Pop punk (punk-pop ဟုလည်းသိကြသည်) သည် punk rock အစိတ်အပိုင်းနှင့် pop ဂီတအစိတ်အပိုင်းတို့ပေါင်းစပ်ထားသည့် ဂီတအမျိုးအစားဖြစ်သည်။ pop punk သည် punk rock ၏ အရှိန်၊ power chord အပြောင်းအလဲနှင့် ဆူညံသော လျှပ်စစ်ဂစ်တာ နှင့် pop လွှမ်းမိုးသည့် တေးသွားနှင့် စာသားအကြောင်းအရာများပေါင်းစပ်ထားသည်။

pop လွှမ်းမိုးသည့် punk rock သည် ၁၉၇၀အလယ်တွင် ပေါ်ထွက်လာပြီးဂီတပုံစံမှာ power pop နှင့်ဆင်တူသည်။ ၁၉၈၀ အလယ်တွင် hardcore punk နှင့် pop ဂီတမှ တီးဝိုင်းအများအပြား သည် မြန်ဆန်သော pop punk သီချင်းများဖန်တီး၍ ပေါ်ထွက်လာကြသည်။ Dog Nasty, the Nip Drivers, T.S.O.L, Social Distortion တီးဝိုင်းများ စသဖြင့်ဖြစ်သည်။ pop punkသည် အမေရိကန်မှ စတင်ခဲ့ပြီး ၁၉၈၀အလယ်တွင် ကယ်လီဖိုးနီးယားတွင် ကျော်ကြားလာခဲ့သည်။ pop punk သည် အထူးသဖြင့် ကယ်လီဖိုးနီးယားတွင် တိုးတက်လာခဲ့သည်။ independent record label များမှာ do it yourself(DIY) နှင့်အတူ ဂီတကိုဖြန့်ချိခဲ့သည်။ ၁၉၉၀အလယ်တွင် pop punk တီးဝိုင်းအနည်းစုသည် မှတ်တမ်းသန်းနှင့်ချီ၍ စတင်ရောင်းချခဲ့သည်။ ရေဒီယိုနှင့် တီဗီမှ တိုးချဲ့ပြသလာခဲ့သည်။ ၁၉၉၄တွင် pop punkသည် mainstream ထဲတွင် လျင်မြန်စွာကြီးပွားလာပြီး ကျော်ကြားလာခဲ့သည်။ ၁၉၉၀နောက်ပိုင်းတွင် Blink-182 ၏ Enema of State ကို ဖြန့်ချိခဲ့ပြီး mainstream ထဲတွင် အမျိုးအစားကို ကိုယ်စားပြုသည်ထဲမှ ထိပ်ဆုံးသို့ရောက်ရှိခဲ့သည်။ ၂၀၀၀အလယ်တွင် emo နှင့် pop punk ကို ပေါင်းစပ်ထားသည့် emo pop အမျိုးအစားတစ်ခုပေါ်လာခဲ့ပြီး ကျော်ကြားလာခဲ့သည်။ ၂၁ရာစု၏ ပထမဆယ်စုနှစ်အဆုံးတွင် ၁၉၉၀မှ pop punk သီချင်းများဆုတ်ယုတ်လာခဲ့သည်။

ဝိသေသလက္ခဏာ ပြင်ဆင်ရန်

pop punk သည် pop တေးသွား၏နားဝင်ချိုလွယ်သော သံပြိုင်အပုဒ်များ၊ စည်းဝါးများ၊ မြန်ဆန်သော အရှိန်များ၊ punk rock ၏ power chord အပြောင်းအလဲများနှင့် ဆူညံသော electric guitar နှင့်အတူ ပေါ်ထွက်လာခဲ့သည်။ About.com က pop punk တီးဝိုင်းများသည် ရေဒီယိုမှ ထုတ်လွှင့်ခဲ့သော်လည်း မူရင်း punk rock ၏အရှိန်နှင့် ဟန်ပန်များ ကျန်ရှိနေသည်ဟု ဆိုသည်။ The A.V အသံမှ ချိုမြိန်သော စည်းဝါးများဖြစ်သည်ဟုဆိုသည်။ စာသားဆိုင်ရာခေါင်းစဉ်မှာ အချစ်၊ ရမ္မက်၊ အရက်သောက်ခြင်းများ၊ အရွယ်ရောက်သူများနှင့် ဆေးဝါးများအကြောင်းတို့ပါဝင်သည်။ တချို့ pop punk စာသားများသည် ဟာသများနှင့် ကောလဟလများကို အာရုံစိုက်ထားသည်။ တချို့ pop punk ဂီတများ၏ထူးခြားချက်မှာ power pop၊ emo သို့ skate punk များ၏ အစိတ်အပိုင်းကို ပေါင်းစပ်ထားသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၇၄-၇၉ မူရင်း ပြင်ဆင်ရန်

pop punk ဟူသော ဝေါဟာရ၏ပထမအသုံးအနှုန်းမှာ မရှင်းလင်းပေ။ သို့သော် pop လွှမ်းမိုးသော punk rock သည် ၁၉၇၀အလယ်မှ နောက်ပိုင်းတွင် ပေါ်ထွက်လာခဲ့သည်။ ၁၉၆၀နှင့် ၁၉၇၀ အစောပိုင်း protopunk နှင့် power pop တီးဝိုင်းများသည် pop punk သီချင်း၏ အခြေခံအလုပ်တွင် အကူအညီဖြစ်စေခဲ့သည်။ ၁၉၇၄တွင် punk rock တီးဝိုင်းများဖြစ်သော Ramones တီးဝိုင်းပေါ် ထွက်လာခဲ့သည်။ The Beatles,the Kinks နှင့် the Beach Boys တီးဝိုင်းများသည် pop punk အတွက် လမ်းခင်းပေးခဲ့သညိ။ ၁၉၆၀နောက်ပိုင်းတွင် the Beach Boy တီးဝိုင်းနှင့်အတူ Bubblegum pop ပေါ်ထွက်လာခဲ့သည်။ The Ramone၏ ကျယ်လောင်၍ မြန်ဆန်သော တေးသွားများသည် နယူးယောခ့်စီးတီးမှ အခြားတီးဝိုင်းများနှင့် အနည်းငယ်ကွဲပြားသည်။ ၁၉၇၄တွင် New York Times သတင်း pop punk ဟူသောဝေါဟာရကို အသုံးပြုခဲ့သည်။

