အန်ဘီစီသတင်း

(NBC News မှ ပြန်ညွှန်းထားသည်)

အန်ဘီစီသတင်း သည် အမေရိကန် ရုပ်သံလွှင့်ကွန်ရက်အန်ဘီစီ၏ သတင်းဌာနဖြစ်သည်။ ကွန်ကတ်စ် ကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲဖြစ်သော အန်ဘီစီယူနီဗာဆယ်၏ ဌာနခွဲ "NBCUniversal Television and Streaming" ၏ အောက်၌တည်ရှိသည်။ အန်ဘီစီသတင်းဌာန၏ အကြီးအကဲသည် နိုဝါ အာပန်ဟိုင်း (Noah Oppenheim) ဖြစ်၏ ။[၁][၂] အန်ဘီစီယူနီဗာဆယ်သတင်းအုပ်စုသည် "အမ်အက်စ်အန်ဘီစီ" (MSNBC) အထွေထွေသတင်းလိုင်း၊ စီးပွားရေးနှင့် သုံးစွဲသူဆိုင်ရာ သတင်းလိုင်းများဖြစ်သော စီအန်ဘီစီ (CNBC) ၊ စီအန်ဘီစီဝါးလ်ဒ် (CNBC World) တို့ကိုလည်း ပိုင်ဆိုင်ထားပြီး စပိန်ဘာသာဖြင့် Noticias Telemundo ရုပ်သံနှင့် ယူကေအခြေစိုက် စကိုင်းသတင်းဌာနကိုလည်း ပိုင်ဆိုင်သည်။[၃]

NBC News
သတင်းဌာနခွဲအန်ဘီစီ
အဓိကပုဂ္ဂိုလ်များNoah Oppenheim (ဥက္ကဋ္ဌ)
တည်ထောင်ဖေဖော်ဝါရီ ၂၁၊ ၁၉၄၀; ၈၄ နှစ် အကြာက (၁၉၄၀-၀၂-21)
ရုံးချုပ်အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ 30 Rockefeller Plaza
အဓိက သတင်းအချက်လက်အဖွဲ့များWest Coast Headquarters, Universal City, California
Governmental Affairs Headquarters
Washington, D.C.
European Headquarters
London] UK
Asia Pacific Headquarters
Singapore, Hong Kong
ဝန်ဆောင်မှုနယ်ပယ်ကမ္ဘာအနှံ့
ရုပ်သံအစီအစဉ်များToday
NBC Nightly News
Meet the Press
Weekend Today
Dateline NBC
Early Today
Today with Hoda & Jenna
ဌာနခွဲများNBC News International
Websitenbcnews.com
1959–1972 logo

အန်ဘီစီသတင်းသည် ၁၉၄၀ ဖေဖော်ဝါရီ ၂၁ တွင် စတင်လွှင့်ထုတ်ခဲ့၍ နယူးယောက်မြို့တော်ရှိ အန်ဘီစီယူနီဗာဆယ်ရုံးချုပ် "30 Rockefeller Plaza" တွင် ရုပ်သံများကို ထုတ်လုပ်၊ လွှင့်တင်ကြသည်။ အန်ဘီစီသည် အမေရိက၏ နံပါတ်တစ်အဆင့်သတ်မှတ်ခံရသော သတင်းတင်ဆက်ခြင်း အစီအစဉ်[၄] NBC Nightly News နှင့် အမေရိကန်သမိုင်းတွင် သက်တမ်းအရင့်ဆုံး ရုပ်မြင်သံကြားအစီစဉ်တွဲဖြစ်သော Meet The Press ၊ တနင်္ဂနွေနံနက် သတင်းရေးရာ တွေ့ဆုံမေးမြန်းခန်း စသည်တို့ကို ထုတ်လွှင့်တင်ဆက်သည်။ ထို့အပြင် အန်ဘီစီ၌ နှစ်ပေါင်း ၇၀ သက်တမ်းရှိ ရှားပါးသော သမိုင်းဆိုင်ရာ ရုပ်သံမှတ်တမ်းများလည်း ရှိ၍[၅] အန်ဘီစီယူနီဗာဆယ် မော်ကွန်းများမှ အွန်လိုင်းတွင် ရရှိနိုင်ပေသည်။

ကိုးကား ပြင်ဆင်ရန်

  1. Noah Oppenheim။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 19, 2021 တွင် ပြန်စစ်ပြီး။
  2. Battaglio၊ Stephen။ "'Today' show Executive Noah Oppenheim is named president of NBC News"၊ February 14, 2017။ 
  3. Brands, NBCUNIVERSAL MEDIA
  4. Masonhall၊ Erika (January 23, 2013)။ "nbc nightly news" ratings win။ 1 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2021 တွင် ပြန်စစ်ပြီး။
  5. News Footage & Stock Video FootageNBCUniversal Archives။ 15 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2021 တွင် ပြန်စစ်ပြီး။