တပ်မတော်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားကာကွယ်ရေးအင်အားစု

မြန်မာ့ တပ်မတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ ကာကွယ်ရေးတပ်ဖွဲ့များ၊ စစ်ရေးအင်အားစုများနှင့် လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို ရည်ညွှန်းသော (သို့) အားလုံး ပါဝင်သော အမျိုးသားကာကွယ်ရေးအင်အားစု ဖြစ်သည်။ တပ်မတော်ကို ကာကွယ်ရေး ဝန်ကြီးဌာန မှ ထိန်းချုပ်ပြီး တပ်မတော် (ကြည်း)၊ တပ်မတော် (ရေ)၊ တပ်မတော် (လေ) တို့ဖြစ်ကြသည်။ ၂၀၁၁ ခုနှစ်မှစတင်ပြီး တပ်မတော်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လက်အောက်တွင် တိုက်ရိုက်ထားရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် အစိုးရအဖွဲ့နှင့် ပတ်သက်သော တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ ပြုလုပ်ရသည်။ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)အရ တပ်မတော်သည် လွတ်လပ်သော စီမံခန့်ခွဲမှုရှိသော်လည်း နိုင်ငံတော်သမ္မတ ဦးဆောင်သော အဖွဲ့ဝင် (၁၁) ဦးပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ လက်အောက်တွင် မူဝါဒအရ ကွပ်ကဲမှုကို ခံယူရသည်။[၁] ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူးသည် ရာထူးအလျောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဖြစ်သည်။[၂]

Tatmadaw
တပ်မတော်
Flag of the Myanmar Armed Forces.svg
တပ်ဖွဲ့ခွဲများ တပ်မတော် (ကြည်း)
 တပ်မတော် (ရေ)
 တပ်မတော် (လေ)
Myanmar Police Force coat of arms.png မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
ခေါင်းဆောင်မှု
စစ်သေနာပတိဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကာကွယ်ရေးဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၊ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
လူအင်အား
သက်တမ်း၁၈ မှ ၆၀ နှစ်
စစ်မှုထမ်းနိုင်သည့်
အင်အား
၁၄,၇၄၇,၈၄၅ အမျိုးသား၊ အသက် ၁၅–၄၉ (၂၀၁၀ ခန့်မှန်း)၊
၁၄,၇၁၀,၈၇၁ အမျိုးသမီး၊ အသက် ၁၅–၄၉ (၂၀၁၀ ခန့်မှန်း)
စစ်မှုထမ်းရန်
သင့်တော်သည့် အင်အား
၁၀,၄၅၁,၅၁၅ အမျိုးသား၊ အသက် ၁၅–၄၉ (၂၀၁၀ ခန့်မှန်း)၊
၁၁,၁၈၁,၅၃၇ အမျိုးသမီး၊ အသက် ၁၅–၄၉ (၂၀၁၀ ခန့်မှန်း)
Reaching military
age annually
၅၂၂,၄၇၈ အမျိုးသား (၂၀၁၀ ခန့်မှန်း)၊
၅၀၆,၃၈၈ အမျိုးသမီး (၂၀၁၀ ခန့်မှန်း)
လက်ရှိ အမှုထမ်း၄၀၆,၀၀၀ (အဆင့် ကိုး)
အရံ အင်အား၇၂,၀၀၀ (Paramilitary)
အသုံးစရိတ်များ
ဘက်ဂျက်$၂.၄ ဘီလီယံ (၂၀၁၄)
GDP ရာခိုင်နှုန်း၄% (၂၀၁၄)
စက်ရုံများ
ပြည်တွင်း ထောက်ပံ့မှုကပစ စက်ရုံများ
ပြည်ပထောက်ပံ့မှု ပါကစ္စတန်
 တရုတ်ပြည်
 ယူကရိန်း
 ရုရှား
 အိန္ဒိယ
 ဆားဘီးယား
 စင်ကာပူ
 အင်ဒိုနီးရှား
 အစ္စရေး
 ဘီလာရုဇ်
 မြောက်ကိုရီးယား
 တောင်ကိုရီးယား
 မလေးရှား
လွှတ်တော် အမတ်နေရာများ
အမျိုးသားလွှတ်တော် အမတ်နေရာ
၅၆ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၁၁၀ / ၄၄၀

တပ်မတော်အတွင်းရှိ တပ်ဖွဲ့ဝင်အားလုံးတို့မှာ နိုင်ငံတော် ကာကွယ်ရေး အတွက် မိမိ ဆန္ဒအလျောက် နိုင်ငံ့ အင်အားဖြည့်တင်းရန် ဝင်ရောက်ခြင်းသာဖြစ်သည်။ ၁၉၄၈ခုနှစ် ဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်လပ်ရေး ရသည်မှစ၍ တပ်မတော်သည် ပြည်ပကျူးကျော်သူများ၊ ပြည်တွင်း ကွန်မြူနစ်သောင်းကျန်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တည်ဆဲဥပဒေများကိုဖောက်ဖျက်သည့် နိုင်ငံရေး ဆန္ဒပြသူများ နှင့်မူးယစ်ဆေးဝါးအင်အားစုများအား ပြင်းပြင်းထန်ထန် ခြေမှုန်းခဲ့သည်။

သမိုင်းပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာ့တပ်မတော် သမိုင်းကြောင်း

မြန်မာနိုင်ငံတွင်ရှေးယခင်က အမြဲတမ်းတပ်မတော်ဟူ၍ မရှိဘဲ အနော်ရထာမင်းကြီး လက်ထက်မှစ၍ မြို့များကို ဆယ်ပြုမြို့၊ ရာပြုမြို့၊ ထောင်ပြုမြို့များဟူ၍ ဖွဲ့စည်းသည်။ စစ်ရေးပေါ်ပေါက်မှ ဆိုင်ရာမြို့များက ခွဲတမ်းကျစစ်သည်များ ထောက်ပံ့ရသည်။ ဗြိတိသျှတို့လက်အောက် ရောက်သွားသောအခါ အပျော်တမ်းတပ်များ တည်ထောင်ပေးခဲ့သော်လည်း ပုန်ကန်မည်စိုးသဖြင့် ဗမာလူမျိုးများကို ထည့်သွင်းခြင်းမရှိဘဲ ကချင်၊ ကရင်၊ ချင်းစသည့် တောင်တန်းဒေသလူနည်းစု တိုင်းရင်းသားများဖြင့် အဓိကထား ဖွဲ့စည်းခဲ့သည်။ ပထမကမ္ဘာစစ် ဖြစ်သောအခါမှ ဗြိတိသျှတပ်များသည် မေဆိုပိုတေးမီးယား စစ်မြေပြင်တွင် တူရကီတပ်များနှင့် အကြိတ်အနယ် ရင်ဆိုင်ရသောအခါ ဗမာလူမျိုးများကို စစ်တပ်ထဲဝင်ခွင့်ပြုကာ စစ်မြေပြင်သို့ စေလွှတ်ခဲ့သည်။ မြန်မာတပ်သားများသည် မေဆိုပိုတေးမီးယား စစ်မြေပြင်တွင်ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်။

ခေတ်သစ်စစ်တပ်၏အစမှာ ရဲဘော်သုံးကျိပ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားသောအခါ ဗြိတိသျှတို့အား လက်နက်ဖြင့် တော်လှန်ရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တို့သည် ဂျပန်၌ စစ်ပညာသင်ကြားခဲ့ကြပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) ကို စတင်စုဖွဲ့ တည်ထောင်ခဲ့ရာမှ ဗမာ့ ကာကွယ်ရေးတပ်မတော် (BDA)၊ ဗမာ့အမျိုးသားတပ်မတော် (BNA)၊ ဗြိတိသျှနယ်ချဲ့တို့ အခေါ်အဝေါ်အရ မျိုးချစ်တပ်မတော် (PBF) ဟူ၍ တစတစ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၎င်းတပ်မတော်သုံးရပ်၏ ဦးစီးခေါင်းဆောင် စစ်သေနာပတိသည် တပ်မတော်၏ မူလပထမ ဖခင်အစစ် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။