၁၉၇၀နောက်ပိုင်း အင်္ဂလိပ်တီးဝိုင်း Buzzcocks နှင့် အိုင်းရစ်တောင်ပိုင်းတီးဝိုင်း The Undertones တို့သည် pop ပုံစံဂီတသံနှင့် စာသားများကို punk rock အရှိန်နှင့် ပေါင်းစပ်ခဲ့သည်။ UK မှ အခြားတီးဝိုင်းများဖြစ်သော Generation x, 999 နှင့် The Jam တို့၏ ထူးခြားချက်မှာ စာသားများသည် ဆယ်ကျော်သက် အချစ်ဇာတ်လမ်းများနှင့် ဆက်စပ်နေသည်။ UK မှ ၁၉၇၀နောက်ပိုင်းနှင်၁၉၈၀အစောပိုင်းမှ mod revival တီးဝိုင်းများသည် pop punk ဝိသေသလက္ခဏာများကို ပြသခဲ့သည်။

၁၉၇၉-၉၃ ပေါ်ထွက်လာခြင်း ပြင်ဆင်ရန်

အမေရိကန်တီးဝိုင်း Bad Religion ကို ၁၉၇၉တွင် တည်ထောင်ခဲ့ပြီး ခေတ်၏ pop punk ၏ အခြေခံအလုပ်ကို ကူညီပေးခဲ့သည်။ Bad Religion နှင့် ကယ်လီဖိုးနီးယားတောင်ပိုင်း hardcore punk ဖြစ်ရပ်ဦးဆောင်ခဲ့သောတီးဝိုင်းများသည် သူတို့၏တေးသွားများကို ပြိုင်ဘက်ကင်းစေရန် ကူညီခဲ့သည်။ ဂီတသတင်းစာဆရာ Ben Meyers၏အဆိုအရ Bad Religion ၏အဆိုအရ ချော့မွေ့သော တေးသွားများနှင့်အတူ နိုင်ငံရေးသီချင်းများဖန်တီးခဲ့ကြသည်။ Meyers ရေးသားခဲ့သည်မှာ Descendents တီးဝိုင်းသည် သူတို့၏ အပြုအမှုများသည် hardcore ဖြစ်ရပ်မှ သူကိုယ်တိုင်ကွဲထွက် စေခဲ့သည်။ Descendents ၏ ၁၉၈၂ပွဲဦးထွက် LP Milo Goes to College သည် အမေရိကန်တွင် punk ၏လှိုင်းအတွက် တေးသွားဗီဇများပုံစံချခဲ့သည်။ Husker Du တီးဝိုင်းကို ၁၉၇၉တွင် အမေရိကန်ပြည်ထောင်စုမှ Mineseta ပြည်ထောင်စုတွင် ဖွဲ့စည်းခဲ့သည်။ ဂီတစာရေးဆရာ Michael Azeriad က သူ၏စာအုပ် Our Band Could Be Your Life(၂၀၀၁) တွင်အခိုင်အမာပြောကြားသည်မှာ Husker Du တီးဝိုင်းသည် underground အတွက်ယုံကြည်လောက်သော အခန်းကဏ္ဍမှ ပါဝင်တီးခတ်ခဲ့သည်။ ၁၉၈၀တွင် pop punk ဟူသော ဝေါဟာရကို Maximum RocknRoll မဂ္ဂဇင်းတွင် Social Distortion, Agent Orange, The Nip Drivers နှင့် T.S.O.L အစရှိသော တီးဝိုင်းများကို ဖော်ပြရန်တွင် အသုံးပြုခဲ့သည်။ The Vondol နှင့် Guttermouth စသောတီးဝိုင်းများသည် pop တေးသွားများနှင့် ရယ်ရွင်ဖွယ်ပုံစံများဖန်တီး၍ pop punk ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပါဝင်ကူညီခဲ့သည်။

pop punk သည် အမေရိကန်တွင် ၁၉၈၀တွင် စတင်၍ကြီးထွားလာခဲ့သည်။ အထူးသဖြင့် ကယ်လီဖိုးနီးယားမှ Dag Nasty နှင့် All တီးဝိုင်းတို့ဖြစ်သည်။ သို့သော် record label များက အမျိုးအစားသည် စီးပွားရေးအရ အလားအလာမရှိဟု ယူဆခဲ့သည်။ တီးဝိုင်းများ Bad Religion, Descendents နှင့် The Vandals စသောတီးဝိုင်းများသည် The Offspring (1984) နှင့် Green Day(၁၉၈၇) တီးဝိုင်းများကို ပုံသွင်းနိုင်ခဲ့သည်။ mainstream တွင်နှစ်အနည်းကြာ ကျော်ကြားအောင်မြင်မှုရရှိစေရန်ကူညီနိုင်ခဲ့သည်။ pop punk တီးဝိုင်းများသည် do it yourself (DIY) ကို သူတို့၏ဂီတထဲသို့ ချဉ်းကပ်ခဲ့သည်။ ထိုခေတ်အတောအတွင်းတွင် independent record label များအများစုပေါ်ပေါက်လာခဲ့သည်။ သူတို့၏ဂီတကို အမှတ်ရစရာအောင်မြင်မှုများ ၁၉၉၀တွင် စီးပွားရေး အောင်မြင်မှုများရရှိခဲ့သည်။ Epitaph Records (၁၉၈၇)၊ Lookout Records (၁၉၈၇) နှင့် Fat Wreck Chords (၁၉၉၀) စသဖြင့်ဖြစ်သည်။ ၁၉၈၀နှင့် ၁၉၉၀အတောအတွင်းတွင် pop punk တီးဝိုင်းများသည် The Queers, The Mr.T Experience, Jawbreaker နှင့် Screeching Wease စသော တီးဝိုင်းများ ပေါ်ထွက်လာခဲ့သည်။ ထိုတီးဝိုင်းများသည် Lookout Records တွင် လက်မှတ်ရေးထိုးခဲ့သည်။ Green Day လည်းပါဝင်ခဲ့သည်။

