အချက်ပြဆက်သွယ်မှု သမိုင်းကြောင်း

ပြင်ဆင်ရန်

ယနေ့ခေတ်မှာ ကျွန်တော်တို့ဟာ မိုင်ပေါင်းထောင်ချီဝေးတဲ့ ကမ္ဘာ့တစ်နေရာနဲ့ တစ်နေရာသာ မက အာကာသအထိပါ အချိန်တိုအတွင်း Information အချက်အလက်တွေကို လွယ်လွယ်ကူကူ ပေးပို့ဆက်သွယ်နေနိုင်ပြီ ဖြစ်ပါတယ်။ ဒီလိုပေးပို့ဆက်သွယ်နိုင်ဖို့ရာ Electrical Communication System ကိုစတင်ဖြစ်ပေါ်လာစေတဲ့ Electrical Telegraph System ကို (၁၈၀၀) ‌နှောင်းပိုင်း ကာလ တွေမှာ အစပြုခဲ့ပါတယ်။

Telegraph စနစ်မပေါ်လာခင်တုန်းက ကျွန်တော်တို့တွေဟာ ကွာ‌ဝေးတဲ့နေရာတစ်ခုနဲ့ တစ်ခု ကို ဆက်သွယ်ဖို့ရာ ခက်ခဲခဲ့ကြပါတယ်။ အလင်းရောင်တစ်ကမ်း၊ အသံတစ်ကမ်း မှာရှိတဲ့ နေရာ တွေကို မီးခိုးအချက်ပြဆက်သွယ်ခြင်းတွေ၊ အကွာအ‌ဝေးတော်တော်ဝေးဝေးအထိ ကြားနိုင်တဲ့ စည်တီးပြီး အချက်ပေးတာတွေ၊ စည်သံတစ်ချက်ဆိုလျှင် ဘာအဓိပ္ပါယ်၊ နှစ်ချက်ဆိုလျှင် ဘာ အဓိပ္ပါယ် စသဖြင့် မှတ်သားပြီး အလုပ်လုပ်ခဲ့ရပါတယ်။ ရှေးခေတ်အခါက နန်းမြို့ရိုးတွေပေါ်မှာနေရာယူပြီး ရန်သူ့တပ် များချီတက်လာတာကို နန်းစောင့်တပ်မှ သိသာစေရန် အလံနီတွေ သုံးပြီး အချက်ပြတာတို့/ စည်တီး အချက်ပြတာတို့ဟာလည်း ထိုခေတ်ရဲ့အချက်ပြဆက်သွယ်မှုစနစ်များပဲ ဖြစ်ပါတယ်။

မိုင်ပေါင်းထောင်ချီဝေးကွာတဲ့နေရာတွေကို အချက်အလက်တွေ သတင်းစကားတွေ အမိန့် တွေ ပေးပို့ချင်တဲ့အခါ မြင်းစီးဆက်သားတွေ၊ ခြေလျင်ဆက်သားတွေ၊ စာပို့ခိုတွေကိုသာ မှီခို အား ထားခဲ့ရပါတယ်။ ထို့နောက်မှာလည်း ‌ရေကြောင်းခရီး၊ ကုန်းကြောင်းခရီးများကနေ ရက်ပေါင်း များစွာ ကြာအောင် ပေးပို့ဆက်သွယ်ခဲ့ရပါတယ်။ ဒါကြောင့် Telegraph စနစ် စတင် ပေါ် ပေါက် လာခဲ့ခြင်းက ယနေ့ Long- Range Communication System အတွက် တစ်ခေတ် ဆန်းသစ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

Telegraph စနစ်အစပြုခြင်း

ပြင်ဆင်ရန်

Telegraph ဆိုတဲ့ စာလုံးက ဂရိအက္ခရာနှစ်ခုဖြစ်တဲ့ Tele (means at a distance) နဲ့ Gramma (means letter) ကို ပေါင်းစပ်ရေးသားထားတာဖြစ်ပြီး Long Distance Writing ဆိုတဲ့

