italki
italki (in English: /ˈaɪtɔːki/) သည် အွန်လိုင်းဘာသာစကားလေ့လာရေးပလက်ဖောင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ဘာသာစကားလေ့လာသူများနှင့် သင်ကြားပြသူများအကြား ဗီဒီယိုဆက်သွယ်မှုမှတဆင့် ချိတ်ဆက်ပေးသည်။ ဤဝဘ်ဆိုက်တွင် ကျောင်းသားများသည် တစ်ဦးချင်းသင်ကြားမှုအတွက် ဆရာများကို ရှာဖွေနိုင်ခြင်း၊ သင်ကြားပြသကြသည့်ဆရာများသည်လည်း အလွတ်တန်းသင်ကြားပြသသူများအဖြစ် ဝင်ငွေများကို ရှာဖွေနိုင်သည်။ italki သည် တရုတ်နိုင်ငံ၊ ဟောင်ကောင်တွင် ရုံးစိုက်သည်။[၃]
ဖတ်ရှုရရှိနိုင်မှု | Arabic, Czech, Dutch, English, Esperanto, French, German, Italian, Japanese, Korean, Polish, Portuguese, Russian, Simplified Chinese, Spanish, Thai, Traditional Chinese, Turkish and Vietnamese[၁] |
---|---|
ဌာနချုပ် | |
မူရင်းနိုင်ငံ | China |
တည်ထောင်သူများ | Kevin Chen, Yongyue Jiang |
လုပ်ငန်း | Language Learning |
ဝဘ်ဆိုဒ် | italki.com |
လွှင့်တင်ခြင်း | ၂၀၀၇ |
လက်ရှိ အခြေအနေ | Active |
Native client(s) on | iOS[၁] & Android[၂] |
ပရော်ဖက်ရှင်နယ်ဆရာဆရာများမှ သင်ကြားသည့် အွန်လိုင်းဘာသာစကားသင်ခန်းစာများကို ကျောင်းသားများသည် ရွေးချယ်နိုင်သည်။ ကျောင်းသားများသည်လည်း italki ကို ဘာသာစကားဖလှယ်မှုအတွက် ပလက်ဖောင်းတစ်ခုအနေဖြင့် အသုံးပြုကြသည်။[၄][၅]
သမိုင်းကြောင်း
ပြင်ဆင်ရန်၂၀၀၇ ခုနှစ်တွင် Kevin Chen နှင့် Yongyue Jiang တို့သည် italki ကို အွန်လိုင်းဘာသာစကားဖလှယ်မှုပြုလုပ်နိုင်သည့် နေရာတစ်ခုအဖြစ် ဖန်တီးခဲ့သည်။ [၆][၇]အစပိုင်းတွင် ဝဘ်ဆိုက်သည် အခမဲ့လုပ်ဆောင်မှုများကို တည်ဆောက်ကာ ထောက်ပံ့ပေးသည်။[၈][၉][၁၀] ၂၀၀၉ ခုနှစ်တွင် ဆရာများအတွက် ဈေးကွက်ရှာဖွေနိုင်သည့်နေရာတစ်ခုကိုလည်း စတင်မိတ်ဆက်ခဲ့သည်။ ထိုနေရာတွင် ဆရာများသည် အွန်လိုင်းမှ သင်ကြားပြသပေးခြင်းဖြင့် ဝင်ငွေများကို ဖန်တီးနိုင်သည်။[၁၁][၁၂] italki ရှိ ဆရာများသည် ၎င်းတို့၏ ကိုယ်ပိုင် ဈေးနှုန်းနှင့် အချိန်ဇယားများကို သတ်မှတ်ကြသည်။[၁၃]
၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် italki ၌ နိုင်ငံ ၁၀၀ ကျော်တွင် အသုံးပြုသူ၃ သန်းကျော် ရှိခဲ့ပြီး သင်ကြားပြသသူသည် ၅၀၀၀ ကျော် ရှိခဲ့သည်။ [၁၄][၁၅][၁၆]အင်္ဂလိပ်စာသည် လေ့လာသင်ကြားမှုအများဆုံးဖြစ်ပြီး၊ ထိုနောက်တွင် စပိန်၊ ပြင်သစ်၊ တရုတ်နှင့် ဂျပန်တို့သည် လေ့လာသင်ကြားမှုအများဆုံးအဖြစ် ရှိနေကြသည်။ ဝဘ်ဆိုက်၏ စာမျက်နှာသည် ဘာသာစကား ၁၉ မျိုးကို အသုံးပြုသူများအား ရွေးချယ်နိုင်ရန် အထောက်အပံ့ပေးထားသည်။ သင်ကြားလေ့လာသူများနှင့် သင်ကြားပြသကြသူများသည် ဘာသာစကား ၁၀၀ ကျော်ကို လေ့လာသင်ကြားနိုင်ကြသည်။[၁၇][၁၈][၁]
ပြင်ပလင့်များ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ italki: Learn languages online။
- ↑ Italki: Learn languages with native speakers။
- ↑ "why it's a leading platform for online language learning," Connie Chen, Review, https://www.businessinsider.com/italki-how-to-learn-a-new-language-online, Jan 16th, 2020
- ↑ What is the difference between a Professional Teacher and a Community Tutor?။ 2019-04-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ The strangers helping each other learn a new language - via WhatsApp။
- ↑ "italki.com Free Skype VoIP and IM Language Partner Community," Freelanguage.org, https://freelanguage.org/learn/italki-com-free-skype-voip-and-im-language-partner-community, 2007
- ↑ Redes Sociales Para Aprender Idiomas (in Spanish)။ El Pais (6 February 2015)။ 10 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2017 တွင် ပြန်စစ်ပြီး။
- ↑ Social networking sites take language learning out of classroom (8 July 2008)။ 2017-09-28 တွင် ပြန်စစ်ပြီး။
- ↑ "How to Successfully Learn a New Language This Year," Benny Lewis, Lifehacker, https://lifehacker.com/5974670/how-to-successfully-learn-a-new-language-this-year/, October 1st, 2010
- ↑ “Secrets of Learning a language - quickly,” Benny Lewis, BBC, http://www.bbc.com/capital/story/20150225-secrets-to-learning-a-language, March 3rd, 2015
- ↑ “italki launches marketplace for language tutors," Camille Ricketts, VentureBeat, https://venturebeat.com/2009/03/25/italki-launches-marketplace-for-language-tutors/, March 25th, 2009
- ↑ Professores deixam salas de aulas para ensinar línguas online (in Portuguese)။ Diario de Noticias (17 July 2017)။ 28 September 2017 တွင် ပြန်စစ်ပြီး။
- ↑ 6 Legit Ways to Make Money From Home That You've Never Heard Of (January 26, 2014)။ April 6, 2022 တွင် ပြန်စစ်ပြီး။
- ↑ The 10 best language products (9 May 2012)။ 6 April 2022 တွင် ပြန်စစ်ပြီး။
- ↑ “ITALKI: THE HUMAN CONNECTION, pglsinc.com, PGLS, https://pglsinc.com/2017/07/17/italki-the-human-connection/ Archived 18 June 2018 at the Wayback Machine., July 17th, 2017
- ↑ “italki Kevin Chen:做语言学习的“淘宝”, 陆家嘴, Sina, http://finance.sina.com.cn/money/lczx/2017-07-13/details-ifyiakwa3999680.shtml, July 13th, 2017
- ↑ italki is an online language-learning platform that connects you with fluent speakers and teachers at a very low cost — here's how it helped me practice and learn a new language faster (7 December 2020)။ 6 April 2022 တွင် ပြန်စစ်ပြီး။
- ↑ ”Shanghai-based startup italki raises US$3M to help Chinese students find language tutors,” Yon Heong Tung, e27, https://e27.co/this-shanghai-based-startup-has-raised-us3m-to-help-chinese-students-find-language-tutors-20160624/, June 24th, 2016