၁၉၉၄-၉၈ ကျော်ကြားလာခြင်း ပြင်ဆင်ရန်

၁၉၉၃တွင် ကယ်လီဖိုးနီးယားမှ Green Dayနှင့် Bad Religion တို့သည် major label များကို လက်မှတ်ရေးထိုးခဲ့ကြသည်။ pop punk သည် mainstream တွင်လျင်မြန်စွာကြီးထွားလာခဲ့သည်။ ၁၉၈၀နောက်ပိုင်းမှ ကယ်လီဖိုးနီးယား punk ဖြစ်ရပ်မှ punk rock နှင့် pop punk တီးဝိုင်းများနှင့် အခြားတီးဝိုင်းများ(အထူးသဖြင့် Green Dayနှင့် The Offspring) ၁၉၉၀တွင် punk rock ပြန်လည်ရှင်သန်လာအောင် အကူအညီပေးခဲ့သည်။ San Francisco Bay Area နှင့် 924 Gilman Street punk ဖြစ်ရပ်များမှ green day တီးဝိုင်းပေါ်ထွက်လာခဲ့သည်။ underground တွင်တည်ဆောက်လာခဲ့ပြီးနောက် တီးဝိုင်းသည် Reprise Records တွင် လက်မှတ်ရေးထိုးခဲသည်။ ၁၉၉၄တွင် ပထမဆုံးပွဲဦးထွက် album Dookie ထွက်လာခဲ့သည်။ ဇွန်လတွင် green day ၏ longview သီချင်းသည် Billboard မှ Modern Rock Tracks သီချင်းစာရင်းတွင် နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သည်။ ရေဒီယိုထုတ်လွင့်သော top 40 ထဲတွင် ပါဝင်သော ပထမဆုံးအမေရိကန် punk သီချင်းဖြစ်နိုင်ဖွယ်ရှိသည်။ တစ်လကြာပြီးနောက်The Offspring ၏ Come Out and Play သီချင်းသည် ထို smash album ကို Platinum ဆုတံဆိပ်ရရှိစေရန် ပံံ့ပိုးနိုင်ခဲ့သည်။ independent record တွင် အရောင်းရဆုံးဖြစ်လာခဲ့သည်။

MTV နှင့်ရေဒီယိုဌာနများများ Los Angeles မှ KROQ FM သည် တီးဝိုင်း၏ mainstream အောင်မြင်မှုတွင် အဓိက အခန်းကဏ္ဍများကို ထုတ်လွှင့်ပြသခဲ့သည်။ KROQ သည် Face to Face၏ သီချင်း Disconnected သီချင်းကို ထုတ်လွှင့်ခဲ့၍ ၁၉၉၄ album Big Choice ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အချပ်ရေ ၁၀၀၀၀၀ကျော်ရောင်းချနိုင်ခဲ့သည်။ ထိုအတောအတွင်း၌ Bad Religion ၏ album “Stronger Than Fiction (၁၉၉၄) သည် ရွှေတံဆိပ်ဆုရရှိခဲ့သည်။ အခြားကယ်လီဖိုးနီးယား တီးဝိုင်းများ (independent label Epitah Records မှ) Bad Religion တီးဝိုင်းမှ ဂီတာသမား Brett Gurewitzသည် mainstream တွင် ကျော်ကြားမှုရရှိခဲ့သည်။ ၁၉၉၄တွင် Epitah Record သည် Rancid မှ Let’s Go၊ NoFX ၏ punk in Drublic နှင့် The Offspring ၏ smash album တို့ကိုဖြန့်ချိ ခဲ့ပြီး နောက်ဆုံးတွင် ရွှေတံဆိပ်ဆုအသီးသီးရရှိခဲ့သည်။

Dookie album သည် အချပ်ရေ သန်းလေးဆယ်ရောင်းချနိုင်ခဲ့သည်။ ရေဒီယိုမှာ single သီချင်းအများအပြားရောင်းချနိုင်ခဲ့ပြီး MTV တွင်ချဲ့ထွင်နိုင်ခဲ့သည်။ Modern Rock track သီချင်းစာရင်းတွင် နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သည်။ Green Day သည် Lollapalooza နှင့် Woodstock ၁၉၉၄ပွဲတော်များတွင်ပါဝင်ခဲ့ပြီး Grammy award အတွက် ဆုတံဆိပ်ခြင်းခံရသည်။ Green Day ၏ သာမန်ဖြစ်စဉ်ထက်ကျော်လွန်သော စီးပွားရေးအောင်မြင်မှုသည် ရှေ့ဆယ်စုနှစ်အတွင်း အမေရိကန်တီးဝိုင်းများအတွက်လမ်းခင်းပေးနိုင်ခဲ့သည်။

