Taqwacore သည် punk ဂီတ၏ မျိုးခွဲတစ်မျိုးဖြစ်ပြီး အစ္စလာမ်ဘာသာ၏ ယဉ်ကျေးမှုနှင့် အဓိပ္ပာယ်သက်ရောက်ခြင်းများပါဝင်သည်။ မူရင်းအားဖြင့် Michael Muhammod Knight ၏ ၂၀၀၃ခုနှစ်၏ စာအုပ်တွင် တွေ့ရှိရပြီး အာရပ်ဘာသာစကား taqwa ဖြစ်သည်။ ကြည်ညိုလေးမြတ်ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်အား ချစ်ကြောက်ရိုသေခြင်းကို ရည်ညွန်းသည်။ ဖြစ်ရပ်သည် US နှင့် အနောက်တိုင်းနိုင်ငံများ အဓိကအားဖြင့် အစ္စလမ်ဘာသာဓလေ့ကို ငြင်းပယ်ထားသည်။ သူတို့၏ ဘဝနေထိုင်မှုပုံစံကို ဘာသာဝါဒနှင့်အတူ နေထိုင်လျက်ရှိကြသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

အစ္စလာမ်punk ဂီတကို ၁၉၇၉တွင် ဗြိတိန်တီးဝိုင်း Alien Kulture တွင် တွေ့ရှိရသည်။ ၁၉၉၀တွင် တိုင်းပြည် record ဖြစ်သော Fun-Da-Mentalနှင့် Asian Dub Foundation မှ UK အစ္စလမ်punk များပေါ်ထွက်လာခဲ့သည်။ ဆွေးနွေးခံထဲတွင် Nation Record ၏ တည်ထောင်သူ Aki Nawaz က "ကျွန်တော်လို အစ္စလာမ်ဘာသာဝင်အတွက် punk ဆန်လွန်းပါတယ်" ဟုဆိုသည်။ Knight novel သည် မြောက်အမေရိက အစ္စလာမ်လှုပ်ရှားမှုကို ကြီးထွားမှုကို အားတက်စေခဲ့သည်။ တီးဝိုင်းအများစုသည် taqwacore ဟူသော စကားရပ်သုံးထားသည်။ Taqwacore အဖွဲ့အစည်းသည် Knight နှင့် သူ၏ စာပေကို ဝေခွဲ၍ မရနိုင်ချေ။

taqwacore ဟူသော ဝေါဟာရကို အသုံးပြုထားသော ပထမဆုံးတီးဝိုင်းများမှာ The Kominas, Vote Hezbollaz နှင့် Sagg Taqwacore Syndicate တို့ဖြစ်သည်။ ဖြစ်ရပ်ထဲတွင် ပါရှိသော အခြားတီးဝိုင်းများမှာ Secret Trial Five, Fedayeen, Sarmust နှင့် SG-Record မှ အခြား တီးဝိုင်းများပါရှိသည်။

Kourosh : Poursalebiသည် Taqwacore ကို ဖတ်မိချိန်တွင် အမေရိကန်ရှိ တကယ်အစ္စလာမ် ဘာသာဝင်များ၏ ဖြစ်စဉ်အစစ်အမှန်ဖြစ်လာခဲ့သည်။ သူသည် Michael Muhammal Knight ဆီသို့ သီချင်းတစ်ပုဒ်ရေးဖွဲ့ခဲ့သည်။ Knight သည် ကြားပြီးနောက် အလွန် ပျော်ရွင်ခဲ့သည်။ သူ၏စာအုပ်သည် တကယ်အစ္စလာမ်ဘာသာဝင်များဆီသို့ ရောက်ရှိခဲ့သည်ကို သိရှိခဲ့သည်။ သူသည် သီချင်းကို ထပ်ခါထပ်ခါဖွင့်ခဲ့သည်။ ဘော့စတွန်တွင် Basim USmaniနှင့်အတူ အစည်းအဝေးကို ကျင်းပခဲ့ပြီး သူတို့၏ခရီးစဉ်များ မျိုးစေ့များချခဲ့သည်။

Pourlaselhi သည် အကြောက်အလန့်ကင်းသော အီရန်များဆီသို့် ကြီးမားစွာ လွှမ်းမိုးခဲ့သည်။ သူသည် ဆန်အန်တိုနီယို ဒေသတစ်ဝိုက်မှဖြစ်သည်။ တီးဝိုင်းသည် Texas မှဖြစ်သည်။ သူသည် Vote Hezbollah တီးဝိုင်းဆီသို့ သွားခဲ့သည်။

Taqwacore တီးဝိုင်းများသည် အမေရိကန်တစ်ဝိုက်တွင် Caravan ပုံစံဖြင့် ခရီးစဉ်များ ဖျော်ဖြေခဲ့သည်။ ရွေ့လျားမှုတွင် အခြေခံ စာသက်သေဖြစ်ခဲ့သည်။ ရုပ်ရှင်ထဲတွင် ပါဝင်သော တီးဝိုင်း များမှာ

  • The Kominas သည် မက်ဆက်ချူးပြည်နယ် ဘော့စတွန်ဆင်ခြေဖုံးမှာ ပါကီစတန် punk တီးဝိုင်းဖြစ်သည်။ အဖွဲ့ဝင်များမှာ Basim(bass နှင့် vocal), Shahjehan Khan(guitar နှင့် vocal), Arjun Ray (ဂီတာနှင့် vocal), နှင့် Karna Ray (ဒရမ်)တို့ပါဝင်သည်။
  • Al-Thawra, ချီကာဂိုမှ heavy metal အာရပ်တီးဝိုင်း
  • Vote Hezbollah (Kourosh ဦးဆောင်သည့် ဆန်အန်တိုနီယိုမှ အီရန်တီးဝိုင်း
  • Secret Trial Five (sena ဦးဆောင်သည့် ကနေဒါ punk rock တီးဝိုင်း)

