Syed Sumail Hassan (ဖေဖော်ဝါရီ ၁၃၊ ၁၉၉၉ တွင်မွေးဖွား) (حسن سمائل سید) သည် Suma1L ဟူသော ဂိမ်းနာမည်ဖြင့် လူသိများပြီး ပါကစ္စတန်နွယ်ဖွား အမေရိကန် ပရော်ဖက်ရှင်နယ် ဒိုတာ ၂ ကစားသမားဖြစ်ပြီး Evil Geniuses တွင်ကစားသည်။ Suma1L သည် EG အသင်းဝင်တစ်ယောက်ဖြစ်ပြီး The International 2015 တွင် Clinton "Fear" Loomis, Kurtis "AUI_2000" Ling နှင့် Peter "ppd" Dager တို့နှင့်အတူ ယှဉ်တွဲကစားခဲ့ပြီး အနိုင်ရခဲ့သည်။[၁] သူ၏ စဉ်းစားဆုံးဖြတ်နိုင်စွမ်းမှာ အသက်အရွယ်နှင့်ပင်မလိုက်ပေ။

၂၀၁၅ တွင် EG သည် Dota 2 Asian Championships ပွဲစဉ်ကို ရှန်ဟိုင်းတွင် အနိုင်ရခဲ့သည်။[၂] ဂင်းနက် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်အရ Sumail သည် အသက်အငယ်ဆုံး ဂိမ်မာဖြစ်ပြီး ပြိုင်ပွဲဆုကြေးငွေ ဒေါ်လာ တစ်သန်းပိုင်ရှင်လည်း ဖြစ်သည်။[၃]

ကိုယ်ပိုင် ဘဝ ပြင်ဆင်ရန်

Sumail ကို ဖေဖော်ဝါရီ ၁၃၊ ၁၉၉၉ တွင် ပါကစ္စတန်၌ Syed Tatheer Mumtaz နှင့် Syeda Zill-e-Huma တို့က မွေးဖွားခဲ့သည်။[၄] သူ၏ မွေးချင်း ၆ ယောက်ထဲမှ တစ်ယောက်ဖြစ်သော Yawar "YawaR" Hassan သည်လည်း ပရော်ဖက်ရှင်နယ် ဒိုတာ ကစားသမားဖြစ်ပြီး Digital Chaos တွင်လက်ရှိကစားနေသည်။

Sumail ၏မိသားစုသည် ကရာချိမြို့ မှ အီလီနွိုင်းပြည်နယ်၊ ရို့မောက်ကျေးရွာ သို့ ၂၀၁၂ တွင် ပြောင်းရွေ့ခဲ့သည်။

မှတ်သားဖွယ် ပြိုင်ပွဲ ရလဒ်များ ပြင်ဆင်ရန်

  •   Dota 2 Asia Championships
  •   The International 2015
  •   Frankfurt Major 2015

ကိုးကား ပြင်ဆင်ရန်

  1. Kolker၊ Robert (July 30, 2015)။ THE VIDEO GAME DREAM: A PAKISTANI TEEN GETS RICH QUICK IN E-SPORTS။ December 18, 2015 တွင် ပြန်စစ်ပြီး။
  2. Khan၊ Farjad (February 9, 2015)။ 15-year-old Pakistani wins $1.2m Dota2 Asian Championship။ Lakson Group။ December 18, 2015 တွင် ပြန်စစ်ပြီး။
  3. Pakistani teenager becomes youngest gamer to surpass $1million in eSports earnings as Dota 2 tournament sets major records
  4. "Throne of Games"။ E:60 (Englishဘာသာစကားဖြင့်)။ ESPN။ Cite has empty unknown parameter: |city= (အကူအညီ)CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)

ပြင်ပလင့် ပြင်ဆင်ရန်