၁၉၉၄ punk ၏ ထိုးဖောက်မှုနောက်ဆက်တွဲတွင် Rancid တီးဝိုင်းနှင့် Face to Face တီးဝိုင်းတို့သည် major-label များအတွက် အဓိက ဈေးပေးနိုင်ခဲ့သည်။ အမြတ်အစွန်းလည်း ရရှိခဲ့သည်။ ဩစတေးလျတီးဝိုင်းများဖြစ်သော Frenzl Rhomb နှင့် Bodyjar တီးဝိုင်းများသည် ဂျပန်တွင် တည်ထောင်နိုင်ခဲ့သည်။

Ska ၏ တတိယမြောက် ရွေ့လျားမှုမှ ska punk တီးဝိုင်းများသည် skaနှင့် pop punk များကို ရောစပ်ခဲ့သည်။ Rancid ၏ ၁၉၉၅ album And Out Come the Wolves သည် ပြန်လည်ရှင်သန်လာသော ska ဂီတတွင် ပထမဆုံးဖြစ်လာခဲ့သည်။ Sublime ၏ self-titled ၁၉၉၆ album သည် ၁၉၉ရအစောပိုင်းတွင် platinum ရွှေတံဆိပ်ဆုရလာခဲ့သည်။

Warped ခရီးစဉ်နှင့် Hot Topic သီချင်းသည် အမေရိကန် mainstream တွင် punk ဂီတကို ယူဆောင်နိုင်ခဲ့သည်။ punk ယဉ်ကျေးမှုကြားထဲတွင် punk rock နှင့်အတူ ဖျော်ဖြေပွဲများ အသစ်တစ်ဖန်ဖြစ်လာခဲ့သည်။ mainstream ထဲတွင် ဂီတကို ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ တချို့ punk rock ဝါသနာရှင်များသည် green day ၏ selling out ကို ဝေဖန်ခဲ့ကြသည်။ သူတို့၏ဂီတကို punk rock နှင့်မကိုက်ညီဘဲ နှုးညံလွန်းသည်ဟု ငြင်းပယ်ခဲ့ကြသည်။ သူတို့သည် major label များတွင် လက်မှတ်ရေးထိုးခဲ့ခြင်းနှင့် Green Day ကဲ့သို့ တီးဝိုင်းများပေါ်ပေါက်လာခြင်းများကို ငြင်းခုံခဲ့ကြသည်။

၁၉၉၈ အစောပိုင်းတွင် punk revival စီးပွားရေးအရ ပြန်လည်ရှင်သန်ခဲ့သည်။ သို့သော် ကြာရှည်မခံခဲ့ပေ။ Eve 6 သည် သူတို့၏ self-titled album ကို RCA Records တွင် ဧပြီလတွင် ထုတ်လွှင့်ခဲ့ပြီး ၁၉၉၈ billboard Heatseekers တွင် နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သည်။ ၁၉၉၈ Billboard 200 တွင်နံပါတ်၃၃နေရာသို့ ရောက်ရှိခဲ့သည်။ album သည် ကြီးမားစွာအောင်မြင်ခဲ့ပြီး Leech, Open Road Song နှင့် Inside Out တို့စသော သီချင်းများ ပေါက်ဖွားခဲ့သည်။ ဇွန်လတွင် ကယ်လီဖိုးနီးယားတောင်ပိုင်းမှ Home Grown တီးဝိုင်းသည် သူတို့၏ Geffen record တွင် ထုတ်လုပ်ခဲ့သည့် act Your Age album ကိုထုတ်လုပ်ခဲ့သည်။ သီချင်းစာရင်းတွင် ပထမဆုံး album ဖြစ်သည်။ ၁၉၉၈ Billboard Heatseekers တွင် နံပါတ်၂၄ နေရာသို့ ရောက်ရှိခဲ့သည်။ သီချင်းသည် Half Baked ဟာသရုပ်ရှင်တွင် ပါဝင်ခဲ့ပြီး ကျော်ကြားလာခဲ့သည်။ Homegrown (၁၉၉၈) ရုပ်ရှင်တွင်လည်းပါဝင်ခဲ့သည်။ ဇွန်လတွင် MxPx တီးဝိုင်းသည် A&M Record တွင် Slowly Going the Way of the Buffalo (studio album) ကို ဖြန့်ချိခဲ့ပြီး Billboard 200 တွင် ၉၉နေရာသို့ ရောက်ရှိခဲ့သည်။ Unwritten Law တီးဝိုင်းသည် သူတို့၏ self-titled Lp သည် Billboard Heatseekers (၁၉၉၈) တွင် နံပါတ်၁၆ နေရာသို့ ရောက်ရှိခဲ့သည်။ ထူးခြားသည့်သီချင်းမှာ Cailin ဖြစ်သည်။ ၁၉၉၈ အောက်တိုဘာတွင် Zebrahead တီးဝိုင်းသည် သူတို့၏ Waste of mind album Columbia Record တွင် ထုတ်လွင့်ခဲ့သည်။ album သည် billboard heatseekers တွင် နံပါတ်၃၄ နေရာသို့ ရောက်ရှိခဲ့သည်။ album ၏ Get Back သီချင်းသည် Billboard Modern Rock Track တွင် နံပါတ်၃၂နေရာသို့ ရောက်ရှိခဲ့သည်။ နိုဝင်ဘာတွင် The Offspring ၏ Americana album ကို Columbia Record တွင် ထုတ်လွှင့်ခဲ့ပြီး သီချင်းစာရင်းတွင် နံပါတ်၂ နေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကတွင် Platinum ဆုရရှိခဲ့သည်။ A Bootleg MP3 တီးဝိုင်း၏ ပထမဆုံးသီချင်း Pretty Fly ( for a White Guy) ကို အင်တာနက်တွင် အတင်ခံခဲ့ရပြီး ၂၂ သန်းကျော် ကူးယူခဲ့ကြသည်။

