မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း

ဗီဒီယိုဂိမ်း
(Mobile Legends: Bang Bang မှ ပြန်ညွှန်းထားသည်)

မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း (MLBB)(အင်္ဂလိပ်: Mobile Legends: Bang Bang)သည် ByteDance ၏ လက်အောက်ခံ developer Moonton မှ ဖန်တီးထုတ်ဝေသည့် မိုဘိုင်းလ်ဂိမ်းပေါင်းစုံကစားသူအွန်လိုင်းတိုက်ပွဲနယ်ပယ် (MOBA) ဂိမ်းတစ်ခုဖြစ်သည်။ ဂိမ်းသည် 2016 ခုနှစ်တွင် ထွက်ရှိခဲ့ပြီး အရှေ့တောင်အာရှတွင် အထင်ရှားဆုံး လူကြိုက်များခဲ့သည်။

.
Mobile legends Bang Bang
Mobile Legends BangBang Logo
ဖန်တီးသူ Moonton
ထုတ်ဝေသူ Moonton
ပလက်ဖောင်း iOS, အန်းဒရွိုက်
ဖြန့်ချီသည့်နေ့စွဲ အန်းဒရွိုက်
  • WW ဇူလိုင် ၁၄၊ ၂၀၁၆
iOS
  • WW နိုဝင်ဘာ ၉၊ ၂၀၁၆
ဂိမ်းအမျိုးအစား ကစားသူအများအပြားအွန်လိုင်းတိုက်ပွဲနယ်ပယ်မိုဘိုင်းဂိမ်း

၎င်း၏အခြေခံကစားနည်းတွင်၊ ဂိမ်းသည် အနည်းဆုံး 20-60 စက္ကန့်နှင့် 10-30 မိနစ်ပွဲစဉ်များဖြင့် အချိန်နှင့်တပြေးညီ ယှဉ်ပြိုင်နေသော 5 သင်းကို ဂိမ်းကစားစေသည်။ သမားရိုးကျ တိုက်ပွဲစရီနာဂိမ်းတွင် ပါဝင်သည့် ကစားသမားများသည် ရန်သူ၏မျှော်စင်ကို သိမ်းပိုက်ရန်နှင့် ဆန့်ကျင်ဘက်အဖွဲ့ကို ဖိအားပေးရန်အတွက် ရည်မှန်းချက်များလုံခြုံစေရန်အတွက် ရည်မှန်းချက်များကို လုံခြုံစေရန်အတွက် လမ်းကြောင်းသုံးသွယ်ကို ကျော်တိုက်ရမည်ဖြစ်သည်။ ဂန္ထဝင် MOBA များကဲ့သို့၊ အဆင့်တက်ရန် သို့မဟုတ် လှည့်ကွက်ကစားရန် သူရဲကောင်းလေ့ကျင့်မှုမျိုး မရှိပါ။ အနိုင်ရရှိသူနှင့် ရှုံးနိမ့်သူများကို ကျွမ်းကျင်မှု၊ စွမ်းရည်နှင့် ဗျူဟာပေါ်အခြေခံ၍ ဆုံးဖြတ်သည်။

အောင်မြင်မှု့များ၊ Moonton သည် မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း ချန်ပီယံဖလား အတွက် ခြေစစ်ပွဲများအဖြစ် ဆောင်ရွက်ခဲ့သည့် မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း ပရော်ဖက်ရှင်နယ်လိဂ် (MPL)အဖြစ် အမည်ပေးထားသော ဒေသတွင်းပြိုင်ပွဲများစွာကို ဖန်တီးခြင်းဖြင့် esports မြင်ကွင်းသို့ ဝင်ရောက်လာခဲ့သည် ။  ၎င်းသည် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် 2019 အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) တွင် ပထမဆုံး ဆုတံဆိပ်ပြိုင်ပွဲအတွက် ရွေးချယ်ခံရ သည့် ခြောက်ပွဲအနက်မှ ဖြစ်သည် ။  ပြိုင်ပွဲသည် ကမ္ဘောဒီးယားတွင် ပြီးခဲ့သည့် ဆီးဂိမ်းတွင် ဆုတံဆိပ်တစ်ခုလည်း ဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင်လည်း ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

