မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

HostGator သည် အမေရိကန်နိုင်ငံ၊ ဟူစတန် အခြေစိုက် Hosting ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Hosting Service တွေအနေနဲ့ Shared, Reseller, Virtual Private Server (VPS), Dedicated Web Hosting စတာတွေအပြင် Wordpress Website များအတွက် သီးသန့် Hosting များကိုလည်း ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

HostGator.com, LLC
အမျိုးအစားSubsidiary
လုပ်ငန်းWeb hosting
တည်ထောင်သည့်နှစ်အောက်တိုဘာ ၂၂၊ ၂၀၀၂; ၂၁ နှစ် အကြာက (၂၀၀၂-၁၀-22)[၁]
တည်ထောင်သူများBrent Oxley[၂]
ဌာနချုပ်Houston, Texas, United States
ထုတ်ကုန်ပစ္စည်းWeb services, Cloud services
ဝင်ငွေ$100 million (2012)[၃]
အလုပ်သမားဦးရေ1,000
မိခင်ကုမ္ပဏီEndurance International Group (2012–present)
ဝက်ဘ်ဆိုက်hostgator.com

သမိုင်းကြောင်း ပြင်ဆင်ရန်

HostGator ကို ဖလော်ရီဒါ အတ္တလန်တိတ် တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်တဲ့ Brent Oxley ဆိုတဲ့သူက ၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ကုမ္ပဏီကို ဖလော်ရီဒါပြည်နယ် Boca Raton မှာရှိတဲ့ မူလရုံးနေရာကနေ ဟူစတန်မြို့တက္ကဆပ်ပြည်နယ် မှာရှိတဲ့ စတုရန်းပေ ၂၀၀၀၀ ကျယ်တဲ့ အဆောက်အဦအသစ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ [၄] ၂၀၀၆ ခုနှစ် ဇွန်လမှာ ကုမ္ပဏီရဲ့ ပထမဆုံး နိုင်ငံတကာရုံးခွဲကို ကနေဒါ မှာ ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ HostGator ကုမ္ပဏီဟာ Inc. မဂ္ဂဇင်းရဲ့ အမေရိကန်ပြည်ထောင်စုအတွင်း မြန်မြန်ဆန်ဆန် တိုးတက်လာတဲ့ ကုမ္ပဏီများစာရင်းရဲ့ အဆင့် (၂၁) မှာ ထည့်သွင်းဖော်ပြခဲ့ပြီး၊ တက္ကဆက်ပြည်နယ် Houston-Sugar Land-Baytown မှာဆိုရင် အဆင့် (၁) အဖြစ် ဖော်ပြခဲ့ပါတယ်။ [၅]

၂၀၀၈ ခုနှစ်မှာ HostGator ဟာ "Unlimited (အကန့်အသတ်မရှိ)" ဆိုတဲ့ ဝန်ဆောင်မှုတွေပေးထားတယ်ဆိုတဲ့ အခြားသော ပြိုင်ဘက်ကုမ္ပဏီနဲ့ ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။ HostGator ရဲ့ Hosting တွေမှာကြည့်လိုက်ရင် Bandwidth - Unmetered, Subdomains - Unlimited ဆိုတာတွေကို တွေ့နိုင်ပါတယ်။ ဒီပြိုင်ပွဲထဲ ဝင်နိုင်ဖို့အတွက် HostGator Founder ဖြစ်တဲ့ Brent Oxley တစ်ယောက် ဝန်ထမ်းအင်အား တိုးမြှင့်တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုမျိုး လှုပ်ရှားမှုကနေ ရောင်းအား အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထိ တိုးလာဖို့အတွက် ရည်မှန်းခဲ့ပါတယ်။ [၆]

၂၀၁၀ ခုနှစ်မှာတော့ တက္ကဆပ်ပြည်နယ်အော်စတင်မြို့ မှာ HostGator ရုံးခန်းတစ်ခု ထပ်တိုးဖွင့်လှစ်ခဲ့ပါတယ်။ [၄] ၂၀၁၁ ခုနှစ် မေလမှာ HostGator ဟာ အိန္ဒိယနိုင်ငံ Nashik ၊ Maharashtra မှာ ရုံးခန်းတစ်ခု နှင့် ဒေတာစင်တာတစ်ခုဖွင့်လှစ်ခဲ့ပါတယ်။ [၇]