၁၉၉၉-၂၀၀၅ mainstream ထိပ်ဆုံးသို့ ရောက်ရှိခြင်း ပြင်ဆင်ရန်

pop punk သည် Blink-182 ၏ Enema of the State album နှင့်အတူ စီးပွားရေးအရ အောင်မြင်မှုထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ၁၅သန်းကျော် ရောင်းချနိုင်ခဲ့သည်။ Blink-182 ၏ ရပ်တည်မှုသည် MTV လည်ပတ်မှုနှင့်အတူ ခိုင်မာလာခဲ့သည်။ Lit တီးဝိုင်းသည်လည်း စီးပွားရေးအရ အောင်မြင်ခဲ့သည်။ သူတို့၏ ၁၉၉၉ album A Place in the Sun သည် Billboard Heatseekers တွင်နံပါတ်တစ်နေရာနှင့် Billboard 200 တွင် နံပါတ်၃၁နေရာသို့ ရောက်ရှိခဲ့ပြီး single အများအပြားပေါက်ဖွားလာခဲ့သည်။ ထို album မှ My Own Worst Enemy သည် သီချင်းစာရင်း တွင် မြင့်မားသောနေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန် Alternative သီချင်းစာရင်းတွင် နံပါတ်တစ်နေရာသို့ ၃၆ပတ်ကြာရပ်တည်နိုင်ခဲ့သည်။ သူတို့၏ အကြီးကျယ်ဆုံး ရိုက်ခတ်မှုဖြစ်သည်။ Lit တီးဝိုင်း၏ Miserable သီချင်းသည် Modern Rock သီချင်းစာရင်းတွင် နံပါတ် ၂၉နေရာသို့ ရောက်ရှိခဲ့သည်။ Zip-lock သီချင်းသည်လည်း Modern Rock သီချင်းစာရင်းတွင် နံပါတ်၁၁နေရာနှင့် Mainstream Rock စာရင်းတွင် နံပါတ်၃၄ နေရာသို့ ရောက်ရှိခဲ့သည်။ New Found Glory တီးဝိုင်း၏ ဒုတိယမြောက် self-titled album သည် အောင်မြင်ခဲ့ပြီး mainstream သို့ရောက်ရှိခဲ့သည်။ album သည် Billboard Heatseeker တွင်နံပါတ်တစ်နေရာနှင့် Billboard 200 တွင် ရနေရာသို့ရောက်ရှိခဲ့သည်။ Jimmy Eat World တီးဝိုင်းသည် Bleed American (၂၀၀၁) albumနှင့် အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။ Blink – 182 တွင် Take off Your Pants and Jacket album နှင့်အတူ ၂၀၀၁ခုနှစ်တွင် အောင်မြင်ခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ၁၄သန်းခန့်ရောင်းချနိုင်ခဲ့သည်။ Sum41၏ All Killer No Filter (၂၀၀၁) သည် multi-platinum ဆုရရှိခဲ့သည်။ New Found Glory ၏ Sticks and Stone သည် Billboard 200 နံပါတ် ၄နေရာသို့ ရောက်ရှိခဲ့သည်။

Save the Day ၏ Through Being Cool (၁၉၉၉) album သည် pop punk အတွက်လမ်းခင်းပေးနိုင်ခဲ့သည်။ လွှမ်းမိုးခဲ့သောတီးဝိုင်းများမှာ Fall Out Boy, My Chemical Romance နှင့် Taking Back Sunday တို့ဖြစ်သည်။

Driver-Thru Records သည် pop punk ကို mainstream တွင်ကြီးမားသောနေရာမှ ပါဝင်လာခဲ့သည်။ New Found Glory, The Starting Line, Home Grown, Allister, The Early November နှင့် The Movielife တီးဝိုင်းတို့သည် Drive-Thru နှင့်စတင်ခဲ့သည်။

Good Charlotte တီးဝိုင်းသည် The Young and the Hopeless album နှင့်အတူ အောင်မြင်မှုရရှိခဲ့သည်။ pop punk တီးဝိုင်းများဖြစ်သော MxFx, American Hi-Fi, Relient K နှင့် Bowling for Soup တို့သည် ၂၀၀၀ခုနှစ်အစောပိုင်းတွင် သီချင်းစာရင်း၌ မြင့်မားသည့်နေရာသို့ ရောက်ရှိခဲ့သည်။ ကနေဒါအနုပညာရှင် Avril Lavigne သည် pop punk ဘုရင်မဟု တင်စားခြင်းခံခဲ့ရသည်။ ၂၀၀၂ခုနှစ်တွင် punk လွှမ်းမိုးသည့် pop သီချင်းများနှင့် အောင်မြင်မှုရရှိခဲ့သည်။ ကနေဒါတီးဝိုင်း Simple Planသည် No Pads, No Helmets Just Balls နှင့်အတူ ၂၀၀၂ခုနှစ်တွင် စီးပွားရေးအရ အောင်မြင်ခဲ့သည်။

The Ataris သည် The Boys of Summerနှင့် Yellowcard သည် Ocean Avenue သီချင်းနှင့်အတူ ၂၀၀၃တွင် ရေဒီယိုမှ ထုတ်လွှင့်သော top 40 playlists တွင်ပါဝင်ခဲ့သည်။ Blink-182 ၏ ၅ခုမြောက် album Blink-182 self-titled album(၂၀၀၃) တွင်ဖြန့်ချိခဲ့ပြီး အမေရိကန်တွင် ၂.၂သန်းရောင်းချနိုင်ခဲ့သည်။

