မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

OSI မော်ဒယ် ဆိုသည်မှာ ဆက်သွယ်ရေးနှင့် ကွန်ပြူတာ ဒီဇိုင်းအတွက် ရည်ညွှန်းကိုးကား ပြုကြသော Open System Interconnection Reference Model ကို ခေါ်ဆိုခြင်း ဖြစ်သည်။ OSI Reference Model သို့မဟုတ် OSI (၇) လွှာ မော်ဒယ်လ်ဟုလည်း ခေါ်ဆိုသုံးနှုန်းကြသည်။ စနစ်အချင်းချင်း အဆင်ပြေချောမွေ့စွာ ချိတ်ဆက်နိုင်စေရေး အတွက် ကြိုးပမ်းရာမှ ပေါ်ပေါက်လာသော ရည်ညွှန်းကိုးကားသည့် မော်ဒယ်လ် တစ်ခုလည်း ဖြစ်သည်။ OSI (၇)လွှာ မော်ဒယ်လ် ကို နိုင်ငံတကာ စံနှုန်း အဖွဲ့အစည်း (ISO) မှ စတင် ဖန်တီးခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ မြောက်မြားလှစွာသော ပရိုတိုကောလ် အချင်းချင်း ဆက်သွယ်ရာတွင် ဖြစ်တတ်သော ပြဿနာ ပေါင်းစုံကို ဖြေရှင်းနိုင်ရန် အတွက် ဖြစ်သည်။

ဆော့ဖ်ဝဲလ်နှင့် ဟတ်ဒ်ဝဲလ်များကို ထုတ်လုပ်သူများက ထိုမော်ဒယ်လ်ကို ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများ တီထွင်ဖန်တီးရာတွင် ရည်ညွှန်းကိုးကား အဖြစ် အသုံးပြုလေ့ ရှိကြသည်။ ထိုမော်ဒယ်လ်၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာသော စနစ်များမှာ ကွဲပြားခြားနားသော ထုတ်လုပ်သူများမှ ထုတ်လုပ်သော်လည်း အတူတကွ အလုပ်လုပ် နိုင်သည်။

အသုံးချ အလွှာ (Application Layer)

ပြင်ဆင်ရန်

အီးမေးလ် နှင့် ဝက်ဘ်ဘရောက်ဆာ အစရှိသော အသုံးချ ဆော့ဖ်ဝဲလ်များတွင် အသုံးပြုကြသည်။ ဤအလွှာတွင် ပရိုတိုကောလ် အမြောက်အမြားကို လက်ရှိ အသုံးချလျက် ရှိကြသည်။ အဓိကအားဖြင့် Application တွေ လုပ်ဆောင်တဲ့ အလွှာ တစ်ခု ဖြစ်ပါတယ်။ သူက Network နဲ့Application ကြားမှာ လုပ်ဆောင်ပေးပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ Emailတစ်ခုပို့တယ်ဆိုရင် အဲ့ဒီ Email ကိုမြင်နေရတဲ့ User Interface ကို Application Layer က လုပ်ဆောင်ပေးတာ ဖြစ်ပြီးတော့ အဲ့ဒီ အီးမေးလ်ကို Send Buttom နှိပ်လိုက်တဲ့အချိန်ကစပြီးတော့ ဒေတာတွေအကုန်လုံးကို Presentation Layer တင်ဆက်မှုအလွှာသို့ ရောက်ရှိပြီး ထိုတင်ဆက်မှုအလွှာမှ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်သည်။ သူ့ဆီမှာပါဝင်တဲ့အဓိက Protocol များကတော့ ကျွန်တော်တို့ ဝဘ်ဆိုဒ်တွေကြည့်ရင်သုံးတဲ့ HTTP, HTTPS Email ပို့ရာတွင်သုံးတဲ့ SMTP , POP, IMAPတို့ပါဝင်သည်။

တင်ဆက်မှု အလွှာ (Presentation Layer)

