မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Morris worm သည် ပထမဆုံးသော ကွန်ပျူတာ worm ဖြစ်သည်။ ၎င်းသည် အင်တာနက်ကွန်ရက်မှတစ်ဆင့် ပျံနှံ့ကူးစက်သည်။ ၎င်းကို Cornell University မှ ဘွဲ့ရကျောင်းသားတစ်ဦးဖြစ်သည့် Robert Tappan Morris က ရေးသားခဲ့ပြီး Massachusetts Institute of Technology ၏ ကွန်ပျူတာများမှတစ်ဆင့် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ နှစ်ရက်နေ့တွင် စတင် ဖြန့်ခဲ့သည်။

တီထွင်ဖန်တီးထားပုံ ပြင်ဆင်ရန်

 
ကွန်ပျူတာသမိုင်းပြတိုက်တွင် Morris worm ကုဒ် (code) များပါသည့် Floppy disk ကို ပြသထားပုံ


Robert Tappan Morris သည် ၎င်း Morris Worm မှာ ပျက်စီးစေရန် မဟုတ်ဘဲ အင်တာနက်၏ ပမာဏကို တိုင်းတာရန် အတွက် ရေးသားခဲ့သည်ဟု ဆိုသည်။ Morris worm ကို ဖန်တီးသူ ပညာသင်ကြားခဲ့သည် MIT မှ ဖြန့်ဝေခဲ့သည်ဟု မျှော်လင့်ရသည်။[ကိုးကားချက်လိုသည်] နောက်ပိုင်းတွင် Morris သည် ၂၀၀၆ ခုနှစ်တွင် MIT ၌ ပါမောက္ခ ဖြစ်လာခဲ့သည်။[၁] ၎င်းသည် Unix sendmail, finger, and rsh/rexec စသည်တို့ကဲ့သို့ လုံခြုံမှုအားနည်းသည့် စကားဝှက်များ ကဲ့သို့သော ကွန်ပျူတာရှိ အားနည်းသည့်အချက်များကို တိုက်ခိုက်သည်။

Morris worm သည် တိုက်ခိုက်ဖျက်ဆီးရန် မရည်ရွယ်သော်လည်း ကွန်ပျူတာကို ပိုမိုပျက်စီးစေခဲ့သည်။ ၎င်းသည် ကွန်ပျူတာကို အကြိမ်ပေါင်းများစွာ သက်ရောက်စေသည်။ သက်ရောက်မှု အကြိမ်တိုင်းတွင် ကွန်ပျူတာ ကို နှေးကွေးသွားစေသည်။ ထို့ပြင် ကွန်ပျူတာအား အသုံးပြု၍ မရသည်အထိပင် ဖြစ်စေသည်။ ၎င်း၏ကွန်ပျူတာအပေါ်သက်ရောက်မှုသည် fork bomb တစ်ခု ကဲ့သို့ပင်ဖြစ်သည်။ ကွန်ပျူတာကို အကြိမ်ပေါင်းများစွာ ဖျက်ဆီးတိုက်ခိုက်သည်။


သက်ရောက်မှု ပြင်ဆင်ရန်

အမေရိကန် Government Accountability Office က ပျက်စီးမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ $100,000–10,000,000 ရှိသည်ဟု မှတ်တမ်းတင်ခဲ့သည်။[6] Clifford Stoll သည် worm ကိုတိုက်ခိုက်ရန် ကူညီခဲ့သည်။ သူသည် ၁၉၈၉ ခုနှစ်တွင် ကျွန်တော် ကွန်ရက်များကို ရှာဖွေခဲ့ပါတယ်။ ၎င်း worm သည် ၁၅ နာရီအတွင်း ကွန်ပျူတာ ၂၀၀၀ ကို သက်ရောက်မှု ရှိခဲ့တယ် ဟု ရေးသားဖော်ပြခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Robert Morris။ csail (2007)။ August 3, 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 23, 2008 တွင် ပြန်စစ်ပြီး။