Stoner rock (သို့) stoner metal[၁] သည် ဂီတမျိုးခွဲဖြစ်ပြီး heavy metal, psychedelic rock, blue rock, acid rock နှင့် Doom metal တို့၏ အစိတ်အပိုင်းများနှင့် ပေါင်းစပ်ထားသည်။ stoner rockသည် ထုံးစံအတိုင်း tempo slow မှ mid နှင့် ကြီးမားလေးလံသော distorted, bass-heavy sound များ melodic vocal နှင့် retro production များပါဝင်သည်။ ၁၉၉၀ အတောအတွင်းတွင် ဤအမျိုးအစားပေါ်ထွက်လာခဲ့ပြီး California တီးဝိုင်းများဖြစ်သော Kyuss နှင့် Sleep တို့ စတင်၍ တီထွင်ခဲ့ပုံပေါ်သည်။

ပညာရပ်ဝေါဟာရ ပြင်ဆင်ရန်

Stoner rock သည် ၁၉၉၇ Roadrunner Records မှစုစည်းထားသော Burn One Up! Music for stoners မှ စတင်နိုင်ခဲ့သည်။ Desert rockသည် အပြန်အလှန်ဖော်ပြချက်တစ်ခုဖြစ်ပြီး Meterocity Records ဖြင့်အကျယ်ချုပ်ထားသည်။ ၁၉၉၈ခုနှစ်တွင် ဤ labelမှ Welcome to Meterocity ဟူ၍ ဖြန့်ချိခဲ့သည်။ stoner နှင့် sludge metal တို့ ဆင်တူမှုအရ ဤအမျိုးအစားနှစ်ခုသည် မကြာခဏကူးပြောင်းကြသည်။ တီးဝိုင်းများမှာ Bongzilla, Weedeater, High on Fire နှင့် Electri Wizard အစရှိသဖြင့်ဖြစ်ပြီး ဤပုံစံနှစ်မျိုးကို ရောစပ်ထားသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

လွှမ်းမိုးမှုများ (၁၉၆၀-၁၉၈၀အလယ်) ပြင်ဆင်ရန်

အခြားမျိုးခွဲများကဲ့သို့ stoner rock၏ မှုရင်းအစကို ဖော်ပြရန် ခက်ခဲ့သည်။ သို့သော်လည်း stoner rock၏ မျိုးရိုးသိခြင်း၊ သီချင်းများနှင့် ထူးခြားသည်မှာ အမျိုးအစား၏ပုံသွင်းဖန်တီးခြင်းဖြစ်သည်။ Allmusic မှ စာရေးဆရာ Greg Prato ရေးသားဖော်ပြထားသော “stoner rock ပေါ်လာသည့်အကြောင်းကို ပြောရာတွင် Blue Cheer တီးဝိုင်းကို ဂရုတစိုက်ကြည့်ရှုရသကဲ့သို့ Beer Cheer တီးဝိုင်းသည် ဤပုံစံကို တီထွင်ခဲ့သူမှ တီးဝိုင်းတစ်ခုဖြစ်သည်။ ဝေဖန်ရေးသမား Mark Deming ဆိုထားသည်။ တီးဝိုင်း၏ပထမဆုံး album ဖြစ်သော Vincebus Eruptum သည် နားပင်းလောက်သော Marshall amps ဖြင့်ဖြတ်သန်း၍ ပြီးပြည့်စုံသော rock & roll ၏အရင်းအမြစ် ဖြစ်ပြီး သိပ်သည်းလေးလံသော MC5၏ Kick out the Jams နှင့် the Velvet Underground ၏ White Light/White Heat တို့မှ သိပ်မဝေးပါဘူး” ဟုဆိုသည်။ Rolling Stone အခိုင်အမာဆိုထားသည်မှာ stoner rock သည် နှေးကွေး၍ ကြီးမားသော် riffများပါဝင်ပြီး Mississippi blues ၏ အမွေဖြစ်သည်။ Led Zeppelin နှင့် Black Sabbath သည် ကြီးမား၍ ကျစ်လျစ်ခိုင်မာသော အဖွဲ့အစည်း ဖြစ်သည်။ Sir Lord Baltimore ကို the godfathers of stoner rock ဟုခေါ်ဆိုသည်။ အမေရိကန်ဂီတဝေဖန်ရေးဆရာပြောထားသည်မှာ Cream, Black Sabbath, Deep Purple နှင့် Hawkwind ကဲ့သို့ stoner rock တီးဝိုင်းများသည် psychedelic ကိုပြန်လည်၍ လှုံဆော်ခဲ့သည်။ DeRogatis အဆိုအရ stoner rock၏ အရင်းအမြစ်ကို Black Sabbath ၏ Master of Reality, Hawkwind 25 Years On 1973-1988 box set, Blue Cheer album နှင့် Deep Purple ၏ Machine Head နှင့် Blue Oyster Cult၏ Workshop of the telescopes တို့တွင် ကြားနိုင်သည်ဟုဆိုသည်။ Black Sabbath ၏ Master of Reality သည် အမျိုးအစား၏ပထမဆုံး album အဖြစ်ကိုးကားခြင်းခံရသည်။ Allmusic အဆိုအရ Black Sabbath, Blue Cheer, Blue Oyster Cultနှင့် Hawkind တို့သည် အစောပိုင်း Sub Pop-style grunge၏ ပျားမြည်သံကဲ့သို့ အသံများကိုဖြတ်ကျော်၍ သူတို့၏ psychedelia-tinged metal နှင့် acid rock ကို စစ်ထုတ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ Kyuss သည် heavy metal လွှမ်းမိုးနှင့်အတူ ဝေခွဲမရဖြစ်ပြီး punk rockနှင့် hardcore ကို ကိုးကားခဲ့သည်။

