ဂန်းစ် အန် ရို့စ်

အမေရိကန် အပြင်းစား ရော့ခ်ဂီတအဖွဲ့
(Guns N' Roses မှ ပြန်ညွှန်းထားသည်)

သေနတ်များနှင့် နှင်းဆီများ(Guns N' Roses)(တိုက်ရိုက်အသံထွက်- ဂန်းစ် အင် ရို့စ်) သည် အောင်မြင်ကျော်ကြားသည့် အမေရိကန် ဟာ့ဒ်ရော့ခ်တီးဝိုင်းတစ်ဝိုင်းဖြစ်သည်။ ထိုတီးဝိုင်းကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အင်ဂျလိစ်တွင် ဖွဲ့သည်းခဲ့သည်။ ကနဦး အဖွဲ့ဝင်ငါးဦးမှာ အိပ်ဇယ် ရို့စ် (အဆို)၊ စလက်ရှ်(လိဒ်ဂီတာ)၊ အက်ဇီ စတရတ်ဒလင်(ရေသမ်ဂီတာ၊ နောက်ခံအဆို)၊ ဒဖ် မက်ကေဂင်(ဘေ့စ်၊ နောက်ခံအဆို)နှင့် စတီဖင် အက်ဒလာ(ဒရမ်) တို့ဖြစ်ကြသည်။ ဤတီးဝိုင်း၏ အကျော်ကြားဆုံးသီချင်းများမှာ Welcome to the Jungle, Paradise City, Sweet Child O'Mine, Patience, Live and Let Die, November Rain", Knockin' on Heaven's Door, Don't Cry, နှင့် Civil War တို့ဖြစ်ကြသည်။

Guns N' Roses
Guns N' Roses in 2017. From left to right: Dizzy Reed, Richard Fortus, Duff McKagan, Axl Rose, Slash, Melissa Reese & Frank Ferrer
ကိုယ်ရေး အချက်အလက်များ
အခြားအမည်များG N' R, GNR
မူလတိုင်းပြည်Los Angeles, California, U.S.
ဂီတဟန်
တက်ကြွသည့်နှစ်များ1985–present
တေးသံသွင်း ကုမ္ပဏီ
ပူးတွဲ ပါဝင်မှု
ဝက်ဘ်ဆိုက်gunsnroses.com
လက်ရှိအဖွဲ့ဝင်များ
အဖွဲ့ဝင်ဟောင်းများSee: List of Guns N' Roses band members

၎င်းတို့ဖန်တီးသည့် တေးဂီတများသည် ထိုအချိန် ၁၉၈၀ ခုနှစ်များအတွင်း ကျော်ကြားသည့် ရော့ခ်တေးဂီတအမျိုးအစားများထဲမှ ပုံစံကွဲနေသည်။ ၎င်းတို့၏ တေးသီချင်းများသည် ပိုမို မာကျောသည့် ရော့ခ်ပုံစံဖြစ်သည်။ ပုံမှန်ရော့ခ်တေးဂီတနှင့် အနီးစပ်ဆုံး တူသည်။ ထို့ကြောင့်လည်း ၎င်းတို့အဖွဲ့ကို လူအများက စိတ်ဝင်စား လူကြိုက်များလာခဲ့လေသည်။ ၎င်းအဖွဲ့ကို ၁၉၈၅ ခုနှစ် လော့စ်အိန်ဂျလိစ်တွင် တည်ထောင်ခဲ့သည်။ အဆိုရှင်အဖြစ် အိပ်ဇယ် ရို့စ်၊ ဂီတာအတီးသမားအဖြစ် ထရေစီ ဂန်းစ် နှင့် လက်ဇီ စတရတ်ဒင်၊ ဘေ့စ်ဂီတာသမားအဖြစ် အိုလီ ဘိုက်ချ်၊ ဒရမ်အတီးသမား ရောဘ့်ဂါ့ဒ်နာတို့ဖြစ်သည်ကြသည်။ အိပ်ဇယ်၏ တီးဝိုင်းအဟောင်း၏ အမည်မှာ ဟော်လိဝုဒ် ရို့စ် ဖြစ်ပြီး ထရေစီ၏ ယခင်တီးဝိုင်းမှာ အယ်အေ ဂန်းစ် ဟူ၍ ဖြစ်ကြသည်။ ၎င်းတို့ ပေါင်းစည်းပြီးနောက်ပြီးတွင် ဂန်းစ် အင် ရို့စ် ဟူ၍ အမည်ပေးခဲ့လေသည်။