ပြင်ဆင်ရန်

ဤအလွှာတွင် အသုံးချ အလွှာ မှရောက်ရှိလာသော ဒေတာအချက်အလက်များကို ကြည့်၍ ဖိုင်အမျိုးအစား (file format) ကိုဆုံးဖြတ်သည်။ ထို့နောက် EBCDICကုဒ် (Extended Binary Coded Decimal Interchange Code) နဲ့ ရေးသားထားခြင်းလား အက်စကီးကုဒ် ASCII - (American Standard Code for Information Interchange) ဖြင့် ရေးသားခြင်းလားဟု ဆုံးဖြတ်ပါသည်။ ထို့နောက် ဒေတာများကို ဝှက်စာ (Encryption) လုပ် မလုပ်ဆိုတဲ့ အမိန့်ကိုလည်း ကြည့်ပါသည်။ တကယ်လို့ ဝှက်စာ (Encryption) လုပ်မည်ဆိုပါက သက်ဆိုင်ရာ ဝှက်စာပြုလုပ်ခြင်းနည်းပညာ (Encryption Method)ဖြင့် ဒေတာများကို ဝှက်စာ (Encrypt) ပြုလုပ်သည်။ ထို့နောက် တင်ဆက်မှုအလွှာ၏ တာဝန်တစ်ခုဖြစ်သော နံပါတ်များကိုတန်းစီနံပါတ်များ (serialization) ပေး၍ ဒေတာများကို အဆင့်ဆင့်ဖြိုခွဲပြီး ချုံ့၍ ဆက်ရှင် အလွှာ (Session Layer) သို့ဒေတာများကို ပို့လွှတ်ပါသည်။

ဆက်ရှင် အလွှာ (Session Layer)

ပြင်ဆင်ရန်

ဆက်ရှင်အလွှာသည် အသုံးချအလွှာ(Presentation Layer) မှ ထုတ်ပိုးပေးလိုက်သော ဒေတာယူနစ်များထဲမှ ဒေတာပေးပို့မည်သူ(Source Address) နှင့် ဒေတာလက်ခံမည့်လိပ်စာ (Destination Address) ကိုကြည့်၍ ထို ပေးပို့မည့်သူ နှင့် ဒေတာ လက်ခံမည့်သူ နှစ်ဦးကြား နက်ဝက်ပေါ်တွင် ဦးစွာ Virtual Connection တစ်ခု တည်ဆောက်ပါသည်။ ထို့နောက် ဆက်သွယ်ရမည့် Transmission Rate ပေါ်မူတည်၍ အပြန်အလှန် ပေးပို့ခြင်း (Full Duplex) နှင့် တစ်ဦးတည်းမှ ပေးပို့ခြင်း (Half Duplex) ဟူသော နည်းလမ်းများထဲမှ မည်သည့်နည်းလမ်းဖြင့် ဒေတာ ပို့လွှတ်ရမည်ကို ဆုံးဖြတ်ပါသည်။ ထို့သို့ ဆက်ရှင်အလွှာသည် ကွန်ပျူတာနှစ်လုံး ဒေတာ ပေးပို့ ဆက်သွယ် နေစဉ် ကာလပတ်လုံး ကွန်နက်ရှင် တစ်ခုတည်မြဲအောင် လုပ်ဆောင်ပေးပြီး ဒေတာများကိုလည်း Synchronize လုပ်ဖြင်းဖြင့် ပေးပို့သူနှင့် လက်ခံသူကြား ဒေတာ အပြည့်အ၀ ရရှိစေရန် ကူညီပါသည်။ ဒေတာ ပေးပို့ဖလှယ်မှု ပြီးဆုံးသွားလျှင် သော်လည်ကောင်း ဒေတာပေးပို့ဖလှယ်မှု ရပ်ဆိုင်းဖို့ အမိန့်ရမည်ဆိုလျှင် သော်လည်ကောင်း ထို ဆက်ရှင်အလွှာသည် ထိုVirtual Connection ကို ပိတ်ပစ်လိုက်ပါမည်။ အကယ်၍ မတော်တဆမှု တစ်ခုခုကြောင့် ချိတ်ဆက်မှု ပြတ်တောက် ခဲ့သည်ရှိသော် Session Layer Protocol မှသိရှိပြီး ပြန်လည် ချိတ်ဆက်ရန် ကြိုးစားပါလိမ့်မယ်။ သတ်မှတ်ထားသည့် အချိန်ကာလ တစ်ခုအတွင်း ပြန်လည်မချိတ်ဆက်နိုင်ခဲ့လျှင် ထို Virtual Connectionကိုပိတ်ပစ်ပြီး ချိတ်ဆက်မှု ပြတ်တောက်သွားကြောင်း Pop-up box မှတဆင့်ကြေညာပါမည်။

သယ်ယူပို့ဆောင်မှု အလွှာ (Transport Layer)