အဓိပ္ပါယ်ရပါတယ်။ ‌‌‌ဝေးကွာတဲ့နေရာနှစ်နေရာကို Information စတင်ပေးပို့နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

လျှပ်စစ်ဆိုတာ မပေါ်ပေါက်သေးခင်ကာလမှာ ကျွန်တော်တို့ဟာ အမြင်အာရုံ/အကြားအာရုံများကို အခြေခံပြီး ဆက်သွယ်ခဲ့ရတာပါ။ ထိုခေတ် ထိုအချိန်က အသုံးပြုခဲ့ကြတဲ့ Telegraph များကို Visual Telegraph/ Optical Telegraph လို့ခေါ်ကြပါတယ်။ Telegraph ဆိုတဲ့ဝေါဟာရ မပေါ်ပေါက် သေးတာမို့ Visual Signaling System လို့လည်းဆိုနိုင်ပါတယ်။

Visual/ Optical Telegraph စနစ်

ပြင်ဆင်ရန်

ထင်ရှားတဲ့ Visual Signaling တစ်ခုကိုပြောရရင် Semaphore စနစ်ပဲဖြစ်ပါတယ်။ ၎င်းစနစ် မှာဆိုရင် မီး/အလင်း/အလံ နဲ့ နေရောင်ကို အသုံးပြုပြီး အချက်ပြတဲ့စနစ်ဖြစ်ပါတယ်။ ထိုကဲ့သို့ အချက်ပြဖို့ရာ အစောပိုင်းကာလတွေမှာ မျှော်စင်ကဲ့သို့ အဝေးတစ်နေရာမှ မြင်နိုင်တဲ့နေရာတစ်ခုမှာ မတူညီတဲ့ပုံစံများကို အလံများဖြင့်ဖော်ပြပြီး  ဆက်သွယ်ပေးပို့ အချက်ပြခဲ့ကြပါတယ်။ နောက်ပိုင်း မှာတော့ သစ်သားမောင်းတံကြီးများကို အသုံးပြုတဲ့ Semaphore စနစ်ကို Claude Chappe နဲ့  Ignace Chappe ဆိုသူ ညီအစ်ကိုနှစ်ယောက်က (၁၇၉၁)ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။

ရွေ့လျားနိုင်တဲ့ သစ်သားမောင်းတံနှစ်ခုကိုအသုံးပြုကာ နာရီလက်တံအတိုင်းလှည့်ခြင်း၊ နာရီ လက်တံပြောင်းပြန်လှည့်ခြင်းအပေါ်အခြေခံကာ အက္ခရာများကိုသရုပ်ဖော်တဲ့စနစ်ကို တီထွင် ခဲ့ကြပါတယ်။ အချက်ပြမျှော်စင်များကို တစ်နေရာနဲ့တစ်နေရာ (၃-၅)မိုင်အကွာအဝေးစီမှာထားရှိခဲ့ကြပြီး Signaling Rate အနေနဲ့ပြောရရင် 3 symbols per minute (တစ်မိနစ်မှာ အက္ခရာ သုံးလုံး) ကိုပေးပို့ နိုင်ခဲ့ကြပါတယ်။ ယနေ့ခေတ်မှာလည်း Semaphore စနစ်ကို မီးရထားလမ်းပိုင်း အချက်ပြစနစ်တစ်ခုအဖြစ် Programmable Arms များ၊ LED Board များကို အသုံးပြုကာ ဆက်လက်အသုံးပြုလျက် ရှိနေပါသေးတယ်။

နောက်ထပ် ထင်ရှားတဲ့စနစ်တစ်ခုကတော့ (၁၇၅၉) ခုနှစ်မှာ George Murray ဆိုသူ တီထွင် ခဲ့တဲ့  Murray’s Telegraph လို့ခေါ်တဲ့စနစ်ပဲဖြစ်ပါတယ်။ ၎င်းစနစ်မှာတော့ ဖွင့်နိုင်/ပိတ်နိုင်တဲ့ Shutter (၆) စုံပါဝင်ပြီး ၎င်းတို့ကို ဖွင့်/ပိတ်ပြုလုပ်တဲ့ပုံစံများကို အခြေခံပြီး ဆက်သွယ်မှုစနစ်တစ်ခု ကို ထပ်မံတီထွင်ခဲ့ကြပါသည်။

