ဂီတာ
ဂီတာ (အင်္ဂလိပ်: Guitar) ဟူသည် ကြိုးတပ် တူရိယာတစ်ခုဖြစ်ပြီး ထိုကြိုးများအား လက်ဖြင့် တီးခတ်ရသည်။ ဂီတာ၏ အဓိက အစိတ်အပိုင်းများမှာ ကိုယ်ထည်၊ လက်ကိုင်၍ ကြိုးများအား ဖိထိန်းရန်အတွက် ပြားသော လက်ကိုင်တန်း တစ်ခု၊ ထိုကြိုးများအား ထိန်းချုပ်ထားရန်အတွက် ထိန်းချူပ်ဘားများ နှင့် ကြိုးတို့ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် ဂီတာ တစ်ခုအား သစ်သား သို့မဟုတ် ပလတ်စတစ်ဖြင့် ပြုလုပ်ကြသည်။ ထို့ပြင် ဂီတာကြိုးအား သံမဏိ သို့မဟုတ် နိုင်လွန်ဖြင့် ပြုလုပ်ထားကြသည်။ ဂီတာကြိုးများကို များသောအားဖြင့် ညာလက်ချောင်းကလေးများဖြင့် လည်းကောင်း၊ အထူးပြုလုပ်ထားသော ဂစ်တာတီးရန် ပလတ်စတစ်ပြားကလေးများဖြင့် လည်းကောင်း ခတ်ယူတီးခတ်ကြသည်။ သို့သော် အချို့သည် ဘယ်လက်ဖြင့် တီးခတ်ကြသေးသည်။ ထိုသို့ တီးခေတ်မှုပုံစံကို ကြိုးခတ်ခြင်းဟူ၍ ခေါ်သည်။ မြန်မာနိုင်ငံရှိ အခေါ်အဝေါ်မှာ အင်္ဂလိပ်ဘာသာမှ ခေါ်ဝေါ်သော "Plectrum" ဟူ၍လည်း ခေါ်ဝေါ်သည်။ ဘယ်လက်သည် ဂီတာ၏ (ပြားသော လက်ကိုင်တန်း)လည်တိုင်အား ကိုင်ထားရပြီး တစ်ချိန်တည်းတွင်ပင် ဘယ်လက်မှ လက်ကိုင်တန်းပေါ်ရှိ ဂစ်တာကြိုးလေးများအား လက်ဖြင့် ဖိနိုပ်ထားရရပြီး ညာလက်မှ ဂီတာကြိုးများအား အပေါ်အောက် ဆွဲ၍ တီးခေတ်ခြင်း သို့မဟုတ် ကြိုးကလေးများအား တစ်ချောင်းခြင်း ခတ်၍ တီးခြင်းဖြင့် အသံထွက်ပေါ်စေသည်။ လက်အနေအထားပြောင်းခြင်းဖြင့် ဂီတာအသံ၊နုတ်များအား ပြောင်းလဲနိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ ဂီတာသည် ယနေ့ခေတ် လူကြီး၊ လူငယ်များ အကြိုက်တွေ့၍ ဝယ်ယူရ လွယ်ကူခြင်း၊ တီးခတ်ရ လွယ်ကူခြင်းတို့ကြောင့် လူကြိုက်များ ရေပန်းစားသော တူရိယာ တစ်ခုပင်ဖြစ်သည်။
ယနေ့ ဂီတာများ၏ ခေတ်စားမှုသက်တမ်းသည် တိုတောင်းသည်ဟု သင်ယူဆနိုင်သော်လည်း နှစ်ပေါင်းထောင်နှင့် ချီသည့် ရှည်လျားသော သမိုင်းကြောင်းကို ပိုင်ဆိုင်ထားလေသည်။ ရှေးယခင်က အာရှမိုင်းနားဟူ၍ ခေါ်တွင်သည့် အီဂျစ်ပြည်၌ လွန်ခဲ့သည့် ဘီစီ ၁၀၀ဝခန့် အေဒီ၆၀ဝ ခန့်လောက်မှ ဂီတာနှင့် နီးစပ်သော