Taqwacore sound ဟူသတ်မှတ်ပိုင်းခြားထားခြင်းမရှိပေ။ ဖြစ်ရပ်သည် ယခင်က punkမှ hip hop အထိ ကွဲပြားသော ပုံစံများထက် ၂၀၁၁တွင် ပို၍ ကွဲပြားလာခဲ့သည်။ The Kominas သည် Bollywood punk, Sagg Taqwacore Syndicate (rap နှင့် techno) ဂီတဖြစ်သည်။ Al-Thawra သည် မြောက်အမေရိကန်မှ Rai ဂီတကို အခြေခံထားသည့် raicore အမျိုးအစားဖြစ်သည်။ ဂီတ၏အမျိုးသည် သီးခြားသတ်မှတ်ထားသည်။ ကိုယ်ပိုင်တံဆိပ်များ နိုင်ငံရေးဖွဲ့စည်းမှုများပါရှိသည်။

ယဉ်ကျေးမှု ကျော်ကြားလာခြင်း ပြင်ဆင်ရန်

The Taqwacore အမျိုးအစားသည် ကွဲပြားသော မီဒီယာများမှဖြတ်သန်း၍ ကျော်ကြားလာခဲ့သည်။ ကွဲပြားသော တီးဝိုင်းများ၊ ရုပ်ရှင်များနှင့် အဖြစ်အပျက်များမှ ချဲ့ထွင်လာခဲ့သည်။ Michael Muhammad Knight သူ၏စာရေးခြင်းအတတ်ပညာကို Blue Eyed Devil The Five Percenters, Osama Van Halen, Impossible Man, Journey to the End of Islam, Why I am a Five Percenter တို့ဖြင့်ပျံ့နှံစေခဲ့သည်။ သူ၏နောက်ထွက်မည်စာအုပ်မှာ William S.Burrough vs The Quran ဖြစ်သည်။

Michale Muhammad Knight ၏နောက်လိုက် Omar Majeed ၏ documentary သည် နိုင်ငံတကာတွင် ကျော်ကြားလာခဲ့သည်။ Eyad Zahra ၏ရုပ်ရှင်သည် ၂၀၁၀ တွင် ထွက်ရှိလာခဲ့သည်။ ရုပ်ရှင်တွင် မင်းသမီး Noureen DeWulf သရုပ်ဆောင်ထားသည်။

The Kominas သည် Slackistan ရုပ်ရှင်နှင့်အတူ ပေါ်ပေါက်လာခဲ့သည်။ နောက်ပိုင်းတွင် တားမြစ်ခြင်းခံရသည်။

စာအုပ်ဆီသို့ အချိတ်အဆက်များ ပြင်ဆင်ရန်

taqwacore သည် အစ္စလာမ်punk အကြောင်းဖြစ်ပြီး မူစလင်အဖွဲ့အစည်းမှ Michale Muhammad Knight က ပုံဖော်ခဲ့သည်။ ပုဂ္ဂလိက အစ္စလာမ်၏ ယေဘုယျအယူအဆသည် Sufism ၏ ကျော်ကြားသော သမိုင်းကြောင်းဖြစ်သည်။ Michael Muhammad Knight ၏စာအုပ်သည် အမေရိကန်ပုံစံအနေဖြင့် ထုတ်ဝေထားခြင်းဖြစ်သည်။ စာအုပ်သည် ပုဂ္ဂလိက punk စရိုက်လက္ခဏာ ယင်းပုဂ္ဂိုလ်သည် အစ္စလာမ်အဓိပ္ပာယ်အတိုင်း နေထိုင်သူဖြစ်သည်။[၁]

ကျွန်တော်သည် punk အကြောင်းအဓိပ္ပာယ်ကို ဖော်ပြရန်နှင့် အစ္စလမ်အကြောင်းဖော်ပြရန် ရပ်ဆိုင်းခဲ့ပါတယ်။ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော အမှန်တရားနှင့် လှုပ်ရှားမှုဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းအားဆုံးရှုံးနေသလို ခံစားရပါတယ်။ ကမ္ဘာကြီးအကြောင်း သိမြင်လာသောအခါ အကောင်းမမြင်နိုင်ပါဘူး။ ဒေါသထွက်လာပါတယ်။ သူတော်ကောင်းယောင်ဆောင်ခြင်းမှ ဒုက္ခဝေဒနာများခံစားရပါတယ်။ အမှန်တရားယုံကြည်သူများမှ သူတို့၏ ဖန်တီးမှုမှာ အဆင့်ဆင့်ဆင်းသက်လာပါတယ်။ အပြင်ဘက် ဆင်ခြင်သုံးသပ်ခြင်းများ တစ်စည်းတစ်လုံးဖြစ်စေပါတယ်။ စည်းလုံးသော အဖွဲ့အစည်းများသည် အမှန်တရားမှ ဘယ်တော့မှဝေးကွာပါဘူး။

— Michael Muhammad Knight, The Taqwacores, Soft Skull Press

စာအုပ်ထဲရှိလုပ်ကြံဖန်တီးထားသော ဇာတ်ကောင်မှာ အင်ဒိုးနီးရှား အစ္စလာမ်ဖြစ်သည်။ ဆေးခြောက်များကို သောက်လေ့ရှိသည်။ ပုဂ္ဂိုလ်ရေးဖော်ပြချက်မှာ Surat Al- Hijr ဖြစ်ပြီး ဆေးခြောက်သောက်သုံးခြင်းသည် အစ္စလာမ်တွင် ခွင့်ပြုသည်။[၂]

