ကချင်လွတ်မြောက်ရေးတပ်မတော်

မြန်မာနိုင်ငံ၏တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့

ကချင်လွတ်မြောက်ရေး တပ်မတော် (အင်္ဂလိပ်: Kachin Independence Army; ကချင်: ShangLawt Hpyen; အတိုကောက် KIA)သည် ကချင်လွတ်လပ်ရေးအဖွဲ့၊ တပ်မတော်(KIO)အဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ၁၉၆၁-ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၄-ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်
မြန်မာ့ပြည်တွင်းပဋိပက္ခများတွင် ပါဝင်
ကချင်လွတ်မြောက်ရေးတပ်မတော်၏ အလံတော်
လှုပ်ရှား၁၉၆၁ (၁၉၆၁)–လက်ရှိ
ခံယူချက်ကချင်အမျိုးသားရေး
ဖက်ဒရယ်ပြည်ထောင်စုစနစ်
ဦးဆောင်သူများဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ် ဂွမ်မော်
ဌာနချုပ်လိုင်ဇာမြို့ကချင်ပြည်နယ်
လှုပ်ရှားသည့် ဧရိယာကချင်ပြည်နယ်မြန်မာနိုင်ငံ
ယူနန်ပြည်နယ်တရုတ်နိုင်ငံ
အိန္ဒိယ အရှေ့မြောက်ပိုင်း
အင်အား၁၀,၀၀၀–၁၂,၀၀၀[၁]
တစ်စိတ်တစ်ပိုင်းကချင်လွတ်လပ်ရေးတပ်မတော်
မဟာမိတ်မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့[၂]

Other allies

ပြိုင်ဘက်
တိုက်ပွဲနှင့် စစ်ပွဲများမြန်မာ့ပြည်တွင်းပဋိပက္ခများ

အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ၂၀၁၁-ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်း ဖြစ်သည်။ စစ်ဦးစီးချုပ်မှာ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ရက်တွင် ရှမ်းပြည်မြောက်ပိုင်း တွင် စတည်ဖွဲ့စည်းခဲ့ပြီး ဌာနချုပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်း တွင်ထားရှိခဲ့သည်။ ပထမဆုံး KIA စစ်ဦးစီးချုပ်မှာ လထော်ဇော်ဆိုင်း ဖြစ်သည်။ ၁၉၇၀ အစောပိုင်း ကာလများ၌ KIAသည် ဗကပ၊ မဆလ များနှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ နောက်ပိုင်းတွင် ဗကပနှင့် မဟာမိတ်ဖွဲ့ပြီး တရုတ်ပြည် ကွန်မြူနစ်ထံမှ လက်နက်အကူအညီ ရယူကာ တပ်မတော်အား တိုက်ခိုက်ခဲ့ကြသည်။ ၁၉၉၄တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲပြီးနောက် ဒေသတွင်း ဖွံဖြိုးရေးများ၊ မူယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ဆင်ရေးများ ပြုလုပ်ခဲ့ကြသည်။ ၂၀၀၉ခုနှစ်တွင် အစိုးရ၏ လက်နက်ကိုင်များ နယ်ခြါးစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းခြင်းတွင် သဘောတူညီမှု မရခဲ့ပေ။ ထိုစဉ်မှ စစ်​ရေး တင်းမာမှုများ ရှိခဲ့ကြပြီး ၂၀၁၁တွင် ၁၇နှစ်ကြာ အပစ်ခတ်ရပ်စဲရေး မှာ ပျက်သုန်းခဲ့ပြီး ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။

၂၀၁၅-၂၀၂၀ခူနှစ်အတွင်းအခြေအနေ ပြင်ဆင်ရန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDအစိုးရလက်ထက်(၂၀၁၅-၂၀၂၀)ခုနစ်အတွင်းစစ်တပ်နှင့်kia တို့ထိတွေ့တိုက်ပွဲတစ်ပွဲမျှပင်မဖြစ်ပွားခဲပေ။စစ်တပ်သည်ထိုကာလအတွင်းKIA တပ်နှင်တိုက်ပွဲအနည်းငယ်ခန့်သာဖြစ်ပွားခဲသည်။၂၀၁၈မှ၂၀၂၀အောက်တိုဘာလလယ်ခန့်အထိရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ရက္ခိုင့်တပ်မတော်AA၊အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်ARSA၊တပ်များနှင့်စစ်တပ်တို့အပြင်းပြင်းအထန်ထန်တိုက်ပွဲများဖြစ်ပွားခဲသည်။