ရုပ်ကြွင်းတွေကို တွေ့ ရှိခဲ့သည်။ သမိုင်းအထောက်အထားတွေအရ ဂီတာရဲ့ အစောဆုံးတူရိယာဟာ အာရပ်နိုင်ငံတွေကနေ စတင်ဆင်းသက်ပေါက်ဖွားခဲ့ပြီး ဂီတာဆိုသည့် ဝေါဟာရမှာ ရှေးဂရိလူမျိုးများ အမြတ်တနိုး တီးခတ်ခဲ့ကြတဲ့ ကီသာရာ(KITHARA) တူရိယာမှ ဆင်းသက်လာသည် ဟူ၍လည်း လက်ခံထားကြသည်။
ဂစ်တာနှင့် စစ်ပွဲများ
ပြင်ဆင်ရန်အေဒီ ၇၁၁ တွင် မူးဝါး(MOOR) ဟုခေါ်သော လူမျိုးစုများသည် အာဆီးရီးယန်း၊ပါရှန်းနှင့် ဟီးဘရူးနိုင်ငံများကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ကြသည်။ ထိုအချိန် နောက်ပိုင်းတွင် ဂစ်တာဖြစ်လာမယ့် တူရိယာဟု မှန်းဆရသည့် ရက်ဘတ် (REBEC) တူရိယာ အပါအဝင် ကြိုးတပ်တူရိယာ အမျိုးမျိုးကို စပိန်နိုင်ငံကို ယူဆောင်သွားကြလေသည်။ ထိုတူရိယာသည် ယနေ့ခေတ် မြင်တွေ့ရသော ဂစ်တာပုံစံနှင့် လုံးဝမတူသေးဘဲ အရွယ်အစား သေးငယ်ပြီး တယောပုံသဏ္ဌာန်နှင့် ပိုမိုဆင်တူလေသည်။
ဂစ်တာရဲ့ ပုံသဏ္ဌာန် နှင့်ဖွဲ့စည်း ပြုလုပ်ထားပုံများသည် တီးခတ်သည့် အခါ လွယ်ကူစေရန်နှင့် ခေတ်မှီစေရန်အတွက် မိမိစိတ်ကြိုက်ပြုလုပ်ခဲ့ကြသောအခါ ၎င်း၏ခိုင်မာသည့် သမိုင်းကြောင်းသည်လည်း ဝေဝါးမှေးမှိန်စေခဲသည်။ ၁၂ ရာစုတွင် ဖြစ်ပွားခဲ့သည့် ကရူးဆိတ်စစ်ပွဲများကလည်း ယနေ့ခေတ်ဂစ်တာနှင့် တူသည့် ကြိုးတပ်တူရိယာတခုကို ဥရောပ တစ်လွှားတွင် ပြန်နှံ့သွားခဲ့သည်။ ထိုတူရိယသည် နှစ်ပင်စီပူးထားသည့် ကြိုး ၄ စုံ၊ စုစုပေါင်းကြိုး ၈ ချောင်း တပ်ထားသော တူရိယာဖြစ်ပြီး ဂစ်တန် (GITTERN) ဟူ၍ ထင်ရှားခဲ့သည်။ စောင်းသမား ခရီးသွားများ၊ ကဗျာဆရာ ခရီးသွားများ၊ အဆိုတော်ခရီးသွားများသည် ထိုတူရိယာနှင့်တွဲပြီး သူတို၏ ခံစားဖွဲ့သီဆိုမှုများကို အလယ်ခေတ် (AD 600-1450) တလျှေက်လုံး သီဆိုတီးမှုတ်ခဲ့ကြလေသည်။
ဂစ်တာ၏ တိကျခိုင်မာသော သမိုင်းကြောင်းအား ၁၃ ရာစု စပိန်နိုင်ငံမှ မူးဝါးလူမျိုးများ၏ သီဆိုဖျော်ဖြေပွဲများမှ စတင်ပေါ်ပေါက်လာခဲ့သည် ဆိုလေသည်။ နှစ်ပေါင်း ၃၀ဝမျှ ကြာညောင်းပြီး နောက် ၁၆ ရာစု စပိန်နိုင်ငံ၌ တီးခတ်မှု ပုံစံသစ်၊ ဟန်သစ်များ အပြိုင်အဆိုင်တိုးတက်လာပြီး ဂစ်တာအမျိုးအစားအနေဖြင့် အနည်းဆုံး ၃ မျိုးမျှ ခေတ်စားခဲ့သည်။ ထိုအရာများမှာ