ဂိမ်းကစားပုံ

ပြင်ဆင်ရန်

မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်းသည် မိုဘိုင်းလ်ဖုန်းများအတွက် ရေးဆွဲထားသည့် လူအများကစားနိုင်သော အွန်လိုင်းတိုက်ပွဲကစားနည်း တစ်မျိုးဖြစ်သည်။ ကြာချိန်မှာ ၁၀မိနစ် မှ မိနစ် ၂၀ ကျော်အထိကြာနိူင်သည်။ ထိုကြာချိန်သည် ကစားသူများ၏ စွမ်းရည် ကစားပုံအားမူတည်၍ အချိန် အမျိုးမျိုးပြောင်းလဲသည်။ ယှဉ်ပြိုင်ဖက် အသင်းနှစ်သင်းမှာ တစ်ဖက်အသင်းရှိ base ဟုခေါ်သော အဆောက်အဦးကို ဖြိုဖျက်ရန်နှင့် မိမိအဆောက်အဦးကို ကာကွယ်နိုင်ရန် တိုက်ခိုက်ကစားကြသည်။ ထိုအဆောက်အဦးကို အပေါ်လမ်း၊ အလယ်လမ်း နှင့် အောက်လမ်းဟူ၍ လမ်းသုံးလမ်းနှင့် ချိတ်ဆက်ထားသည်။ အသင်းတစ်သင်းစီတွင် ကစားသမားငါးယောက်စီပါဝင်ပြီး "hero" ဟုခေါ်သော ဇာတ်ကောင်တစ်ကောင်စီကို ထိန်းချုပ်ရသည်။ "minions" ဟုခေါ်သော ကွန်ပျူတာထိန်းချုပ်သည့် ဇာတ်ကောင်များသည် အသင်းbase မှ ပေါ်ထွက်လာပြီး လမ်းသုံးလမ်းရှိ အခြားအသင်းမှ base နှင့် "turret" ဟုခေါ်သော အဆောက်အဦးကို တိုက်ခိုက်ကြသည်။ Minion ဟုခေါ်သော အကောင်များကို သတ်ဖြတ်ခြင်း၊ Creeps ဟုခေါ်သော တောအတွင်းမှ သတ္တဝါများကို သတ်ဖြတ်ခြင်း၊ Seige Minion ဟုခေါ်သော သတ္တဝါအကြီးစားများကို သတ်ဖြတ်ခြင်း၊ တစ်ဖက်အသင်းမှ ကစားသမားများကိုသတ်ဖြတ်ခြင်း တို့မှ Gold ဟုခေါ်သည့် ဂိမ်းကစားပွဲအတွင်းအသုံးပြုနိုင်သော ငွေကြေးတစ်မျိုးရရှိသည်။ ၎င်း Gold ကိုအသုံးပြု၍ ကစားသမားများသည် Item ဟုခေါ်သည့် ၎င်းတို့၏ Hero ဇာတ်ကောင်များကို စွမ်းရည်မြှင့်တင်စေသော လက်နက်များကို ဝယ်ယူနိုင်သည်။

ဂိမ်းကစားသည့်နည်းစနစ်များ

ပြင်ဆင်ရန်

မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း တွင် ဂိမ်းကစားသည့်နည်းစနစ်များ (အင်္ဂလိပ်: Game Modes) အမျိုးမျိုးရှိသည်။ အဓိက ကစားသည့်နည်းစနစ်များမှာ

  • Classic
  • Ranked
  • Brawl
  • V.S AI

တို့ ဖြစ်ကြသည်။

Classic (ကလက်စစ်) သည် မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း တွင် ဦးဆုံးမိတ်ဆက်ခဲ့သည့် ကစားသည့်နည်းစနစ်ဖြစ်သည်။ ၎င်းသည် ကစားပွဲတစ်ခုတွင် တစ်ဖက်အသင်းလျှင် ကစားသမား ၅ ဦးစီပါဝင်ပြီး မိမိဆော့ကစားမည့် Hero ဟုခေါ်သည့် ဂိမ်းဇာတ်ကောင်၊ မိမိအသုံးပြုမည့် Spell ဟုခေါ်သည့် အစွမ်း၊ မိမိအသုံးပြုမည့် Hero ၏ စွမ်းရည်ကိုအထောက်အကူပြုသော Emblem ဟုခေါ်သည့် အရည်အချင်းတို့ကို ရွေးချယ်ရသည်။ ထို့အပြင် ကစားပွဲတွင် မိမိအသုံးပြုမည့် Item ခေါ် လက်နက်များကိုလည်း ကြိုတင်ရွေးချယ်ထားနိုင်သည်။