 
ဗိုလ်ချုပ်အောင်ဆန်း
 
ရဲဘော်သုံးကျိပ်ထဲတွင် ပထမဆုံး ကျဆုံးခဲ့သူ ရှမ်းလူမျိုး သခင်ငွေ (ခေါ်) ဗိုလ်စောအောင်

သမိုင်းအစဉ်အလာအရ ဖခင် ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် ရဲဘော်သုံးကျိပ်ဝင် စစ်ခေါင်းဆောင်များ၊ ဝါစဉ်အားဖြင့် ဗိုလ်လင်္ကျာဗိုလ်စင်္ကြာဗိုလ်ဇေယျဗိုလ်နေဝင်း စသည်ဖြင့် ရှိခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ကန္ဒီစာချုပ်အရ အမြဲတမ်း တပ်မတော်အဖြစ် ပြင်ဆင် စုဖွဲ့ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်မှ ထွက်ပြီး နိုင်ငံရေးလောကသို့ ကူးပြောင်းသွားခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင် သူရဲကောင်း ၆ ဦးသာ အမြဲတမ်း တပ်မတော်တွင် စစ်မှုဆက်ထမ်းခဲ့ကြသည်။ သခင်ထွန်းအုပ်၏ မေတ္တာရပ်ခံချက်အရ ဗိုလ်နေဝင်းသည် အမြဲတမ်း ဗမာ့တပ်မတော်တွင် ဗိုလ်လက်ျာပြီးလျှင် နံပါတ် ၂ နေရာ ရခဲ့ပြီး ဗိုလ်ဇေယျက နံပါတ် ၃ နေရာရခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် မြန်မာ့အပျော်တမ်းလေတပ်အဖွဲ့ကို မြန်မာ့လေတပ်မတော်ဟုလည်းကောင်း၊ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် မြန်မာပြည်ဘုရင့်အပျော်တမ်းရေတပ်အဖွဲ့ကို မြန်မာ့ရေတပ်မတော်ဟုလည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ရေတပ်မတော်တွင် ပထမဆုံးအလံတင်သင်္ဘောမှာ မေယု စစ်သင်္ဘောဖြစ်သည်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် တနင်္ဂနွေနေ့တွင် နိုင်ငံတော်အလံကို လွှင့်တင်ပြီးနောက်လွတ်လပ်ရေး ကြေညာသည့်နေ့မှစ၍ မြန်မာကြည်းတပ်မတော်၊ မြန်မာရေတပ်မတော်၊ မြန်မာလေတပ်မတော်များသည် ပွင့်သစ်စပန်းများကဲ့သို့ ငွားငွားစွင့်စွင့် ကိုယ့်အလံ၊ ကိုယ့်တံဆိပ်များဖြင့် တလူလူထွက်ပေါ်လာတော့သည်။[၃]

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးတွင် တပ်မတော်သားများကား ပြည်သူလူထု၏ တပ်ဦးတွင် တခန်းတကဏ္ဍအဖြစ် စွမ်းစွမ်းတမံ ပါဝင်နိုင်ခွင့် ရရှိခဲ့ကြရကား ထိုတပ်မတော်အတွက် မမေ့အပ်မမေ့ ထိုက်နိုင်လောက်အောင် ထူးကဲမွန်မြတ်သောနေ့ ဖြစ်သဖြင့်လည်း ခရစ် ၁၉၅၄ ခုနှစ် မတ်လ ၂၇ ရက်နေ့မှ အစပြု၍ တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဟူ၍ပင်တပ်မတော်သားများအဖို့ လေးစားစွာ သတ်မှတ်ခဲ့လေသည်။

အုပ်ချုပ်သူများပြင်ဆင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
  1. ဗိုလ်ချုပ် အောင်ဆန်း (၁၉၄၅ - ၁၉၄၇)​
  2. ဗိုလ်မှူးချုပ် ဗိုလ်လက်ျာ (၁၉၄၇ - ၁၉၄၈)
  3. ဗိုလ်ချုပ် စမစ်ဒွန်း (၁၉၄၈ - ၁၉၄၉)
  4. ဗိုလ်ချုပ်ကြီး နေဝင်း (၁၉၄၉ - ၁၉၇၂)
  5. ဗိုလ်ချုပ်ကြီး စန်းယု (၁၉၇၂ - ၁၉၇၄)
  6. ဗိုလ်ချုပ်ကြီး သူရတင်ဦး (၁၉၇၄ - ၁၉၇၆)
  7. ဗိုလ်ချုပ်ကြီး သူရကျော်ထင်(၁၉၇၆ - ၁၉၈၅)
  8. ဗိုလ်ချုပ်မှူးကြီး စောမောင် (၁၉၈၅ - ၁၉၉၂)
  9. ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (၁၉၉၂ - ၂၀၁၁)
  10. ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်[၄] (၂၀၁၁ - ယနေ့အထိ)
     
    အင်ဒိုနီးရှားရောက် မြန်မာ့ရေတပ်သားများ (၁၉၆၀ ခုနှစ်)
     
    မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကရင်လူမျိုး ဗိုလ်ချုပ် စမစ်ဒွန်း (၁၉၄၈ - ၁၉၄၉)

ကာကွယ်ရေးဝန်ကြီးများ (၁၉၄၇ - လက်ရှိ)ပြင်ဆင်

စဉ် အမည် ကာလ
မှ ထိ
ဗိုလ်လက်ျာ ၁-၈-၁၉၄၇ ၁၃-၉-၁၉၄၈
ဦးနု ၁၄-၉-၁၉၄၈ ၃-၄-၁၉၄၉
ဗိုလ်ချုပ် နေဝင်း ၄-၄-၁၉၄၉ ၉-၉-၁၉၅၀
ဦးဝင်း ၁၈-၉-၁၉၅၀ ၁၅-၃-၁၉၅၂
ဦးဗဆွေ ၁၆-၃-၁၉၅၂ ၄-၆-၁၉၅၈
ဗိုလ်မှူး အောင် ၉-၆-၁၉၅၈ ၂၈-၉-၁၉၅၈
ဗိုလ်ချုပ်ကြီး နေဝင်း ၂၉-၉-၁၉၅၈ ၁၅-၃-၁၉၆၀
ဦးနု ၁၆-၃-၁၉၆၀ ၂-၃-၁၉၆၂
ဗိုလ်ချုပ်ကြီး နေဝင်း ၃-၃-၁၉၆၂ ၂၀-၄-၁၉၇၂
၁၀ ဗိုလ်ချုပ်ကြီး စန်းယု ၂၁-၄-၁၉၇၂ ၇-၃-၁၉၇၄
၁၁ ဗိုလ်ချုပ်ကြီး တင်ဦး ၈-၃-၁၉၇၄ ၆-၃-၁၉၇၆
၁၂ ဗိုလ်ချုပ်ကြီး သူရကျော်ထင် ၇-၃-၁၉၇၆ ၂၇-၇-၁၉၈၈
၁၃ ဗိုလ်ချုပ်မှူးကြီး စောမောင် ၂၈-၇-၁၉၈၈ ၁၉-၃-၁၉၉၂
၁၄ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂၀-၃-၁၉၉၂ ၂၉-၃-၂၀၁၁
၁၅ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း ၃၀-၃-၂၀၁၁ ၇-၉-၂၀၁၂
၁၆ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် ၈-၉-၂၀၁၂ ၁၂-၈-၂၀၁၅
၁၇ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ၂၅-၈-၂၀၁၅ ယနေ့ထိ

