Lang-8.com သည် ဘာသာစကားလေ့လာသူများအတွက် ဆက်သွယ်စကားပြောဆိုနိုင်ရန် ပြလုပ်ပေးထားသည့် ဘာသာစကားဖလှယ်ရေးဝဘ်ဆိုက်တစ်ခု ဖြစ်သည်။ ဝဘ်ဆိုက်ကို Lang-8 Inc. က စီမံပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် အခြေစိုက်သည်။ လက်ရှိတွင် နိုင်ငံပေါင်း ၁၉၀ ကျော်ရှိ စာရင်းသွင်းအသုံးပြုသူသည် ၇၅၀,၀၀၀ ကျော် ရှိပြီး ဘာသာစကား ၉၀ ကို ထောက်ပံ့ပေးထားသည်။

Lang-8.com
ဝဘ်ဆိုဒ် အမျိုးအစား
Social Networking Website
ဖတ်ရှုရရှိနိုင်မှုJapanese, English, Mandarin, Taiwanese, Korean, Spanish, Cantonese, Russian, German, French, Portuguese, Italian, Tagalog, Indonesian, Arabic, Dutch, Swedish, Vietnamese, Thai, Finnish, Polish, Norwegian, Turkish, Malay
ပိုင်ဆိုင်သူLang-8 Inc.
ဝဘ်ဆိုဒ်www.lang-8.com
စီးပွားရေးYes
မှတ်ပုံတင်ခြင်းRequired
လွှင့်တင်ခြင်းAugust 2006
လက်ရှိ အခြေအနေactive for existing members, new registrations are suspended.

သမိုင်းကြောင်း ပြင်ဆင်ရန်

Yangyang Xi သည် တရုတ်နိုင်ငံတွင် ဖွားမြင်ပြီး၊ ဂျပန်နိုင်ငံတွင် ကြီးပြင်းခဲ့သည်။ သူသည် အသက် ၂၃ နှစ်အရွယ်တွင် Lang-8.com ကို ဖန်တီးရန် အကြံရခဲ့သည်။ ၂၀၀၆ ခုနှစ်၊ ဩဂုတ်လတွင် Yangyang နှင့် အတန်းဖော် Kazuki Matsumoto သည် Lang-8.com ကို သုတေသနပရောဂျက်တစ်ခုအဖြစ် စတင်ဖန်တီးခဲ့သည်။ ဤပရိုဂရမ်သည် တိုကျိုတက္ကသိုလ်ရှိ ကျောင်းသားများသာ အသုံးပြုနိုင်ရန် ကန့်သတ်ထားသည်။ ၂၀၀၇ ခုနှစ် ဧပြီလနှင့် ဩဂုတ်လအကြားတွင် ဝဘ်ဆိုက်ကို ပြုပြင်တည်ဆောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် YangYang Xi သည် Lang-8 Inc. ကုမ္ပဏီကို တည်ထောင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် Yangyang နှင့် Kazuki တွင် မပြေလည်မှုရှိခဲ့ပြီး Kazuki သည် ကုမ္ပဏီမှ နှုတ်ထွက်ခဲ့သည်။ Yangyang သည် လက်ရှိအချိန်တွင် ကုမ္ပဏီ၌ စီအီးအိုအဖြစ် လုပ်ကိုင်လျက်ရှိသည်။[၁]

၂၀၁၆ ခုနှစ်တွင် Lang-8 သည် ယန်း သန်းပေါင်း ၂၀၀ အထိ မြင့်တက်လာခဲ့သည်။[၂]

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ အသုံးပြုသူအသစ်များ စာရင်းသွင်းခြင်းကို ခွင့်မပြုတော့ပေ။[၃] ဆိုင်းငံထားမှုကို နောက်ခြောက်လ ကြာပြီးမှသာ ရပ်ဆိုင်မည်ဟု ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ထိုဆိုင်းငံထားမှုကို တိကျသည့်ကာလသတ်မှတ်ထားခြင်းမျိုးမရှိဘဲ သက်တမ်းတိုးခဲ့ပြန်သည်။ ၎င်းတို့၏ ဘလော့တွင် ဖော်ပြထးချက်အရ ၎င်းတို့၏ ကုမ္ပဏီသည် သေးငယ်သည့်ကုမ္ပဏီဖြစ်သည့်အတွက် spammers နှင့် bots များကို အသုံးပြုကာ ဝဘ်ဆိုက်အား အနှောက်အယှက်ပြုသည်များကို ကိုင်တွယ်ဖြေရှင်းရန် နှင့် Lang-8 app နှင့် ၎င်း၏ sister service ဖြစ်သည့် HiNative ကို တပြိုင်နက်နည်း လုပ်ကိုင်ဆောင်ရွက်ရန် အရင်းအမြစ် ရှိမနေသည့်အတွက်ဟု ဖော်ပြထားခဲ့သည်။[၄]