၂၀၀၄ခုနှစ်တွင် Good Charlotte သည် The Chronicles of Life and Death album ကိုဖြန့်ချိခဲ့သည်။ Sum 41 သည် Chuck album နှင့်အတူ Billboard 200 တွင် နံပါတ်၁၀နေရာသို့ ရောက်ရှိခဲ့သည်။ Simple Plan ၏ Wellcome to My Life သည် pop သီချင်းစာရင်းတွင် top ten နေရာသို့ရောက်ရှိခဲ့သည်။ ထိုအချိန်အတောအတွင်းတွင် New Found Glory ၏ All Downhill from Here ၏ album နှင့်အတူ rock သီချင်းစာရင်းတွင် ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ Green Day ၏ ကျော်ကြားမှုသည် Blink-182 နှင့် Sum41 တို့၏ကျော်ကြားမှုနှင့်အတူ ပျောက်ကွယ်လာခဲ့သည်။ တီးဝိုင်းသည် ပြန်လည် စတူဒီယိုတွင်ပြုလုပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် American Idiot နှင့်အတူ ကမ္ဘာတစ်ဝန်း၌ အောင်မြင်မှုရရှိခဲ့သည်။ ၁၄သန်းရောင်းချနိုင်ခဲ့သည်။

၂၀၀၅-၀၄ ဆက်လက်၍ရောနှောခြင်း ပြင်ဆင်ရန်

Emo pop သည် emoနှင့်pop punk တို့ပေါင်းစပ်ထားသည် အမျိုးအစားတစ်မျိုးဖြစ်သည်။ Fueled by Ramen record တွင် Fall Out Boy, Panic! at the Disco, Red Jumpsuit Apparatus နှင့် paramoe တို့ platinum album များနှင့်အတူ ၂၀၀၀အလယ်တွင် ကျော်ကြားလာခဲ့သည်။ Devon Maloney က MTV သတင်းတွင်ပြောကြားသည်မှာ “pop punk ဝါသနာရှင်များသည် သူတို့၏ အကြိုက်ဆုံးအနုပညာရှင်များကြားထဲတွင် ဆက်နွယ်ခြင်းနှင့် ပတ်သက်၍ ငြင်းဆိုခဲ့ကြသည်။ Emoဟုလည်းဟု တံဆိပ်ကပ်ခဲ့ကြပြီး ထိုအမျိုးအစားနှစ်ခုကို တီးဝိုင်းများ ပြောင်းလဲအသုံးပြုလာခဲ့ကြသည်။ Fall Out Boy သည် ၂၀၀၅ခုနှစ်တွင် From Inder the Cork Tree albumနှင့် ထိုးဖောက်လာခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ၃သန်းကျော်ရောင်းချနိုင်ခဲ့ပြီး MTV လှည့်ပတ်မှုတွင် top ten single သို့ရောက်ရှိခဲ့သည်။ သူတို့သည် ပြိုင်ပွဲများ ကျင်းပရာနေရာတွင် တိုးချဲ့တီးခတ်ခဲ့ကြသည်။ တီးဝိုင်းများသည် chicag hardcore ဖြစ်ရပ်တွင် ပဓာနကျခဲ့သော်လည်း သူတို့သည် popနှင့် hardcore punk ကို ရောနှောခဲ့ကြသည်။ သူတို့ pop punkနှင့် emo popအနုပညာရှင်ဟု ယူဆခဲ့ကြသည်။

The All-American Reject တီးဝိုင်းသည် Move Along (၂၀၀၅) album နှင့် အောင်မြင်ခဲ့သည်။ Pete Wentz ဂီတပညာရှင် (Fall Out Boy) သည် သူ၏ record label တွင် Panic at the Disco တွင် လက်မှတ်ရေးထိုးခဲ့သည်။ Decaydance တီးဝိုင်းသည် I Write Sins, Not Tragedies သီချင်းနှင့်အတူ အမှတ်ရခဲ့သည်။ ၂၀၀၆ခုနှစ် MTV Video Music Award တွင် တစ်နှစ်တာအကောင်းဆုံးဗီဒီယိုဆုရရှိခဲ့သည်။ Avril Lavigne သည် Girlfriend သီချင်းနှင့် Billboard Hot 100 တွင်နံပါတ်တစ်နေရာသို့ရောက်ရှိခဲ့ပြီး ၂၀၀၇ ၏ အရောင်းရဆုံးသီချင်းဖြစ်လာခဲ့ သည်။ ဆယ်စုနှစ်အတွင်း အရောင်းရဆုံး သီချင်းဖြစ်လာခဲ့သည်။ သူမ၏ The Best Damn Thing album သည် ကမ္ဘာတစ်ဝန်းတွင် အချပ်ရေ ၇သန်းခန့် ရောင်းရသည်။ ၂၀၀၇ ခုနှစ်၏ အရောင်းရဆုံး pop punk album ဖြစ်လာခဲ့သည်။ Green Day ၏ American Idiot album ပြီးနောက်ဆယ်စုနှစ်အထဲမှ ဒုတိယမြောက်အောင်မြင်သော album ဖြစ်လာခဲ့သည်။ Sum 41 ၏ Underclass Hero (၂၀၀၇) သည် ထိုနှစ်တွင် Top 10 နေရာတွင် ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ Good Charlotteသည် ၂၀၀၇ တွင် Good Morning Revival နှင့်အတူ အောင်မြင်မှုရရှိခဲ့သည်။ The All-American Rejects သည် ၂၀၀၈တွင် Gives You Hell album နှင့်အတူပြန်လာခဲ့ပြီး ၄ခုမြောက် multi-platinum ဆုရရှိခဲ့ပြီး သီချင်းစာရင်းတွင် မြင့်မားခဲသည်။ Simple Plan ၏ When I’m Gone album သည် ထိုနှစ်အတွင်းတွင် ရေဒီယိုမှ ထုတ်လွှင့်ခြင်းခံခဲ့ရသည်။

