မြန်မာတိုင်း(မ်)
မြန်မာတိုင်း(မ်) (အင်္ဂလိပ်: The Myanmar Times) သည် မြန်မာနိုင်ငံတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသည့် အပတ်စဉ်ဂျာနယ် တစ်စောင်ဖြစ်သည်။ ၆၈ မျက်နှာပါ မြန်မာဘာသာ ဂျာနယ်စာကို သောကြာနေ့တွင် လည်းကောင်း၊ မျက်နှာ ၄၀ ပါ အင်္ဂလိပ်ဘာသာ ဂျာနယ်ကို တနင်္လာနေ့တွင် လည်းကောင်း ပုံနှိပ်ထုတ်ဝေသည်။
အမျိုးအစား | အပတ်စဉ်ထုတ် သတင်းစာ |
---|---|
ပုံစံအချိုးအစား | Berliner |
ပိုင်ဆိုင်သူ | Myanmar Consolidated Media Co. Ltd. (MCM) |
တည်ထောင်သူ | ရော့စ် ဒန်ကလေ နှင့် ဦးဆန်နီဆွေ |
အယ်ဒီတာ | ဒေါက်တာတင်ထွန်းဦး (မြန်မာဘာသာ) Bill Clough (အင်္ဂလိပ်ဘာသာ) |
ဘာသာစကား | မြန်မာ၊ အင်္ဂလိပ် |
ဌာနချုပ်များ | အမှတ် ၃၇၉/၃၈၃၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ |
ဝက်ဘ်ဆိုဒ် | mmtimes.com |
မြန်မာတိုင်း(မ်)ကို ဩစတြေးလျနိုင်ငံသား ရော့စ် ဒန်ကလေ (Ross Dunkley) နှင့် တပ်မတော် ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ်သိန်းဆွေ၏သား ဦးဆန်နီဆွေတို့က ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။ Myanmar Consolidated Media Co. Ltd. (MCM) ပိုင်ဆိုင်သည့် မြန်မာတိုင်း(မ်)သည် လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် တစ်ဦးတည်းသော ဂျာနယ်ဖြစ်သည်။[၁] သို့သော်လည်း Myanmar Consolidated Media ရှယ်ယာ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ၄၉ % သာရှိပြီး ကျန် ၅၁ % မှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် ဦးဆန်နီဆွေအဖမ်းခံရပြီးနောက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ၅၁ % ကို မီဒီယာလုပ်ငန်းရှင် ဒေါက်တာ တင်ထွန်းဦးမှ ဆက်ခံခဲ့သည်။
2022 တွင် ဖျက်သိမ်းခဲ့သည်။
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်- Official site (အင်္ဂလိပ်)
- Official site (မြန်မာ) Archived 16 October 2019 at the Wayback Machine.
ကိုးကား
ပြင်ဆင်ရန်- ↑ Burma: Co-founder of Myanmar Times On Trial Archived 20 November 2008 at the Wayback Machine., Centre for Independent Journalism, February 8, 2005.