အစောပိုင်းဖွံ့ဖြိုးတိုးတက်မှု (နောက်ပိုင်း ၁၉၈၀-၁၉၉၀) ပြင်ဆင်ရန်

Soundgarden သည် ၁၉၈၈ တွင် သူတို့၏ ပထမဆုံး album ထွက်ပြီးနောက် ၁၉၉၀ အတောအတွင်းတွင် stoner rock ၏ဦးဆောင်သူဟု အခေါ်ခံရသည်။ ၁၉၉၀တွင် Doom metal တီးဝိုင်း Trouble တီးဝိုင်းသည် acid rock အစိတ်အပိုင်းပေါင်းစပ်ထားသော self-titled album ထွက်လာခဲ့သည်။ ၁၉၉၂တွင် Manic Frustation ထွက်ရှိခဲ့သည်။ ၁၉၉၁တွင် Cathedral တီးဝိုင်း၏ Forest Equilibrium ထွက်ရှိလာခဲ့ကြသည်။ stoner/doom metal ပုံစံနှင့် ထူးခြားသည်။ ၁၉၉၀ အလယ်အတောအတွင်းတွင် ကယ်လီဖိုးနီးယားမှ တီးဝိုင်းအများစုသည် ဤပုံစံကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး stoner rock ဟုခေါ်ဆိုသည်။ ၁၉၉၂တွင် Kyuss သည် “Blues for the Red Sun” albumနှင့်အတူ Palm Desert Scene မှ ပေါ်ထွက်လာခဲ့သည်။ ဝေဖန်ရေးသမားများသည် ၁၉၉၂ တွင် Sleep တီးဝိုင်းသည် သူတို့၏ Sleep’s Holy Mountain ထွက်လာခဲ့သည်။ heavy metal ဖော်ပြချက်ထဲမှ အကောင်းဆုံးဖြစ်လာပြီး တီးဝိုင်းသည် ရှေ့တော်ပြေးဖြစ်လာခဲ့သည်။ Kyuss တီးဝိုင်းနှင့်အတူ stoner ဖြစ်ရပ်မှ ဦးဆောင်သူများ ပေါ်ထွက်လာခဲ့သည်။ ထိုတီးဝိုင်းနှစ်ခုသည် သူတို့၏ doom လွှမ်းမိုးထားသော အသံများထဲသို့ “trippy” ကို မိတ်ဆက်ခဲ့သည်။ ထိုနှစ်အတာအတွင်းတွင် နယူးဂျာစီမှ Monster Magnet သည် သူတို့၏ Spine of God ထွက်ရှိလာခဲ့သည်။ metal လွှမ်းမိုးမှုနည်းပြီး psychedelic နှင့် Sludgy တို့ဖြစ်သည်။ ၁၉၉၄တွင် ဆန်ဖရန်ဆစ်စကိုမှ Acid King နှင့် Acrimony သူတို့၏ပွဲဦးထွက် album များထွက်ရှိလာခဲ့သည်။ နှစ်ခုစလုံးသည် psychedelic မှ doom metal သို့ ဦးဆောင်ခဲ့သည်။ အခြားတီးဝိုင်းမျာမှာ Fu Manchu, Clutch, Sons of Otis နှင့် Corrosion of Conformity တို့ဖြစ်သည်။