- ကြိုး ၆ စုံ စုစုပေါင်း ၁၂ ကြိုးတပ် ဗီဟူလာ (VIHVELA) ထိုတူရိယာနှင့် တွဲဖက်တီးခတ်ရန်အတွင် သင်္ကေတဇယားဖြင့် ရေးသားထားသော နှစ်ယောက်တွဲတီးလုံး၊ သီချင်း၊ အကသီချင်းများ အပါအဝင် စုစုပေါင်း စာအုပ် ၇ အုပ် ထုတ်ဝေခဲ့သည်။
- ကြိုး၅စုံ၊ စုစုပေါင်း ၁ဝ ကြိုးတပ် ဂစ်တာရာအက်စပါနိုလာ(GUITRRA ESPANOLA) ၁၆ ရာစု နောက်ပိုင်းမှနေ၍ ၁၇ ရာစုတလျှောက်လုံး ခေတ်စားခဲ့ပြီး လူးတ်(LUTE) တူရိယာ၏ နေရာတွင် အစားထိုး အသုံးပြုခဲ့သည်။ ဂစ်တာရာအက်စပါနိုလာကော့ဒ်နှင့် တီးရန်အတွက်ပင် အသုံးပြုခဲ့ပြီး၊ ၁၇ ရာစုနှောင်းပိုင်းမှာတော့ ပြင်သစ်ကို စိမ့်ဝင်ပျံနံ့ သွားခဲ့သည်။
- ကြိုး ၄ စုံ၊ စုစုပေါင်း ကြိုး ၈ ချောင်းတပ် ဂစ်တာရာ (GUITARRA) တို့ဖြစ်သည်။
၁၇ ရာစုနှစ် ဂစ်တာအား ရူးသွပ်မှု
ပြင်ဆင်ရန်၁၇ ရာစုတွင် ဂစ်တာ၏အခန်းကဏ္ဍသည် အရှိန်အဟုန်နှင့် ပြန့်ပွားဖို့ အစပျိုးသည့် ကာလ တခုပင် ဖြစ်သည်။ ကော့ဒ်ဖြင့် တီးသည့် စနစ်များမှ အနုစိတ်ပိုမိုချဲ့ထွင်ကာ ပို၍စိတ်ဝင်စားဖို့ ကောင်းသော လက်ချောင်းများဖြင့် တီးခတ်ရသည့် ဂန္ထဝင်ဂစ်တာ(CLASSICAL) တီးခတ်ဟန်များ အစားထိုးဝင်ရောက်ခဲ့သည်။ ၁၈ ရာစုမှာတွင်မူ ပြောင်မြောက်ထူးချွန်သော ဂစ်တာပညာရှင်များ ပေါ်ထွန်းလာခဲ့ကြပြီး ဂီတပညာရှင်ကြီး ပါဂါနီနီ (NICCOLO PAGANINI 1788-1840) သည် တယောသာမက ဂစ်တာကိုလည်း ကျွမ်းကျင်တတ်မြောက်သည့် ပါရမီရှင်တဦး ဖြစ်ခဲ့သည်။ သံစုံတီးဝိုင်းကြီးများ၏ ဂီတခေါင်းဆောင်တွေဖြစ်ကြသော ဟေဒင် (FRANZ JOSEPH HAYDN 1732-1809)၊ ရူးဘတ်၊ (FRANZ SCHUBERT 1797-1828)၊ ဝက်ဘာ (CARL MARIA VON WEBER 1786-1926)၊ ရိုဆိုနီ (GIOACHINO ROSSINI 1792-1868) တို့သည် ဂစ်တာအတွက် ဂီတသင်္ကေတ များကို ရေးစပ်တီထွင် ပေးခဲ့ကြသည်။ ထိပ်တန်းလက်မှု ပညာရှင်ကြီးဖြစ်သော စထရာဒီဗားရီးယပ်သည် သူ့ရဲ့နာမည်ကျော် တယောတွေနည်းတူ ဂစ်တာတွေကိုလည်း အထူးပြုလုပ်ပေးခဲ့သည်။
