မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Ska punk သည် ska နှင့် punk rock ကို ပေါင်းစပ်ထားသောဂီတအမျိုးအစားတစ်ခုဖြစ်သည်။ ဤအမျိုးအစားသည် ၁၉၉၀နောက်ပိုင်းတွင် အမေရိကန်၌ စီးပွားရေးအရ မြင့်မားစွာအောင်မြင်ခဲ့ သည်။ ska-core( တစ်ခါတစ်ရံတွင် skacore) သည် ska punk ၏မျိုးခွဲဖြစ်ပြီး skaနှင့် hardcore punk ကိုရောနှောထားသည်။

Ska punk ၏ punk လွှမ်းမိုးသော ထူးခြားချက်မှာ မြန်သောအရှိန်၊ ဂီတာ distortion နှင့် punk rock ပုံစံ တီးလုံးဖျော်ဖြေခြင်းနှင့် punk ပုံစံအဆိုများပါဝင်သည်။ ska punk လွှမ်းမိုးသည့် ထူးခြားချက်မှာ တီးခတ်ခြင်းနှင့်ရှင်းလင်းသော အဆိုနှင့် ဂီတဆိုင်ရာ သံစဉ်များပါဝင်သည်။ အဓိကကျသော တူရိယာများတွင် electric guitar, electric bass, drum, brass instrument, reed instrument နှင့် Keyboard များပါဝင်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

Punk rock တီထွင်ခဲ့သော clash တီးဝိုင်း၏ ၁၉၇၉ post-punk album London Calling တွင် skaနှင့် အခြားအမျိုးအစားများ လွှမ်းမိုးမှုများပါရှိသည်။ ၁၉၇၉ခုနှစ် နောက်ပိုင်း အင်္ဂလန်တွင် 2 Tone လှုပ်ရှားမှုသည် ska နှင့် punk လွှမ်းမိုးမှုများ ရောနှောထားသည်။ ဤအမျိုးအစား လွှမ်းခြုံထားသော တီးဝိုင်းများမှာ The Special, The Selecter, The Beat နှင့် Madness တို့ပါဝင်သည်။ Fishbone တီးဝိုင်းကို ၁၉၇၉တွင် Los Angeles ၌ တည်ထောင်ခဲ့သည်။ ska punk အမျိုးအစားတီထွင်သူများထဲတွင် ပါဝင်သည်ဟု ယူဆသည်။ Fishbone သည် The Mighty Mighty Bostones (၁၉၈၃တွင် Boston ၌တည်ထောင်ခဲ့သည်။) Mr.Bungle (၁၉၈၅ တွင် California ) Culture (၁၉၈၆ Warminster England)၊ Operation Ivy (၁၉၈၄ Berkeley California ) Voodoo Glow Skulls (၁၉၈၈ Riverside California တွင် တည်ထောင်ခဲ့သည်)၊ Dance Hall Crashers( ၁၉၈၉ Berkeley California နှင့် Citizen Fish( ၁၉၉၀ Bath England တွင် တည်ထောင်ခဲ့သည်)၊ The Offspring၊ Rancid၊ The Porkers (၁၉၈၇တွင် Newcastle Australia) တို့သည် Fishbone နောက်သို့ လိုက်ခဲ့သော တီးဝိုင်းများဖြစ်ပြီး ska-punk သီချင်းများ တီးခတ်ခဲ့ကြသည်။

Ska-core အသုံးအနှုန်းသည် The Mighty Mighty Bosstones ၏ ၁၉၉၃ album Ska-core, the Devil and More တွင် တွေ့ရှိရသည်။ No Doubtသည် ၁၉၉၅ album Tragic Kingdom ဖြန့်ချိပြီးနောက် mainstream တွင် ကျော်ကြားလာခဲ့သည်။ Sublime သည် ၁၉၉၆ self-titled album ဖြန့်ချိမှုနှင့်အတူ ကျော်ကြားလာခဲ့သည်။ album နှစ်ခုစလုံးသည် platinum ဆုများရရှိခဲ့သည်။ The Mighty Mighty Bosstones သည် ၁၉၉၇ Let’s face 2 album နှင့်အတူ platinum ဆုရရှိခဲ့သည်။ Less Then Jokes တီးဝိုင်း၏သီချင်းများသည် ၁၉၉ရ ရုပ်ရှင် Scream 2 နှင့် Good Burger Reel Big Fish နှင့် ၁၉၉၈ရုပ်ရှင် BASEKetball တို့တွင် ပါဝင်ခဲ့သည်။ Save Ferris တီးဝိုင်း၏ သီချင်းသည် ၁၉၉၉ ရုပ်ရှင် 10 Things I Hate About You တွင် ပါဝင်ခဲ့သည်။