အလယ်နှစ်များ (၁၉၉၅-၁၉၉၉) ပြင်ဆင်ရန်

၁၉၉၆ ခုနှစ်တွင် Kyuss ပြိုကွဲခဲ့သည်။ အဖွဲ့ဝင်များသည် project အသစ်များလုပ်ဆောင်ရန် ကြိုပမ်းကြသည်။ ၁၉၉၇တွင် Roadrunner Records မှ stoner rock စုစည်းထားသော Burn One Up! Music for Stoners ထွက်လာခဲ့သည်။ ထို track များတွင် Fu Manchu, Celestial Season, The Heads တီးဝိုင်းများပါဝင်ပြီး track တစ်ခုမှာ တီးဝိုင်းအသစ်ဖြစ်သော Queens of the Stone Age ဖြစ်ထူးခြားသည်။ Kyuss အဖွဲ့ဦးဆောင်သူ Josh Homme ပါဝင်သည်။ ၁၉၉၇ ဩဂုတ်လတွင် Josh Homme သည် Joshua Tree, California တွင် The Desert Sessions ကို တည်ထောင်ခဲ့သည်။ The Desert Session သည် ဂီတဆိုင်ရာ အစီအစဉ်များ စုဝေးထားခြင်းဖြစ်ပြီး Monster Magnet, Goatsnake, earthings? Kyuss နှင့် Soundgarden တို့ပါဝင်သည်။ နှစ်များစွာအကြာတွင် Brant Bjork, PJ Harvey, Dean Ween နှင့် Palm Deseri Scenceမှ အခြားသူများသည် သီချင်းရေးဆရာနှင့် ဂီတပညာရှင်များအဖြစ် ကူညီခဲ့သည်။ ၁၉၉၇ စက်တင်ဘာလ Albuquerque, New Mexico တွင်ဖြစ်သည်။ Jadd Shickler (of stoner band Spirit) and Aaron Emnel တို့သည် All that’s Heavy ဟူသော online store ကို တည်ထောင်ခဲ့သည်။ Kyuss, Monster Magnet နှင့် Fu Manchu တို့၏ ထုတ်လွှင့်မှုတို့ ပါရှိသည်။ သူတို့သည် အနုပညာရှင်အများစု၏ အမျိုးအမည်ကို ကျယ်ပြန့်စေခဲ့သည်။ တီးဝိုင်းသုံးခုနှင့်အတူ ပုံစံများကို ကိုက်ညီအောင်ပြုလုပ်ခဲ့သည်။ နှစ်ဝက်ကြာပြီးနောက် Kyuss fan website ၏ ပိုင်ရှင်နှင့် ဆက်သွယ်ခဲ့သည်။ သူသည် All That’s Heavy ကို ထောက်ခံခဲ့သည်မှာ လက်မှတ်မထိုးရသေးသော တီးဝိုင်းများ၏ စုစည်းထားမှုကို ပြုလုပ်ခဲ့ပြီး Kyuss ဝါသနာအိုးများကို ပျော်ရွှင်စေခဲ့သည်။ Meteor City Record ပုံသွင်းခြင်းသည် အကြံညဏ်ရလဒ်များဖြစ်လာခဲ့သည်။ Welcome to MeteorCity ဟုသော စုစည်းထားခြင်းများ ထုတ်လွှင့်ခဲ့သည်။ ၁၉၉၈ မေလတွင် ဖြန့်ချိခဲ့သည်။ တစ်ပေါင်းတည်းစုစည်းထားမှုတွင် stoner rock အနုပညာရှင်များ ပါဝင်ခဲ့သည်။ John Garcia ၏ Kyuss, Ed Mandell ၏ Monster Magnet နှင့် Pete Stahi ၏ Goatsnake အစရှိသော တီးဝိုင်းများဖြင့် တည်ထောင်ခဲ့သည်။ ထို album သည် ပထမဆုံးဖြစ်ပြီး stoner rock တီးဝိုင်းများဖြစ်သော Sixty Watt Shaman, Lowrider, The Atomic Bitchax, Dozer, Goatsnake, Drag Pack နှင့် Los Natos များတွင် နားထောင်နိုင်သည်။ Meteorcity founder များအဆိုအရ ဤအဖြစ်အပျက်ဖြစ်ပျက်နေစဉ် ဒါတွေဟာ တကယ်မဖြစ်ပျက်ခဲ့ပါဘူး။ Kyuss ၏ အဆုံးကိုလည်း စိတ်မကောင်းတဲ့လူတွေ ကမ္ဘာမှာအများကြီးပါ။ Slo Burn ၏ အဆုံးကိုလည်း စိတ်မကောင်းပါဘူး။ သူတို့သည် Monster Magnet နှင့် Fu Manchu ကဲ့သို့ တီးဝိုင်းများကို နားထောင်ပါသည်။ ဒါပေမယ့် ပိုပြီးလိုအပ်လာပါတယ်။ Welcome to MeteorCity ပေါ်လာချိန် ဤ Label ကို ရပ်သိမ်းခဲ့သည်။ ကမ္ဘာကြီးသည် ကျုပ်တို့လုပ်ခဲ့သကဲ့သို့ တစ်စုံတစ်ယောက်လုပ်မည်ကို စောင့်နေသည်။

