pH
ဓာတုဗေဒ ဘာသာရပ်တွင် ပီအိတ်ချ် စကေးဆိုသည်မှာ ပျော်ရည် တစ်ခုအား အက်ဆစ်ဓာတ်များသည် သို့မဟုတ် ဘေ့စ် ဓာတ်များသည် ဆိုသည်ကို တိုင်းတာသော ပမာဏဖြစ်သည်။ ရေ စင်စစ်သည် သာမန် အခန်းအပူချိန်တွင် ပီအိချ် ၇ နီးပါးမျှ ရှိသည်ဟု ဆိုသည်။[၁] ပီအိတ်ချ် စကေး ၇ ထက်နည်းသော ရေများကို အက်ဆစ်ဓာတ်များသည် ဟု ဆိုကြပြီး ပီအိတ်ချ် စကေး ၇ ထက်များသော ရေကို ဘေ့စ် ဓာတ်များသည် သို့မဟုတ် အယ်လ်ကာလိုင်း ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် pH တန်ဖိုးသည် မည်သည့် အက်ဆသ်နှင့် ဘေ့စ်များအတွက်မဆို သုညထက် နည်းနိုင်ပြီး ၁၄ ထက်များနိုင်သည်။[၂] ပီအိတ်ချ် တိုင်းတာမှုသည် ဆေးပညာ၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောပညာ၊ အစားအသောက် သိပ္ပံ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သိပ္ပံ ၊ သမုဒ္ဒရာ ဆိုင်ရာပညာ၊ မြို့ပြ အင်ဂျင်နီယာ ဘာသာ နှင့် အခြား မြောက်များစွာသော ပညာရပ်တို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
ကိုးကားပြင်ဆင်
ဤ ဓာတုဗေဒနှင့်ဆက်နွယ်သော ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |