မြန်မာနိုင်ငံ၏ မြောက်ဖျားနေ ကချင်သွေးချင်းများသည် ကချင်၊ ခုန်ချင်၊ တီးမှုတ်ချင်သော တိုင်းရင်းသားလူမျိုးစု ဖြစ်သည်။ အတီးအမှုတ် အကအခုန်ကို ရိုးရာပွဲလမ်းသဘင်များ၌ အသုံးပြုကြသည်။ တီးမှုတ်ကြသည်။ သီဆိုကြသည်။ ကချင်ရိုးရာတူရိယာများသည် ကိုယ့်ဒေသ ကိုယ့်လူမျိုးကို အခြေပြု၍ တီထွင်ကြံဆထားသဖြင့် ရိုးရာယဉ်ကျေးမှုကို ပီပြင်စေသည်။ တိုင်းတပါး တူရိယာ၊ တိုင်းတပါး အသုံးအဆောင်များကို မသုံးကြဘဲ ကိုယ့်ပြည်တွင်းဖြစ် တူရိယာများကိုသာ လိုလိုလားလား အသုံးပြုနေကြသည်။

ကချင်ရိုးရာတူရိယာများကို လေ့လာကြည့်ပါက လေမှုတ်တူရိယာနှင့် တီးခတ်တူရိယာများ ဟူ၍ နှစ်မျိုးနှစ်စား ရှိပေသည်။ ယင်းတို့မှာ -

  1. မနောစည်တော်
  2. မောင်း
  3. အိုးစည်
  4. လင်းကွင်း
  5. နှဲ
  6. ပြီထောက်
  7. ပြီမာန်
  8. ရွက်ဇော်
  9. ခါးရွယ်
  10. ဂျန့်ချီး
  11. ပြီပတ်
  12. ပြီခရောင်
  13. ဝန်ပေါင်(င်)
  14. ဗူးပြွေ
  15. ဘင်ဂျို
  16. ပေါင်(င်)
  17. လရုန်း
  18. ဆွမ်လရန်
  19. ပြီဆွန်း
  20. ပြီလန်
  21. တူရင်(ထုရဲန်)
  22. ခရာ
  23. ခပစ်
  24. ဒေါ်ရော် တို့ပင် ဖြစ်သည်။

ကချင်ရိုးရာတူရိယာများသည် အစွမ်းထက်ကြပေသည်။ အနုပညာ ပြည့်ဝကြသည်။ လူသားတို့၏ အသိစိတ်ကို အားမာန်ပြည့်ဖြိုးစေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်ဂုဏ်ဆောင် ရေး ကချင်ရိုးရာတူရိယာများ ဆောင်းပါး၊ ငွေတာရီ၊ အမှတ်(၁၂၈)၊ ဖေဖော်ဝါရီ ၁၉၇၁-ခုနှစ်၊ စာ ၃၀-၃၄