လက်ရှိ တပ်မတော်အကြီးအကဲများပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများ
  1. ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
  2. ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း - ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
  3. ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း - ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
  4. ဗိုလ်ချုပ်ကြီးမြထွန်းဦး - တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)
  5. ဗိုလ်ချုပ်ကြီးတင်အောင်စန်း - ကာကွယ်ရေးဦးစီးချုပ်(ရေ)
  6. ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် - ကာကွယ်ရေးဦးစီးချုပ်(လေ)
 
မြန်မာ - အိန္ဒိယ ရေတပ်ဦးစီးချုပ်များ တွေ့ဆုံစဉ် (၂၀၁၃ ခုနှစ်)


ကာကွယ်ရေးဝန်ကြီးဌာနပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန

၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်တွင် ကာကွယ်ရေးဌာန၊ မြန်မာ့တပ်မတော်စစ်ဌာနချုပ်၊ မြန်မာ့ရေတပ်မတော်ဌာနချုပ်နှင့် မြန်မာ့လေတပ်မတော်ဌာနချုပ်တို့ကို စုစည်း၍ စစ်ရုံးကို ဖွဲ့စည်းခဲ့ပြီးနောက် ဗိုလ်လက်ျာက ဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ဝန်ကြီးရုံးနှင့် အမြဲတမ်းအတွင်းဝန်ရုံး တို့သည် ရန်ကုန်မြို့၊ အလံပြဘုရားလမ်း၊ အမှတ် (၇၇)၊ စစ်ရုံးဝင်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ စစ်ရုံး၊ အမြဲတမ်းအတွင်းဝန်ဌာနသည် ၁၉၅၂ ခုနှစ်တွင် စစ်ရုံးမှ ကာကွယ်ရေးဌာန၊ အတွင်းဝန်ရုံး အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ အတွင်းဝန်ရုံးတွင် ဌာနစု ၁၇ ခုဖြင့် ဖွဲ့စည်းထားပြီး အရာထမ်း ၁၀ ဦး၊ အမှုထမ်း ၁၃၅ ဦး၊ စုစုပေါင်းအင်အား ၁၄၅ ဦးဖြင့် ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် စစ်ရုံးမှ ကာကွယ်ရေးဝန်ကြီးဌာနအဖြစ်သို့ ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ကာကွယ်ရေးဝန်ကြီးမှာ ဦးဗဆွေ ဖြစ်၏။ ထိုသို့ ပြန်လည်ဖွဲ့စည်းလိုက်သော ကာကွယ်ရေးဝန်ကြီးဌာနတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ရေးချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ အတွင်းဝန်ရုံး(ကာကွယ်ရေး)၊ စစ်ရာထူးခန့် အတွင်းဝန်ရုံး၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံး၊ ငွေစာရင်းရုံး(ကာကွယ်ရေး)များ ပါဝင်သည်။

၁၉၅၈ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၆၀ ပြည့်နှစ်၊ မတ်လထိ အိမ်စောင့်အစိုးရကာလတွင် ဗိုလ်ချုပ်ကြီး နေဝင်းက ဝန်ကြီးချုပ်တာဝန်နှင့် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပြည်ထောင်စုပါတီ အစိုးရလက်ထက်တွင်လည်း ဝန်ကြီးချုပ် ဦးနုက ကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက် တော်လှန်ရေးကောင်စီဥက္ကဋ္ဌကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက ကာကွယ်ရေးဝန်ကြီး တာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။

၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်စွဲပါ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီကြေငြာချက် အမှတ် ၉၇ အရ အုပ်ချုပ်ရေးစနစ်သစ်ကိုဖော်ထုတ်ခဲ့ရာ ကာကွယ်ရေးဌာန၊ အတွင်းဝန်ရုံးကို ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ ရုပ်သိမ်းလိုက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအဖြစ် အဖွဲ့ခွဲ(၃)ခုဖြင့်ဖွဲ့စည်း၍ ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင် ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသည် ၁၉၄၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်၊ မေလ ၂၂ ရက်အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်း၊ အမှတ် ၇၇ ၊ ကာကွယ်ရေးဝန်ကြီးဌာနဝင်းအတွင်း တည်ရှိခဲ့ပြီး ၁၉၇၈ ခုနှစ်၊ မေလ ၂၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အလံပြဘုရားလမ်း၊ အမှတ် ၄၄ ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နေရာဟောင်း (ယခု ယုဇနဂါးဒင်းဟိုတယ်)နေရာသို့ ရုံးနေရာပြောင်းရွေ့ခဲ့သည်။

၁၉၉၅ ခုနှစ်၊ မတ်လတွင် အဆိုပါရုံးနေရာမှ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မော်ကွန်းတိုက်လမ်းနှင့် မင်းကျောင်းလမ်းထောင့်ရှိ ခြံအမှတ် ၂၄ ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံး နေရာဟောင်းသို့ ရုံးနေရာပြောင်းရွှေ့ခဲ့ပြီး အဆိုပါနေရာမှ ၂၀၀၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း၊ နဝဒေးဝင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၌ နေပြည်တော် ရုံးအမှတ် ၂၀ သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ရုံးအမှတ် ၂၄ သို့ ထပ်မံပြောင်းရွှေ့ ရုံးစိုက်ခဲ့သည်။[၅]

ကာကွယ်ရေးဝန်ကြီးဌာနသည် အခြားသောဝန်ကြီးဌာနများနှင့် ဖွဲ့စည်းပုံချင်းမတူဘဲ ကွဲပြားခြားနားလေသည်။ အခြားသောဝန်ကြီးဌာနများသည် ၎င်းတို့၏လက်အောက်ရှိ ဦးစီးဌာန၊ ကော်ပိုရေးရှင်း၊ ဘုတ်အဖွဲ့များကို ဝန်ကြီးဌာန၏ လက်အောက်တွင်ထားရှိပြီး ဝန်ကြီးဌာနမှ တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှာမူ ဝန်ကြီးရုံး၊ ကြည်း၊ ရေ၊ လေ၊ ရေး၊ ထောက် စသည့် ဦးစီးရုံးများနှင့် လက်ရုံးဝန်ထမ်းညွှန်ကြားရေးမှူးရုံးများ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည့် ပေါင်းစည်းဝန်ကြီးဌာနဖြစ်သည်။ ထို့အပြင် ဝန်ကြီးဌာနအတွင်းရှိ ဦးစီးရုံးများမှ လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင်လည်း ရုံးအချင်းချင်း ညှိနှိုင်းဆောင်ရွက်ကြလေသည်။

၂၀၁၁ ခုနှစ်မှ စတင်ပြီး တပ်မတော် ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လက်အောက်တွင် တိုက်ရိုက်ထားရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အစိုးရအဖွဲ့နှင့်ပတ်သက်သော တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ ပြုလုပ်ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် လွတ်လပ်သော စီမံခန့်ခွဲမှုရှိသော်လည်း နိုင်ငံတော်သမ္မတ ဦးဆောင်သော အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လက်အောက်တွင် မူဝါဒအရ ကွပ်ကဲမှုကိုခံယူရသည်။ နယ်ခြားစောင့်တပ်ဖွဲ့ သည် မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန မှ တိုက်ရိုက်အုပ်ချုပ်သော လက်နက်ကိုင်အဖွဲ့တွင် ပါဝင်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ လက်ရုံးတပ်ဖွဲ့ရုံးများပြင်ဆင်