ကမ္ဘာမြေကြီး ကျွန်ုပ်တို့သည် ကျယ်ပြန့်စေခဲ့သည်။ ညီမျှသောအရာများနှင့် ကြီးပြင်းစေခဲ့သည်။ ကျွန်ုပ်တို့သည် အသက်ရှင်ခြင်းကို အဓိပ္ပာယ်ဖွဲ့ဆိုခဲ့သည်

ထိုစာအုပ်ထဲတွင် Allab သည် အရာရာတိုင်းကို ညီမျှစေခဲ့သည်။ ဆေးခြောက်သည်လည်း ညီမျှစေခဲ့သည်။[၁]

Documentary Taqwacore : The Birth of Punk Islam ထဲရှိတီးဝိုင်းအဖွဲ့ဝင်များသည် ဆေးခြောက်သောက်နေသည်ကို တွေ့မြင်နိုင်သည်။ ကမ္ဘာတစ်ဝန်းရှိ အစ္စလမ်လူငယ်များဆီသို့ စကားပြောနိုင်ခဲ့သည်။ taqwacore တီးဝိုင်းများရွေ့လျားမှု စတင်စေခဲ့သည်။ တချို့တီးဝိုင်းများမှာ တံဆိပ်တပ်ရန် ပျော်ရွင်သော်လည်း တချို့မှာ စိတ်မပါကြချေ punk တီးဝိုင်းများ၏ဦးဆောင်မှုသို့ တံဆိပ်ကပ်ခဲ့ကြသည်။ label တံဆိပ်ကပ်ခြင်းသည် ပြဿနာတစ်ရပ်ပင်ဖြစ်သည်။[၃]

အမှန်ကို သိမြင်ခြင်း ပြင်ဆင်ရန်

Taqwacore ၏ အခန်းကဏ္ဍနှင့် အမှန်တရားကို သိမြင်ခြင်းများကို တီးဝိုင်းများနှင့်အတူ တင်ပြထားသည်။ စာရေးဆရာသည် ရုပ်ထွေးခြင်းနှင့် ကိုယ်ပိုင်သိမြင်ခြင်းများကို သူ၏စာအုပ် Osama Van Halen ခေါင်းစဉ်တွင် ရေးသားထားသည်။ သူသည် သူကိုယ်တိုင် စိတ်ကူးနှင့်ဆိုင်သော ဇာတ်ကောင်ကို ဖန်တီးထားသည်။ Michael Muhammad Knight သည် အံ့ဩဖွယ်ကောင်းသော Ayyuh ကို ကြည့်ရှုခဲ့သည်။ ရုတ်တရက်ဆိုသလို ကုန်ဆုံးသော ပြိုင်ပွဲမှ နောက်ဆုံးအထီးကျန်စွာ အသက်ရှင်နေသူ ဟုဖော်ပြခဲ့သည်။ အမှန်တရားသိမြင်ခြင်းသည် နိဂုံးသို့ ရောက်ရှိသည်။ Michael Muhammad Knight အတွက် ပုဂ္ဂိုလ်ရေး အစ္စလာမ်ဖန်တီးခြင်းစတင်ခြင်းမှာ သူ၏ Taqwacore project ဖြစ်သည်။ သူ၏ အစွန်းဆုံးဖြစ်သော သဘာဝစရိုက်လက္ခဏာသည် ကမ္ဘာတစ်ဝန်းရှိ အစ္စလမ်လူငယ်များဆီသို့ စကားပြောနိုင်ခဲ့သည်။ Taqwacore တီးဝိုင်းများ ရွေ့လျားမှု စတင်စေခဲ့သည်။ တချို့တီးဝိုင်းများမှာ တံဆိပ်တပ်ရန် ပျော်ရွင်သော်လည်း တချို့မှာ စိတ်မပါကြချေ။ punk တီးဝိုင်းများ၏ ဦးဆောင်မှုသို့ တံဆိပ်ကပ်ခဲ့ကြသည်။ label တံဆိပ်ကပ်ခြင်းသည် ပြဿနာတစ်ရပ်ပင်ဖြစ်သည်။

Taqwacore နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ ဆက်စပ်မှုမှာ တည်တည်မြဲမြဲမတည်မြဲချေ။ မီဒီယာ ပတ်ဝန်းကျင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ပါဝင်စဉ်မတွေ့မြဲချေ။ ကျွန်တော်တို့ taqwacore တီးဝိုင်းအဖြစ် မစတင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ တည်ရှိနေသော အရာများနှင့် ပတ်သက်၍ project မှာ နည်းလမ်းရှိပြီးသားပါပဲ။ ကျွန်တော်တို့ ထိုဝေါဟာရကို အသုံးပြုရန် ဆိုင်းတွန့်နေပါသည်။

— Marwan from Al-Thawra, Email Correspondence

The Kominas, taqwacore ဟု တံဆပ်ကပ်စဉ်တွင် အနုပညာရသ (သို့) နိုင်ငံရေးအကြောင်းနှင့် ပတ်သက်၍ သူတို့ဂီတမှ အစ္စလာမ်ကဏ္ဍကို အာရုံစိုက်ထားခြင်းကို ဆင်ခြင်သုံးသပ်ထားသည်ကို စိတ်မကျေမနပ်ဖြစ်စေသည်။

