ISO 3166-2:MM
[
][Buram(Myanmar)]
ISO 3167-7:MM သည် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ (ISO) မှ သတ်မှတ်သော အိုင်အက်စ်အို ၃၁၆၆ ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အိုင်အက်စ်အို ၃၁၆၆-၂တွင် မြန်မာနိုင်ငံအတွက် ရည်ညွှန်းထည့်သွင်းထားသော စံချိန်စံညွှန်းသတ်မှတ်ချက် ဖြစ်သည်။ ဤကုဒ်သည် ISO 3166-1 တွင် ပါဝင်သော နိုင်ငံအားလုံး၏ ဒေသခွဲများ (တိုင်းဒေသကြီးနှင့် ပြည်နယ် စသည်)၏ အမည်များကို ကုဒ်များအဖြစ် သတ်မှတ်ပေးသည်။
၂၀၂၀ ခုနှစ်အရ မြန်မာ ISO 3166-2 ကုဒ်တွင် တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုနှင့် ပြည်ထောင်စုနယ်မြေ ၁ ခုတို့အတွက် ကုဒ်များကို သတ်မှတ်ထားသည်။
ကုဒ်အသီးသီးတွင် နှစ်ပိုင်းပါဝင်ပြီး တုံးတိုသင်္ကေတ (–) ဖြင့် ပိုင်းခြားထားသည်။ ပထမအပိုင်းမှာ မြန်မာနိုင်ငံအတွက် ISO 3166-1 alpha-2 ကုဒ်ဖြစ်သော MM ဖြစ်ပြီး ဒုတိယအပိုင်းမှာ ဂဏန်းနှစ်လုံး ပါဝင်သည်။
- 01–07: တိုင်းဒေသကြီး
- 11–17: ပြည်နယ်
- 18: ပြည်ထောင်စုနယ်မြေDlY
လက်ရှိ ကုဒ်များ
ပြင်ဆင်ရန်အိုင်အက်စ်အို ၃၁၆၆ ထိန်းသိမ်းရေးအေဂျင်စီ (ISO 3166/MA) မှ ထုတ်ပြန်သော အိုင်အက်စ်အို ၃၁၆၆-၂ စံ တွင် ပါဝင်သော ဒေသခွဲအမည်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
ကုဒ် | ဒေသခွဲအမည် (conventional names) |
ဒေသခွဲအမျိုးအစား |
---|---|---|
MM-07 | ဧရာဝတီ | တိုင်းဒေသကြီး |
MM-02 | ပဲခူး | တိုင်းဒေသကြီး |
MM-03 | မကွေး | တိုင်းဒေသကြီး |
MM-04 | မန္တလေး | တိုင်းဒေသကြီး |
MM-01 | စစ်ကိုင်း | တိုင်းဒေသကြီး |
MM-05 | တနင်္သာရီ | တိုင်းဒေသကြီး |
MM-06 | ရန်ကုန် | တိုင်းဒေသကြီး |
MM-14 | ချင်း | ပြည်နယ် |
MM-11 | ကချင် | ပြည်နယ် |
MM-12 | ကယား | ပြည်နယ် |
MM-13 | ကရင် | ပြည်နယ် |
MM-15 | မွန် | ပြည်နယ် |
MM-16 | ရခိုင် | ပြည်နယ် |
MM-17 | ရှမ်း | ပြည်နယ် |
MM-18 | နေပြည်တော် | ပြည်ထောင်စုနယ်မြေ |
ဆက်စပ်ဖတ်ရှုရန်
ပြင်ဆင်ရန်ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်- ISO Online Browsing Platform: MM
- Divisions of Myanmar, Statoids.com