ပတ်ထရစ် စတျူးဝပ်

(Patrick Stewart မှ ပြန်ညွှန်းထားသည်)

ဆာ ပတ်ထရစ် စတျူးဝပ် (အင်္ဂလိပ်: Sir Patrick Stewart) သည် ဗြိတိသျှ ဇာတ်သဘင်၊ ရုပ်ရှင် မင်းသားတစ်ဦးဖြစ်၍ ၁၉၆၆ မှစတင်ကာ ယနေ့အထိ နှစ်ပေါင်း (၆၀) ခန့် အနုပညာလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သော သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ကြယ်တာရာ စွန့်စားရေးခရီး (ရုပ်ရှင်) ဇာတ်လမ်းတွဲများမှ "နောက်မျိုးဆက်" (Star Trek: The Next Generation (1987–94)) တွင် Jean-Luc Picard အဖြစ်လည်းကောင်း X-Men ရုပ်ရှင်များတွင် ပါမောက္ခ ချားလ်စ် အစ်ဂ်ဇေးဗီးယား (Charles Xavier) အဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့ကာ အခြားထင်ရှားသော ရုပ်ရှင်၊ ရုပ်မြင်သံကြားဇာတ်လမ်းများတွင်လည်း ပါဝင်ခဲ့သည်။

ဆာ
ပတ်ထရစ် စတျူးဝပ်
OBE
၂၀၁၉ ဆန်ဒီယေဂို ကောမစ်ကွန်တွင် တွေ့ရစဉ်
မွေးဖွား (1940-07-13) ၁၃ ဇူလိုင်၊ ၁၉၄၀ (အသက် ၈၃)
အင်္ဂလန်နိုင်ငံ၊ ယော့ခ်ရှီးယား၊ မားဖီးလ်ဒ်
မိခင်ကျောင်းBristol Old Vic Theatre School
အလုပ်အကိုင်
  • သရုပ်ဆောင်
  • ထုတ်လုပ်သူ
  • ဒါရိုက်တာ
တက်ကြွလှုပ်ရှားနှစ်များ၁၉၆၆–လက်ရှိ
နိုင်ငံရေးပါတီလေဘာပါတီ
အိမ်ထောင်ဖက်(များ)
  • Sheila Falconer (လက်ထပ် 1966; ကွာရှင်း 1990)
  • Wendy Neuss (လက်ထပ် 2000; ကွာရှင်း 2003)
  • Sunny Ozell (လက်ထပ် 2013)
သားသမီး

ငယ်စဉ်ဘဝ ပြင်ဆင်ရန်

စတျူးဝပ်ကို ၁၉၄၀ ဇူလိုင် ၁၃ ၌ ယော့ခ်ရှီးယား (Yorkshire) စီရင်စု၊ မာဖီးလ် (Mirfield) မြို့၌ မွေးဖွားခဲ့၍ ဖခင်သည် စစ်သားတစ်ဦးဖြစ်ကာ မိခင်သည် အထည်ချုပ်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်သည်။[၁]

ငယ်စဉ်အရွယ်ကပင် ဇာတ်ခုံ၊ ဇာတ်သဘင်နှင့် ထိတွေ့ကြုံကြိုက်ခဲ့ရပြီး အသက် (၁၂) အရွယ်၌ ရှစ်ရက်တာ ဇာတ်သဘင်သင်တန်းကို တက်ရောက်ခဲ့ကာ ထို၌ ဝါရင့်ပညာသည်များနှင့် တွေ့ကြုံခဲ့သည်။ ဒေသတွင်း အပျော်တမ်းသဘင်ပွဲလမ်းများတွင် ပါဝင်ဆင်နွှဲခဲ့၍ အသက် (၁၅) တွင် ကျောင်းထွက်၍ သတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့သည်။ အလုပ်ရှင်က ဒေသတွင်း ဇာတ်သဘင်ဆိုင်ရာများကို အလေးပေးသတင်းရေးပို့သည်ကို မနှစ်သက်သောကြောင့် သတင်းအလုပ်နှင့် ဇာတ်သဘင်ကြား တစ်ခုခုကို ရွေးချယ်ရန် တွန်းအားပေးခဲ့သည်။ ယင်းနောက် သတင်းလောကမှထွက်ရှိ၍ မခံမရပ်နိုင်သော အငြိုးဖြင့်ပင် ဇာတ်သဘင်မင်းသားလုပ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ အသက် ၁၇ ၊ ၁၉၅၇ ၌ Bristol Old Vic Theatre School တွင် ကျောင်းအပ်နှံခဲ့၍ ပညာသင်သည်။ ထို၌ ဗြိတိသျှအများလက်ခံ အသံထွက် () ကို ကျကျနန ပြောဆိုခဲ့ရစဉ် နေရပ်ဇာတိ ယော့ခ်ရှီးယား လေယူလေသိမ်းကိုလည်း မိသားစု၊ မိတ်ဆွေများနှင့် တွေ့လျှင်ပြောဆိုသောကြောင့် နှစ်ဘဝ တစ်ကိုယ် ပုံစံဖြစ်သည်ဟု ပတ်ထရစ်ကဆိုသည်။[၁]