လုပ်ဆောင်ချက်များ ပြင်ဆင်ရန်

အကောင့်အားလုံးအတွက် လုပ်ဆောင်ချက်များ ပြင်ဆင်ရန်

အသုံးပြုသူများသည့် လေ့လာနေသည့် ဘာသာစကားဖြင့် Post တင်နိုင်ပြီး၊ ၎င်း Post များသည် မိခင်ဘာသာစကားအဖြစ်အသုံးပြုသူများဆီသို့ အမှားပြင်ဆင်နိုင်ရန် ပြသပေးမည် ဖြစ်သည်။ အသုံးပြုသူများ၏ လေ့လာနေသည့် ဘာသာစကားကို ၂ ခုအထိသာ ကန့်သတ်ပေးထားသည်။ အသုံးပြုသူများသည် မိမိ၏ မိခင်ဘာသာသာစကားဖြင့် ရေးသားထားသည်များကိုလည်း အမှားပြင်ဆင်ပေးနိုင်သည်။ ပြင်ဆင်မှုများကို color coding, bold, နှင့် strikethrough စသည်များကို အသုံးပြု၍ ပြုလုပ်နိုင်သည်။

ပရီမီယံအကောင့်များအတွက် လုပ်ဆောင်ချက်များ ပြင်ဆင်ရန်

ပရီမီယံအကောင့်ဖြင့် အသုံးပြုသူများ၏ post များကို ဦးစားပေးအနေဖြင့် ပြသပေးပြီး ၎င်း post များသည် ပြင်ဆင်ခံရမှုဖြစ်နိုင်ခြေကို မြှင့်တင်ပေးထားပေသည်။ အခြားသော ပရီမီယံအကောင့်အသုံးပြုသူများအတွက် ပါဝင်သည့် လုပ်ဆောင်မှုများတွင် ပုံများထည့်သွင်းနိုင်ခြင်း၊ ပြင်ဆင်မှုများ စာသားများကို PDF ဗားရှင်းအနေဖြင့် ဒေါင်းလုတ်ပြုလုပ်နိုင်ခြင်း၊ လေ့လာသည့် ဘာသာစကားအရေအတွက်ကို အကန့်အသတ်မရှိ ထည့်သွင်းနိုင်ခြင်း၊ ကြော်ငြာများကို ဖျောက်ထားနိုင်ခြင်း၊ ကိုယ်ပိုင်ဂျာနယ်ရှာဖွေခြင်းများ၊ နောက်ခံပုံများကို ပြင်ဆင်နိုင်ခြင်းများနှင့် ပြင်ဆင်မှုအတွက် ဖော်ပြခံရမှုများ မြှင့်တင်ပေးမှုများ စသည်တို့ ပါဝင်သည်။

အဖွဲ့အစည်း ပြင်ဆင်ရန်

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဝဘ်ဆိုက်အား အသုံးပြုသူသည် ၇၅၀,၀၀၀ ရှိပြီး ထိုအရေအတွက်သည်လည်း ဆက်လက်တိုးပွားခဲ့သည်။ သို့သော်လည်း ၂၀၁၇ ခုနှစ် မတ်လကတည်းက အသုံးပြုသူများသည် အကောင့်ပြုလုပ်ခြင်းများ ပြုလုပ်၍ မရနိုင်တော့ဘဲ ၎င်းတို့၏ အခြားသော ဝန်ဆောင်မှုဖြစ်သည့် HiNative သို့ ရွှေ့ပြောင်းမှုများကို လုပ်ဆောင်ခဲ့သည်။ HiNative သည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ အကုန်တွင် အသုံးပြုသူသည် ၂၄၀,၀၀၀ ခန့် ရှိခဲ့သည်။[၅]

အသုံးပြုသူများသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်မှ ဖြစ်ပြီး အသုံးပြုကြသည့် မတူကွဲပြားသည့် ဘာသာစကား ၉၀ ကျော်ကို အသုံးပြုကြသည်။ မူလ အသုံးပြုသည့် နိုင်ငံမျာ ဂျပန်နိုင်ငံဖြစ်ပြီး၊ အသုံးပြုသူများ၏ ၃၀ ရာခိုင်နှုန်း ရှိသည်။[၆]

ရရှိခဲ့သည့် ဆုများ ပြင်ဆင်ရန်

၂၀၀၉ ခုနှစ်တွင် Lang-8.com သည် Wish2009 IT Media Award ဆုကို ရရှိခဲ့သည်။[၇]

ကိုးကား ပြင်ဆင်ရန်