(၁၈၀၀) ခုနှစ်ထဲမှာ Alessandro Volta က ဘက်ထရီကို တီထွင်ခဲ့ပြီး၊ (၁၈၂၀) ခုနှစ်မှာ Hans Christian Ørsted က လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့တည်ရှိမှုကို သရုပ်ပြခဲ့ပါတယ်။ အဆိုပါတီထွင်ဖန် တီးမှုနှစ်ခုကပဲ Electrical Communication System ကိုစတင်ဖို့ဖြစ်လာစေခဲ့ပါတယ်။ သံချောင်း တစ်ချောင်းကို ဝိုင်ယာကြိုးများရစ်ပတ်ပြီး ဘက်ထရီတစ်လုံးကိုအသုံးပြုကာ လျှပ်စီးပတ်လမ်းဖြစ် ပေါ်စေခြင်းဖြင့် ၎င်းသံချောင်းကို လျှပ်စစ်သံလိုက်ဖြစ်စေနိုင်တာကို တွေ့ရှိခဲ့ကြတာပါ။ အဆိုပါနည်း လမ်းဖြင့် ‌ဝေးကွာတဲ့နေရာတစ်ခုသို့ ဝိုင်ယာကြိုးသွယ်တန်းထားပြီး လျှပ်စီးပတ်လမ်းကို အဖွင့်/ အပိတ် ပြုလုပ်ကာ အချက်ပြဆက်သွယ်ခြင်းကို စတင်ခဲ့ပါတယ်။

Electric Telegraph စနစ်

ပြင်ဆင်ရန်

ပထမဆုံးသော Electric Telegraph ကိုတော့ Francis Ronalds ဆိုသူက (၁၈၁၆) ခုနှစ်မှာ စတင်ဖန်တီးခဲ့ပါတယ်။ Electric Telegraph လို့ခေါ်တဲ့အဆိုပါစနစ်ဟာ ပေးပို့သူ (Transmitter) နဲ့ လက်ခံသူ (Receiver) ကြားမှာ ဝိုင်ယာကြိုးသွယ်တန်းပြီးပေးပို့တဲ့ Point to Point Text Messaging System တစ်ခုပါ။ အဆိုပါ Telegraph သည် Static Electricity ကိုအသုံးပြုထားပြီး ပေးပို့သူနဲ့ လက်ခံသူကြားမှာ ဝိုင်ယာကြိုးလမ်းကြောင်းတစ်ခုကို ထားရှိတာဖြစ်ပြီး တစ်ဖက်တစ်ချက်စီမှာ အင်္ဂလိပ်အက္ခရာတွေပါဝင်တဲ့ Revolving Dial တစ်ခုစီကိုထားရှိတာပဲ ဖြစ်ပါတယ်။ ပေးပို့သူထံမှ ရရှိလာသောအချက်ပြမှုအပေါ်မူတည်ပြီး Revolving Dial မှအက္ခရာများနဲ့တွဲဖက်ကာ သတင်းစကား၊ အချက်အလက်တွေကို ပေးပို့ခဲ့ကြတာပဲဖြစ်ပါတယ်။

