LulzRaft နှင့် မရောထွေးပါနှင့်။

Lulz Security (အများစုက LulzSec ဟုသိထား) သည်[၁] အနက်ရောင်ဟက်ကာ အုပ်စုတစ်ခုဖြစ်သည်။ ယင်းသည် နာမည်ကြီး Sony Pictures ကဲ့သို့သော အဖွဲ့အစည်းများအား ၂၀၁၁ ခုနှစ်ကတည်းက ဖျက်လိုဖျက်ဆီးလုပ်ခဲ့သည်။ ယင်းအဖွဲ့သည် စီအိုင်အေ ဝဘ်ဆိုဒ်အား ရက်ပေါင်းများစွာ offline ဖြစ်အောင်လုပ်ခဲ့ရာ၌ အဓိကတာဝန်ရှိသူ ဖြစ်ခဲ့သည်။[၂] အချို့သော လုံခြုံရေးပညာရှင်များက LulzSec သည် ယိုပေါက်ရှိသောစနစ်နှင့် စကားဝှက်အဟောင်းများအား အားနည်းချက်တစ်ခုအဖြစ် အသုံးချသည်ဟု မှတ်ချက်ပေးကြသည်။[၃] ထိုအဖွဲ့သည် နာမည်ကြီး အဖွဲ့အစည်းများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် လူသိများလာခဲ့သည်။ LulzSec ၏ ကနဦး တည်ထောင်သူမှာ လုံခြုံရေး ပညာရှင် Sabu ဟု သိရသည်။ သူသည် LulzSec အဖွဲ့ဝင်များအား နောက်ကြောင်းလိုက်ရန် အာဏာပိုင်များအား အကူညီပေးခဲ့သူလည်းဖြစ်သည်။ မတ်လ ၂၀၁၂ တွင် Sabu ကြောင့် LulzSec အဖွဲ့ဝင် အနည်းဆုံး လေးယောက် အဖမ်းခံလိုက်ရသည်။ ဗြိတိသျှအာဏာပိုင်များက LulzSec အဖွဲ့ဝင်များဖြစ်သော Mustafa Al-Bassam နှင့် Topiary တို့အား ဖမ်းမိသည်ဟု ကြေညာခဲ့သည်

Lulz Security
Security logo
အတိုကောက်LulzSec
ဆောင်ပုဒ်"The world's leaders in high-quality entertainment at your expense", "Laughing at your security since 2011"
ဖွဲ့စည်းခြင်းမေ ၂၀၁၁
အမျိုးအစားHacking
အဖွဲ့ဝင်များ
၁၁
ဥက္ကဋ္ဌSabu
နှီးနွယ်အဖွဲ့အစည်းAnonymous, LulzRaft, AntiSec
စေတနာ့ဝန်ထမ်း

ကိုးကား ပြင်ဆင်ရန်

  1. Weisenthal၊ Joe။ "Notorious Hacker Group LulzSec Just Announced That It's Finished"၊ 25 June 2011။ 25 June 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 25 June 2011။ 
  2. "LulzSec hackers claim CIA website shutdown"၊ 16 June 2011။ 17 June 2011 တွင် ပြန်စစ်ပြီး 
  3. Is There a Hacking Epidemic?