabilly သည် country ဂီတနှင့် blues ဂီတတို့ကို ဆက်လက်ထိန်းသိမ်း ထားခဲ့သည်။ သို့သော်ထူးခြားသော ပုံစံများကို ဖန်တီးရန် punk rock နှင့် gothic rockကဏ္ဍာများကို ပေါင်းစပ်ထည့်ထားသည်။ slow tempo များနှင့်အတူ စိတ်အားငယ်ခြင်းများ စာပေကျမ်းဂန်များ၊ ဂမ္ဘီရပညာနှင့် ဘာသာရေးအကြောင်းအရာများ ပါဝင်သည်။ Gothabilly သည် double bass နှင့် ရိုးရှင်းသော rockabilly chord progressions ၏ rhythm များနှင့် punkလွှမ်းမိုးမှုများ ပေါင်းစပ်ထား သည်။ မည်သို့ပင်ဆိုစေ Jangly guitars များ၊ rolling jungle drum များ၊ organ နှင့်မကောင်းဆိုးဝါးများ၊ တစ္ဆေများနှင့် ထိတ်လန့်ဖွယ်ရာ အကြောင်းအရာများကို ပေါင်းစပ်ထားသည်။

ဖက်ရှင် ပြင်ဆင်ရန်

Gothabilly ပုံစံသည် dark gothic လွှမ်းမိုးမှုနှင့်အတူ rock and roll ဖက်ရှင်များ လွှမ်းမိုးထားသည်။ gothabilly သည် retro culture revival, ၁၉၅၀ tattoo ပုံများ၊ animal print များ၊ creeps shoe cherry accessory polka cloth အဝတ်အစား၊ pencil skirts၊ ပိုက်ကွန်ခြေအိတ်များနှင့် High heel ၊ rockabilly နှင့် psychobilly အဖြစ်အပျက်မှ လူကြိုက်များသော အရာများပါဝင်သည်။ goth လွှမ်းမိုးမှုမှ softer texture များမှာ ပိုးထည်၊ ဖဲထည်၊ပန်းဇာများ၊ကက္တီပါများ၊ ကိုယ်ကျပ်အဝတ်များ၊ top hats၊ ရှေးဟောင်းလက်ဝတ်ရတနာများ၊ PVC နှင့် leather များကို တွေ့နိုင်သည်။

ယဉ်ကျေးမှု ပြင်ဆင်ရန်

gothabilly ဟူသော အသုံးအနှုန်းသည် ဂီတဆိုင်ရာအမျိုးအစားသာမက ဖက်ရှင်နှင့် ဘဝနေထိုင်မှုပုံစံများအတွက် အသုံးပြုသည်။ gothabilly နှင့် psychobillyမှ အသံများ horror movie များတွင် တွေ့ရပြီး ကြောက်မက်ဖွယ်ရာ သေခြင်းတရားအကြောင်းအရာများကို တွေ့ရသည်။ gothabilly ယဉ်ကျေးမှုသည် internet community များ၊ blog နှင့် chat နှင့်ဂီတဖျော်ဖြေပွဲနှင့် ကမ္ဘာတစ်ဝန်းမှ လူမှုရေးအဖြစ်အပျက်များမှ ပျံ့နှံလာခဲ့သည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. Breen၊ Meagan။ "An Introspective into Gothabilly"၊ Auxiliary Magazine၊ 2009-03-05။ 2009-04-16 တွင် ပြန်စစ်ပြီး။ Archived from the original on 30 April 2009။ 
  2. Uutela၊ Deanna။ "Case of the Zombies"၊ Eugene Weekly၊ 2007-10-04။ 2009-04-16 တွင် ပြန်စစ်ပြီး။ Archived from the original on 30 April 2009။ 
  3. Valarie Thorpe: Interview with Ghoultown's Count Lyle, reallyscary.com. Retrieved on April 14, 2009
  4. Kirst၊ Sean။ "A Halloween Greatest Hit...The Tale of Skully Records"၊ The Post-Standard၊ 2007-10-31။ 2009-04-16 တွင် ပြန်စစ်ပြီး 
  5. ၅.၀ ၅.၁ Johnson, Daniel (April 09), "The Growth of Gothabilly", RSEE, Riverside County, CA.