Nintendocore (Nitendo rock, video rock နှင့် nerdcore ဟုလည်း သိကြသည်) သည် ဂီတအမျိုးအစားတစ်မျိုးဖြစ်ပြီး chiptune နှင့် video game ဂီတနှင့် modern rock ၏ aggressive style ကို ရောနှောထားခြင်းဖြစ်သည်။ Horse the Band, The Advantage နှင့် mini bosses တို့ တီထွင်ခဲ့သည်။ nitendocore သည် hardcore punk နှင့် heavy metal တို့၏ အမျိုးမျိုးသော ပုံစံများမှ ပေါ်ထွက်လာခဲ့သည်။

ဝိသေသလက္ခဏာများ ပြင်ဆင်ရန်

Nitendocore သည် electric guitar, drum kit နှင့် synthesizer, Chiptunes, 8-bit sounds တို့ကို အသုံးပြုထားသည်။ ၎င်းသည် အမျိုးမျိုးသော ဂီတပုံစံများမှ စတင်ခဲ့သည်။ hardcore punk, post-hardcore, melodic metalcore နှင့် heavy metal တို့ပါဝင်သည်။ electro, noise rock, post-rock နှင့် screamo တို့လည်း လွှမ်းမိုးခဲ့သည်။ Horse the Band သည် metalcore, heavy metal, thrash metal နှင့် post-hardcore တို့ကို ပေါင်းစပ်ခဲ့သည်။ Horse the Band၏ တတိယမြောက် albm “The Mechanicla Hand မှ the Black Hole သည် Nitendocore ၏ နမူနာပုံစံတစ်ခု ဖြစ်သည်။ စူးရှသောအဆိုပုံစံများ ကြီးမားလေးလံသော Nitendo riff များနှင့် များပြားစွာသော game များမှ sound effect များဖြင့် ထူးခြားသည်။ Ma the Band သည် Electro နှင့် dance punk ပုံစံများပါဝင်သည်။ Minibosses တီးဝိုင်းသည် Kyuss ကို အဆိုပြုထားပြီး heavy metal riff များပါဝင်သည်။ The Advantage သည် noise rock နှင့် post-rock ပုံစံများ ပါဝင်သည်။ The Deprecuation Guild သည် indie တီးဝိုင်းဖြစ်ပြီး 8-bit sounds, video game ဂီတနှင့် Shoegazing မှ အစိတ်အပိုင်းများပါဝင်သည်။ Nintedocore အုပ်စုများသည် Nitendo game များမှာ အသံများကို တုပရန်သီးခြားတူရိယာ များကို အသုံးပြုကြသည်။

သမိုင်းကြောင်းနှင့်အမှတ်ရစရာ အနုပညာရှင်များ ပြင်ဆင်ရန်

(၁၉၉၀အစောပိုင်းမှ မျက်မှောက်ခေတ်) ပြင်ဆင်ရန်

Video game ဂီတသည် Chiptune နှင့် brit pop ကဲ့သို့ အမျိုးအစားများထဲတွင် အစောဆုံးစတင်ခဲ့သည်။ video game သီချင်း cover အတွက် ပထမဆုံးလူသိများသော တီးဝိုင်းမှာ female indie rock အုပ်စု Autoclave ဖြစ်ပြီး သူတို့၏ ၁၉၉၁ self-titled album တွင် videogame Paperboy အတွက် cover သီဆိုထားသည့် သီချင်းပါဝင်သည်။ ဒုတိယမြောက်လူသိများသော video game သီချင်း cover သီဆိုခဲ့သည့် တီးဝိုင်းမှာ Mr.Bungle ဖြစ်ပြီး Super Mario Bros အတွက် cover သီဆိုခဲ့သည်။ ဤသီချင်းကို သူတို့၏ ၁၉၉၁ ပွဲဦးထွက် album အတွက် video games မှ အသံများ နမူနာယူခဲ့သည်။ Nitendocore ဟုသော ဝေါဟာရသည် metalcore အုပ်စု Horse the Band ကြောင့် စတင်ခဲ့သည်။ ယခုတွင်ဤအုပ်စုသည် studio album ၅ခုထွက်ရှိခဲ့ပြီး Nintendocore ပုံစံဖြင့် ဖန်တီးထားသည်။

အခြား Nintendocore တီထွင်သူမှာ The Advantage ဖြစ်သည်။ The New York Times မဂ္ဂဇင်းမှ ထိုအုပ်စုကို video game ဂီတ mainstream modern ဂီတ spotlight အဖြစ် ယူဆောင်ခဲ့သည့် အုပ်စုများမှ တစ်ခုဖြစ်သည်ဟု ချီးမွန်းခဲ့သည်။ The Advantage သည် instrumental rock တီးဝိုင်းဖြစ်ပြီး Nevada Union High School မှ ကျောင်းသားနှစ်ဦး တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဤအုပ်စုသည် Nintendo console games မှ ဂီတကို တီးခတ်ခဲ့သည်။ video game sound track များကို rock cover versions ဖြင့်ဖန်တီးထားခြင်းဖြစ်သည်။ သူတို့သည် ထိုဂီတပုံစံကို Nintendocore ဟု အမည်ပေးခဲ့သည်။

Minibosses တီးဝိုင်းသည်လည်း nintendocore အမျိုးအစားမှ တစ်ခုဖြစ်သည်။ Contra, Double Dragon, Excitebike များနှင့် အခြား video game အတွက် cover များဖန်တီးခဲ့သည်။ အာရီးဇိုးနား၊ ဖွန်းနစ်(စ်) မှ တီးဝိုင်းဖြစ်ပြီး Nintendo rock ကိုယ်စားပြုသော အုပ်စုများမှတစ်ခုဖြစ်သည်။ များပြားစွာသော video game များခင်းကျင်းပြသရာတွင် ဖျော်ဖြေခဲ့သည်။ Minibosses တီးဝိုင်းသည်လည်း The NESkimos ကဲ့သို့ Nintendocore လုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။ The Depreciation Guild တီးဝိုင်း၏ ၂၀၀၇ခုနှစ်ပွဲဦးထွက် album In Her Gentle Jaws သည် Nintendocore ဖြစ်သည်ဟု Pitchfork Media မှ ရည်ညွန်းခဲ့သည်။ ထို albumမှ track များသည် Nintendo Entertainment System ဖြစ်ပေါ်လာခြင်းသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ အမျိုးအစားကို ကိုယ်စားပြုသော အခြားတီးဝိုင်းများမှာ Math the Band, Karate High School, The Megas, The Octopus Project, An Albatross, Rolo Tomassi, Crystal Castles, Powerglove နှင့် Hella တို့ဖြစ်သည်။ Sky Eats Airplane တီးဝိုင်းသည် ကနေဒါမဂ္ဂဇင်း Exclaim သည် ဤlabel ကိုငြင်းဆိုခဲ့သော်လည်း ဤအမျိုးအစားအောက်တွင် ရှိသည်ဟု တံဆိပ်ကပ်ခဲ့သည်။