၁၉ ရာစု အစောပိုင်းမှာ စပိန်နိုင်ငံသား ဖာနန်ဒိုဆော (FERNANDO-SOR 1778-1839) ဟာ အပြည်ပြည်ဆိုင်ရာ အတိုင်းအတာအထိ ကျော်ကြားအောင်မြင်ခဲ့တဲ့ ဂစ်တာပညာရှင်တဦး ဖြစ်ခဲ့ပြီး သူနဲ့ ခေတ်ပြိုင်တွေ ဖြစ်ကြတဲ့ ဒီယွန်ဆီယိုအာကွေဒို (DIONISIO AQUADO)၊ မဲတီအိုကာကက်ဆီ (MATTEOCARCASSI)၊ ဖာဒီနန်ကာရူလီ (FERDINAND CARULLI)၊ မူရိုဂျူလီယန်နီ (MAURO GIULIANI) တို့ဟာလည်း နာမည်ကျော် ဂစ်တာပညာရှင်ကြီးတွေ ဖြစ်ခဲ့ကြပါတယ်။ ဖာနန်ဒိုဆောနဲ့ သူ၏ ခေတ်ပြိုင်တွေဟာ သင်တန်းကျောင်းတွေ ဖွင့်လှစ်ပို့ချခြင်း၊ ဂီတပွဲတွေ တင်ဆက်ခြင်း စတဲ့ကြိုးပမ်းမှူတွေနဲ့ ဂစ်တာပညာကို ပြန့်ပွားဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်း ဖရန်စစ်စကိုတားရက်ဂါ (FRANCISCO TARREGA 1852-1909) ဟာ အထူးချွန်ဆုံး ဂစ်တာသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး မျက်မှောက်ခေတ် ဂန္ထဝင် ဂစ်တာသမား များကို ဦးဆောင်ခဲ့သူ တဦးဖြစ်သည်။
အမေရိကန်ပြည်ထောင်စုနှင့် ဂစ်တာ
ပြင်ဆင်ရန်စည်ပင်တိုးတက်လာကာစ အမေရိကန်၌ စွန့်စားသွားလာသူများ၊ နယ်မြေသစ်ရှာဖွေသူများ စသူတို့သည် လှည်းတန်းရှည်ကြီးတွေနှင့် လှည့်လည်သွားလာကြပြီး စခန်းချ အပန်းဖြေသည့်အခါတွင် မီးပုံဘေး၌ ဂစ်တာတီး၍ အမောဖြေ ကြသည်။ ဤသို့ဖြင့် ဂစ်တာဟူသော တူရိယာသည်လည်း အမေရိကန်၏ နေရာ အနှံ့အပြား လိုက်ပါခဲ့ရပြီး ၁၉ရာစု အကုန် ၁၉၀ဝပြည့်နှစ် တစ်ဝိုက်တွင်မူ အမေရိကန်လူမည်း၏ ရင်တွင်းခံစားချက်များမှ ပေါက်ဖွားလာသော အာဖရိကနွယ်သည့် ရက်ဂေးနဲ့ ဘလူးစ် အမျိုးအစား ဂီတများ အစပျိုးအားယူနေပြီဖြစ်သည်။ ကျေးလက်တောနေသူများ၏ ပျော်ပွဲရွှင်ပွဲတွေတိုင်း၌လည်း ဂစ်တာနှင့် တယောသည် မပါမဖြစ် အသုံးပြုနေကြပါပြီ ဖြစ်သည်။ ဖာနန်ဒိုဆော မှ စတင်ပြန့်ပွားခဲ့သည့် ဂန္ထဝင်ဂစ်တာ တီးဟန်တွေများသည်လည်း အဆင့်ဆင့်တိုးတက်လာခဲ့ပြီး စပိန်လူမျိုး အဲန်ဒရက်ဇရိုးဘီးယား (ANDRES SEGOVIA 1893-1987)၏ ၁၉၂၈ နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် ဂန္ထဝင်ဂီတပွဲ မှစပြီး ဂစ်တာကို ကမ္ဘာက အာရုံစိုက် လာကြသည်။ ဇရိုးဘီးယားဟာ သူ့ဘဝလျောက်လုံး ဂစ်တာကို အမြတ်တနိုး တီးခတ်ခဲ့ပြီး