The all-girl punk တီးဝိုင်း Secret Trial Five ရေးထားသည့် သီချင်းတစ်ပုဒ်သည် taqwacore ဟူသော စကားရပ်ဝေါဟာရမှ သူတို့၏ အမှန်တရားဆီသို့ စိတ်မကျေမနပ်ဖြစ်စေသည်။ ခေါင်းစဉ်မှာ "We’re not Taqwacore" ဟု အမည်ရသည်။ taqwacore လှုပ်ရှားမှုနှင့်အတူ သူတို့စာသားမှာ လျော်ကန်သော်လည်း သူတို့ဖျော်ဖြေနေစဉ် အဆဲခံချင်လည်း ခံရနိုင်သည်။[၄] သူတို့၏စာသားများမှာ

အရက်မူးယစ်နေခြင်းထက် တာလီဘန်များ ကြိုးဆွဲခံရသည်ကို ပိုနှစ်သက်ပါတယ်။
Muhammad မရှိရန် ကျွန်တော်တို့ မမွေးဖွားနိုင်ပါဘူး။
By Michael Knight

Knight ၏ စာအုပ်နှင့်ပတ်သက်၍ အစ္စလmမ်ဘာသာနှင့်ပတ်သက်၍ သူ၏စူးစမ်းရှာဖွေခြင်းမှာ အဆုံးသတ်မဟုတ်သည်ကို မကျေနပ်နိုင်ပေ။

Knight ၏ Why I am a five Percenter သည် စိတ်လှုပ်ရှားမှုကို ငြိမ်းအေးစေခဲ့သည်။ တက်(စ်)ဆက်မှ တက္ကသိုလ်တွင် အများပြည်သူပွဲနှင့် ဆိုင်သော ဟောပြချက်ပွဲ၌ Five Percenter၏ သမိုင်းကြောင်းသည် အစ္စလမ်ပုဂ္ဂိုလ်ရေးအရ အခွင့်အရေး အပ်နှင်းခဲ့သည်။ သူသည် အယူဝါဒနှင့် အတွေ့အကြုံများကို သူ၏စာအုပ်ထဲတွင် ရေးသားခဲ့သည်။

အကြောင်းအရာများ ပြင်ဆင်ရန်

Taqwacore တီထွင်ခြင်းသည် အစ္စလမ်၏ တိကျသော ခံဝန်ချုပ်ဖြစ်လာခဲ့သည်။ Progressive Isamနှင့် Isam and Anarchism ဖြစ်သည်။ taqwacore တီးဝိုင်းများ၏ အဖွဲ့ဝင်အများစုသည် အစ္စလမ်များဖြစ်သည်။ တချို့ အဖွဲ့အဝင်များသည် အစ္စလမ်များမဟုတ်ပေ။ taqwacore သည် punk ၏အရင်းအမြစ်မှဖြစ်သည်။ တော်လှန်ခြင်းများ၊ နိုင်ငံရေးရှင်းလင်းချက်မှတ်စုနှင့် နိုင်ငံရေးပြောင်းလဲရေးများပါဝင်သည်။

The Kominas များသည် taqwacore တီးဝိုင်းများမှ တစ်ခုဖြစ်သည်။ သူတို့သည် ကမ္ဘ္ဘာတစ်ဝန်းလုံးမှ ဒီဂျစ်တယ်နားများဆီသို့ ရောက်ရှိခဲ့သည်။ ပညာသင်ကျောင်းများနှင့် ပုံနှိပ်စက်များ၏ စိတ်ဝင်စားခြင်းကို ခံရသည်။

Wendy Hu ရေးသားခဲ့သည်မှာ "အလေးထားရသော တီးဝိုင်းအဖွဲ့ဝင်များမှာ အစ္စလမ်ဖြစ်ပါတယ်။ ဖော်ပြချက်မှာတွင် ပုံနှင့် အသင်းဝင်များ ပါဝင်သည်။ သူမသည် taqwacore သည် ဂီတကို လုံးဝမကန့်သတ်သည့်အကြောင်းကို ရေးသားခဲ့သည်။ "ကွန်ယက် အပေါင်းအသင်းများ၊ အနုပညာရှင်များ၊ blogger များ၊ ရုပ်ရှင်ပြုလုပ်သူများနှင့် taqwacore ၏ အသိအမှတ်ပြုသော တံဆိပ်မှ စိတ်အားထက်သန်သူများပါတယ်" ဟုဆိုသည်။

တီးဝိုင်းများ၏ နိုင်ငံရေးသတင်းများမှာ ယဉ်ကျေးမှုဆိုင်ရာ မေးခွန်းများ၊ လူမျိုးပေါင်းစုံပါဝင်သော ဝါဒနှင့် အရှေ့နှင့် အနောက်မှ တုံ့ပြန်မှုများပါဝင်သည်။ Al-Thawra သည် "raicore" ဟု သူတို့ ကိုယ်သူတို့ တံဆိပ်ကပ်ခဲ့သည်။ အခြားသော ဝေါဟာရမှာ မြောက်အဖေရိကနှင့် အယ်ဂျားရီယန် rai ဂီတနှင့် hardcore တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ သူသည် သူ၏ဂီတအကြောင်းကို ပြောကြားခဲ့သည်။ ယဉ်ကျေးမှုဆိုင်ရာ စဉ်းစားဆင်ခြင်မှုများဖြစ်ပြီး Algerian Chaabi ဂီတနှင့် ချိတ်ဆက်ထားပြီး punk ကဲ့သို့ တော်လှန်သော ဂီတဖြစ်သည်။

