အောက်စဖို့ဒ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်း

(Oxford University Press မှ ပြန်ညွှန်းထားသည်)

အောက်စဖို့ဒ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်း (အင်္ဂလိပ်: Oxford University Press, OUP) သည် အောက်စဖို့ဒ်တက္ကသိုလ်၏ တက္ကသိုလ်ပုံနှိပ်လုပ်ငန်းတစ်ခုဖြစ်၍ ကမ္ဘာပေါ်တွင် အကြီးဆုံးသော တက္ကသိုလ်ပုံနှိပ်လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ကိမ်းဘရစ်ချ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်းနောက် ဒုတိယသက်တမ်းအရှည်ဆုံးလည်းဖြစ်သည်။[၁][၂][၃] ဤလုပ်ငန်းသည် အောက်စဖို့ဒ်တက္ကသိုလ်၏ ဌာနတစ်ခုဖြစ်၍ တက္ကသိုလ် ဒုတိယအဓိပတိက ခန့်အပ်သော တက္ကသိုလ်ဆရာ (၁၅) ဦးဖြင့် စီမံထိန်းကျောင်းကြ၍ ၎င်းတို့ကို "ပုံနှပ်လုပ်ငန်း ကိုယ်စားလှယ်များ" အဖြစ်လည်း သိရှိကြလေသည်။ ကိုယ်စားလှယ်များတွင် အတွင်းရေးမှူးဆိုသူ ထားရှိပြီး ၎င်းက ဦးဆောင်၍ OUP ၏ အလုပ်အမှုဆောင်ချုပ်နှင့် အခြားတက္ကသိုလ် အဖွဲ့အစည်းများအတွက် အဓိကကိုယ်စားလှယ်တော်အဖြစ် ထမ်းရွက်သည်။ အောက်စဖို့ဒ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်းသည် ၁၇ ရာစုကတည်းကပင် အပြောင်းအလဲများစွာမရှိသည့် အုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံတည်တစ်ခု ရှိခဲ့ကြလေသည်။.[၄] လုပ်ငန်းသည် အောက်စဖို့ဒ်မြို့၊ ဂျဲရစ်ခို အတွင်းဆင်ခြေဖုံး၊ ဆမ်းမားကောလိပ်နှင့် မျက်နှာချင်းဆိုင်၊ ဝေါလ်တန်လမ်းတွင် တည်ရှိသည်။

အောက်စဖို့ဒ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်း
မိခင် ကုမ္ပဏီအောက်စဖို့ဒ်တက္ကသိုလ်
တည်ထောင်ခဲ့၁၅၈၆; ၄၃၈ နှစ် အကြာက (၁၅၈၆)
မူလနိုင်ငံယူနိုက်တက်ကင်းဒမ်း
ရုံးချုပ် တည်နေရာအင်္ဂလန်၊ အောက်စဖို့ဒ်မြို့
အရေးပါ ပုဂ္ဂိုလ်Nigel Portwood, CEO
ပုံနှိပ်ထုတ်ဝေမှု အမျိုးစားစာအုပ်များ၊ တက္ကသိုလ်ပညာရပ်ဆိုင်ရာဂျာနယ်များ၊ ဂီတသင်္ကေတ စာရွက်များ
ImprintsClarendon Press
No. of employees၆,၀၀၀
တရားဝင် ဝဘ်ဆိုဒ်global.oup.com
ဝေါလ်တန်လမ်းမှ လုပ်ငန်း၏ အဆောက်အဦ

ကိုးကား ပြင်ဆင်ရန်

  1. Balter၊ Michael။ "400 Years Later, Oxford Press Thrives"၊ The New York Times၊ 16 February 1994။ 
  2. About Oxford University Press။ 3 August 2018 တွင် ပြန်စစ်ပြီး။
  3. A Brief History of the Press။ 3 August 2018 တွင် ပြန်စစ်ပြီး။
  4. Carter p. 137