ငါ့အတွေးများဟာတိတ်ဆိတ်

၂၀၁၉ ယူကရိန်းရုပ်ရှင်
(My Thoughts Are Silent မှ ပြန်ညွှန်းထားသည်)

ငါ့အတွေးများဟာတိတ်ဆိတ် (ယူကရိန်း: «Мої думки тихі» Moi dumky tykhi) သည် ဒါရိုက်တာ အန်တိုနီယို လုခစ်ခ်ျ ရိုက်ကူးပြီး ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့သည့် ယူကရိန်း အချစ်ဟာသရုပ်ရှင်တစ်ပုဒ်ဖြစ်သည်။[၁] ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ကာလိုဗီဗာရီ နိုင်ငံတကာရုပ်ရှင်ပွဲတော်၌ ပထမဆုံးစတင်ပြသခဲ့ပြီး အကဲဖြတ်တို့၏အထူးဆုကို ရရှိခဲ့သည်။[၂]

ငါ့အတွေးများဟာတိတ်ဆိတ်
အခြေခံအချက်အလက်
ဒါရိုက်တာအန်တိုနီယို လုခစ်ခ်ျ
စာရေးသူ
  • ဗာလယ်ရီးယား ကာလ်ချန်ကို
  • အန်တိုနီယို လုခစ်ခ်ျ
သရုပ်ဆောင်
  • အန်ဒရီယ လီဒါဟော့ဗ်စကီး
  • အီရ်မာ ဗီတော့ဗ်စကာ ဗန်စတာ
ကြာမြင့်ချိန်
104 minutes
နိုင်ငံUkraine
ဘာသာစကားUkrainian
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ဇူလိုင် ၄၊ ၂၀၁၉ (၂၀၁၉-၀၇-၀၄)

ယူကရိန်းနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ရုံတင်ပြသခဲ့ပြီး၊ ခုနစ်ပတ်အတွင်း ယူကရိန်းရစ်ဗ်နီးယား ၁၀ သန်းကျော် ရရှိခဲ့သည်။ ယူကရိန်းရုပ်ရှင်လောကသမိုင်း၌ အကောင်းဆုံး ရုပ်ရှင် ၁၀၀ စာရင်းဝင်လည်းဖြစ်သည်။

ဇာတ်လမ်း ပြင်ဆင်ရန်

အဓိကဇာတ်ကောင် အသံပိုင်းအင်ဂျင်နီယာ ဂီတသမားတစ်ဦးနှင့် သူ့အမေတို့ကြားက ပြဿနာကို ဇာတ်လမ်းပြု ပုံဖော်ထားခြင်းဖြစ်သည်။[၃] [၄]

သရုပ်ဆောင်များ ပြင်ဆင်ရန်

  • Andriy Lidahovskiy — Vadim, sound engineer
  • Irma Vitovska-Vantsa — Vadim's mom, taxi driver in Uzhhorod

ထုတ်လုပ်ရေး ပြင်ဆင်ရန်

၂၀၁၇ ခုနှစ်၊ ဇွန်လတွင် ယူကရိန်း နိုင်ငံတော်ရုပ်ရှင်အေဂျင်စီက ကျင်းပသည့် (၁၀)ကြိမ်မြောက် ဒါဇခီနိုပြိုင်ပွဲ၌ အနိုင်ရရှိခဲ့သည်။[၅][၆] ခန့်မှန်းကုန်ကျစရိတ် ရစ်ဗ်နီးယား ၉ ဒသမ ၂ သန်းအနက် ၈ ဒသမ ၉ သန်းကို နိုင်ငံတော်ရန်ပုံငွေအဖြစ် ထောက်ပံ့ခံရသည်။ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရိုက်ကူးရေးစတင်ပြီး ကီးယက်မြို့၊ ကာပေသီယန်တောင်တန်း၊ ဇခါပတ်တီးယားပြည်နယ်တို့တွင် သွားရောက်ရိုက်ကူးခဲ့သည်။[၇]

