အိုင်ဖုန်း ၄အက်စ်
အိုင်ဖုန်း ၄ အက်စ်သည် Apple Inc. မှ ထုတ်လုပ်လိုက်သော touchscreen smartphone အမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းသည် အက်ပဲလ်၏ ၅ခုမြောက် အိုင်ဖုန်းဖြစ်၍ ၃.၅ လက်မ အိုင်ပေါ့တပ်ချ်နှင့် မိုဘိုင်းဖုန်းကို ပေါင်းစပ်ထားသော အမျိုးအစားဖြစ်သည်။ ၎င်းသည် အိုင်ဖုန်း ၄ အတိုင်း ပုံစံရှိသော်လည်း ဟာ့ဒ်ဝဲလ် အချို့နှင့် ဆော့ဖ်ဝဲလ်အချို့ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားသည်။
ဆော့ဝဲလ်ရေးသားသူ | Apple Inc. |
---|---|
ထုတ်လုပ်သူ | Foxconn |
ဆောင်ပုဒ် | ၎င်းသည် လက်ရှိအမိုက်ဆုံး အိုင်ဖုန်းဖြစ်နေသည် "It's the most amazing iPhone yet." |
ပထမဆုံး ဖြန့်ချီခြင်း | October 14, 2011
October 28, 2011
November 11, 2011
November 13, 2011
November 25, 2011
December 16, 2011
January 13, 2012
Nov-Dec 2011
|
ရောင်းချရသည့် အရေအတွက် | ပထမ ၃ရက်တွင် အခု ၄သန်း၊ ရုံးပိတ်ရက်ကာလတွင် ၃၇သန်း |
ယခင် | အိုင်ဖုန်း ၄ |
Form factor | Slate smartphone |
အတိုင်းအတာ | ၁၁၅.၂၂မီလီ အမြင့် ၅၈.၆၆မီလီ အကျယ် ၉.၃မီလီ အထူ |
အလေးချိန် | ၁၄၀ g (၄.၉ oz) |
မောင်းနှင်စနစ် | iOS 5.0.1 |
စီပီယူ | 800 MHz dual-core Apple A5 |
မှတ်ဉာဏ်စွမ်းအား | ၅၁၂ မက်ကာဗိုက်ဒ် |
သိုမှီးနိုင်မှု | ၁၆၊ ၃၂ သို့ ၆၄ ဂစ်ဘ် |
Data inputs | ခလုတ် ၄ခု ဖွင့်ပိတ် မိုက်ကရိုဖုန်း၊ touch-screen၊ acceleration၊ orientation |
ဖန်သားပြင် | ၃.၅လက်မ စကရင် LED backlit TIPS TFT LCD Retina display ၆၄၀ × ၉၆၀ resolution at 326 ppi (0.61 MP) 800:1 contrast ratio (typical) 500 cd/m2 max. brightness (typical) အရှေ့အနောက်မှန်တွင် oleophobic coating |
အနောက် ကင်မရာ | ၈ MP back-side illuminated sensor HD ဗီဒီယို (1080p) at 24/30 frame/s IR filter Aperture f/2.4 5 photographic lens design#Lens elements |
ရှေ့ကင်မရာ | ၀.၃ MP VGA 30 FPS (၄၈၀p) |
ချိတ်ဆက်နိုင်မှု | ဝိုင်ဖိုင်802.11 b/gn) Bluetooth ၄.၀ Combined GSM/CDMA antenna: quad-band GSM/GPRS/EDGE (800 850 900 1800 1900 MHz) Quad-band UMTS/HSDPA/HSUPA (800 850 900 1900 2100 MHz) (800 MHz unannounced) Dual-band CDMA/EV-DO Rev. A (800 1900 MHz) GLONASS, GPS |
ဝက်ဘ်ဆိုဒ် | apple.com/iphone |
ဆော့ဖ်ဝဲလ် နှင့် ဟာ့ဒ်ဝဲလ် ပြောင်းလဲမှုတို့တွင် အက်ပဲလ်၏ ဆီရီခေါ် စကားပြောလက်ထောက်ကိရိယာ၊ ကိုယ်ပိုင်ကွန်ပျူတာ လွတ်လပ်မှု၊ အိုင်ကလောက်တို့နှင့် ပုံထွက်ပိုကောင်းသော ကင်မရာတို့ ပါဝင်သည်။ စက်ပစ္စည်း၏ function များသည် အသံဖြင့် ထိန်းချုပ်နိုင်ပေလိမ့်မည်။
အိုင်ဖုန်း ၄အက်စ်သည် အက်ပဲလ်၏ အောက်တိုဘာ ၄ရက်၊ ၂၀၁၁တွင် ကူဘာရီတို၊ကယ်လီဖိုးနီးယား၌ပြုလုပ်သော "Let's Talk iPhone" အစီအစဉ်တွင် စတင်မိတ်ဆက်ခဲ့သည်။ အက်ပဲလ်သည် အောက်တိုဘာ ၇ရက်၊ ၂၀၁၁ မှ စ၍ အောက်တိုဘာလ ၁၄ရက်တွင်ထုတ်မည့် နိုင်ငံကြီးခုနှစ်ခုဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေးလျ၊ ဗြိတိသျှအင်ပါယာ၊ ပြင်သစ်၊ ဂျာမနီနှင့် ဂျပန်တို့တွင် စက်များအတွက် ကြိုတင်မှာယူမှုများ လက်ခံခဲ့သည်။ ၎င်းသည် အခြား ၂၂ခုသော အိုင်ယာလန်အပါအဝင် ဥရောပတိုက်ရှိနိုင်ငံများ၊ မက္ကဆီကို အပါအဝင်အမေရိကတိုက်ရှိနိုင်ငံများနှင့် စင်္ကာပူအပါအဝင် အာရှနိုင်ငံများတွင်မူ အောက်တိုလဘာ ၂၈ရက်နေ့မှ စတင်ရောင်းချခဲ့သည်။
၎င်းသည် နိုင်ငံစုစုပေါင်း ၇၀ကျော်တွင် AT&T နှင့် Verizon တို့အပါအဝင် ကယ်ရီယာပေါင်း ၁၀၀ကျော်မှဖုန်းလိုင်းများသုံးစွဲနိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၌ လော့မလုပ်ထားသော (စာချုပ်လွတ်) အိုင်ဖုန်းများကို နိုဝင်ဘာ ၁၁၊ ၂၀၁၁တွင် စတင်ဖြန့်ချိခဲ့သည်။