ကတုကုရန်းဒလေဆိပ်(သီဟိုဠ်: කටුකුරුන්ද ගුවන්තොටුපළ Katukurunda Guwanthotupala, IATA: KTY[၁]ICAO: VCCN) သည် သီရိလင်္ကာနိုင်ငံ၊ ကလုတရမြို့အနီးတွင် တည်ရှိသည့် ပြည်တွင်းသုံးလေဆိပ်တစ်ခု ဖြစ်သည်။[၂] ၎င်းကို သီရိလင်္ကာလေတပ် (ကတုကုရန်းဒ) က စစ်တပ်အခြေစိုက်လေဆိပ် အဖြစ် အသုံးပြုလျက်ရှိသည်။[၃]

Katukurunda Airport
SLAF Katukurunda

කටුකුරුන්ද ගුවන්තොටුපළ
အချက်အလက်များ
အမျိုးအစားMilitary / Public
ပိုင်ဆိုင်သူGovernment of Sri Lanka
စီမံကွပ်ကဲသူSri Lanka Air Force
တည်နေရာKalutara, Sri Lanka
ပင်လယ်မျက်နှာပြင် အထက်၃ မီတာ / ၁၀ ပေ
ကိုဩဒိနိတ်06°33′07″N 079°58′43″E / 6.55194°N 79.97861°E / 6.55194; 79.97861ကိုဩဒိနိတ်: 06°33′07″N 079°58′43″E / 6.55194°N 79.97861°E / 6.55194; 79.97861
မြေပုံ
KTY သည် သီရိလင်္ကာနိုင်ငံ တွင် တည်ရှိသည်
KTY
KTY
Location of airport in Sri Lanka
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
မီတာ ပေ
11/29 1006 ၃,၃၀၁ Bitumen

လေဆိပ်သည် ကလုတရမြို့မှ အရှေ့တောင်ဘက် ၂.၅ nautical miles (4.6 km) အကွာတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃ မီတာ (၁၀ ပေ) တွင် တည်ရှိသည်။ ပြေးလမ်းတစ်ခုပါရှိကာ 11/29  bitumen surfaceမျက်နှာပြင် အမျိုးအစားဖြစ်ပြီး အတိုင်းအတာအားဖြင့် 1,006 x 46 m (3,301 ft × 151 ft) ရှိသည်။[၂]

သမိုင်းကြောင်း ပြင်ဆင်ရန်

မူလက HMS Ukussa တော်သင်္ဘောတပ်၏ လေတပ်ဌာနတစ်ခုအဖြစ် ပြုလုပ်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် သီရိလင်္ကာလေတပ်သည် ၎င်းကို ပြန်လည်ပြုပြင်ခဲ့သည်။ ဤနေရာသည် အားကစားနှင့် လေတပ်အားကစားအဖွဲ့၏ ထောက်ခံချက်ဖြင့် ကားပြိုင်ပွဲများပြုလုပ်ရာနေရာလည်း ဖြစ်သည်။

၁၉၄၄ ခုနှစ်တွင် တော်ဝင်ရေတပ်၏ Fleet Air Arm က တည်ထောင်ခဲ့သည်။ ၎င်းသည် တော်ဝင်သင်္ဘောတပ်၏ အကြီးဆုံးလေတပ်ဌာနဖြစ်သည်။ အရာရှိ ၃၀၀ သည် တာဝန်ထမ်းဆောင်လျက်ရှိပြီး သင်္ဘောသား ၃၀၀၀နှင့် အမျိုးသမီးတော်ဝင်သင်္ဘောတပ်မှ အမျိုးသမီး ၁၀၀ ဦးတို့လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။ ဤလေဆိပ်သည် မည်သည့်အချိန်တွင်မဆို လေယာဉ်အစီး ၁၀၀ အတွက် အလုပ်လုပ်ဆောင်ပေးနိုင်သည်။

ပြည်တွင်းရှိလေကြောင်းပျံသန်းမှုကျောင်းများကိုလည်း ပုဂ္ဂလိကသုံးလေယာဉ်ကွင်းမှ လေ့ကျင့်သင်ကြားပေးမှုများ ထောက်ပံ့ပေးလျက်ရှိသည်။

လေကြောင်းလိုင်းများနှင့် ပျံသန်းမှုများ ပြင်ဆင်ရန်

လေကြောင်းလိုင်းများပျံသန်းရာနေရာ
Millennium Airlines Colombo-Bandaranaike, Colombo-Ratmalana
Open Skies Katukurunda-Ratmalana-Koggala-Katunayake-Dondra
Skyline Colombo-Ratmalana-Katukurunda-Koggala-Dondra
Richy Sky lark Bentota (Commercial operator)
Asian Aviation Colombo-Ratmalana

ကိုးကား ပြင်ဆင်ရန်

  1. Airline and Airport Code Search (KTY: Katukurunda)International Air Transport Association (IATA)။ 2016-01-26 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ VCCN – KATUKURUNDAAIP Sri LankaAeronautical Information Services of the Airport & Aviation Services (Sri Lanka) Ltd (17 October 2013)။ 2016-01-24 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Sri Lanka Air Force Katukurunda။ Sri Lanka Air Force။ 2016-01-26 တွင် မူရင်းအား မော်ကွန်းတင်ပြီး။