Palm Desert Scene တို့မှ ဂီတပညာရှင်များနှင့် တီးဝိုင်းများသည် label တွင် လက်မှတ်ရေးထိုးလာကြသည်။ Hermano နှင့် Unida တို့ပါဝင်သည်။ ဆွီဒင် stoner rock တီးဝိုင်းများဖြစ်သော Lowrider, Dozer နှင့် The Mushroom River တီးဝိုင်းတို့သည်လည်း Meteorcity တွင် လက်မှတ်ရေးထိုးခဲ့သည်။ The Atomic Bitchwax stoner rock တီးဝိုင်းထူးခြားသည်မှာ Monster Magnet မှ ဂီတသမား Ed Mundell နှင့် The Hidden Hand နှင့် Spirit Caravan နှင့် Obessed/Saint Vitur တို့ဂီတသမား Scott “Wino” Weinreich တို့ဦးဆောင်ပြီး စတင်၍ ကျော်ကြားလာခဲ့သည်။ ဖြစ်ရပ်သည် တိုးတက်လာသကဲ့သို့ ၁၉၉၉တွင် website StonerRock.com သည် ကျော်ကြားလာခဲ့သည်။ ဤ website သည် heavy ဂီတအနုပညာရှင်များနှင့် ဝါသနာအိုးများကြားထဲတွင် အချက်အချာကျသော ဆက်သွယ်မှုဖြစ်လာခဲ့သည်။

Mainstream ဖော်ထုတ်ခြင်းများ (၂၀၀၀- မျက်မှောက်ခေတ်) ပြင်ဆင်ရန်

၂၀၀၁ ခုနှစ် ဇွန်လတွင် Josh Homme ၏ new project ဖြစ်သော Queens of the Stone Age ၏ Rated R ကို ဖြန့်ချိခဲ့သည်။ Stoner rock ကို mainstream သို့ပါဝင်ယူဆောင်ရာတွင် အကူအညီဖြစ်စေခဲ့သည်။ ၂၀၀၂ခုနှစ်တွင် Song for the Deaf ကို ဖြန့်ချိခဲ့သည်။ အမျိုးအစား၏ ကျော်ကြားမှုကို ခိုင်မာစေခဲ့သည်။ album မှ single သည် US Modern Rock tracks တွင် နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သည်။ နိုင်ငံတကာ stoner rock အဖြစ်အပျက်ကို အာရုံစိုက်ထားသည်။ အခြား label တစ်ခုမှာ Small Stone Records ဖြစ်သည်။ ထို record သည် ၁၉၇၀ဂီတ၏ stoner rock တီးဝိုင်းများ၏ cover များကို စုစည်းထားသော album များဖြန့်ချိခဲ့သည်။ Right in the Nuts: A Tribute to Aerosmith (၂၀၀၂), Sucking the 70s (၂၀၀၂) နှင့် Sucking the 70s – Black in the saddle A gain (၂၀၀၆) တို့ပါဝင်သည်။ ၂၀၀၂ခုနှစ်တွင် Orquesta del Desierto ကို ပုံသွင်းခဲ့ပြီး desert rock တီးဝိုင်းများ၏ အဖွဲ့ဝင် များပါဝင်ပြီး album နှစ်ခုဖြန့်ချိခဲ့သည်။

၂၀၀၉ခုနှစ်တွင် Decibel နှင့် Terrorizer မဂ္ဂဇင်းတွင် ၂၀၀ခုနှစ်၏ အကောင်းဆုံး album နှင့် အရေးပါဆုံး ၁၀၀ ထဲတွင် ပါရှိလာသည်။ Stoner တီးဝိုင်း Electric WizardDopethrone album သည် Decibel ထဲတွင် နံပါတ် ၁၀ နေရာနှင့် Terrorizer တွင် ၁ နေရာသို့ ရောက်ရှိခဲ့သည်။ Kyuss ပြိုကွဲပြီးကတည်းက တီးဝိုင်းအဖော်များ၏ ရည်ရွယ်ချက် အောင်မြင်မှုများသည် Kyuss ကို ပြန်လည်၍ စာရင်းပြုစုခဲ့ပြီး သူတို့၏ Fanbase များကြီးမားလာစေခဲ့သည်။ Unida, Slo Burn, Hermano,Mondo Generator, Fu Manchu, Brant Bjork and the Bros နှင့် Queens of the stone Age ဟူသော တီးဝိုင်းများ ဆင်းသက်လာခဲ့သည်။ သူတို့သည် Kyuss ၏ stoner rock ၏အသံများမှ ခွဲထွက်လာပြီး label များကို ငြင်းဆိုခဲ့ပြီး desert rock ကို နှစ်သက်လာကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. Stoner age: Priestess marries metal and melody - The Buffalo NewsBuffalo News။ 13 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 July 2010 တွင် ပြန်စစ်ပြီး။