ပြင်ဆင်ရန်

ပို့ဆောင်ဆက်သွယ်မှုအလွှာသည် ဆက်ရှင်အလွှာမှ တည်ဆောင်ထားသော ကွန်နက်ရှင်ပေါ်သို့ ဒေတာများပို့ဆောင်ရန်တာဝန်ယူပါတသည်။ ထို့အပြင် ဒေတာများ တိတိကျကျ စီးဆင်းမှုရှိစေရန် တာဝန်ယူပါသည်။ ထို့နောက် ဒေတာပက်ကတ် (Packets) များကို Datagram သို့မဟုတ် Segment များအဖြစ် ခွဲထုတ်လိုက်ပါသည်။ ထို ဒေတာများကို မပို့လွှတ်မီ ဒေတာလက်ခံမည့်သူ၏ လိပ်စာ ၊ တန်းစီနံပါတ်၊ ဒေတာများ အမှားပြုပြင်ရန်(Error Recover) နံပါတ်များ ဖြစ်သော Frame Check Sequence စသည့် တန်းစီ နံပါတ်များ တပ်ပေးလိုက်သည်။ ထို့ကြောင့် ပို့ဆောင်ဆက်သွယ်မှုအလွှာ မှ ပေးပို့လိုက်သော ဒေတာ Segment သို့မဟုတ် Datagram များသည် လမ်းတွင် ပျက်စီးပျောက်ဆုံးခဲ့ပါက ထို တန်းစီနံပါတ်များဖြင့် ပျောက်ဆုံးသွားသော ဒေတာများကို ထပ်မံပို့ဆောင်စေသည်။ အချက်အလက်များ လုံခြုံရေးနှင့် အရေးကြီးသည်များကို ဦးစားပေးခြင်း စသည်တို့ကိုလည်း စီမံခန့်ခွဲပေးသည်။ ဖိုင်းယားဝေါ ပစ္စည်များနှင့် layer 4 switch များသည် ဤအလွှာတွင် အလုပ်လုပ်ကြသည်။ ဤအလွှာမှ ကြီးမားသော မက်ဆေ့များကို ပက်ကက် အသေးများအဖြစ် ခွဲခြမ်းပြီး ကွန်ယက် အလွှာမှ လှည့်ပတ် ပို့ဆောင်ရာတွင် အသင့်ဖြစ်စေရန် လုပ်ဆောင်ပေးသည်။ TCP နှင့် UDP အစရှိသော ပရိုတိုကောလ်များသည် ဤအလွှာတွင် အလုပ်လုပ်ကြသည်။

ကွန်ယက် အလွှာ (Network Layer)

ပြင်ဆင်ရန်

ကွန်ယက်အလွှာ သည် အင်တာနက်​ ပရိုတိုကော လိပ်စာ ဖြင့် ဆက်သွယ်ပေးသော အလွှာ ဖြစ်သည်။ ကွန်ယက် အတွင်း တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ရာတွင် အသုံးပြုသူ တစ်ဦးချင်းစီတွင် သီးသန့်ဖြစ်နေသော အိုင်ပီလိပ်စာ တစ်ခု စီရှိသည်။ ကွန်ယက် အလွှာသည် အိုင်ပီလိပ်စာ အပေါ်တွင် မူတည်၍ တစ်ဦးနှင့် တစ်ဦး ဆက်သွယ်နိုင်ရန် အကူ အညီပေးသည်။ Router များ နှင့် Layer 3 ဆွစ်ချ် များသည် ကွန်ယက်အလွှာတွင် အလုပ်လုပ်ကြသည်။

ပြင်ဆင်ရန်

ကွန်ယက်သို့ ချိတ်ဆက်ထားသော ကွန်ယက် အဒပ်ပတာများတွင် အသေ ရိုက်နှိပ်ထားသော မက် (MAC) လိပ်စာဟု ခေါ်သည့် လိပ်စာ တစ်ခုစီ ပါဝင်သည်။ ကွန်ယက် အဒပ်ပတာမှ တဆင့် ရောက်တာ သို့ လှမ်း၍ ချိတ်ဆက်သည့် အခါတွင် ရောက်တာသည် မက် လိပ်စာပေါ်တွင် မူတည်၍ အိုင်ပီလိပ်စာများကို ခွဲခြား သတ်မှတ်ပေးသည်။

ရုပ်ပိုင်းဆိုင်ရာ အလွှာ (Physical Layer)

ပြင်ဆင်ရန်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရုပ်ပိုင်းဆိုင်ရာ အလွှာ

ရုပ်ပိုင်းဆိုင်ရာ အလွှာသည် မည်သို့သော ဝိုင်ယာကြိုးများကို အသုံးပြု၍ ချိတ်ဆက်မည်၊ မည်သည့် အရှိန်နှုန်းဖြင့် ချိတ်ဆက်မည် စသော ရုပ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ပတ်သက်ဆက်နွယ်နေသော အလွှာဖြစ်သည်။

  1. X.225 : Information technology – Open Systems Interconnection – Connection-oriented Session protocol: Protocol specification။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2021 တွင် ပြန်စစ်ပြီး။