ဘယ်နည်းနဲ့မဆို ပထမဦးစွာ "raicore" ဟူသော ဝေါဟာရသည် Al-Thawa ၏ဂီတနှင့်အတူ ပါလာခြင်းပါတယ်။ ၂၀၀၆ခုနှစ်တွင် ကျွန်ုပ်တို့၏ စာမျက်နှာတွင် ထားခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ဖော်ပြရန် တခြားနည်းလမ်းများမစဉ်စားနိုင်လို့ ဖြစ်ပါတယ်။ rai ဂီတသည် ဂီတအတွက် သဘာဝအရ တည်ရှိနေသော နေရာတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူမှုရေး သဘာဝဖြစ်စဉ်မှ မွေးဖွားလာခဲ့လို့ပါပဲ။ ကျွန်တော်တို့ရဲ့ ဂီတဟာ အခြားနိုင်ငံများသို့ အခြေချနေထိုင်ကြသော လူမျိုးများနှင့် ဆက်စပ်နေပါတယ်။ ဂီတဆိုင်ရာ ကိုယ်ထည်သည် အရှေ့နှင့် နောက်ကြားမှဖြစ်ပြီး နှစ်ခုလုံးနဲ့ဆက်စပ်နေပါသည်။ တချို့နည်းလမ်းများမှာ rai နှင့် အစောပိုင်း Chaabi, Wahran မှ folk ဂီတသည် ကျွန်တော် အပေါ်များစွာလွှမ်းမိုးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ပြည်သူဂီတအမှတ်စစ်စစ်ပါပဲ။ ဆိပ်ကမ်းများမှ ရောက်လာပါတယ်။ မြို့ပြယဉ်ကျေးမှု၏ လူမူရေးအသင်းအစိတ်အပိုင်းများမှ ပေါ်ပေါက်လာခဲ့ပါတယ်။ လူမူရေးအရ တားမြစ်ထားသော ဘာသာရပ်ဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးဂီတပါပဲ။ ဒါတွေဟာ ကျွန်တော် အပေါ်လွှမ်းမိုးပါတယ်။ လှည့်စားထားတဲ့ အသံအမျိုးအစားပါပဲ။ ဒါဟာ ဒီ project စတင်ချိန်မှာ ပြောဖို့ မျှော်လင့်ထားတဲ့အကြောင်းအရာပါပဲ။

— Marwan from Al-Thawra, Email-correspondence

Fun-Da-Mental ဟာ အတည်အလင်း ဖော်ပြထားသော နိုင်ငံရေးဖြစ်သည်။ အာရှနှင့် ပတ်သက်၍ ဗြိတိန်ဆက်ဆံပြုမှုပုံကို မှတ်ယူထားသော လူမူရေးနှင့် အတူ အငြင်းပွားဖွယ်ရာ တီးဝိုင်းများပါဝင်သည်။ အကြမ်းဖက်လိုလားသော အစ္စလမ်လွှမ်းမိုးသည့် အမျိုးအစား၂လူမျိုးရေး ခွဲခြားရေး ပပျောက်ရေးဟု ဖော်ပြထားသည်။ Vote Hezbollah သည် အကြမ်းဖက်ခြင်းကို ထောက်ခံခြင်း ပံပိုးခြင်းများ မပြုလုပ်ပါဘူး။ ငြိမ်းချမ်းရေးနှင့် စည်းလုံးခြင်းဟာ ကျွန်တော်တို့အတွက် အင်အားပါပဲ။

အငြင်းပွားခြင်း ပြင်ဆင်ရန်

Knight သည် အမျိုးသမီးများဦးဆောင်သော ဆုတောင်းသူများ ဒေါသထွက်စေသော ဆောင်းပါးများ၊ အမေရိကန်မှ အစ္စလာမ်အဖွဲ့အစည်းများမှ အရိုအသေတန်သော နေပုံထိုင်ပုံများထဲတွင် ပါဝင်ခြင်းကြောင်း ဝေဖန်ခြင်းခံရသည်။ အတိတ်က ယုံကြည်ကိုးကွယ်သည့် အယူဝါဒကို ခွင့်ပြုခြင်း၊ မိစ္ဆာအယူဝါဒ အမျိုးသားရေး အစ္စလာမ်နှင့် ဘုရားသခင်ကို ထောက်ခံခြင်းများကို Muhamad ၏ သူပုန်ကဲ့သို့ဆက်ဆံပုံများကို ကိုခွင့်ပြုထားသည်။

Knight သည်သူ၏အစ္စလာမ်နိုးကြားရေး ဆောင်းပါးများကို နာမည်ဂုဏ်သတင်းကျော်စောခြင်းများမှ ဖွံ့ဖြိုးလာခဲ့သည်။ အထူးသဖြင့် မြောက်အမေရိကမှ အစ္စလာမ်အသင်းအဖွဲ့မှနှစ်စဉ်စုဝေးခြင်းများ ပါဝင်သည်။ သူသည် Imam Siraj, Wahhjနှင့် Cat Stevens နှင့် ငယ်ရွယ်သော အစ္စလာမ်အမျိုးသမီးများနှင့် စိတ်ကူးယဉ်ဆန်သော လက်ထပ်တွေ့ဆုံပွဲများ ရေးဖွဲ့ခဲ့သည်။

Islamic Society of North America ၏စုဝေးပွဲ၌ Knight နှင့် the Kominas တို့သည် Karen Hughes ၏ ညီလာခံတွင် မရိုးဖြောင့်သော မီဒီယာတို့၏ ထင်မြင်ချက်ပေးခံရသည်။ သူတို့သည် ပြည်နယ်အစိုးရကိုယ်စားလှယ်၏ မေခွန်းများမေးခြင်းခံရသည်။ Knight ၏ Alternative Tentades logo အပေါ်တာဝန်ယူခြင်းအပေါ် ISNA ၏အရာရှိကပူပန်ခဲ့သည်။

