The Dhamma Brothers သည် ၂၀၀၇ ခုနှစ်တွင် ထွက်ရှိခဲ့သည့် မှတ်တမ်းရုပ်ရှင်တစ်ခု ဖြစ်သည်။ Bessemer, Alabama အနီး Donaldson Correctional Facility ရှိ ထောင်သားများတရားအားထုတ်မှုအစီအစဉ်အကြောင်းကို ရိုက်ကူးထားသည်။ ရုပ်ရှင်တွင် လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသူများ၊ ထောင်စောင့်များ၊ ထောင်အရာရှိများ၊ ဒေသခံများနှင့် အခြားနေထိုင်သူများနှင့် တွေ့ဆုံမေးမြန်းမှုများ စသည်များပါဝင်သည်။ [၁][၂]သီချင်းအပါအဝင် အသံပိုင်းဆိုင်ရာကို Low, New Order and Sigur Rós စသည်တို့က ပါဝင်အားဖြည့်ထားသည်။[၃]

The Dhamma Brothers
အခြေခံအချက်အလက်
ဒါရိုက်တာJenny Phillips
Andrew Kukura
Anne Marie Stein
ကြာမြင့်ချိန်
76 minutes
နိုင်ငံUnited States
ဘာသာစကားEnglish
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ၂၀၀၇ (၂၀၀၇)

ရုပ်ရှင်ကို ဂျင်နီဖီးလစ် (Jenny Phillips) နှင့် အန်နီမာရီစတိန်း (Anne Marie Stein) က ရိုက်ကူးခဲ့သည်။ ဂျင်နီဖီးလစ် သည် စိတ်ကုထုံးဆရာဝန်၊ မနုဿဗေဒပညာရှင်၊ မှတ်တမ်းရုပ်ရှင်ဖန်တီးထုတ်လုပ်သူ ဖြစ်သည်။ အန်နီမာရီစတိန်း သည် ရုပ်ရှင်ကျောင်းတစ်ခု၏ အုပ်ချုပ်သူ ဖြစ်သည်။[၄] ၂၀၀၈ ခုနှစ်တွင် ဖီးလစ် သည် Letters from the Dhamma Brothers: Meditation Behind Bars (ISBN 1-92870-631-2) ဟူသည့် စာအုပ်ထွက်ရှိခဲ့သည်။ [၅][၃][၆]

The Dhamma Brothers ရုပ်ရှင်သည် နောက်ထပ်ထင်ရှားသည့် ရုပ်ရှင်တစ်ခု ဖြစ်သည့် Doing Time, Doing Vipassana (1997) နှင့် နှိုင်းယှဉ်ဖော်ပြခြင်း ခံခဲ့ရသည်။

တရားအားထုတ်ရေးအစီအစဉ် ပြင်ဆင်ရန်

ဒါရိုက်တာ ဂျင်နီဖီးလစ်၊ ဝိပဿနာတရားပြဆရာ Jonathan Crowley နှင့် Dr. Deborah Marshall တို့သည် ထောင်အတွင်း တရားအားထုတ်သည့်အစီအစဉ်အတွက် တာဝန်များစွာ ယူခဲ့ကြသည်။[၁] ဖီးလစ်သည် မက်ဆာချူးဆက်တွင် ထောင်အတွင်းယဉ်ကျေးမှုကို အရင်လေ့လာခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် သူမသည် Donaldson ရှိ ထောင်သားများသည် တရားအားထုတ်နေသည်ဟု ကြားသိခဲ့ရသည်။ [၇]ထို့နောက် သူမသည် ပထမဆုံး ၁၀ ရက်ကြတရားအားထုတ်သည့်စခန်းကို ၂၀၀၂ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည်။ [၈]သူမသည် အမေရိကန်နိုင်ငံရှိ လုံခြုံရေးအမြင့်ဆုံး ထောင်တစ်ခုဖြစ်သည့် Donaldson တွင် ပထမဆုံးအကြိမ် ကျင်းပနိုင်ရမည်ဟု ယုံကြည်ခဲ့သည်။[၇] ယခင် အမေရိကန်ရှိ တရားသင်တန်းများသည် မြို့များရှိထောင်များတွင်သာ ကျင်းပခဲ့သည်။[၉]

တရားအားထုတ်မှုအစီအစဉ်တွင် ဆရာကြီး ဦးဂိုအင်ကာ သင်ကြားပြသပေးခဲ့သည့် ဝိပဿနာတရားအားထုတ်မှုများကို သင်ပေးသည်။ ၂၀၀၂ ခုနှစ် ဇန်နဝါရီလတွင် ပထမဆုံး ၁၀ ရက်တရားစခန်းကို ထောင်အတွင်း၌ ထောင်သား ၂၀ ဦးဖြင့် စတင်ခဲ့သည်။ ရုပ်ရှင်တွင် ၂၀၀၂ ခုနှစ် မေလတွင် ထောင်သား ၃၇ ဦးဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ၁၀ ရက်တနားခန်းမှ ပုံရိပ်များ ပါဝင်သည်။[၈] Each retreat consisted of 10 hours of daily meditation and was held in complete silence.[၁၀] နောက်ထပ် တတိယအကြိမ် သုံးရက်တရားစခန်းကို ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် ပြလုပ်ခဲ့သည်။ ၎င်းတရားအားထုတ်မှုအကြိမ်တိုင်းတွင် တစ်နေ့လျှင် ကြာချိန် ၁၀ နာရီ တရားအားထုတ်ရပြီး ထိုအချိန်တွင် လုံးဝတိတ်ဆိတ်ကာ နေကြရသည်။[၁၁]

ရရှိမှု ပြင်ဆင်ရန်

Valley Advocate သတင်းစာ၏ ဂျက်ဘရောင်း (Jack Brown) သည်ဤရုပ်ရှင်ကို စတားလေးခု ပေးခဲ့သည်။ [၁၂]

ဆုများ ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ The Dhamma BrothersThe Hollywood Reporter (2008-04-15)။
  2. About.com movie review of The Dhamma Brothers။ Worldfilm.about.com။ 13 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-11-27 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ TV Guide review of The Dhamma Brothers by Ken Fox။ Tvguide.com။ 2011-11-27 တွင် ပြန်စစ်ပြီး။
  4. Scheib၊ Ronnie (2008-04-08)။ Variety review by Ronnie Scheib။ Variety.com။ 2018-05-02 တွင် ပြန်စစ်ပြီး။
  5. Publishers press release about the upcoming book။ Pariyatti.com။ 2011-11-27 တွင် ပြန်စစ်ပြီး။
  6. TV Guide review of Doing Time, Doing Vipassana by Ken Fox။ Tvguide.com။ 12 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-11-27 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ ၇.၂ Joiner၊ Whitney (2007-09-13)။ New York Times review of The Dhamma Brothers by Whitney Joiner။ Nytimes.com။ 2011-11-27 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ Publishers press release about the film
  9. "Vipassana Meditation In American Prisons" Archived 26 December 2017 at the Wayback Machine., North American Vipassana Prison Project
  10. From Murder to MeditationKhabar Magazine။ February 2, 2020 တွင် ပြန်စစ်ပြီး။
  11. New York Times review of The Dhamma Brothers by Jeannette Coutsoulis, April 11, 2008
  12. Brown, Jack. "Cinema Dope: Fedora the Explorer Archived 29 July 2014 at the Wayback Machine.." Valley Advocate. Thursday May 29, 2008. Retrieved on October 9, 2010.
  13. 2007 Pass Award Winners (PDF)။ National Council on Crime and Delinquency။ 11 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 24, 2016 တွင် ပြန်စစ်ပြီး။