  1. စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး
  2. စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး
  3. ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး
  4. ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး
  5. ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံး
  6. ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး
  7. ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး
  8. ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး
  9. သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး
  10. အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး
  11. ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး[၆]
  12. ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး
  13. တပ်မတော် အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး
  14. တပ်မတော်မှတ်တမ်း ညွှန်ကြားရေးမှူးရုံး
  15. ငွေစာရင်း ညွှန်ကြားရေးမှူးရုံး
  16. လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်း ညွှန်ကြားရေးမှူးရုံး
  17. လျှပ်စစ်နှင့်စက်မှု အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး

ဥပဒေ ပြဋ္ဌာန်းချက်များပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - တပ်မတော်(အခြေခံဥပဒေ) နှင့် တပ်မတော်အက်ဥပဒေများ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈)၊ အခန်း(၇)၊ တပ်မတော် အခန်းပါ ဥပဒေ ပြဋ္ဌာန်းချက်များအရ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ နိုင်ငံတော်အားပြည်တွင်း၊ ပြည်ပအန္တရာယ်များမှကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များကျရောက်လာလျှင် တပ်မတော်ကကူညီဆောင်ရွက်ရမည်။ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။[၇]

တပ်မတော်အက်ဥပဒေပြင်ဆင်

နိုင်ငံတော်သမ္မတ မန်းဝင်းမောင် သည် ၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် မြန်မာနိုင်ငံတပ်မတော် (ကြည်း)အက်ဥပဒေ၊ သို့တည်းမဟုတ် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတပ်မတော်(ရေ) (စည်းကမ်း) အက်ဥပဒေ၊ သို့တည်းမဟုတ်၊ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတပ်မတော်(လေ) (စည်းကမ်း) အက်ဥပဒေကို ရုပ်သိမ်းလိုက်ပြီး ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ ကိုထုတ်ပြန်ကျေညာခဲ့သည်။ တပ်မတော်အက်ဥပဒေတွင်ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းနှင့် စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်း၊ စစ်မှုထမ်းခြင်းဆိုင်ရာ စည်းကမ်းချက်များ၊ စစ်မှုထမ်းခြင်းဆိုင်ရာ ကျေးဇူးခံစားခွင့်များ၊ ပြစ်မှုများ၊ ပြစ်ဒဏ်များ၊ ဖမ်းဆီးခြင်းနှင့် စစ်ဆေးစီရင်ခြင်းမပြုမီ မှုခင်းကိစ္စဆောင်ရွက်ခြင်းများ၊ စစ်တရားရုံးများလိုက်နာရမည့်ကျင့်ထုံးများ၊ ပြစ်ဒဏ်ချမှတ်ချက်များကို ဆောင်ရွက်ခြင်း၊ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များ၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များနှင့် ပြစ်ဒဏ်ဆိုင်းငံ့ထားခြင်းများ၊ ရေယာဉ်များနှင့်စပ်လျဉ်းသည့် အထူးပြဋ္ဌာန်းချက်များ၊ နှင့် နည်းဥပဒေများ ပါဝင်သည်။

စစ်တရားရုံးများပြင်ဆင်

၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေအရ စစ်တရားရုံး လေးမျိုးရှိသည် -

  • (က) စစ်တရားရုံးချုပ်၊
  • (ခ) တိုင်းစစ်တရားရုံး၊
  • (ဂ) အကျဉ်းစစ်တရားရုံးချုပ်နှင့်
  • (ဃ) တပ်တွင်းစစ်တရားရုံး။

စစ်တရားရုံးချုပ် အသီးသီးတွင်၊ စစ်ဥပဒေအရာရှိတဦးပါဝင်ရမည့်ပြင်၊ တိုင်းစစ်တရားရုံး အသီးသီး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်အသီးသီးတွင်လည်း စစ်ဥပဒေအရာရှိ တဦးပါဝင်သည်။ စစ်တရားရုံးတရုံး၏ အဖွဲ့ဝင်အသီးသီးနှင့် စစ်ဥပဒေအရာရှိသည်၊ စစ်ဆေးစီရင်ခြင်းကိုမစမီ၊ ကျမ်းသစ္စာကိုဖြစ်စေ၊ ကတိ သစ္စာကိုဖြစ်စေ၊ ပြုရသည်။[၈] ကာကွယ်ရေးဝန်ကြီးဌာန စစ်ဥပဒေချုပ်ရုံး သည် နေပြည်တော် ၌ တည်ရှိသည်။

နိုင်ငံရေးပြင်ဆင်

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်၏ ၂၅ ရာခိုင်နှုန်း တနည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအားလုံးကို ပိတ်ဆို့နိုင်သည့် အာဏာဖြစ်သော ဥပဒေပြုရေးဆိုင်ရာနေရာ (၂၅) ရာခိုင်နှုန်း ကို တပ်မတော်က ရယူထားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးချယ် ခန့်အပ်ခြင်းဖြစ်သည်။[၉] ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် ပြည်သူ့မဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ ကြီးကြပ်ထိန်းချုပ်မှုအောက်တွင်မရှိဘဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိသည့် အဖွဲ့အစည်း ဖြစ်သည်။ ၎င်းက ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေး စသည့် ဝန်ကြီးဌာန (၃) မျိုးကို ထိန်းချုပ်နိုင်ပြီး၊ ယင်းဌာနတို့၏ ဝန်ကြီးချုပ်များသည် ကာကွယ်ရေးဦးစီးချုပ်မှ ရွေးချယ်ထားသော တာဝန်ထမ်းဆောင်လျက်ရှိသည့် စစ်တပ်အရာရှိများလည်း ဖြစ်ကြသည်။ [၁၀]

တပ်မတော်သား မိသားစုဝင်များသည် ပါတီ နိုင်ငံရေး မလုပ်ရဟူသော စည်းကမ်းရှိသည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းခါစ ကာလက အယူဝါဒများ တပ်မတော်အတွင်း ကွဲပြားခဲ့သဖြင့် တပ်မတော် တပ်ရင်းတပ်ဖွဲ့ တချို့ တောခိုခြင်းသမိုင်းများ ရှိခဲ့၍ တပ်တည်မြဲ အမိန့်တွင် စစ်သည် အဆင့်အတန်း အားလုံးအား မည်သည့်နိုင်ငံရေး ပါတီနှင့်မဆို ဆက်သွယ်ခြင်း၊ ပါတီနိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ မြန်မာနိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ လုပ်ဆောင်ချက်များကို မလိုလားသော သဘောဖြင့် ဆန့်ကျင်မှု၊ လှုံ့ဆော်ဝါဒဖြန့်မှု၊ ဝိုင်းဖွဲ့ ဆွေးနွေးမှု၊ ဆူပူမှုအတွက် အားပေးအားမြှောက် ပြုခြင်းတို့ကို တားမြစ်ထားသည်။ သို့သော် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအဖြစ် တပ်မတော်သားများကို လွတ်လပ်စွာ မဲပေးခွင့်ပြုထားရာ ၎င်းတို့၏ စိတ်သဘောထားအရ မည့်သည်ပါတီကိုမဆို လွတ်လပ်စွာ မဲပေးခွင့်ရှိသည်။[၁၁][၁၂] သို့သော် တပ်မတော်သားများနှင့် တပ်မိသားစုဝင်များသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများနှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် တပ်စခန်းများရှိ မဲရုံများ၌ သူတို့ အထက်လူကြီးများ၏ စောင့်ကြည့်မှု အောက်တွင်သာ မဲပေးခဲ့ရသည်။ တပ်စခန်းများရှိ မဲရုံအများစုသည် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် ရွေးကောက်ပွဲလေ့လာသူများအတွက် အကန့်အသတ်ဖြစ်နေသောကြောင့် ပွင့်လင်းမြင်သာမှုကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။[၁၃]၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၌ တပ်တွင်းမဲရုံများကို တပ်ရင်းတပ်ဖွဲ့များ၏ ပြင်ပ သင့်လျော်သော နေရာတွင် ထားရှိရန် 'လွှတ်တော်အရပ်ရပ် ရွေးကောက်ပွဲအတွက် နည်းဥပဒေပြင်ဆင်ချက်' အား အတည်ပြုခဲ့ရာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှ စတင်၍ တပ်မတော်သားများနှင့် တပ်မိသားစုဝင်များသည် တပ်ပြင်ပမဲရုံများတွင် မဲပေးရတော့မည်ဖြစ်သည်။[၁၄]