Taqwacore ခရီးအတောအတွင်းတွင် documentary ရုပ်ရှင်သည် ထူးခြားခဲ့သည်။ ချီကာဂို၏နှစ်စဉ်ဆွေးနွေးပွဲတွင် အုပ်စုအဆုံးသတ်ခဲ့သည်။ သူတို့သည် open mic ကို အသုံးပြု၍ တီးခတ်ခဲ့ကြသည်။ ရုပ်ရှင်တွင် ဆင်ခြင်သုံးသပ်ချိန်တွင် ငယ်ရွယ်သော ပရိသတ်များသည် ပထမတွင် စိတ်ရှုပ်နေကြသည်။ နောက်ပိုင်းတွင် တီးဝိုင်းများအတွက် ကောင်းချီးဩဘာပေးခဲ့သည်။ မိန်းကလေးများနှင့် ဖွဲ့စည်းထားသော Secret Trial Five သည် စတိတ်စင်တွင် တီးခတ်စဉ်တွင် လုံခြုံရေးအား ခေါ်ယူခဲ့ပြီး အုပ်စုသည် အတင်းအကျပ်ခိုင်းခြင်းကို ခံရသည်။ ၎င်းမှာ ISNA ၏ အစဉ်အလာစည်းကမ်းဖြစ်သော "no-female singers အရဖြစ်သည်။ အဝတ်အစားများ စုတ်ပြတ်သတ်နေသော အုပ်စု အဆောက်အဦး၏ အပြင်ဘက်တွင် စုရုံးနေပြီး ဂီတာကို ကျောက်ခင်းလမ်းတွင် ရိုက်ချိုးခဲ့သည်။

taqwacore အုပ်စုများသည် သူတို့၏ခရီးစဉ်တွင် ခွဲခြမ်းစိတ်ဖြာဖဲဝေခဲ့သည်။ အခြားကားမောင်းသူများသည် သူတို့အား ခတ်ဆတ်ဆတ်ရိုက်ခဲ့ပြီး ဆဲရေးခဲ့ကြသည်။

taqwacore အုပ်စုများသည် သူတို့၏ကွဲပြားခြင်းကို တုံ့ပြန်ခဲ့သည်။ အစ္စလမ်အဖွဲ့အစည်းမှ သို့မဟုတ် မဟုတ်သည်များလည်း ပါဝင်သည်။ The Kominas အငြင်းပွားဖွယ်ရာ "Suicide bomb the gap" နှင့် "Rumi was a homo" ဟုသော စာသားများပါရှိသော သီချင်းများဖြင့် ဖျော်ဖွယ်ခဲ့ကြသည်။ လူမူရေးအဖြစ်အပျက်များတွင် ရှင်းလင်းပြောကြားခဲ့ပြီး အစ္စလမ်အုပ်စုကို ပျံ့နှံစေခဲ့သည်။ အမေရိကမှ အဖွဲ့အစည်းအပြင်ဘက်သို့တိုင် ပျံ့နှံခဲ့သည်။ နောက်ဆုံးတွင် ဘရွတ်ကလင်းမှ Ant-Gay Imam ၏ အစီရင်ခံချက်တွင် ပါဝင်ခဲ့သည်။ ဂီတသမားများသည် ရယ်ရွင်ဖွယ်ရာတီးဝိုင်းဖြစ်သော "Box Culter Surprise" ဟူ၍ အမည်ပေးခဲ့သည်။ စက်တင်ဘာ ၁၁ရတွင် hijack လေယာဉ်များတွင် ဓားများကို အသုံးပြုခဲ့သည်။ Al-Thawra မှ Marwan Kamel အဖွဲ့အဝင်များအား ပြောင်းလဲခြင်းဟူသော စကားကို ပြောကြားခဲ့ပြီး အုပ်စုကို ဖန်တီးကာ ပရိသတ်များကို အပြင်းအထန်ရိုက်ခတ်စေခဲ့သည်။

ပညာရပ်သင်ကြားမှု အဝန်းဝိုင်း၌ ပြင်ဆင်ရန်

လူမူရေးလှုပ်ရှားမှုနှင့် Knight ၏စာအုပ်ချိတ်ဆက်လာခဲ့သည်။ ဂီတဆိုင်ရာ ယဉ်ကျေးမှု မြင့်တက်လာမူသည် ကမ္ဘာတစ်ဝန်းရှိ ပညာရပ်သင်ကြားမှုများ၊ ဘာသာရေးဆိုင်ရာ သင်ကြားမှုများတွင် ဘာသာရပ်သင်ရိုးများတွင် အရေအတွက်များပြားလာခဲ့သည်။

Michale Muhammad Knight သည် သူ၏စာအုပ်မှ ကွဲပြားသော ဘာသာရပ်မှ အချိန်နှင့်အမျှ အများပြည်သူနှင့်ဆိုင်သော ဟောပြခြင်းများပေးခဲ့သည်။ ၂၀၁၁ ခုနှစ် သူ၏ စာအုပ်သည် Five Percenters ၏ သမိုင်းကြောင်းနှင့်ဖဲဝေခဲ့သည်။ များသော ပညာရပ်ဆိုင်ရာ ဆောင်းပါးများ၊ အကျယ်တဝန့်ဖော်ပြချက်နှင့် ဦးစီးလုပ်ကိုင်သူများအကြောင်းကို အကြောင်းအရာအဖြစ်တွေ့နိုင်သည်။