၂၀၀၀နောက်ပိုင်းတွင် ကွဲပြားသော pop punk တီးဝိုင်းများသည် ကွဲပြားသော ဦးတည်ရာများ ယူဆောင်လာခဲ့သည်။ Panic! at the Disco သည် popပုံစံ Pretty Odd (၂၀၀၈) ကိုဖြန့်ချိခဲ့သည်။ Fall Out Boy သည် glam rock, Blue Rock နှင့် R&B များကို လေ့လာထားသော Folie a Deux album ဖြန့်ချိခဲ့သည်။

All Time Low ၏ တတိယမြောက် album Nothing Personal (၂၀၀၉) သည် Billboard 200 တွင် နံပါတ်၄နေရာသို့ ရောက်ရှိခဲ့သည်။ mainstream တွင် အောင်မြင်မှုရရှိခဲ့သည်။ ရေဒီယိုနှင့် TV မှ single သီချင်းများထုတ်လွှင့်ခဲ့သည်။

၂၀၀၉ - mainstream ကျော်ကြားမှုကျဆင်းလာခြင်း ပြင်ဆင်ရန်

pop punk သည် ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် mainstream တွင် ကျော်ကြားမှုကျဆင်းလာခဲ့သည်။ အမျိုးအစားသည် mainstream ရေဒီယိုမှ ကျဆင်းလာခဲ့သည်။ rock တီးဝိုင်းများသည် အခြေခံထားသော pop အမျိုးအစားမှ ကျဆင်းလာခဲ့သည်။ Blink-182 နှင့် Green Day သည် ပြိုင်ပွဲကျင်းပသော နေရာများသို့ဦးတည်ခဲ့သည်။ သူတို့၏ဖျော်ဖြေမှုများရောင်းထွက်ခဲ့သည်။ အခြား New Found Glory နှင့် Yellowcard သည် ရပ်တည်မှု အားနည်းလာခဲ့သည်။ MTV မှ Devon Maloney သည် pop punkနှင့် emo တီးဝိုင်းများသည် Cochella နှင့် Bonnaroo ပွဲတောများသို့ မဦးတည်ခဲ့ပေ။ mainstream တွင် ကြော်ငြာစာများကပ်သော်လည်း ရှားပါးလာခဲ့သည်ဟု ရေးသားခဲ့သည်။ ဖိအားများမှ ပျောက်ကွယ်သွားပုံပေါ်သည်။ မဂ္ဂဇင်းသည် pop punk တီးဝိုင်းများသည် ရုပ်ပုံများနှင့် ထုတ်ဝေခဲ့သည်။ Alternative Press(AP)နှင့် ဆယ်ကျော်သက်မဂ္ဂဇင်းများစသဖြင့် ဖြစ်သည်။ ၂၀၁၃ခုနှစ် pop punk မဂ္ဂဇင်းများလွှမ်းမိုးမှုကုန်ဆုံးနေချိန်ဖြစ်သည်။

အမျိုးအစားသည် စာပေအတတ်ပညာများမှ အတွေ့အကြုံများရရှိခဲ့သည်။ ကွဲပြားသော pop punk တီးဝိုင်းများသည် နှစ်ပတ်လည်ခရီးစဉ်များ ဦးတည်ခဲ့သည်။ သူတို့၏ ကျော်ကြားသောalbum များနှင့်ဦးတည်ခဲ့သည်။ ပထမတစ်ကြိမ်ထက် ကောင်းသထက်ကောင်းအောင် ကြိုးပမ်းခဲ့ကြသည်။ အင်္ဂလန်မှ အသင်းထောက်ခံသူများသည် ညဘက်များတွင် အမျိုးအစားများကို ဆုံးဖြတ်ခဲ့ကြသည်။ Wraped Tour များသည် နှစ်အသီးသီးတွင် ပရိသတ်ရာနှင့်ချီ၍ ဆွဲဆောင်နိုင်ခဲ့သည်။ ၂၀၁၂ခရီးစဉ်တွင် တက်ရောက်သူ ၅၅၆၀၀၀ခန့်ဆွဲဆောင်နိုင်ခဲ့သည်။ တတိယမြောက် အကောင်းဆုံး ဆွဲဆောင်နိုင်ခြင်းဖြစ်သည်။ The Star-ledger မှ Bobby Oliver ရေးသားခဲ့သည်မှာ အမျိုးအစားသည် နေရာတကျမရှိသော အထက်တန်းကလေးများကဲ့သို့ တီထွင်ဆန်းသစ်ပြီး pop-punk ကပွဲများကျင်းပခဲ့သည်။ ထူးချွန်သော ကလေးများ သူတို့၏အဖွဲ့ဝင်များမှာ အရွယ်ရောက်သော ဂီတသမားများဖြစ်ပြီး ဆယ်ကျော်သက်တို့၏ပိတ်မိနေသော တက်လမ်းများထက်ကျော်လွန္၍ မျှော်လင့်ခဲ့ကြသည်။ Fall Out Boyနှင့် Paramoe သည် emoနှင့် pop punk ၏ ဒုတိယမြောက်လှုပ်ရှားမှုနှင့်အတူ mainstream တွင်မြင့်မားစေခဲ့သည်။ Fall Out Boy ၏ Save Rock and Roll နှင့် Paramoe ၏ self-titled album တို့သည် Billboard 200 တွင် ဘေးချင်းကပ်လျက်နေရာရခဲ့သည်။ သူတို့၏ကျော်ကြားမှုသည် အမျိုးအစား၏ အခြေအနေကို နိုးဆော် စည်းဝေးစေခဲ့သည်။