(၁၈၃၇) ခုနှစ်မှာတော့ William Fothergill Cooke ဆိုသူနဲ့ Charles Wheatstone ဆိုသူ နှစ်‌ယောက်ပူးပေါင်း ပြီး Cooke-Wheatstone electrical telegraph system ကိုကြေညာခဲ့ပါတယ်။ William Fothergill Cooke က ရှိပြီးသားအခြေအနေထက် ပိုမိုသေးငယ်တဲ့ Telegraph Device တစ်ခုဖြစ်ပေါ်လာဖို့ စိတ်ကူးရှိပြီး Charles Wheatstone ကတော့ ပိုမိုဝေးကွာတဲ့အကွာအ‌ဝေးကို ပေးပို့ချင်တဲ့စိတ်ကူးရှိသူပါ။ သူတို့နှစ်ယောက်ပူးပေါင်းအပြီးမှာတော့ အင်္ဂလန်မှာရှိတဲ့ မီးရထား စတေရှင်နှစ်ခုကနေတစ်ဆင့် ချိတ်ဆက်ထားတဲ့ Multi-wire Telegraph System တစ်ခုကို တီထွင် ခဲ့ပါတယ်။

၎င်း Telegraph မှာဆိုရင် သံလိုက်အိမ်မြှောင်ထဲမှာပါဝင်တဲ့ ညွှန်တံပုံစံ အပ်ချောင်းလေးများ ကိုအသုံးပြုပြီး အက္ခရာတွေ ကိုညွှန်ပြစေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၎င်း Telegraph ကို Needle Telegraph လို့လည်းခေါ်ပါတယ်။ ပေးပို့သူက (Transmitter) က လျှပ်စီးပတ်လမ်းကို အဖွင့်/ အပိတ် ပြုလုပ်ကာ လက်ခံသူ (Receiver) ဘက်ရှိ ညွှန်တံပုံစံ အပ်ချောင်းလေးများကို ဘယ်/ညာ ယိမ်းကာ လှုပ်ရှားစေနိုင်ပါတယ်၊ ဒီ Needle Telegraph ကလည်း အခြေခံကောင်းတစ်ခုဖြစ်စေခဲ့ပါတယ်။

Needle Telegraph ကိုတီထွင်ခဲ့စဉ်က One Needle, Two Needles, and Five Needles ဆို ပြီးသုံးမျိုးရှိခဲ့ပါတယ်။ အမျိုးအစားအလိုက် အပ်ချောင်းလေးများရဲ့ပုံစံကိုကြည့်ပြီး အက္ခရာအဓိပ္ပါယ် များကလည်းကွာခြားခဲ့ပါတယ်။

ထို့နောက်မှာတော့ Samuel Morse ဆိုသူက William Fothergill Cooke နဲ့ Charles Wheatstone တို့ရဲ့တီထွင်မှုကို နမူနာယူပြီး Telegraph System တစ်ခုကို (၁၈၃၇) ခုနှစ်မှာ စတင်တီထွင်ခဲ့ပါတယ်။ (၁၈၃၈) ခုနှစ်မှာတော့ အများရှေ့မှာ သရုပ်ပြခဲ့ပါတယ်။ Morse ရဲ့စနစ်က တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် မက်ဆေ့ချ်ပေးပို့တာ အပြင် ပေးပို့တဲ့မက်ဆေ့ချ်များကိုပါ Record ပြုလုပ်နိုင်ခဲ့ပါတယ်။ ထိုသို့ Record ပြုလုပ်နိုင်ဖို့ရာ သူ့ရဲ့ Telegraph နဲ့တွဲဖက်အသုံးပြုဖို့အတွက် Samuel F.B Morse ဟာအချက်ပြုဆက်သွယ်မှု စနစ်တစ်ခုကိုပါ တီထွင်ဖန်တီးခဲ့ပါတယ်။ အဆိုပါ ဆက်သွယ်မှုစနစ်ကို ကျွန်တော်တို့က Morse Code (မော့စ်-ကုတ်) လို့ခေါ်ဆိုကြပါတယ်။နောက်ထပ် (၅) နှစ် အကြာမှာတော့ လွှတ်တော်က ‌Morse ရဲ့ Telegraph System အတွက် Washington, DC နဲ့ Baltimore, Maryland နှစ်ခုကိုဆက်သွယ်ပြီးတော့ Electrical Line ‌ပြေးဆွဲနိုင်ရန်အတွက် USD $30,000 ကို ထုတ်ပေးခဲ့ပါတယ်။ ဒါကြောင့် တချို့စာစောင်တွေမှာ Morse Telegraph ကို (၁၈၄၄) ခုနှစ်မှာ တီထွင်ခဲ့တယ်လို့လည်း ဆိုကြတာဖြစ်ပါတယ်။ Electrical Line ကိုတည်ဆောက်အပြီး (၁၈၄၄) ခုနှစ်၊ မေလ (၂၄) ရက်နေ့မှာ Morse ဟာ တွဲဖက်တီထွင်သူ Alfred Lewis Vail ထံကို သမိုင်းတွင်စေမယ့် ပထမဆုံးသော မက်ဆေ့တစ်စောင်ဖြစ်တဲ့ “What hath God wrought!” ဆိုတဲ့စာသားကို ပေးပို့ပြခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ အဆိုပါစနစ်က တစ်ခဏချင်းပဲ ကမ္ဘာအနှံ့ပြန့်နှံ့ပြီး ကျော်ကြားသွားခဲ့ပါတော့တယ်။ နောက်ပိုင်းမှာလည်း Telegraph စနစ်ကိုပိုမို ကောင်းမွန်လာအောင် အဆင့်ဆင့်‌ပြောင်းလဲမှုတွေဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

