Natas (ကွန်ပျူတာ ဗိုင်းရပ်စ်)

Natas (Satan ပြောင်းပြန် စကားလုံး) ဗိုင်းရပ်စ် ကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆမ်ဒီယာဂို မှ အသက် ၁၈ နှစ်အရွယ် ဟက်ကာ တစ်ယောက်ဖြစ်သည့် James Gentile က ရေးသားခဲ့သည်။ Natas ဗိုင်းရပ်စ်သည် ကွန်ပျုတာ၏ မန်မိုရီပေါ်တွင်ခိုအောင်းနိုင်ပြီး .COM နှင့် .EXE ဖိုင်များကို ဦးတည်တိုက်ခိုက်သည်။[၁] ပြင်းထန်ပြီးဆင့်ပွားတိုက်ခိုက် နိုင်မှုမှာ အဆင့်မြင့်လှသည်။ ၁၉၉၂ မေလ တွင် မက္ကဆီကိုမြို့ တွင် စတင်ခဲ့ပြီး ဖလော်ပီဒစ်ဒ် များမှ ကူးစက်ပျံ့နှံ့သည်။ မက္ကဆီကိုမြို့တွင် ကျယ်ပြန့်စွာ ပျံ့နှံ့ ပြီးနောက် အမေရိကန်တောင်ပိုင်းသို့ ကူးစက်ခဲ့သည်။ United States Secret Service ၏ နက်ဝေါ့ခ် ကို ၃ ရက်ကြာ ရပ်တန့်စေခဲ့သည်။ ရုရှားကနေဒါဘရာဇီးနှင့် အင်္ဂလန် နိုင်ငံများ အထိပျံ့ နှံ့ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Natas။ F-Secure။ 18 February 2013 တွင် ပြန်စစ်ပြီး။