လုပ်ငန်း ပြင်ဆင်ရန်

ဇာတ်သဘင် ပြင်ဆင်ရန်

ကျောင်းမှထွက်ပြီးနောက် စတျူးဝပ်သည် အလုပ်များကို ဆက်တိုက်ဆိုသလို လုပ်ကိုင်ခဲ့၏။ ပထမဆုံး ကျွမ်းကျင်ဇာတ်သဘင်သရုပ်ဆောင်အဖြစ် စတင်ပွဲဦးထွက်သည် ၁၉၅၉ ဩဂုတ်လ၊ ရတနာကျွန်း ကို မှီငြမ်းထားသော ဇာတ်ဖြင့်စတင်ခဲ့၍ မော်ဂန်အဖြစ် သရုပ်ဆောင်ခဲ့သည်။[၁]

၁၉၆၆ တွင် တော်ဝင်ရှိတ်စပီးယားကုမ္ပဏီသို့ ဝင်ရောက်ခဲ့၍ ၁၉၈၂ အထိ ဆောင်ရွက်ခဲ့သည်။ ၁၉၆၈ ၌ ထိုကုမ္ပဏီ၏ အသင်းဝင်အနုပညာရှင်ဖြစ်လာခဲ့သည်။[၂] ထိုမှစ၍ ပြဇာတ်များစွာကို ပါဝင်ဖြေဖျော်ခဲ့သည်။

ရုပ်ရှင် ပြင်ဆင်ရန်

၁၉၇၃ မှစ၍ အမေရိကန်၊ ဗြိတိသျှ ရုပ်ရှင်များတွင် မထင်မရှား ဇာတ်ကောင်နေရာများတွင် သရုပ်ဆောင်ခဲ့သည်။ ၁၉၈၇ ၌ ကပ္ပတိန် ဂျီးန်-လု ပစ်ကာ့ဒ် အဖြစ် ကြယ်တာရာ စွန့်စားရေးခရီး (ရုပ်ရှင်) : "နောက်မျိုးဆက်" (Star Trek: The Next Generation (1987–94)) ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မှုဖြင့် နိုင်ငံတကာ၏ အာရုံစိုက်မှုရရှိခဲ့ပေသည်။ ပတ်ထရစ်၏ ပြုစုလေ့ကျင့်ထားသော အနုပညာအသံ၊ သဘာဝပင်ကို လေးနက်တည်ငြိမ်သည့် ဟန်ပန်တို့သည် ရုပ်ရှင်ကုမ္ပဏီအတွက် ၎င်းကို ကြီးမားသော ယုံကြည်လက်ခံလာနိုင်စေခဲ့သည်။ ထိုဇာတ်လမ်းတွဲသည် ရာသီ (၇) ခုစာရှိခဲ့ပြီး ၁၉၈၇ မှ ၁၉၉၄ အထိ ရိုက်ကူးခဲ့သည်။ ၁၉၉၄ မှ ၂၀၀၂ အထိလည်း စုစုပေါင်း အဓိကရုပ်ရှင် လေးကားထွက်ရှိခဲ့သည်။[၃]

ယင်းကာလများ၌ ပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်လမ်းများမှာ The Canterville Ghost (၁၉၉၆) ၊ A Christmas Carol (၁၉၉၉) ၊ King of Texas (၂၀၀၂) နှင့် The Lion in Winter (၂၀၀၃) တို့ဖြစ်၏။ HBO ၏ ဟာသရုပ်သံတွဲ Extras တွင်လည်း ပါဝင်ခဲ့သည်။[၃]

၂၀၀၀ တွင် အမေရိက၏ လူကြိုက်များရုပ်ရှင်ဖြစ်သည့် အက်ခ်စ်မန်း (X-Men) တွင် ပါမောက္ခ အစ်ဂ်ဇေးဗီးယားအဖြစ် သရုပ်ဆောင်ခဲ့ကာ အီရန် မက်ကယ်လန် နှင့်အတူတွဲ သရုပ်ဆောင်ခဲ့သည်။ အခြားရိုက်ကူးသရုပ်ဆောင်ခဲ့သော ဇာတ်ကားများမှာ Match (၂၀၁၄) ၊ Blunt Talk (၂၀၁၅–၁၆) ၊ Christmas Eve (၂၀၁၅) ၊ Green Room (၂၀၁၅) နှင့် The Kid Who Would Be King (၂၀၁၉) တို့ဖြစ်ကြသည်။ ၎င်း၏ ကောင်းမွန်ပြည့်စုံသော ဗြိတိသျှအသံထွက်ကို အသုံးပြု၍ ကာတွန်းရုပ်ရှင်များ၌လည်း အသံသရုပ်ဆောင်အဖြစ် Gnomeo & Juliet (၂၀၁၁) ၊ Ice Age: Continental Drift (၂၀၁၂) ၊ Legends of Oz: Dorothy’s Return (2013) နှင့် The Emoji Movie (2017) တို့တွင် ပါဝင်ခဲ့သည်။[၃]

ဂုဏ်ပြုခံရမှု ပြင်ဆင်ရန်

၂၀၀၁ တွင် ဗြိတိသျှအင်ပါယာအဖွဲ့ဝင် (OBE) ဆု ချီးမြှင့်ခံရ၍ ၂၀၀၉ တွင် သူကောင်းပြုခြင်းခံခဲ့ရသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Patrick Stewart BiographyThe Patrick Stewart Network (2007)။ 11 January 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 January 2008 တွင် ပြန်စစ်ပြီး။
  2. Patrick plays the Ghost and Claudius in Hamlet။ 9 April 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 January 2010 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ Albert၊ Melissa (4 September 2020)။ Patrick Stewart, British actor။ Encyclopædia Britannica။ 27 December 2020 တွင် ပြန်စစ်ပြီး။