Heavy metal အစ္စလမ်တွင် rock၊ ခုခံခြင်းနှင့် အစ္စလမ်ဝိညဉ်အတွက် ရုန်းကန်ခြင်းများ ပါရှိသည်။ Mark Levine သည် heavy metalနှင့် အစ္စလာမ်ဆက်နွယ်မှုနှင့် သူသမိုင်းကြောင်းများကို ရေးသားထားသည်။ ဂီတ၏သီးခြားအမျိုးအစားများ မတူညီချိန်တွင် စာအုပ်မျက်နှာဖုံးကျယ်ပြန့်သော အကြောင်းအရာများနှင့်ပြသပွဲမှလူစုလူဝေးများအကြောင်းကို metal, hip hopနှင့် punk အဝတ်များ၏ လူစိမ်းများနှင့် ပေါင်းစပ်ဝတ်ဆင်ခြင်းဟူ၍ ရေးသားထားသည်။ သူ၏စာအုပ်သည် အဖြစ်အပျက်များကို တိုက်ရိုက်ပြောဆိုသည်။ ၎င်းသည် သီးခြားရှိသော ယဉ်ကျေးမှုများအမြင်အားဖြင့် ပေါင်းစပ်ထားခြင်းပေါ်ပေါက်လာခြင်းဖြစ်သည်။ သူသည် "အစိမ်းရောင်ဆူးချွန်ဆံပင်နှင့် ပွယောင်းယောင်း hip hop ပုံစံ အဝတ်အစားနှင့် ဆယ်ကျော်သက်တစ်ယောက်သူနှင့် ပေအနည်းငယ် အကွာမှာ black metal T-shirt နှင့်သူ၏အမေးနှင့်အတူ စောင့်ကြည်နေသူကို မြင်တွေ့နိုင်ပါတယ်" ဟုဆိုသည်။ Abaya (အစ္စလမ်တို့၏ဝတ်ဆင်ပုံ) သည် ရိုးရာဓလေ့နှင့် အညီခြုံလွှာအာရပ်ကမ္ဘာတွင် ဝတ်ဆင်မှုသည် အမျိုးသမီးများအတွက် ဩတ္တပ္ပတရားရှိခြင်းဖြစ်သည် ဟုဆိုသည်။ Roskilde University မှ ကျောင်းသားဦးစီးသူများရေးသားထားသည်မှာ taqwacore ပုံအသွင်ပြောင်းလဲအသိ အမှတ်ပြုခြင်း၏ ယဉ်ကျေးမှုဆိုင်ရာ အကျယ်တဝင့်ရေးသားချက်များနှင့် လူဦးရေများပြားခြင်းနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များသို့ ပုဂ္ဂလိကသက်ဆိုင်မှုများကို ရေးသားထားသည်။ သူတို့သည် taqwacore လှုပ်ရှားမှု၏ဆက်သွယ်မှုသော အဖြစ်အပျက်မှ သက်ဆိုင်မှုနှင့် ထင်ရှားသော လက္ခဏာများအကြောင်းကို ရေးသားထားသည်။ လူမူရေးပါဝင်ခြင်းနှင့် ချန်လှပ်ထားခြင်းသည် လူအချင်းချင်းပေါင်းသင်းနေထိုင်မူမှ ရှေ့နောက် အစီအစဉ်ညီညွတ်ခြင်းများကို ပေါက်ပေါ်လာခဲ့သည့် မေးခွန်းများဖြစ်သည်။ ဖြစ်ရပ်များသည် သာလွန်ကောင်းမွန်သော အမျိုးသားရေးနယ်စပ်များသည် အခြားယဉ်ကျေးမှုများနှင့် ဆက်စပ်နေသည်။ ၎င်းမှာ taqwacore ဂီတနှင့် လှုပ်ရှားမှုအတွက် မရှိမဖြစ်သော အကြောင်းအရာများဖြစ်သည်။ စိတ်ကူးသစ်များသည် ယဉ်ကျေးမှုတစ်ခုထက်ပို၍ taqwacore ဂီတကို ကိုယ်စားပြုသည်။

Abraham Ibrahim ၏ Queer community of muslims တွင် အနောက်ဘက်ရှိ Queer Muslim ကို ကိုယ်စားပြုသည်။ သူသည် ခြားနားသော စရိုက်လက္ခဏာများကို စူးစမ်းရှာဖွေ့ခဲ့သည်။ အစ္စလာမ်အဖွဲ့၏ဖိနှိပ်ချုပ်ချယ်မှုများကို တွေ့ရသည်။ သူသည် ခြားနားသော အလုပ်များကို ရေးသားခဲ့သည်။ Michael Muhammad Knight၏ "Bilal’s Bread" နှင့် သူ၏ A Touch of Pink ရုပ်ရှင်တို့ပါရှိသည်။

Francis Steward သည် သူ၏ဆောင်းပါးဖြစ်သော "Punk Rock is My Religion" ဆောင်းပါးတွင် punk ထဲဘဝကို စူးစမ်းရှာဖွေထားသည်ကို တွေ့ရသည်။ သူ၏မေးခွန်းများမှာ ပုဂ္ဂလိကဘဝထဲမှ Straight Edge ဂီတ၏ အခန်းကဏ္ဍာများဖြစ်သည်။ ဖြစ်နိုင်ချေနိုင်ရှိသည်မှာ taqwacore ရွေ့လျားမှုနှင့် ဆက်နွယ်မှုများဖြစ်သည်။ စာအုပ်ထဲမှ စိတ်ကူးယဉ်ဆန်သော ဇာတ်ကောင်မှာ Straight Edge Rocker ဖြစ်သည်။ taqwacore ထဲမှ တကယ်ဂီတသမားများပါဝင်သည်။ သူမသည် သူတို့ဘဝနေထိုင်မှုပုံစံခြားနားမှုကို ရေးခဲ့သည်။ သူတို့၏လုပ်ဆောင်ချက်မှာ အစ္စလာမ်၏ဆန့်ကျင်ဘက်ဖြစ်သည်။ တချို့ Straight edge မှာ အစ္စလာမ်ရိုးရာနှင့်သဘောတူညီခြင်းဖြစ်သည်။ ဟုတ်ပါတယ်။ သူတို့ကိုသူတို့ အစ္စလာမ်ဟု ဆင်ခြင်ကြသည်။ တချို့မှာ သူကိုယ်တိုင် အစ္စလာမ်ဘာသာဟု ယူဆကြသည်။