၁၉၈၅ ခုနှစ်တွင် ဂန်းစ် အင် ရို့စ် အဖွဲ့သည် စိတယ်လ်၌ ဖျော်ဖြေပွဲ ပြုလုပ်ရာ ထိုပွဲကို ထရေစီ ဂန်းစ်နှင့် ရော့ဘ် ဂါ့ဒ်နာတို့ တတ်ရောက်နိုင်ခြင်းမရှိခဲ့ချေ။ ထိုအခါ ရို့စ်၏ သူငယ်ချင်းများဖြစ်သော ဂစ်တာသမား စလက်ရှ်နှင့် ဓရမ်သမား စတီဖင် အက်ဒ်လာ အား အကူအညီပေးရန် ခေါ်ယူခဲ့သည်။ ၎င်းတို့ သဘောတူပြီး လာရောက်ပူးပေါင်းကာ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဝင်ရောက်လာခဲ့သည်။ ထို့နောက် လော့စ်အိန်ဂျလိစ်သို့ ပြန်လာရာလမ်းတွင် ၎င်းတို့ ၅ ဦးပါဝင်သည့်အဖွဲ့သည် ၎င်းတို့၏ အကျော်ကြားဆုံးသီချင်းဖြစ်သည့် တောနက်မှ ကြိုဆိုပါ၏ (Welcome to the Jungle) ကို ရေးဖွဲ့ခဲ့လေသည်။ ၁၉၉၀ တွင် ဒရမ်သမား စတီဖင် အက်ဒလာအား ၎င်း၏ ဒရမ်အတီး အဆင်မပြေသဖြင့် အဖွဲ့မှ ထုတ်ပယ်လိုက်သည်။ ထို့နောက် ၎င်းနေရာတွင် သည် ကော့လ်တ်(The Cult) မှ ဒရမ်သမား မတ် ဆိုရမ် နှင့် အစားထိုးခဲ့လေသည်။ ဝက်စ်တ် ရော့သ် မှ ဂီတာသမား ‌ဒေ့ဗ် ခက်ရှ်နာ၊ စတုန်း တန်ပယ် ပိုင်းလော့ဒ် မှ စကော့ ဝိုင်လက်၊ စလက်ရှ်၊ မက်ကေဂင် နှင့် ဆိုရမ် တို့သည် ဗဲဗက် ရီဗော်ဗာ အားဖွဲ့စည်းခဲ့သည်။

Appetite for Destruction အယ်လ်ဘမ် ထွက်ပြီး အဖွဲ့ဝင်များ လမ်းခွဲခဲ့ကြကတည်းက ရို့စ်တစ်ဦးတည်းသာ အဖွဲ့၏ ပင်တိုင်အဖွဲ့ဝင်အဖြစ် ကျန်ရှိနေခဲ့ပြီး အဖွဲ့ဝင်သစ်များဖြင့် မကြာခဏပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ၎င်းတို့ သီဆိုခဲ့သည့် နောက်ဆုံးအယ်လ်ဘမ်မှာ ချိုင်းနိစ် ဒီမိုကရေစီ ဖြစ်ပြီး ဆယ်နှစ်ခန့် နောက်ကြပြီးမှ ထွက်ပေါ်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် စလက်ရှ်နှင့် ဒဖ် တို့ အဖွဲ့တွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြပြီး ၎င်းတို့နှင့်အတူ အဖွဲ့၏ ပထမဆုံး အမျိုးသမီးအဖွဲ့ဝင်ဖြစ်သည့် မယ်လစ်ဆာ ရီးစ် လည်း ပါဝင်လာခဲ့သည်။[၁] [၂]

လက်ရှိအဖွဲ့ဝင်များ ပြင်ဆင်ရန်

  • Axl Rose- Lead Vocals
  • Slash - Lead Guitar[1]
  • Duff McKagan - Bass, backing vocals[1]
  • Dizzy Reed-Keyboards, Piano, backing vocals
  • Melissa Reese - Keyboards, backing vocals[2]
  • Richard Fortus- Rhythm Guitar, backing vocals, Lead Guitar
  • Frank Ferrer- Drums

တေးအယ်လ်ဘမ်များ ပြင်ဆင်ရန်

  • Appetite for Destruction - 1987 (toured in 1987-1988)
  • G N' R Lies - 1988 (toured in 1988-1989)
  • Use Your Illusion I - 1991 (toured in 1991-1992)
  • Use Your Illusion II - 1991 (toured in 1991-1992)
  • The Spaghetti Incident? - 1993 (Tour cancelled, initially planned for 1993-1994)
  • Live Era: '87-'93 (Gold) - 1999
  • Greatest Hits -2004
  • Chinese Democracy- 2008 (initially going to release in 1999, but was in development hell for about nine years)

ဓာတ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. "Guns N' Roses confirm reunion lineup". Consequence of Sound. 2016-01-06. Retrieved 2017-06-28.
  2. Tavana, Art (2017-05-03). "Guns N' Roses' First Female Member Has Become a Rock Icon". L.A. Weekly. Retrieved 2017-06-28.