တပ်ဖွဲ့ခွဲများပြင်ဆင်

တပ်မတော် (ကြည်း)ပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော် (ကြည်း)

တပ်မတော် (ရေ)ပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော် (ရေ)

တပ်မတော် (လေ)ပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော် (လေ)

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
 
မြန်မာ ကြည်းတပ်သုံး T-72S တင့်ကား
 
ကျန်စစ်သား အမျိုးအစား စစ်ရေယာဉ်
 
ရုရှားထုတ် မစ်-၂၉ ဘက်စုံသုံး တိုက်လေယာဉ် (မင်္ဂလာဒုံ လေယာဉ်ကွင်း)

ဖွဲ့စည်းပုံပြင်ဆင်

 
လေတပ်ဂုဏ်ပြုတပ်ဖွဲ့အား သမ္မတအိမ်တော်၌ တွေ့ရစဉ် (၂၀၁၇ ခုနှစ်)

ရှေးခေတ်က စစ်သည်ငါးဦးလျှင် တစ်အိုးစားဖြစ်ပြီး အကြပ်တစ်ယောက်က ကြီးကြပ်သည်။ ၎င်းအထက်တွင် သွေးသောက်၊ သွေးသောက်ကြီး၊ နာခံ၊ ‌ဗိုလ်စသည်ဖြင့် အဆင့်ဆင့်ရှိကြသည်။ တပ်မှူးအဆင့်မှာ ဗိုလ်ချုပ်ဖြစ်သည်။ ဗိုလ်ချုပ်၏အထက်တွင် ဗိုလ်မှူးရှိသည်။

လက်ရှိတပ်မတော်ဖွဲ့စည်းပုံ၏ အခြေခံအကျဆုံးအစိတ်အပိုင်းမှာ တပ်စိတ်ဖြစ်သည်။ ဖွဲ့စည်းပုံအရ တပ်စိတ်တစ်စိတ်လျင် အင်အား(၁၀)ဦးရှိပြီး တပ်ကြပ်တစ်ယောက် ကွပ်ကဲသည်။ တပ်စိတ်(၃)စု လျင် တပ်စု(၁)စုအဖြစ်သတ်မှတ်ပြီး ဗိုလ်ကြီး(သို့မဟုတ်)ဗိုလ်/ဗိုလ်ကြီးတစ်ယောက် ကွပ်ကဲသည်။ တပ်စု(၃)စုလျင် တပ်ခွဲ(၁)ခွဲဟု သတ်မှတ်ပြီး ဗိုလ်မှူး(သို့မဟုတ်)ဗိုလ်ကြီးတစ်ယောက် ကွပ်ကဲသည်။ (၃) စိတ် (၁) စု၊ (၃) စု (၁) ခွဲ ပုံစံဖြစ်သည်။ အမေရိကန်စစ်တပ် ဖွဲ့စည်းပုံနှင့် ပုံစံတူညီသည်။ ခြေလျင်/ခြေမြန်တပ်ရင်းများတွင် တိုက်ခိုက်ရေးတပ်ခွဲ(၄)ခွဲနှင့် ဌာနချုပ်တပ်ခွဲ(၁)ခွဲ၊ စုစုပေါင်း တပ်ခွဲ(၅) ခွဲပါဝင်ပြီး ဒုတိယဗိုလ်မှူးကြီးတစ်ယောက် ကွပ်ကဲသည်။ ဌာနချုပ်တပ်ခွဲတွင် တပ်ရင်းအကူပစ်လက်နက်ကြီးတပ်စု၊ မော်တော်ယာဉ်တပ်စု၊ ဆေးတပ်စု စသည်တို့ပါဝင်သည်။ 

ခြေလျင်/ခြေမြန်တပ်ရင်းတစ်ခု၏ ဖွဲ့စည်းပုံအင်အားမှာ အရာရှိ(၃၁) ဦး၊ အခြားအဆင့် (၈၂၆) ဦး၊ စုစုပေါင်း (၈၅၇) ဦး ဖြစ်သည်။ သို့သော် မူလတပ်ရင်းများမှ ခွဲထုတ်၍ တပ်ရင်းများတိုးချဲ့ဖွင့်လှစ် သောကြောင့် တပ်ရင်းအားလုံးနီးပါးမှာ ဖွဲ့စည်းပုံ၏ လေးပုံတစ်ပုံ (အရာရှိ၊အခြားအဆင့် စုစုပေါင်း-၂၀၀ ဝန်းကျင်)သာရှိသည်။

 
မြန်မာ့တပ်မတော်ရေ ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း

ခြေလျင်/ခြေမြန်တပ်ရင်း(၁၀)ရင်းအား စုဖွဲ့၍ ခြေမြန်တပ်မဌာနချုပ်တစ်ခု (သို့မဟုတ်) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခုအဖြစ် သတ်မှတ်ကာ ဗိုလ်မှူးချုပ်တစ်ယောက်မှ ကွပ်ကဲသည်။ ခြေမြန်တပ်မဌာနချုပ်(တမခ)တစ်ခု (သို့မဟုတ်) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)တစ်ခုစီတွင် ဗိုလ်မှူးကြီးတစ်ယောက်စီကွပ်ကဲသော နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့(နဗဟ)(၃)ခုစီ ပါရှိသည်။ စစ်နယ်ဝှန်းအခြေအနေအရ တိုင်းစစ်ဌာနချုပ် (၁၄) ခုရှိပြီး ဗိုလ်ချုပ်တစ်ယောက်မှ ကွပ်ကဲသည်။ တိုင်းစစ်ဌာနချုပ်များ၏လက်အောက်တွင် အခြေချစစ်ဗျူဟာ(စဗခ)များနှင့် လှုပ်ရှားစစ်ဗျူဟာများရှိကြသည်။ တိုင်းစစ်ဌာနချုပ်သည် မိမိစစ်နယ်ဝှန်းအတွင်းသို့ဝင်ရောက်လာသော တမခ၊ စကခတပ်များကိုလည်း ကွပ်ကဲရသည်။ ခြေမြန်တပ်မဌာနချုပ်တစ်ခု (သို့မဟုတ်) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုစီတွင်ကွပ်ကဲမှုအောက် တပ်ရင်း(၁၀)ရင်းစီရှိသော်လည်း တိုင်းစစ်ဌာနချုပ်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များကတော့ တပ်တည်မှုအနေအထားပေါ်မူတည်က လက်အောက်ခံတပ်ရင်းအရေအတွက် မတူညီကြပေ။

၂၀၀၆ နှစ်ဦးပိုင်းတွင် တိုင်းမှူး အသစ်များဖြင့် တပ်မတော်ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး တပ်မတော်(ကြည်း၊ရေ၊လေ)စစ်ဦးစီးကွပ်ကဲမှုဌာနချူပ်ဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကို ရန်ကုန်မြို့မှ နေပြည်တော် သို့ ပြောင်းရွှေ့ခဲ့သည်။