ကစားပွဲစသောအခါ နှစ်ဖက်အသင်း ကစားသမားများသည် မိမိတို့၏ Base အနောက်ရှိ Altar ဟုခေါ်သောနေရာတွင် စတင်ထွက်ပေါ်လာကြသည်။ ကစားပွဲသည် လမ်းသုံးပါဝင်သည့် မြေပုံကိုအခြေခံထားပြီး အဆိုပါလမ်းသုံးလမ်းမှာ Gold Lane (အပေါ်လမ်း)၊ Mid Lane (အလယ်လမ်း)နှင့် Exp Lane (အောက်လမ်း)တို့ ဖြစ်ကြသည်။ မြေပုံအနေအထားအရ Gold Lane သည် Exp Lane ထက် လမ်းပိုတိုပြီး Mid Lane ထက် Minion များမှ Gold ပိုရရှိသဖြင့် ထိုလမ်းတွင် Item အပေါ်အားထားမှီခိုရသော Masksman များကို အသုံးပြုကြသည်။ Mid Lane သည် အတိုဆုံးလမ်းဖြစ်ပြီး Minion ရှင်းရသည်မှာ အမြန်ဆုံးဖြစ်၍ မိမိအသင်းဖော်များကို အမြန်သွားရောက်ကူညီနိုင်ရန် Mage များကို အသုံးပြုကြသည်။ Exp Lane တွင် Gold အပေါ် မှီခိုရန်မလိုအပ်သည့်အပြင် ခံနိုင်ရည်ကောင်းသည့် Fighter များကို အသုံးပြုလေ့ရှိကြသည်။ မြေပုံပေါ်တွင် Jungle ဟုခေါ်သည့် တောနက်များအတွင်း Creeps ဟုခေါ်သော သတ္တဝါများရှိသည်။ ၎င်းတို့ကိုသတ်လျှင် Experience ဟုခေါ်သော အဆင့်တိုးစေမည့် အမှတ်များရရှိသည်။ ထို့ကြောင့် Jungle ကို Level အဆင့်နှင့် Skill အစွမ်းများအပေါ်မှီခိုရသော Assassin ကဲ့သို့ Hero များအား သီးသန့်ရှင်းစေပြီး ထိုသို့ Jungle တစ်ခုလုံးကို တစ်ကောင်တည်းပုံအပ်ခံထားရသော ကစားသမားကို Hyper ဟုခေါ်ကြသည်။

Ranked (ရန့်ခ်) သည် Classic နှင့်ကစားပုံတူညီသော်လည်း ထူးခြားချက်မှာ အဆင့်တစ်ဆင့်မှ တစ်ဆက်သို့တက်နိုင်ခြင်းဖြစ်သည်။ Ranked Modeအဆင့်များမှာ Warrior (III, II, I), Elite (III, II, I), Master (IV, III, II, I), Grandmaster (V, IV, III, II, I), Epic (V, IV, III, II, I), Legend (V, IV, III, II I), Mythic, Mythical Honor, Mythical Glory, Mythical Immortal တို့ဖြစ်ကြပြီး အဆင့်တစ်ခုမှ တစ်ခုသို့ Ranked ပွဲများဆော့ခြင်းဖြင့်တိုးသည်။ Rankedပွဲ တစ်ပွဲနိုင်လျှင် ကြယ် ၁ပွင့်ရပြီး တစ်ပွဲရှုံးလျှင် ကြယ်၁ပွင့် ဆုံးမည်ဖြစ်သည်။ သို့သော် Star Protection Card သို့မဟုတ် Star Protection Point ပြည့်လျှင် ရှုံးသော်လည်း ကြယ်မဆုံးပါ။ Mythic အောက် အဆင့်များတွင် ကြယ်၅လုံးရပြီး နောက်တစ်ပွဲနိုင်ပါက အဆင့်တစ်ဆင့်တက်သည်။ Mythic အထက်တွင် ကြယ် ၂၅ လုံးရလျှင် Mythical Honor သို့လည်းကောင်း၊ ကြယ် ၅၀ လုံးရလျှင် Mythical Glory သို့လည်းကောင်း၊ ကြယ် ၁၀၀လုံးရရှိလျှင် Mythical Immortal သို့လည်းကောင်းရရှိသည်။ သို့သော် Rankedပွဲများဆက်တိုက်နိုင်နေပါက အဆင့်တစ်ဆင့်တက်ရန် တစ်ပွဲနိုင်ရန်သာလို့‌တော့အခါ Moonton ကုမ္ပဏီမှ သင့်အား ညံ့သောအသင်းဖော်များနှင့်ထ တွဲပေးကာရှုံးအောင် လုပ်ဆောင်တတ်သည့်ဖြစ်ရပ်များရှိတတ်သည်။ ထို့ကြောင့် Ranked Mode ကို သတိထားဆော့သင့်သည်။

တရားစွဲဆိုခံရမှု

ပြင်ဆင်ရန်

ဇူလိုင် ၁၁၊ ၂၀၁၇ တွင် MOBA ကွန်ပျူတာဂိမ်း League of Legends ထုတ်လုပ်ဖြန့်ချိသူ Riot Games ကုမ္ပဏီက Mobile Legends: Bang Bang ထုတ်လုပ်ဖြန့်ချိသူ Shanghai Moonton Technology အား မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် ကယ်လီဖိုးနီးယား ဗဟိုတရားရုံးတွင် တရားစွဲဆိုခဲ့သည်။ Moonton သည် ယခင်ဂိမ်းဖြစ်သော Mobile Legends: 5V5 MOBA ကို ဖယ်ရှားခဲ့ကာ ဂိမ်းလိုဂို အပြောင်းအလဲ အပါအဝင် ပြောင်းလဲမှုအချို့ ပြုလုပ်ပြီး Mobile Legends: Bang Bang အမည်ဖြင့် ပြန်လည်ဖြန့်ချိခဲ့သည်။[]

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်

တရားဝင် ဝက်ဘ်ဆိုဒ်

  1. "Riot is suing a mobile game company for copyright infringement, and it's definitely not hard to see why" (in en-us)။ July 11, 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 1 September 2017။