Weathering with You

ဂျပန်အန်နီမဲရုပ်ရှင်
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Weathering with You (天気の子 Tenki no Ko?, literally "Child of Weather")သည် ၂၀၁၉ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရုံတင်မည့် ဒါရိုက်တာ မကိုတို ရှင်းကအိ မှ ရေးသားရိုက်ကူးပြီး CoMix Wave Films ကုမ္ပဏီမှထုတ်လုပ်သော ဂျပန်အန်နီမဲ ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ အသံသရုပ်ဆောင်များ အဖြစ် ကိုတရို တအိဂေါ့ နှင့် နန မိုရိ တို့မှ အဓိက သရုပ်ဆောင်ထားသည်။[၂]

Weathering with You
အခြေခံအချက်အလက်
ဒါရိုက်တာမကိုတို ရှင်းကအိ
ထုတ်လုပ်သူGenki Kawamura[၁]
Story inc.[၂]
စာရေးသူမကိုတို ရှင်းကအိ
သရုပ်ဆောင်
  • ကိုတရို တအိဂေါ့
  • နန မိုရိ
ဂီတမှူးRadwimps[၃][၄]
တည်းဖြတ်Makoto Shinkai[*]
ထုတ်လုပ်ရေး
ကုမ္ပဏီ
CoMix Wave Films
နိုင်ငံဂျပန်နိုင်ငံ
ဘာသာစကားဂျပန်ဘာသာ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ဇူလိုင် ၁၉၊ ၂၀၁၉ (၂၀၁၉-၀၇-၁၉)
ထုတ်ဝေသူတိုဟို

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

အထီးကျန်ဖွယ်ရာ ကျွန်းကလေးတစ်ကျွန်းရှိအိမ်တွင် နေထိုင်သော အထက်တန်း ပထမနှစ် ကျောင်းသား ဟိုဒက မိုရိရှိမ သည် သူနေထိုင်ရာ အိမ်မှဆင်းပြီး တိုကျိုမြို့ သို့ ထွက်လာခဲ့သည်။ သူသည် တိုကျိုမြို့တွင် အဆင်မပြေမှုများစွာ ကို ရင်ဆိုင်ဖြတ်သန်းရင်း တစ်နေ့မှာ a shady occult အမည်ရ မဂ္ဂဇင်းတိုက်မှာ စာရေးဆရာ အဖြစ် အလုပ်ရခဲ့သည်။ သို့သော် သူအလုပ်ဝင်သည့် နေ့မှ စပြီး နေ့စဉ် လိုလို တစ်ရက်ပြီး တစ်ရက် မိုးဆက်တိုက်ရွာတော့သည်။ တစ်နေ့ တွင် ဟိုဒက သည် ရှုပ်ထွေးလှသည့် မြို့၏ တစ်နေရာ တွင် ဟီန အမနို ဟူသော မိန်းကလေး နဲ့တွေ့ဆုံခဲ့သည်။ သီန သည် အခြေအနေ တစ်ခုကြောင့် သူမ၏ မောင်လေး နှင့် အတူနေထိုင်ပြီး ကြံ့ခိုင်သော စိတ်ဓာတ်ပိုင်ရှင် ဖြစ်သလို ဟီန အမနို သည် မိုးရွာနေသည် ကို ရပ်နိုင်သလို ရာသီဥတု သာယာအောင် လုပ်နိုင်သော ထူးဆန်းသော စွမ်းအား ပိုင်ရှင်လည်း ဖြစ်သည်။ [၂] [၅]

ဇာတ်ဆောင်များ ပြင်ဆင်ရန်

ဇာတ်ကောင် ဂျပန်အသံသရုပ်ဆောင် ကိုးကား
ဟိုဒက မိုရိရှိမ (森嶋帆高 Morishima Hodaka?) ကိုတရို တအိဂေါ့ [၂]
အထက်တန်း ပထမနှစ် ကျောင်းသား ၊ အိမ်ပေါ်မှ ဆင်းပြီး တိုကျိုမြို့ သို့ထွက်လာခဲ့ပြီးနောက် အဆင်မပြေမှုများ တွေ့ကြုံပြီး a shady occult မဂ္ဂဇင်းတိုက် တွင် စာရေးဆရာ အဖြစ် အလုပ်လုပ်သူ
ဟီန အမနို (天野陽菜 Amano Hina?) နန မိုရိ
အခြေအနေတစ်ခုကြောင့် မောင်လေး နှင့် အတူ နေထိုင်သူ ၊ မိုးရွာနေသည်ကို ရပ်နိုင်ပြီး ရာသီဥတု သာယာအောင် လုပ်နိုင်သည့် ထူးခြားသော စွမ်းအား ရှိသူ
ကဲအိစုကဲ စုဂ Shun Oguri [၅]
နဆုမီ Tsubasa Honda
တိုမီ Chieko Baisho
နဂီဆ အမနို Sakura Kiryū
ယဆုအိ Sei Hiraizumi
တကအိ Yūki Kaji