 
မြန်မာရေတပ်သုံး အစ္စရေးထုတ် Super Dvora MK III အမြန်သွား ကင်းလှည့်စစ်ရေယာဉ်

တပ်မတော်(ကြည်း) ဖွဲ့စည်းပုံပြင်ဆင်

တပ်မတော်(ကြည်း)၏ လက်ရှိဖွဲ့စည်းမှုအရ ကွပ်ကဲမှုလက်အောက်တွင် အောက်ပါအတိုင်း တည်ရှိသည်။

  • တိုင်းစစ်ဌာနချုပ်(၁၄)ခု
  • ခြေမြန်တပ်မဌာနချုပ်(၁၀)ခု
  • စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၁၉)ခု
  • ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(၆)ခု
  • သိပ္ပံနှင့်နည်းပညာသုတေသနဌာနချုပ်(၁)ခု

အခြားသောအကူလက်ရုံးတပ်ဖွဲ့များမှာ အောက်ပါအတိုင်း ရှိသည်။

 
မြန်မာ့ ဒုံးစစ်ဆင်ရေးတပ်ဖွဲ့သုံး မိုင်၃၀၀ကျော်အထိပစ်ခတ်နိုင်သော Hwasong-6 ပဲ့ထိန်းဒုံးကျည်

တိုင်းစစ်ဌာနချုပ် များပြင်ဆင်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)လက်အောက်ရှိ တိုင်းစစ်ဌာနချုပ်များမှာ-

တိုင်းစစ်ဌာနချုပ် တံဆိပ်
နေပြည်တော်တိုင်းစစ်ဌာနချုပ် (နပတ)  
ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် (ကရခ)  
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)  
ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကတ)  
အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)  
အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)  
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)  
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)
အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ)  
အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (နတခ)  
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)  
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)  
တြိဂံတိုင်းစစ်ဌာနချုပ်(တသခ)  
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ)  

တို့ဖြစ်သည်။

တပ်မများပြင်ဆင်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)လက်အောက်ရှိ ခြေမြန်တပ်မ ဌာနချုပ်များ မှာ-

  1. အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ် (အင်းတိုင်)
  2. အမှတ်(၂၂)ခြေမြန်တပ်မ ဌာနချုပ် (ဘားအံ)
  3. အမှတ်(၃၃)ခြေမြန်တပ်မ ဌာနချုပ် (ရွာထောင်/စစ်ကိုင်း)
  4. အမှတ်(၄၄)ခြေမြန်တပ်မ ဌာနချုပ် (သထုံ)
  5. အမှတ်(၅၅)ခြေမြန်တပ်မ ဌာနချုပ် (ကလော)
  6. အမှတ်(၆၆)ခြေမြန်တပ်မ ဌာနချုပ် (အင်းမ)
  7. အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ် (ပဲခူး)
  8. အမှတ်(၈၈)ခြေမြန်တပ်မ ဌာနချုပ် (မကွေး)
  9. အမှတ်(၉၉)ခြေမြန်တပ်မ ဌာနချုပ် (မိတ္ထီလာ)
  10. အမှတ်(၁ဝ၁)ခြေမြန်တပ်မ ဌာနချုပ် (ပခုက္ကူ) တို့ဖြစ်သည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များ (ဒကစ)ပြင်ဆင်

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)များသည် တိုင်းစစ်ဌာနချုပ်နှင့်အလှမ်းဝေးသောဒေသရှိတပ်များကို တိုင်းစစ်ဌာနချုပ်ကိုယ်စား ထိရောက်သောအုပ်ချုပ်မှုပေးနိုင်ရန်၊ မဟာဗျူဟာအရအရေးပါသော်လည်း တိုင်းစစ်ဌာနချုပ်အသစ်တစ်ခုအနေဖြင့်ဖွင့်လှစ်ရန်မလိုအပ်သည့် ဒေသများကို ကွပ်ကဲနိုင်ရန်ရည်ရွယ်ကာဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ဌာနချုပ်မှူး(ဒကစမှူး)အဖြစ် ဗိုလ်မှူးချုပ်အဆင့်ရှိ အရာရှိကြီးတစ်ဦးမှ တာဝန်ယူသည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များ၏လက်အောက်ခံတပ်ရင်းအရေအတွက်သည် တပ်တည်ပုံအနေအထားအရ တစ်ခုနှင့်တစ်ခုမတူညီကွာခြားမှုရှိသည်။ ခြေမြန်တပ်မဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကဲ့သို့ ခြေလျင်/ခြေမြန်တပ်ရင်း(၁၀)ရင်းမရှိသော်လည်း ထူးခြားမှုမှာ အခြားတပ်မှူး၊ စကခမှူးများမရရှိသော တရားစီရင်ပိုင်ခွင့်အာဏာကို ဒကစမှူးများက ရရှိသည်။ ဒကစအုပ်ချုပ်ကွပ်ကဲရာနယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားသော တပ်များကို အုပ်ချုပ်ကွပ်ကဲခွင့်ရရှိသည်။ လက်ရှိဒေသကွပ်ကဲမှု စစ်ဌာနချုပ်များမှာ -

  1. တနိုင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ်
  2. လွိုင်ကော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်
  3. လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်
  4. ပြည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်
  5. စစ်တွေ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်
  6. ကလေး ဒေသကွပ်ကဲမှု စစ်ဌာနချုပ်

တို့ဖြစ်သည်။

စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်များပြင်ဆင်

စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(ခ) စကခ ဆိုသည်မှာ တပ်မကိုအသွင်ပြောင်းယူ ထားသော တပ်ဖွဲ့ ဖြစ်သည်။ တပ်မများနှင့် စကခများသည် ကကကြည်း (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံထားသော တပ်များဖြစ်ပြီး စစ်ဆင်ရေးခွင် ပုံသေမရှိဘဲ ရန်သူအင်အားပေါ် မူတည်ပြီး လိုအပ်သလို စစ်ကစားနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ စစ်ရေးခွင်ပုံသေ မရှိသောကြောင့် လက်နက်ကိုင်တပ်ဖွဲ့ထားနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် ရှုံးနိမ့်မှုများရှိခဲ့သည်။ လက်ရှိ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များ မှာ-

  1. အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ကျောက်မဲ
  2. အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - မိုင်းနောင်
  3. အမှတ်(၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - မိုးကောင်း
  4. အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ဖူးကြီး
  5. အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - တောင်ကုတ်
  6. အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ပျဉ်းမနား (နေပြည်တော်)
  7. အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ဖယ်ခုံ
  8. အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ထားဝယ်
  9. အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ကျောက်တော်
  10. အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ကျီကုန်း (ကလေးဝ)
  11. အမှတ်(၁၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -လွိုင်လင်
  12. အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -ကော့ကရိတ်
  13. အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ဘုတ်ပြင်း
  14. အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - မိုင်းဆတ်
  15. အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ဘူးသီးတောင်
  16. အမှတ်(၁၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - သိန်းနီ
  17. အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - မိုင်းပန်
  18. အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - မိုင်းပေါက်
  19. အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ရေး
  20. အမှတ်(၂၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ခမောက်ကြီး
  21. အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ဗန်းမော်

တို့ဖြစ်သည်။

တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့

၂၀၀၄ ခု အောက်တိုဘာ ၁၈ ရက်တွင် နည်းဗျူဟာ လေ့လာရေး ဌာနကြီး (The Office of Strategic Studies) နှင့် စစ်ထောက်လှမ်းရေး (Defence Service Intelligence) ကို ဗိုလ်ချုပ်ကြီးခင်ညွန့် အား ထုတ်ပယ်စဉ်မှစ၍ ပယ်ဖျက်ခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော တပ်မတော် ထောက်လှမ်းရေးအရာရှိချုပ်ရုံး နေရာကို ပြန်လည် အစားထိုးရန် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးကို ၂၀၀၄ ခုနှစ်နှစ်ကုန်ပိုင်းတွင်၎င်း၊ စစ်ဖက်ရေးရာ လုံခြုံရေးအကူတပ်များ၊ စစ်ဖက်ရေးရာ လုံခြုံရေးသင်တန်းကျောင်းများနှင့် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့များကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်၎င်း ပြန်လည်ဖွဲ့စည်းခဲ့သည်။

တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၏ ဖွဲ့စည်းပုံအရ ရုံးချုပ်ဌာနကြီး (၆) ခုရှိသည်။ ၎င်းတို့မှာ-

  1. စီမံရေးနှင့်အုပ်ချုပ်ရေးဌာနကြီး
  2. လေ့ကျင့်ရေးဌာနကြီး
  3. စစ်ဖက်ရေးရာ လုံခြုံရေးဌာနကြီး (ပြည်တွင်း)
  4. စစ်ဖက်ရေးရာ လုံခြုံရေးဌာနကြီး (ပြည်ပ)
  5. စစ်ဖက်ရေးရာ လုံခြုံရေးဌာနကြီး (တန်ပြန်)
  6. စစ်ဖက်ရေးရာ လုံခြုံရေးဌာနကြီး (နည်းပညာ) တို့ဖြစ်သည်။[၁၅]

မြန်မာစစ်တပ် ရာထူးအဆင့်အခေါ်အဝေါ်များပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တပ်မတော်အရာရှိကြီးများ၏ ရာထူးအလိုက် အပွင့်များ

စစ်ဘက်ဆိုင်ရာ တာဝန်ခန့်အပ်မှုများပြင်ဆင်

  1. တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (Commander in Chief of Defense Services)
  2. ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (Deputy Commander in Chief of Defense Services)
  3. ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (Minster of Ministry of Defense)
  4. ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) (Joint Chief of Staff ( Army, Navy ,Air))
  5. ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) (Commander in Chief (Army))
  6. ကာကွယ်ရေး ဦးစီးချုပ် (ရေ) (Commander in Chief (Navy))
  7. ကာကွယ်ရေး ဦးစီးချုပ် (လေ) (Commander in Chief (Air))
  8. စစ်ဆင်ရေးအထူအဖွဲ့မှူး (Chief of Special Operation Bureau)
  9. စစ်ရေးချုပ် (Adjutant General)
  10. စစ်ထောက်ချုပ် (Quartermaster General)
  11. စစ်ရာထူးခန့်ချုပ် (Military Appointments General)
  12. စစ်ဥပဒေချုပ် (Judge Advocate General)
  13. စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (Chief of Military Security Affairs)
  14. တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် (Chief of Armed Forces Training)
  15. တပ်မတော်စစ်ဆေးရေး အရာရှိချုပ် (Defense Services Inspector General)
  16. လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်
  17. ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ်
  18. စစ်ဦးစီးအရာရှိချုပ် (ကြည်း) (Chief of Staff (Army))
  19. စစ်ဦးစီး အရာရှိချုပ် (ရေ) (Chief of Staff (Navy))
  20. စစ်ဦးစီး အရာရှိချုပ် (လေ) (Chief of Staff (Air))
  21. တွဲဖက်စစ်ရေးချုပ် (Vice Adjutant General)
  22. တွဲဖက် စစ်ထောက်ချုပ် (Vice Quartermaster General)
  23. တိုင်းမှူးများ
  24. တပ်မတော် တပ်ထိန်းချုပ် (Provost Marshal)
  25. စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး (Director of Ordinance)
  26. စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး (Director of Military Engineering)
  27. ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး (Director of Medical Services)
  28. ဆက်သွယ်ရေး ညွှန်ကြားရေးမှူး (Director of Signal)
  29. ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူး (Director of Defense Services Procurement)
  30. ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး (Director of People Militias and Frontier Forces)
  31. ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး (Director of People Relation and Psychological Welfare)
  32. ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး (Director of Resettlement)
  33. သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူး (Director of Armor)
  34. အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး (Director of Artillery)
  35. ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူး
  36. ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူး
  37. အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူး
  1. ကျောင်းအုပ်ကြီး ( နကတ/ဥစတ/ စတသ)
  2. စစ်ဦးစီးဗိုလ်မှူးချုပ်
  3. ဒုတိယတိုင်းမှူး
  4. ကျောင်းအုပ်ကြီး ( တနတ/တဆတ/တသဆ/ ဗသက/ တခရ /တအက/တတက)
  5. ဒုတိယကျောင်းအုပ်ကြီး ( နကတ/ဥစတ/ စတသ)
  6. ပါမောက္ခချုပ် (စတသ)
  7. တပ်မမှူး
  8. စစ်ဆင်ရေးကွပ်ကဲရေးမှူး
  9. ဒေသကွပ်ကဲရေးမှူး
  10. ဒုတိယကျောင်းအုပ်ကြီး ( တနတ/တဆတ/တသဆ/ ဗသက/ တခရ /တအက/တတက)
  11. ဒုတိယတပ်မမှူး
  12. ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး
  13. ဒုတိယဒေသကွပ်ကဲရေးမှူး
  14. နည်းပြအရာရှိချုပ် ( စတသ/တနတ/ တနတ/တဆတ/တသဆ/ ဗသက/ တခရ /တအက/တတက)
  15. အထက်တန်းနည်းပြ(နကတ)
  16. စစ်ဗျူဟာမှူး (Tactical Operation Command)
  17. နည်းဗျုဟာမှူး
  18. အထက်တန်းနည်းပြ(ဥစတ)
  19. စစ်ဦးစီးမှူး(ပထမတန်း)
  20. ဦးစီးအရာရှိ(ပထမတန်း)
  21. တပ်ရင်းမှူး
  22. ဒုတိယ တပ်ရင်းမှူး
  23. စစ်ဦးစီးမှူး(ဒုတိယတန်း)
  24. ဦးစီးအရာရှိ (ဒုတိယတန်း)
  25. တပ်ခွဲမှူး
  26. စစ်ဦးစီးမှူး (တတိယတန်း)
  27. ဦးစီးအရာရှိ (တတိယတန်း)
  28. တပ်ရေးဗိုလ်ကြီး (Adjutant)
  29. တပ်ထောက်ဗိုလ်ကြီး (Quarter Master)
  30. ထောက်လှမ်းရေးအရာရှိ (Intelligence Officer)
  31. ဆက်သွယ်ရေးအရာရှိ (Signal Officer)
  32. ဆေးမှူး (Medical Officer)
  33. ဆေးလက်ထောက် အရာခံဗိုလ် (Medical Assistant)
  34. တပ်ရင်းတပ်ထောက် အရာခံဗိုလ် (Regimental Quarter Master Sergeant)
  35. ရုံးအုပ်ကြီး (Head Clerk)
  36. တပ်ကြပ်ကြီးစာရေး
  37. တပ်စာရင်းကိုင် (Unit Accountant)
  38. ဗိုလ်လောင်း (Cadet)

