မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Snipping Tool သည် ဝင်းဒိုး Vista နှင့် နောက်ပိုင်းထွက် ဝင်းဒိုးစနစ်များတွင်ပါဝင်လာသော ကွန်ပျူတာ မျက်နှာပြင်ကို ပုံဖမ်းယူသည့် ဆော့ဖ်ဝဲ (screenshot utility) ဖြစ်သည်။ ၎င်းသည် ဖွင့်ထားသော window ၊ ထောင့်မှန်စတုဂံ ပုံစံ၊ စိတ်ကြိုက်ပုံစံ၊ အလိုရှိသော မျက်နှာပြင် အစရှိသဖြင့် လိုအပ်သလို ပုံဖမ်းယူနိုင်သည်။ ပုံများကို ရုပ်ပုံဖိုင်များဖြစ်သည့် (PNG, GIF, JPEG) သို့မဟုတ် MHTML ဖိုင်များ အနေဖြင့် သိမ်းနိုင်သည်။ ၎င်းသည် ဖမ်းယူထားသော ပုံများကို ပြုပြင်နိုင်သည်။ အရောင်မျိုးစုံပါသော ခဲတံများ၊ ခဲဖျက်များ နှင့် ရောင်စုံမင်တံများဖြင့် ရုပ်ပုံကို အလှဆင် ပြုပြင်နိုင်သည်။

Snipping Tool
မိုက်ခရိုဆော့ဖ် ဝင်းဒိုး၏ အစိတ်အပိုင်းတစ်ခု
ဖိုင်:Snipping Tool 10 Icon.png
ဖိုင်:Windows 10 snipping tool.png
Snipping Tool in Windows 10
Details
အမျိုးအစားScreenshot software
Included with
အခြားအတွက်လည်း ရနိုင်သည်များမှာWindows XP Tablet PC Edition

ဝင်းဒိုး Vista မတိုင်ခင်က Snipping Tool သည် Windows XP Tablet PC Edition 2005 တွင် ပါဝင်ခဲ့သည်။ ၎င်းကို ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် PowerToy မှထုတ်လုပ်ထားပြီး မိုက်ခရိုဆော့ဖ်၏ Tablet PC တွင် အသုံးပြုခဲ့သည်။

ဝင်းဒိုး ၁၀ တွင် Delay လုပ်ဆောင်ချက်အသစ်ကို ထည့်သွင်းခဲ့သည်။ ၎င်းသည် အချိန်သတ်မှတ်ကာ ရုပ်ပုံများ ဖမ်းယူနိုင်ရန် လုပ်ဆောင်ပေးသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Use Snipping Tool to capture screenshotsMicrosoft (September 1, 2016)။
  2. Purewal၊ Sarah J. (June 30, 2015)။ Capture pop-up menus with Windows 10's new delayed Snipping toolCNETCBS Interactive။ August 18, 2015 တွင် ပြန်စစ်ပြီး။