Electric Telegraph စနစ်မှာဆိုရင် Transmitter ဘက်မှာရှိတဲ့ Telegraph Graph Key ကို ဖိနှိပ်လို့ရတဲ့ခလုပ်တစ်ခုအဖြစ်ဖန်တီးထားပြီး ၎င်းခလုပ်ထိခြင်း/ ကြွခြင်းကိုမူတည်က လျှပ်စီးပတ် လမ်းက ဖြစ်ပေါ်ခြင်း/ ပြတ်တောက်ခြင်းကို ပြောင်းလဲနေမှာဖြစ်ပါတယ်။ လျှပ်စီးပတ်လမ်းဖြစ်ပေါ်မှု အပေါ်မူတည်ကာ Receiver ဘက်တွင် လျှပ်စစ်သံလိုက်ကိုဖန်တီးမှာဖြစ်ပြီး ၎င်းသံလိုက်ထိကပ် ခြင်း/ မထိကပ်ခြင်းဖြင့် ပေးပို့လိုသော Morse Code Signal များကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Transmitter ဘက်ကပေးပို့လိုက်တဲ့ သတင်း အချက်အလက်များကို Receiver ဘက်မှာ Paper Tape တစ်ခုထားရှိပြီး Record ပြုလုပ်မှာပဲ ဖြစ်ပါတယ်။ ထို့နောက်မှာ ၎င်း Paper Tape ကို လိုသလိုဖြတ်တောက်ကာ စာရွက်ပေါ်မှာပြန်ကပ်ပြီး Decoding ပြန်လုပ်ကြတာပဲဖြစ်ပါတယ်။

(၁၈၈၇) ခုနှစ်မှာ Radio Wave ကို ဂျာမန်လူမျိုး Heinrich Hertz ကရှာဖွေတွေ့ရှိခဲ့အပြီးမှာ တော့ Radio Telegraph များအဖြစ်စတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်။

Communication စနစ် ကောင်းစွာမဖွံ့ဖြိုးသေးသောကာလများတွင် Bandwidth အနည်း ငယ်ရှိရုံဖြင့် တစ်နေရာနှင့် တစ်နေရာကောင်းစွာဆက်သွယ်နိုင်သော Telegraph စနစ်သည် အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ယနေ့ Communication စနစ် ဖွံ့ဖြိုးလာပြီးခေတ်တွင်လည်း Radio Telegraph စနစ်ကို အရေးကြီး/ အရေးပေါ်အချက်အလက်များကို ပေးပို့ရာတွင် Bandwidth သုံးစွဲမှုနည်းပါးမှုကြောင့် ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။

Radio Telegraph စနစ်ကိုတစ်နည်းအားဖြင့် Wireless Telegraph စနစ်လို့လည်းခေါ်ဆိုခဲ့ကြ ပါသေးတယ်။