Abdou Mohammad သည် Queen တက္ကသိုလ်၏ မဟာဘွဲ့စာတမ်းပြုခဲ့သည်မှာ "ANARCA-ISIAM" ဖြစ်သည်။ သူသည် အစ္စာလမ်နှင့် အစ္စလာမ်ဥပဒေနှင့် မင်းမဲ့ဝါဒနှင့်နီးစပ်စေခဲ့သည်။ မင်းမဲ့ဝါဒသည် punk ရွေ့လျားမှုနှင့် သမိုင်းကြောင်းအရ ဆက်စပ်နေသည်။ punk rock၊ hardcore နှင့် metalထဲတွင် ကြွေးကြော်သံများပြန်လည်ဖြစ်ပွားလာခဲ့သည်။ Abdou သည် non-muslim၏ ပညာဆိုင်ရာစာသားများကို ယူသုံးခဲ့သည်။ အစ္စလာမ်နှင့်မင်းမဲ့ဝါဒနှင့် ပဲ့တင်သံကို အသိအမှတ်ခြင်းဖြစ်သည်။

John Hutnyk သည် သူ၏ဆောင်းပါးတွင် hip hop နှင့်ဆက်စပ်နေသည်။ punk အစ္စလာမ်အခန်းကဏ္ဍရှိ နိုင်ငံရေးစာအုပ်အကြောင်းဖြစ်သည်။ သူရေးသားထားသည်မှာ နိုင်ငံရေးအခြေခံသည် hip hop နှင့်ဆက်စပ်နေသည်။ punk အစ္စလမ်နှင့်ဆက်စပ်နေသည်။ အမှာစာသည် ဂီတ၏ကွဲပြားသော အကြောင်းများကို အတိုဆုံးနှင့် အရှင်းဆုံးဖော်ပြထားသည်။ လူမျိုးကို ကိုယ်စားပြုထားသည်။ ရာဇဝင်တွင်သော ဆုံးဖြတ်ချက်များပါရှိသည်။ လူ့အခွင့်အရေးလှုပ်ရှားမှုများကို မူလအရင်းအမြစ်မှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

Amil Khan သည် ဆင်တူသော အကြောင်းအရာများကို အမည်တပ်သည်။ သူ၏ The Long Struggle သည် ကျယ်ပြန့်သော အတွေးအမြင်ဆိုင်ရာနယ်ပယ်ဖြစ်သည်။ သူ၏စာအုပ်တွင် ရေးထားသည်မှာ ယုံကြည်လက်ခံထားသော အစ္စလာမ်၊ အနောက်ကမ္ဘာအကြားဆက်စပ်မှုနှင့် စကားစမြည်ပြောဆိုခြင်းများဖြစ်သည်။ သူပြောဆိုထားသည်မှာ ယုံကြည်လက်ခံထားသော အဖွဲ့အစည်းများ၊ အငြင်းပွားဖွယ်ရာများမှာ ယုံကြည်လက်ခံသော အဖွဲ့အစည်းနှင့်အတူ အုပ်စုများသည် ကွဲပြားသော အချက်များမှ ခြားနားသော နေရာများ ယူထားသည်။ အစ္စလမ်နှင့်အစ္စလမ်မဟုတ်သူများကြားရှိတုံ့ပြန်မှုနှင့် အကြမ်းဖက်မှုများကဲ့သို့ဖြစ်သည်။ အကျဉ်းချုပ်ထားသော အုပ်စုများကဲ့သို့ ဆင်ခြင်သုံးသပ်ချက်များကြားမှ ဆွေးနွေးခြင်းများပါဝင်သည်။ သူသည် တချို့အစ္စလမ်များ Ummahဟုခေါ်သည်။ သို့ ပေါင်းစည်းထားသော အစ္စလာမ်ကမ္ဘာသည် အစွန်းရောက်စွာ ခွဲခြားထားသည်။ သူပြောကြားသည်မှာ "အဖြစ်အပျက်များတွင် သိသာသော သတိပြုမှတ်သားဖွယ်ရာ ရိုးရာဝတ်ရုံများ၊ သပ်ရပ်ထားသော မုတ်ဆိတ်များနှင့် punk rock အစ္စလာမ်ဆယ်ကျော်သက်များပါပါတယ်" ဟုဆိုသည်။ အစ္စလာမ်ကြားရှိ ဘဝနေထိုင်မှုပုံစံအများအပြားကို ပြသထားသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Knight၊ Michael Muhammad (2004)၊ The Taqwacores၊ Soft Skull Press၊ ISBN 978-1-59376-229-2
  2. Surat Al-Hijr - The Noble Qur'an - القرآن الكريم။ 18 February 2015 တွင် ပြန်စစ်ပြီး။
  3. Taqwacore: The Birth of Punk Islam။ 5 October 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 February 2015 တွင် ပြန်စစ်ပြီး။
  4. Secret Trial Five - We're not TaqwacoreYouTube (13 December 2010)။ 18 February 2015 တွင် ပြန်စစ်ပြီး။