pop punk တီးဝိုင်းများသည် mainstream တွင် အောင်မြင်မှုထပ်မံရရှိခဲ့ပြီး အောက်ခြေမှ ပေါ်ထွက်လာခဲ့သည်။ သေးငယ်သော ပူးပေါင်းဆောင်ရွက်မှုပုံစံဖြစ်ပြီး လက်လျှော့သောရလဒ်မှ mainstream တွင် ဂရုစိုက်မှုရရှိခဲ့သည်။ New Found Glory သည် ခရီးစဉ်များကျင်းပခဲ့သည်။ သူတို့၏ Pop Punk not Dead ခရီးစဉ်သည် ပြန်လည်၍ အလုပ်လုပ်စေခဲ့သည်။ Chad Gilbert (တီးဝိုင်း၏ဂီတာသမား) Alternative Press တွင် ရေးသားခဲ့သည်မှာ "Pop-Punk ဘာလို့ မသေဆုံးလည်းဆိုတော့ ယနေ့ခေတ်မှာ အရေးပါလာလို့ဖြစ်တယ်" "ဒါဟာသေဆုံးနေတဲ့အမျိုးအစား မဟုတ်ပါဘူး၊ Pop Punk ၏ အဓိပ္ပာယ်ဟာ လူထုများဆီရည်ညွန်းပါသည်။ တီးဝိုင်းအနေဖြင့် ကျွန်တော်တို့ အမျိုးအစားဟာ အောင်မြင်ခဲ့ပါပြီ။ ဒါတွေဟာ ကျွန်တော်တို့ ပရိသတ်ဆီသို့ သူတို့လိုချင်သလို နေရာချထားခဲ့ပြီဖြစ်သည်" ဟုဆိုသည်။

၂၀၁၀ ဝန်းကျင်တွင် pop punk လှုပ်ရှားမှုအသစ်နှင့်အတူ ပြန်လည်မြင့်တက်လာခဲ့သည်။ Clash မဂ္ဂဇင်းမှ Dave Beechသည် "ထိုအုပ်စုများသည် ယခင်လွှမ်းမိုးမှုများထက် လေးနက်၍ ရင့်ကျက်လာသည်ဟုဆိုသည်။ The Wonder Years တီးဝိုင်း၏ The Upside (၂၀၁၀) albumသည် မျိုးဆက်သစ်များကိုပဲ့တင်စေခဲ့သည်။ တိုးတက်ခြင်းမှ မရေတွက်နိုင်လောက်သောအောင် အတုယူလာစေခဲ့သည်။ ပထမလှုပ်ရှားမှုမှ pop punk တီးဝိုင်းများသည် albumများ လွှမ်းမိုးလာအောင် တွန်းအားဖြစ်စေခဲ့သည်။ The Story So For ၏ What You Don’t See (၂၀၁၃) သည် pop-punk ၏ ထိပ်ဆုံး၌ သူတို့၏နေရာကိုခိုင်မာစေခဲ့သည်။

Rock Sound မဂ္ဂဇင်းတွင် The Wonder Year တီးဝိုင်း၏ The Greatest Generation Album သည် ၂၀၁၃၏အကောင်းဆုံး album တွင်ပါဝင်လာခဲ့သည်။ ဆယ်စုနှစ်မှ အမျိုးအစား အကောင်းဆုံးနှစ်မှ album ဖြစ်လာခဲ့သည်။ Kerrang! ကပြောကြားသည်မှာ စာသားနှင့် ဂီတဆိုင်ရာမှ တီထွင်မှုအသစ်များဆီသို့ အမျိုးအစားကို တွန်းပို့ခဲ့သည်ဟုဆိုသည်။ ၂၀၁၄အစောပိုင်းတွင် Wesh တီးဝိုင်း Neck Deep သည် သူတို့၏ ပထမဆုံးပွဲဦးထွက် album Wishful Thinking ထွက်ရှိလာခဲ့ပြီး Rock Sound မဂ္ဂဇင်းက all time အကောင်းဆုံး UK pop-punk မှတ်တမ်းဖြစ်လာခဲ့သည်ဟု ခေါ်သည်။ ၂၀၁၄တွင် ဩစတေးလျတီးဝိုင်း 5 seconds of Summer ၏ self-titled album သည် Billboard 200 သီချင်းစာရင်းတွင် နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သည်။ အခြားနိုင်ငံသားအများအပြားတွင် Alternative Press မဂ္ဂဇင်းမှ pop-punk ဖြစ်ရပ်၏ ဈေးကွက်အတွက် အရေးပါသော တီးဝိုင်းများကို လျင်မြန်စွာ ဖော်ပြခဲ့သည်။ ၂၀၁၅တွင် All Time Low တီးဝိုင်း၏ Future Hearts album သည် အသက်မွေးဝမ်းကျောင်းတစ်လျှောက်တွင် Billboard 200 တွင်နံပါတ် ၂နေရာသို့ အချပ်ရေ ၇၅၀၀၀ကျော်ရောင်းချနိုင်မှုနှင့်အတူ ရောက်ရှိခဲ့သည်။ album ကို pop rock နှင့် power pop နှင့် pop punk ဟူ၍ဖော်ပြခဲ့သည်။ Neck Deep ၏ ဒုတိယမြောက်album Life’s Not Out to Get You (၂၀၁၅) သည် UK သီချင်းစာရင်းတွင် နံပါတ်၈နေရာသို့ ရောက်ရှိခဲ့ပြီး Billboard 200 တွင် နံပါတ် ၁၇ နေရာသို့ ရောက်ရှိခဲ့သည်။