ဂစ်တာဂန္ထဝင် တေးသီချင်းပေါင်း များစွာကို ဖွဲ့ဆိုရေးစပ် ခဲ့သည်။ သူ့ရဲ့ဂစ်တာ လေ့ကျင့်ခန်းများကို အမေရိကန်တွင်ရှိသော ကျောင်းပေါင်း ၁၆၀၁ ကျောင်းမှာ သင်ကြားပို့ချနေဆဲ ဖြစ်သည်။ ၁၉၃ဝ ပြည့်နှစတွင် ဂစ်တာရဲ့ ဖြစ်ပေါ်ပြောင်းလဲမူကို တဟုန်ထိုးတိုးတက်စေခဲ့သည့် ဖြစ်ရပ်တခုမှာ ရှာလီခရစ်စတငသည် ဂစ်တာရဲ့အသံကို ပစ်ကပ် (PICK UP) တပ်ဆင်ပြီး အထူးချဲ့ထွင်ပေးတဲ့ အသံချဲ့စက်နဲ့ တွဲဖက်ပေးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုအချိန်မှ စပြီး ဂစ်တာသံ၏ အတိုးအကျယ်ကို လိုအပ်သလို လုပ်နိုင်သော အနေအထားကို တဆင့်ပြီးတဆင့် ပြောင်းလဲတိုးတက်ရောက်ရှိ လာသည်။
ဗြိတိန် ဂစ်တာအကျော်အမော်များ၏ ကြိုးပမ်းမှု
ပြင်ဆင်ရန်ရော့ခ်အင်ရိုး (ROCK AND ROLL) လူငယ်အဆိုတော် ပရက်စလေသည် ၁၉၅၆ မေလမှာ ထုတ်ဝေခဲ့သည့် (HEARTBREAK HOTEL) ဓာတ်ပြားနှင့် ထိပ်ဆုံးကို ရောက်ရှိခဲ့ပြီး သူ့ရဲ့ဂစ်တာလွယ်ပြီး သီချင်းဆိုဟန်များကြောင့် လူငယ်ထုကြားမှာ ဂစ်တာသည် အရှိန်အဟုန်နဲ့ ပြန့်ပွားခဲ့သည်။ ၁၉၆ဝ နှစ်များတွင် ရိုးရာဘလူးစ် (TRADITIONAL BLUES)နှင့် ခေတ်ပေါ်ဂီတ (WHITE POP MUSIC) ရောမွှေထားသော (RHYTHM AND BLUES (or) R n B) ဂီတ အမျိုးအစား ခေတ်စားလာခဲ့ပြီး လူမည်း ဂစ်တာသမား ချပ်ဘာရီ (CHUCK BERRY)၏ လက်သံများသည် အင်္ဂလိပ်ခေတ်ပေါ် ဂီတစာအုပ်များ အပေါ်တွင် ဩဇာလွှမ်းမိုး သက်ရောက်ခဲ့သည်။ ပရက်စလေ၏ သီချင်းတွေကြားတွင် ကြီးပြင်းသည့် လူငယ်များမှနေ၍ ဖွဲ့စည်းဖြစ်ပေါ်လာခဲ့သော အင်္ဂလိပ်ပေါ့နဲ့ ရော့အဖွဲ့ ဖြစ်ကြသည့် (BEATLES 1960) သည် ကမ္ဘာတွင် အကြီးအကျယ် အောင်မြင်ခဲ့ပြီး ဂစ်တာကို ခေတ်ပေါ်ဂီတ၏ အဓိကမဏ္ဍိုင် တူရိယာ အဖြစ်သို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ကြပြန်သည်။ (COUNTRY) နဲ့ (JAZZ) ဂစ်တာအကျော်အမော် တွေဖြစ်ကြသော ချက်အက်ကင် (CHET ATKINS)၊ မာ့ခ်နော်ဖလာ (MARK KNOPFLER)နှင့် ရွိုင်းကလာစ် (ROY CLARK) တို့နှင့်အတူ ကမ္ဘာကျော် ဂစ်တာတီးဝိုင်း VENTURES တို့၏ ဂစ်တာလက်သံများသည် ဂစ်တာဝါသနာရှင်အများအပြားကို