Type 001A လေယာဉ်တင်သင်္ဘော
Type 001A လေယာဉ်တင်သင်္ဘောသည် တရုတ် လေယာဉ်တင်သင်္ဘောတစ်စင်းဖြစ်ပြီး ၂၆ ဧပြီလ ၂၀၁၇ တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ)တွင် အသုံးပြုရန် ရေချ၍ တပ်တော်ဝင်ခဲ့သည်။ ဤလေယာဉ်တင်သင်္ဘောသည် တရုတ်နိုင်ငံအတွက် လေယာဉ်တင်သင်္ဘော လျောင်နင်း ပြီးလျှင် ဒုတိယမြောက် ပိုင်ဆိုင်ခဲ့သော သင်္ဘောတစ်စင်းဖြစ်ပြီး ပြည်တွင်းတွင် တည်ဆောက်ခဲ့သော ပထမဆုံးသော လေယာဉ်တင်သင်္ဘောဖြစ်သည်။
သမိုင်းကြောင်း | |
---|---|
တရုတ်နိုင်ငံ | |
အမည်: | မသိရ |
တည်ဆောက်သူ: | Dalian Shipbuilding |
သင်္ဘောရေချသောရက်: | 26 April 2017 |
ပင်မဆိပ်ကမ်း: | Qingdao, China |
Identification: | CV 17 |
အခြေအနေ: | Launched, fitting out |
အထွေထွေ အချက်အလက်များ (As designed) | |
အမျိုးအစား: | လေယာဉ်တင်သင်္ဘော |
ဖယ်ထုတ်ခံရသော ရေထု: | |
အလျား: | ၃၁၅ m (၁,၀၃၃ ft)[၃] |
အမြန်နှုန်း: | ၃၁ knot (၃၆ miles per hour; ၅၇ kilometres per hour)[၃] |
သယ်ဆောင်နိုင်သော လေယာဉ်: | ၄၈ |
Type 001A လေယာဉ်တင်သင်္ဘော | |||||||
ရိုးရာ တရုတ် | 001A型航空母艦 | ||||||
---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 001A型航空母舰 | ||||||
|
ရေယာဉ်တည်ဆောက်ခြင်း
ပြင်ဆင်ရန်လေယာဉ်တင်သင်္ဘောကို တလျန်မြို့တွင် China Shipbuilding Industry Corporation မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ [၄] အစိုးရသတင်းဌာနတစ်ခုဖြစ်သော ရှင်ဟွာ သတင်းဌာနအဆိုအရ ကနဦးရေယာဉ်တည်ဆောက်မှုကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး သင်္ဘောကိုယ်ထည်ကိုတော့ မတ်လ ၂၀၁၅ တွင် စတင်တည်ဆောက်ခဲ့သည်။[၄] တရုတ်အစိုးရအနေဖြင့် အလုံးစုံပြီးစီးမှုမတိုင်မီ သင်္ဘောအားတည်ဆောက်နေမှုကို တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။ အစောပိုင်းသင်္ဘောကိုယ်ထည်တပ်ဆင်နေမှုကို စစ်သုံးဂြိုဟ်တုဓာတ်ပုံများအရ မတ်လ ၂၀၁၅ ခုနှစ်တွင် သိရှိခဲ့ရသည်။ နောက်တစ်လအကြာတွင် အင်တာနက်ပေါ်တွင် တလျန်သင်္ဘောကျင်းရှိ စစ်ဘက်တွင်အသုံးပြုမည့် ပုံစံဝိသေသများနှင့် သင်္ဘောကိုယ်ထည်၏ ဓာတ်ပုံများ ပေါ်ထွက်လာခဲ့သည်။[၅][၆] ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် သင်္ဘောကိုယ်ထည်ပေါ်၌ လေယာဉ်သိုလှောင်ရုံများတည်ဆောက်သောအခါတွင် သင်္ဘော၏အဆင့်အတန်းကို ဖော်ပြနိုင်မည့် လက္ခဏာများ ထွက်ပေါ်လာခဲ့သည်။[၆] ဒီဇင်ဘာလ ၂၀၁၅ ခုနှစ်တွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ ထိုသင်္ဘောသည် လေယာဉ်တင်သင်္ဘောဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး တည်ဆောက်ဆဲရှိသည်ဟု ပြောကြားခဲ့သည်။[၇]
လေယာဉ်များပျံတက်ရန်အတွက် ဆင်ခြေလျှောသဏ္ဌာန်( ski jump takeoff ramp) တပ်ဆင်ပြီးသောအခါ သင်္ဘောကိုယ်ထည်တည်ဆောက်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် မေလတွင် ပြီးဆုံးခဲ့သည်။[၈]
ရေယာဉ်တည်ဆောက်မှုဆိုင်ရာ ဗိသုကာပုံစံ