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ HostGator ကို Endurance International Group (EIG) ထံ အမေရိကန်ဒေါ်လာ (299.8) သန်းနဲ့ ရောင်းချခဲ့ပြီး ဒေါ်လာ (227.3) သန်းကို ငွေသားနဲ့ ပေးချေခဲ့ပါတယ်။ [၈] ၂၀၁၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ CEO နှင့် တည်ထောင်သူဖြစ်တဲ့ Brent Oxley က HostGator ကိုရောင်းချကြောင်း တရားဝင်ကြေငြာခဲ့ပြီး၊ သူ့ရဲ့ဝန်ထမ်းတွေနဲ့ အသုံးပြုသူ user တွေကို စိတ်မပူကြဖို့၊ ဘာလို့လဲဆိုတော့ Oxley အနေနဲ့ ကုမ္ပဏီကို ရောင်းချလိုက်ပေမယ့် HostGator အသုံးပြုထားတဲ့ အဆောက်အဦတွေကို ဆက်လက်ပိုင်ဆိုင် နေသေးကြောင်း ပြောကြားခဲ့ပါတယ်။ Oxley က သူ့အနေနဲ့ ကလေးတွေမရခင်မှာ ကမ္ဘာပတ်ပြီး ခရီးသွားချင်တဲ့အကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။ ဒါ့အပြင် HostGator ရဲ့ ငွေပေးချေမှုပိုင်းနဲ့ register လုပ်တဲ့အပိုင်းတွေမှာ တည်ငြိမ်မှုရှိအောင် လုပ်ဆောင်ဖို့ ပျက်ကွက်မှုများနဲ့ ပတ်သက်ပြီးတော့လည်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပြီး၊ ဒီအချက်တွေကို ဖြေရှင်းသွားနိုင်မယ်လို့လည်း မျှော်လင့်ကြေျာင်း ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။ [၉]

၂၀၁၅ ခုနှစ်မှာ HostGator ဟာ WordPress ဝဘ်ဆိုဒ်များအတွက် အထူးပြုလုပ်ထားတဲ့ Optimized WP Hosting ကို စတင်ထည့်သွင်း ဝန်ဆောင်မှုပေးခဲ့ပါတယ်။ [၁၀] ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ပိုင်ဆိုင်သူ EIG ဟာ ဘရာဇီးရုရှားအိန္ဒိယတရုတ်တူရကီ နဲ့ မက္ကဆီကို နိုင်ငံတွေရဲ့ ဘာသာစကားကို အသုံးပြုထားတဲ့ HostGator ရဲ့ Local Website တွေကို ပြုလုပ်ခဲ့ပါတယ်။ [၁၁] 2019 ခုနှစ်အထိ၊ HostGator သည် United Kingdom နှင့် Australia ရှိ web hosting ဝန်ဆောင်မှုကိုလည်း ပေးဆောင်ထားပါသည်။ [၁၂]

အဖြစ်အပျက်များ ပြင်ဆင်ရန်

2006 Trojan တိုက်ခိုက်မှု ပြင်ဆင်ရန်

၂၀၀၆ ခုနှစ်မှာ HostGator ဟာ Trojan တိုက်ခိုက်မှုခံခဲ့ရပြီး၊ စက်ပေါင်း ၂၀၀ ကျော်ကို ထိခိုက်ခဲ့ပါတယ်။ [၁၃]

2012 Social Engineering Attack ပြင်ဆင်ရန်

၂၀၁၂ ခုနှစ် မေလမှာ UGNazi ဆိုတဲ့ ကွန်ပြူတာဟက်ကာ အဖွဲ့ဟာ ဝဘ် ဆာဗာ ငွေတောင်းခံခြင်းဆော့ဖ်ဝဲရေးဆွဲသူ WHMCS ရဲ့ ဝဘ်ဆာဗာကို Social Engineering Attack ဆိုပြီး ဟက်ခ်လုပ်ခဲ့ပါတယ်။ ဒီနောက်မှာ UGNazi အဖွဲ့က Web Host အသုံးပြုသူတွေရဲ့ အချက်အလက်နဲ့ Credit ကတ်တွေ၊ ဝဘ်ဆိုဒ်ဖိုင်တွေနဲ့ cPanel ဖွဲ့စည်းမှုပုံစံများပါရှိတဲ့ WHMCS ၏ SQL ဒေတာဘေ့စ်ကို လူသိရှင်ကြားဖော်ပြခဲ့ပါတယ်။ ဒီတိုက်ခိုက်ခံရမှုမှာ Hostgator လည်း ပါဝင်ခံစားခဲ့ရပါတယ်။ [၁၄] [၁၅] [၁၆] [၁၇] ဒီပြဿနာပြီးနောက် WHMCS အဖွဲ့ဝင်များတွေဆီ Password များကို ပြောင်းလဲဖို့အတွက် အီးမေးလ်ပို့ခဲ့ပါတယ်။

2013 ဝန်ဆောင်မှုပြတ်တောက်မှု ပြင်ဆင်ရန်

HostGator ကို Endurance International ကနေ ဝယ်ယူပြီးစအချိန်မှစပြီး ဆာဗာပြတ်တောက်မှုနဲ့ စက်ရပ်မှုတွေ ပိုမိုဖြစ်ပွားခဲ့ပါတယ်။ ကြီးကြီးမားမား ပြတ်တောက်မှုအနေနဲ့ ၂၀၁၃ ခုနှစ် ဩဂုတ်လ ၂ ရက်နဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွေမှာ Provo၊ Utah မှာရှိတဲ့ Endurance International Group ရဲ့ဒေတာစင်တာမှာ Bluehost ၊ HostGator၊ Hostmonster နဲ့ JustHost တို့ရဲ့ သုံးစွဲသူထောင်ပေါင်းများစွာကို ထိခိုက်ခဲ့သော ကွန်ရက်ပြတ်တောက်မှုများကြုံတွေ့ခဲ့ရပါတယ်။ [၁၈] [၁၉] [၂၀] [၂၁]