ရာထူးအဆင့်များပြင်ဆင်

  1. ဗိုလ်ချုပ်မှူးကြီး (Senior General)
  2. ဒုတိယဗိုလ်ချုပ်မှူးကြီး (Vice Senior General)
  3. ဗိုလ်ချုပ်ကြီး (General)
  4. ဒုတိယ ဗိုလ်ချုပ်ကြီး (Lieutenant General)
  5. ဗိုလ်ချုပ် (Major General)
  6. ဗိုလ်မှူးချုပ် (Brigadier General)
  7. ဗိုလ်မှူးကြီး (Colonel)
  8. ဒုတိယ ဗိုလ်မှူးကြီး (Lieutenant Colonel)
  9. ဗိုလ်မှူး (Major)
  10. ဗိုလ်ကြီး (Captain)
  11. ဗိုလ် (Lieutenant)
  12. ဒုတိယ ဗိုလ် (Second Lieutenant)
  13. အရာခံ ဗိုလ် (Warrant Officer I)
  14. ဒုတိယအရာခံ ဗိုလ် (Warrant Officer II)
  15. တပ်ခွဲ တပ်ကြပ်ကြီး (Quarter Master Sergeant)
  16. တပ်ကြပ်ကြီး (Sergeant)
  17. တပ်ကြပ် (Corporal)
  18. ဒုတပ်ကြပ် (Lance Corporal)
  19. တပ်သား (Private)

လက်ရှိ တပ်တွင်း လစာများပြင်ဆင်

အစိုးရအဖွဲ့ဟာ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ် ဧပြီလက စပြီး ဝန်ထမ်းများနှင့် တပ်မတော်သားများကို လစာတိုးမြှင့်ပေးခဲ့သည်။[၁၆][၁၇]

  • တပ်သား တဦးလျှင် ဝင်ဝင်ခြင်း ကျပ် ၁၄၄၀ဝ၀ ဟု သတ်မှတ်ထားပြီး
  • ဒုတပ်ကြပ်တဦးလျှင် ၁၆၈၀ဝ၀၊
  • တပ်ကြပ် တဦးလျှင် ၁၈၆၀ဝ၀၊
  • တပ်ကြပ်ကြီး တဦးလျှင် ၂၀၄၀ဝ၀၊
  • တပ်ခွဲတပ်ကြပ်ကြီးတဦးလျှင် ၂၂၀ဝ၀၀၊
  • ဒုအရာခံ ဗိုလ်တဦးလျှင် ၂၄၀၀ဝ၀၊
  • အရာခံဗိုလ် တဦးလျှင်၂၅၈၀ဝ၀၊
  • ဒုဗိုလ်တဦးလျှင် ၃ သိန်း၊ ဗိုလ်တဦးလျှင် ၃ သိန်း နှစ်သောင်း၊
  • သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးတဦးလျှင် ၃ သိန်း ၅ သောင်းမှ သုံးနှစ်သက်တမ်းရှိပါက နှစ်တိုး ကျပ် ၄၀၀၀၊
  • ဗိုလ်မှူးတဦးလျှင် ၃ သိန်း ၉ သောင်း၊
  • ဒုဗိုလ်မှူးကြီး တဦးလျှင် ၄ သိန်း ၅ သောင်းမှ၊
  • ဗိုလ်မှူးကြီး တဦးလျှင် ၅ သိန်း ၅ သောင်း၊
  • ဗိုလ်မှူးချုပ် တဦးလျှင် ၇ သိန်း၊ ဗိုလ်ချုပ် တဦးလျှင် ၁၀ သိန်း၊
  • ဒုဗိုလ်ချုပ်ကြီးတဦးလျှင် ၁၅ သိန်း၊ ဗိုလ်ချုပ်ကြီး တဦးလျှင် ကျပ် ၂၀ သိန်း၊
  • ဒုတိယဗိုလ်ချုပ်မှူးကြီး တဦးလျှင် ကျပ် ၂၅ သိန်းနှင့်
  • ဗိုလ်ချုပ်မှူးကြီးအတွက် ကျပ် ၃၀ သိန်း သတ်မှတ်ထားသည်။

စစ်ဘက် စက်မှုလုပ်ငန်းများပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး_အရာရှိချုပ်ရုံး

ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များအနေဖြင့် တပ်မတော်သုံး လက်နက်ငယ်များ၊ လက်နက်ကြီးများကိုထုတ်လုပ်သည်။ လက်ရှိ မြန်မာ့တပ်မတော်က အသုံးပြုနေသော လက်နက်ခဲယမ်းများသည် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များ ကိုယ်ပိုင်ထုတ်လုပ်သောလက်နက် အများစုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများတွင် ကိုယ်ပိုင်လက်နက်ခဲယမ်းထုတ်လုပ်နိုင်စွမ်း အမြင့်ဆုံး နိုင်ငံဖြစ်သည်။[၁၈]

စီးပွားရေးလုပ်ငန်းများပြင်ဆင်

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ကို ၁၉၇၇ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမီတက် (UMEHL) ကို စစ်မှုထမ်းများ သက်သာချောင်ချိရေး အတွက် နိုင်ငံတော်ဘဏ္ဍာကျပ်ငွေ ၁၀ ဘီလီယံအသုံးပြု မတည် တည်ထောင်ခဲ့ပါသည်။ ကုမ္ပဏီများ၏ အုပ်ချုပ်မှုဒါရိုက်တာများမှာ လက်ရှိ ထိပ်တန်း တပ်မတော် ခေါင်းဆောင် တချို့နဲ့ အတူ စစ်မှုထမ်းဟောင်း အဖွဲ့က ကိုယ်စားလှယ်တွေ ဖြစ်ကြသည်။[၁၉] တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် MEC ၏ ဉက္ကဌဖြစ်သည်။ MEHL နှင့် MEC တို့က ပိုင်ဆိုင်သော စီးပွားရေးကဏ္ဍအမျိုးပေါင်းစုံတွင် ဆောက်လုပ်ရေး၊ ကျောက်မျက်ထုတ်ယူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းစသည့် ကဏ္ဍတို့မှ စီးပွားရေးလုပ်ငန်းပေါင်း အနည်းဆုံး(၁၂၀)ခု မျှထိ ပါဝင်သည်။ [၂၀]

အခြားလေ့လာရန်ပြင်ဆင်

ကိုးကားပြင်ဆင်

  1. http://www.burmalibrary.org/docs5/Myanmar_Constitution-2008-en.pdf Ministry of Information. September 2008
  2. https://www.president-office.gov.mm/?q=briefing-room/announcements/2016/03/31/id-10051
  3. https://myanmar.gov.mm/my/ministry-of-defense
  4. Maung Aung Myoe, Building the Tatmadaw, Appendix (6)
  5. https://www.myanmar.gov.mm/my/ministry-of-defense
  6. https://www.bnionline.net/mm/item/news-11441.html
  7. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈)၊ စာမျက်နှာ (၁၄၇-၁၄၈)။
  8. https://www.mlis.gov.mm/mLsView.do;jsessionid=7E8F0ECFC4E6C8D08A41E57083FC8C7E?lawordSn=8545
  9. တပ်မတော်သား လွှတ်တော်အမတ်များက ဥပဒေပြုရေး၌ အထောက်အကူပေးနိုင်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
  10. https://www.ohchr.org/Documents/HRBodies/HRCouncil/FFM-Myanmar/20190916/A_HRC_42_CRP.5.pdf
  11. https://burma.irrawaddy.com/news/2020/08/13/228015.html
  12. https://burma.irrawaddy.com/news/2020/06/23/225155.html
  13. https://burma.irrawaddy.com/article/2020/08/06/227555.html
  14. https://burmese.voanews.com/a/myanmar-election-law-hluttaw-/5296590.html
  15. မိုးဇေညိမ်း. "ဘာလဲဟဲ့ စရဖဆောင်းပါး", ဘာလဲဟဲ့ စွမ်းအားရှင် 
  16. https://7daydaily.com/story/34525
  17. https://myanmar.mmtimes.com/features/13986-2015-03-31-17-36-28.html
  18. https://www.bbc.com/burmese/burma-48101816
  19. https://www.bbc.com/burmese/burma-49272042
  20. https://www.nytimes.com/2019/08/05/world/asia/myanmar-military-business-united-nations.html

ပြင်ပလင့်ခ်များပြင်ဆင်