ထုတ်လုပ်ရေး ပြင်ဆင်ရန်

၂၀၁၈ခုနှစ် ဩဂုတ်လ ၂ရက်နေ့တွင် ဒါရိုက်တာမကိုတို ရှင်းကအိ သည် "သူသည် နောက်နှစ်တွင် ထူးခြားတဲ့ ရုပ်ရှင်တစ်ကား ဖန်တီး ရိုက်ကူးနေကြောင်း" ထုတ်ဖော်ပြောကြားခဲ့သည်။ [၆] အဆိုပါ ရုပ်ရှင် အတွက် မဆယို တနက သည် ဇာတ်ကောင် ပုံစံထုတ်သူ အဖြစ် လည်းကောင်း ၊ အဆုရှိ တမူရိ သည် အန်နီမေးရှင်း ဒါရိုက်တာ အဖြစ် လည်းကောင်း ၊ ဟိရိုရှိ တဂုချိ သည် art ဒါရိုက်တာ အဖြစ် ပါဝင်လုပ်ကိုင်ထားကြသည်။ [၇] [၈] [၉] [၂]

အသံစစ်ဆေးခြင်း ပြင်ဆင်ရန်

အဆိုပါ ရုပ်ရှင်၏ အဓိက ဇာတ်ကောင်နှစ်ခု အတွက် လူပေါင်း ၂ထောင်ကျော် လာရောက် အသံစစ်ဆေး ခံခဲ့ပြီး ကိုတရို တအိဂေါ့ နှင့် နန မိုရိ တို့မှ ရွေးချယ်ခံ ခဲ့ရသည်။ အခြားသော အသံဇာတ်ဆောင်များ မှာ မင်းနာမည် က ရုပ်ရှင် တွင် ပါဝင်ခဲ့သော အသံသရုပ်ဆောင်များ ကိုသာ ပြန်လည် ရွေးချယ်ထားသည်။[၁၀] ၂၀၁၉ခုနှစ် မေလ ၂၉ရက်နေ့ တွင် အရံ အသံသရုပ်ဆောင်များ အဖြစ် Shun Oguri (Keisuke Suga), Tsubasa Honda (Natsumi), Chieko Baisho (Tomi), Sakura Kiryū (Nagisa Amano), Sei Hiraizumi (Yasui),Yūki Kaji (Takai) တို့ ပါဝင်‌ကြောင်း ကြေညာ ထားသည်။[၁၁][၅]

အသံသွင်းခြင်း ပြင်ဆင်ရန်

အဆိုပါ ရုပ်ရှင် ၏ အသံသွင်း ခြင်း ကို ဧပြီလ ၂၇ရက်နေ့တွင် စတင်ခဲ့သည်။ [၁၂]

ကိုးကား ပြင်ဆင်ရန်

  1. Weathering With You WIP Feature။ CITIA, Image & Creative Industries (24 May 2019)။ 24 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 May 2019 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ Sherman၊ Jennifer (April 9, 2019)။ Makoto Shinkai's "Tenki no Ko" Anime Film Teaser Previews RADWIMPS Song။ April 19, 2019 တွင် ပြန်စစ်ပြီး။
  3. Komatsu၊ Mikikazu။ "Weathering with You Film's Teaser Trailer Introduces Rainy World Visuals, Theme Song by RADWIMPS"၊ April 9, 2019။ April 10, 2019 တွင် ပြန်စစ်ပြီး 
  4. 映画『天気の子』予報 [Weathering with You Teaser Trailer] (ဂျပန်ဘာသာစကားဖြင့်)။ Toho Movie YouTube Channel။ April 9, 2019။ April 9, 2019 တွင် မူရင်း အား မော်ကွန်းတင်ပြီးApril 10, 2019 တွင် ပြန်စစ်ပြီး – via YouTube။
  5. ၅.၀ ၅.၁ ၅.၂ Sherman၊ Jennifer (May 28, 2019)။ Makoto Shinkai's Weathering With You Film Reveals 2nd Teaser Video, More Cast။ May 30, 2019 တွင် ပြန်စစ်ပြီး။
  6. Valdez၊ Nick။ "'Your Name' Director Teases Next Film"၊ August 3, 2018။ December 14, 2018 တွင် ပြန်စစ်ပြီး 
  7. Chapman၊ Paul။ "'Tenki no Ko: Weathering With You' Theatrical Anime Film Unveils Cast, Staff, Key Visual for New Makoto Shinkai Film"၊ December 13, 2018။ December 18, 2018 တွင် ပြန်စစ်ပြီး 
  8. Blair၊ Gavin J.။ "'Your Name' Director Makoto Shinkai Announces New Anime Feature"၊ December 14, 2018။ December 18, 2018 တွင် ပြန်စစ်ပြီး 
  9. Schilling၊ Mark။ "‘Your Name’ Director Makoto Shinkai Readies ‘Weathering’"၊ December 18, 2018။ December 18, 2018 တွင် ပြန်စစ်ပြီး 
  10. Kato၊ Yusuke (January 25, 2019)။ 1st new film from director of ‘Your Name.’ to hit theaters in July။ 25 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 25, 2019 တွင် ပြန်စစ်ပြီး။
  11. 新海誠最新作「天気の子」最新映像に新たな主題歌、小栗旬・本田翼らの出演も決定 (in Japanese) (May 29, 2019)။ May 28, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 28, 2019 တွင် ပြန်စစ်ပြီး။
  12. Komatsu၊ Mikikazu။ "Makoto Shinkai's Weathering With You Film Starts Voice Recording Sessions"၊ 29 April 2019။ 1 May 2019 တွင် ပြန်စစ်ပြီး 

ပြင်ပလင့်များ ပြင်ဆင်ရန်