ဖြန့်ချိရေး ပြင်ဆင်ရန်

ရုပ်ရှင်ပွဲတော် ပြင်ဆင်ရန်

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ကာလိုဗီဗာရီ နိုင်ငံတကာရုပ်ရှင်ပွဲတော်၌ ပထမဆုံးစတင်ပြသခဲ့ခြင်းဖြစ်ပြီး အကဲဖြတ်တို့၏အထူးဆုကို ရရှိခဲ့သည်။[၈] ယူကရိန်းနိုင်ငံတွင်း၌ အိုဒဲဆာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပြသခဲ့ပြီး လူကြိုက်အများဆုံးဆု၊ အကောင်းဆုံး ယူကရိန်းရုပ်ရှင်ဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုများ ရရှိခဲ့သည်။[၉]

ရုံတင်ပြသခြင်း ပြင်ဆင်ရန်

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ယူကရိန်းနိုင်ငံအတွင်း ရုံတင်ပြသခဲ့သည်။[၁၀] အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ်၂၀၂၀ ပြည့်နှစ်၊ မတ်လ (၅) ရက်နေ့တွင် ရုပ်ရှင်အခွေကို ဖြန့်ချိခဲ့သည်။

ဝင်ငွေရရှိမှု ပြင်ဆင်ရန်

ယူကရိန်းနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံ ၉၁ ရုံ၌ ရုံတင်ပြသခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့မှ (၂၂) ရက်နေ့အထိ ပထမရက်သတ္တပတ်အတွင်း ကြည့်ရှုသူ ၂၉၀၀၀ ဦးအထိရှိခဲ့ပြီး ဝင်ငွေ ရစ်ဗ်နီးယား ၂ ဒသမ ၈ သန်းနီးပါး ရရှိခဲ့သည်။ ဒုတိယရက်သတ္တပတ်တွင် ရုပ်ရှင်ရုံ ၇၄ ရုံ၌ ရုံတင်ပြသခဲ့ပြီး ကြည့်ရှုသူ ၅၂၃၀၀ နှင့် ဝင်ငွေ ၅ သန်း ရရှိခဲ့သည်။[၁၁]

ကိုးကား ပြင်ဆင်ရန်

  1. My Thoughts Are Silent2020-04-21 တွင် ပြန်စစ်ပြီး
  2. My Thoughts Are Silent and Scandinavian Silence awarded in Karlovy Vary! (2019-07-12)။ 2020-08-25 တွင် ပြန်စစ်ပြီး။
  3. My Thoughts Are Silent2020-04-21 တွင် ပြန်စစ်ပြီး
  4. Review: My Thoughts Are Silent။ 2020-04-21 တွင် ပြန်စစ်ပြီး။
  5. Держкіно оголосило переможців Десятого пітчингу. ДМ, 30 червня 2017
  6. Сьогодні Lifestyle။ "Мої думки тихі": представлено офіційний трейлер комедії з Ірмою Вітовською (in uk)။ 2019-11-29 တွင် ပြန်စစ်ပြီး။
  7. Сьогодні Lifestyle။ "Мої думки тихі": представлено офіційний трейлер комедії з Ірмою Вітовською (in uk)။ 2019-11-29 တွင် ပြန်စစ်ပြီး။
  8. «Мої думки тихі» голосно прозвучали у Карлових Варах။ 18 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 March 2022 တွင် ပြန်စစ်ပြီး။
  9. Укрінформ။ Комедія "Мої думки тихі" вийде у прокат на новорічні свята (in uk)။ 2019-10-28 တွင် ပြန်စစ်ပြီး။
  10. Радіо Свобода။ Найочікуваніші українські фільми 2020 року (in uk)။ 2020-01-04 တွင် ပြန်စစ်ပြီး။
  11. Бокс-офіс України №4 (2020)

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်