၂၀၂၁-ယခုလက်ရှိအခြေအနေ ပြင်ဆင်ရန်

၂၀၂၁ခုနှစ်ဖေဖော်ဝါရီလစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစပြီးအာဏာသိမ်းစစ်တပ်နှင့် KIA တို့တစ်ကျော့ပြန်စစ်ပွဲအကြိမ်၁၀၀ထက်မနည်းဖြစ်ပွားခဲ့သည်။ကချင်ပြည်နယ် ဒေါ့ဖုန်းယမြို့နယ်ခွဲရှိ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် အလောဘွမ်ဗျူဟာကုန်းတပ်စခန်းကို KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများက မတ်လ ၂၅ ရက် မနက် ၅ နာရီလောက် တိုက်ခိုက်သိမ်းယူခဲ့သည်။စစ်ကောင်စီသည်KIAသိမ်းထားသောအလောဘွမ်စခန်းကိုပြန်လည်သိမ်းရန်အတွက်အင်အားအလွန်အကျွံသုံးကာတိုက်ခိုက်ခြင်း၊လေကြောင်စစ်ဆင်ခြင်း၊လက်နက်ကြီများနှင့်ထိုးစစ်ဆင်ခဲ့သည်။သို့သော်ယခုတိုင်kiaကထိန်းချုပ်ထားစဲဖြစ်၏။ကချင်ပြည်နယ်တွင်ရှိသောမြို့နယ်များရှိစစ်စခန်းများအားkiaမှသိမ်းပိုက်ခဲ့၏။

NUGအစိုးရနှင့်ဆက်ဆံရေး ပြင်ဆင်ရန်

တပ်ဖွဲ့ခွဲများ ပြင်ဆင်ရန်

KIA သည် တပ်မဟာ ၁၀ခုဖြင့် လှုပ်ရှားနေသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ တပ်မဟာ တစ်ခုတွင် စစ်သည်အင်အား ၁၂၀၀ အထက် ၁၈၀၀ အောက်ဖြစ်ပြီး တပ်ရင်းအင်အားမှာ ၂၅၀ အထက် ၄၀၀ အောက်ဖြစ်သည်။

တပ်မဟာများ ပြင်ဆင်ရန်

  • တပ်မဟာ ၁ ၏ လှုပ်ရှားနယ်မြေမှာ ပူတာအို
  • အမှတ် ၂ တပ်မဟာ ၏ လှုပ်ရှားနယ်မြေမှ တနိုင်းဒေသ
  • အမှတ် ၃ တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ဗန်မော်ခရိုင်
  • အမှတ်၄ တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ရှမ်မြောက် အနောက်ဘက်
  • အမှတ် ၅ တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ဝိုင်းမော် အနီးနှင့် ဌာနချုပ်အနီး
  • အမှတ် ၆ တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ​​မြောက် ရှ​မ်းမြောက်
  • အမှတ် ၇ တပ်မဟာ ၏ လှုပ်ရှာ​းနယ်မြေမှာ ပန်ဝါ ​​​ဖြစ်
  • အမှတ် ၈ တပ်မဟာ၏လှုပ်ရှားနယ်မြေမှာ မိုးကောင်း မိုးညင်း
  • အမှတ် ၉ တပ်မဟာ ၏ လှုပ်ရှားနယ်မြေမှာ ဖားကန့်
  • အမှတ် ၁၀ တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ရှေ့ ရှမ်းမြောက်

ကိုးကား ပြင်ဆင်ရန်

  1. Kachin Independence Organization (KIO) | Myanmar Peace Monitor (in en-gb)။ Myanmar Peace Monitor။ 12 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2018 တွင် ပြန်စစ်ပြီး။
  2. "Curfew imposed after clashes near Myanmar-China border"။ 
  3. "Dozens of regime soldiers reportedly killed in clashes with PDFs in eastern Sagaing"၊ Myanmar Now၊ 29 June 2021။