ပြင်ဆင်ရန်ယခုသင်္ဘော၏ဒီဇိုင်းပုံစံသည် ယခင်တည်ဆောက်မပြီးစီးခဲ့သော ကုဇညှက်ဇော့ အမျိုးအစား သင်္ဘောကို ပြန်လည်တည်ဆောက်ခဲ့သည့် တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်သော လျောင်နင်းအား များစွာအခြေပြုဆွဲခဲ့သော ဆိုဗီယက်ယူနီယံ၏ ကုဇညှက်ဆော့ဗ် လေယာဉ်တင်သင်္ဘော အမျိုးအစားဖြစ်သည်။[၉][၁၀] လျောင်နင်းနှင့်နှိုင်းယှဉ်လျှင် အနည်းငယ်မျှ ပြုပြင်အဆင့်မြင့်တင်ထားခဲ့ရာ ရေဒါများအဆင်မြှင့်တင်ခြင်း[၁၀]၊ ခဲယမ်းနှင့် လောင်စာဆီ သိုလှောင်နိုင်မှု ပမာဏတိုးမြှင့်ခြင်း၊ လျောင်နင်းထက်ပိုမို၍ လေယာဉ်များ ပိုမိုသယ်ဆောာင်နိုင်ခွင့်ရှိခြင်းတို့ ပါဝင်သည်။ (ခန့်မှန်း ၃၀ နှင့် ၄၀ ကြားရှိ ဂျက်လေယာဉ်နှင့် ရဟတ်ယာဉ် သယ်ဆောင်နိုင်)[၈][၁၁] သင်္ဘော၏ အလျားသည် ၃၁၅ မီတာ (၁,၀၃၃ ပေ) ရှိပြီး သင်္ဘော၏ ဆံနိုင်စွမ်းမှာ ၅၀,၀၀၀ တန် (ဝန်နှင့် ၇၀,၀၀၀)ရှိသည်။[၁၂][၁၁] သင်္ဘောအား သမာရိုးကျ ဆီကို အပူပေးသော ဘွိုင်လာများအသုံးပြု၍ ရေနွေးငွေ့တာဘိုင်အား အပူပေးခြင်းဖြင့် လှည်ပတ်သည်ဟု ယူဆရသည်။[၉] သင်္ဘောတွင် လေယာဉ်များပျံတက်ရန်အတွက် အပေါ်သို့ ကွေးထားသော ဆင်ခြေလျှောသဏ္ဌာန် အသုံးပြုပျံသန်းခြင်း(Ski-jump) ဖြင့် ပျံသန်းရန် ပြုလုပ်ထားပြီး ထိုသို့သော ပျံတက်ခြင်းသည် ရဟတ်ယာဉ်များနှင့် Shenyang J-15 တိုက်ခိုက်ရေးလေယာဉ်များသာ ပျံတက်နိုင်ရန် ကန့်သတ်ထားသောကြောင့် နောင်တွင် တရုတ်လေယာဉ်တင်သင်္ဘောများအား ပိုမိုကြီးမားသော လေယာဉ်များ ပျံသန်းနိုင်ရန် ရည်ရွယ်၍ လောက်လွဲများ(catapult) အသုံးပြုရန် စီစဉ်ထားကြသည်။[၈][၁၃]
ကိုးကား
ပြင်ဆင်ရန်- ↑ Chappell၊ Bill။ "China Celebrates Launch Of 'Homemade' Aircraft Carrier"၊ National Public Radio၊ 26 April 2017။
- ↑ China, Sending a Signal, Launches a Home-Built Aircraft Carrier။ The New York Times (25 April 2017)။ 29 April 2017 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ Chan၊ Minnie။ "10 things you should know about China’s first home-built aircraft carrier"၊ South China Morning Post၊ 12 April 2017။
- ↑ ၄.၀ ၄.၁ China launches second aircraft carrier။ Xinhua (26 April 2017)။ 26 April 2017 တွင် ပြန်စစ်ပြီး။
- ↑ China may be building first indigenous carrier။ IHS Jane's Defence Weekly (27 September 2015)။ 30 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 April 2017 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ China's First Homemade Carrier Moves Forward။ Popular Science (27 October 2015)။ 26 April 2017 တွင် ပြန်စစ်ပြီး။
- ↑ China Begins Building Second Aircraft Carrier။ The Wall Street Journal (31 December 2015)။ 26 April 2017 တွင် ပြန်စစ်ပြီး။
- ↑ ၈.၀ ၈.၁ ၈.၂ China's New Carrier Gets A Ski Ramp။ Popular Science (20 May 2016)။ 26 April 2017 တွင် ပြန်စစ်ပြီး။
- ↑ ၉.၀ ၉.၁ Further progress made on China's Type 001A carrier။ IHS Jane's Defence Weekly (26 September 2016)။ 26 April 2017 တွင် ပြန်စစ်ပြီး။
- ↑ ၁၀.၀ ၁၀.၁ China Adds An Island Tower To Its Aircraft Carrier။ Popular Science (6 October 2016)။ 26 April 2017 တွင် ပြန်စစ်ပြီး။
- ↑ ၁၁.၀ ၁၁.၁ China Launches First Home-Built Aircraft Carrier, Boosting Naval Power။ The Wall Street Journal (26 April 2017)။ 26 April 2017 တွင် ပြန်စစ်ပြီး။
- ↑ China, Sending a Signal, Launches a Home-Built Aircraft Carrier။ The New York Times (25 April 2017)။ 26 April 2017 တွင် ပြန်စစ်ပြီး။
- ↑ Analysis: Chinese aircraft carrier program progressing substantially into the new year။ Defense News (31 January 2017)။ 26 April 2017 တွင် ပြန်စစ်ပြီး။