2019 ခုနှစ် ပြင်ဆင်ရန်

2019 ခုနှစ် ဇန်နဝါရီလမှာ TechCrunch ရဲ့ နာမည်ကြီး bug လိုက်ရှာသူ Paulos Yibelo ဟာ Bluehost ၊ DreamHost ၊ OVH ၊ iPage နဲ့ HostGator စတဲ့နေရာတွေမှာ အားနည်းချက် အကြီးစားတွေကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ [၂၂]

ကိုးကား ပြင်ဆင်ရန်

  1. A Brief History Of HostGator.com။ HostGator (2019)။ September 5, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 6, 2019 တွင် ပြန်စစ်ပြီး။
  2. Toren၊ Matthew; Toren၊ Adam (2011)။ Small Business, Big Vision: Lessons on How to Dominate Your Market from Self-Made Entrepreneurs Who Did it Right။ John Wiley & Sons။ p. 35။ ISBN 9781118098585 – via Google Books
  3. Verge၊ Jason (August 5, 2013)။ How A Switch Failure in Utah Took Out Four Big Hosting Providers။ April 24, 2019 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Harrell၊ Barry (September 21, 2012)။ Web hosting company expanding into Austin။ 24 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 24, 2019 တွင် ပြန်စစ်ပြီး။
  5. You must specify archiveurl = and archivedate = when using {{cite web}}.HostGator (2019)။ April 24, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. Low၊ Jerry (August 29, 2019)။ The Truth About Unlimited Hosting။ September 6, 2019 တွင် ပြန်စစ်ပြီး။
  7. Vikas SN (June 20, 2012)။ GoDaddy Launches Indian Operations; Appoints Rajiv Sodhi As Managing Director။ April 24, 2019 တွင် ပြန်စစ်ပြီး။
  8. Endurance International Group Annual Report 2013 (2013)။ 14 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 24, 2019 တွင် ပြန်စစ်ပြီး။
  9. Blog: See you later Alligator: Brent Oxley talks about sale of HostGator to Endurance at Hostjury (2012-06-30)။ 2012-06-30 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-08-09 တွင် ပြန်စစ်ပြီး။
  10. Khatri၊ Shilpa (September 7, 2015)။ HostGator launches Optimized WP to power small business။ September 6, 2019 တွင် ပြန်စစ်ပြီး။
  11. Endurance International Group Holdings, Inc. (FORM 10-K) (2015)။ September 6, 2019 တွင် ပြန်စစ်ပြီး။
  12. Wilson၊ Jeffrey L. (January 30, 2019)။ HostGator Web Hosting။ September 6, 2019 တွင် ပြန်စစ်ပြီး။
  13. Goodin၊ Dan (October 30, 2006)။ 2006 InfoWorld Security Survey: IT's confidence crisisInfoWorld။ September 6, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 24, 2019 တွင် ပြန်စစ်ပြီး။
  14. Kovacs၊ Eduard (May 22, 2012)။ UGNazi Leaks 1.7 GB of Data from WHMCS Servers။ April 24, 2019 တွင် ပြန်စစ်ပြီး။
  15. Samson၊ Ted (May 22, 2012)။ Hacker group UGNazi leaks and deletes billing service's database။ April 24, 2019 တွင် ပြန်စစ်ပြီး။
  16. Greenberg၊ Andy (May 22, 2012)။ Hackers Impersonate Web Billing Firm's Staff To Spill 500,000 Users' Passwords And Credit Cards။ April 24, 2019 တွင် ပြန်စစ်ပြီး။
  17. Leyden၊ John (May 22, 2012)။ Titsup WHMCS calls the Feds after credit-card megaleak။ November 22, 2013 တွင် ပြန်စစ်ပြီး။
  18. Warren၊ Christina (August 2, 2013)။ Bluehost, HostGator and HostMonster Go Down။ February 16, 2014 တွင် ပြန်စစ်ပြီး။
  19. Bluehost, Hostmonster and Others Taken Down For A Day (August 2, 2013)။ October 16, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 16, 2014 တွင် ပြန်စစ်ပြီး။
  20. Johnson၊ James (August 2, 1013)။ Bluehost, HostMonster, And HostGator Websites Go Down Following Maintenance Issue။ April 24, 2019 တွင် ပြန်စစ်ပြီး။
  21. Miller၊ Rich (August 2, 2013)။ Major Outage for BlueHost, HostGator, HostMonster။ February 16, 2014 တွင် ပြန်စစ်ပြီး။
  22. Whittaker၊ Zack (January 14, 2019)။ Some of the biggest web hosting sites were vulnerable to simple account takeover hacks။ September 6, 2019 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ ပြင်ဆင်ရန်