ဖြစ်ပေါ်စေခဲ့ပြန်သည်။ ယနေ့ ကမ္ဘာပေါ်တွင် အင်အားကောင်းနေသော ROCK ဂီတ၏ Distortion အသံ၊ Feedback အသံ၊ wah wah effect စသည်တို့၏ ဖခင်ကြီးတဦးမှာ လူမည်းဂစ်တာသမား ဂျင်မီဟန်းဒရပ် (JIMMI HENDRIX 1942-1970) ပင် ဖြစ်တော့သည်။ သူ၏ဘယ်ဖက်ဖြင့် ဂစ်တာကို ကျွမ်းကျင်စွာ တီးခတ်ခဲ့သည့် ဟန်ပန်များဟာလည်း လူငယ်ပရိသတ်တွေကို အရူးအမူးဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့သည်။
ဂီတ ပုံစံသစ်များ ထပ်မံတိုးချဲ့ခြင်းဖြင့် ဂစ်တာအား ရူးသွပ်ပုံ
ပြင်ဆင်ရန်ကမ္ဘာကျော် ဂစ်တာကုမ္ပဏီကြီးများ ဖြစ်ကြသော ဂစ်ဘဆင် (GIBSON)၊ ဖန်ဒါ (FENDER) တို့ဟာလည်း ဂစ်တာအမျိုးအစား အမျိုးမျိုးကို ပုံစံပေါင်းမြောက်မြားစွာဖြင့် ထုတ်လုပ်ခဲ့ကြပြန်သည်။ ယနေ့ခေတ် အချိန်အခါတွင် လျှပ်စစ်ဂစ်တာ (ELECTRIC GUITAR) များ၏ အသံကို အမျိုးမျိုးပြောင်းနိုင်သော စက်(GUITAR EFFECT PROCESSOR )၊ အသံချဲ့စက် (AMPLIFIER) များအား တဆင့်ထက်တဆင့် ပိုမိုကောင်းမွန် တိုးတက်လာအောင် တီထွင်ဖန်တီး အသုံးပြုနေကြသည်။ ယနေ့ ဂီတအမျိုးအစားများ ဖြစ်ကြသည့် ဂန္ထဝင်ဂီတ (CLASSICAL)၊ စပိန်ဖလန်မန်ကို (FLAMINCO)၊ ဘလူးစစ် (BLUES)၊ ဂျက်ဇ် (JAZZ)၊ ကလပ်စစ်ရော့ခ် (CLASSIC ROCK)၊ ရော့ခ်အဲန်ရိုး (ROCK n ROLL)၊ ရစ်သန်အဲန်ဘလူးစ် (R n B)၊ ကျေးလက်ရော့ခ် (COUNTRY ROCK)၊ ဟာ့ဒ်ရော့ခ် (HARD ROCK)၊ ဟဲဗီးရော့ခ် (HEAVY ROCK)၊မယ်တယ်ရော့ခ် (METAL ROCK)၊ လိုက်ရော့ခ် (LIGHT ROCK)၊ အော်တာရော့ခ် (ALTERNATIVE ROCK)၊ အင်ဒီရော့ခ် (ANDI ROCK) စသည့် အမျိုးအစားများစွာတို့တွင် ဂစ်တာကို လုံးဝမပါမဖြစ် တီးခတ်ကြရပြီး ဂစ်တာနှင့် ပတ်သတ်သည့် စက်ပစ္စည်း အစိတ်အပိုင်းများ အားလုံး ကိုလည်း အပြိုင်အဆိုင် ဆက်လက်တီထွင် ထုတ်လုပ် တီးခတ် နေကြသည့်အတွက် ဂစ်တာတူရိယာ၏ အခန်းကဏ္ဍမှာလည်း နောင်နှစ်ပေါင်းများစွာ တိုင်အောင်ဆက်လက် ရှင်သန်နေဦးမည်ပင် ဖြစ်သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ဂစ်တာဆိုတာ… Posted by Mr.guitar on Dec-18-2008 under History