ကန္ဒရဝတီနယ်
ကန္ဒရဝတီနယ်သည် လက်ရှိ ကယားပြည်နယ်ရှိ ယခင်က ကရင်နီပြည်နယ်များ ၏အရှေ့ပိုင်းရှိနယ်မြေတစ်ခုဖြစ်သည်။ ယနေ့ခေတ် ကယားပြည်နယ်ဖြစ်သည်။သံလွင်မြစ်အရှေ့ပိုင်းတွင်ရှိ၍ အရှေ့ကရင်နီဒေသဟုခေါ်သည်။ ကရင်နီဒေသ၅ခုတွင် အကြီးဆုံးဒေသဖြစ်သည်။[၁]
ကန္ဒရဝတီနယ် (အရှေ့ကရင်နီဒေသ) | |||||
ကရင်နီပြည်နယ်များ၏ အရှေ့ဒေသကြီး | |||||
| |||||
၁၉၁၇ခုနှစ်က ကရင်နီဒေသ | |||||
အစိုးရ | ပဒေသရာဇ် | ||||
သမိုင်း | |||||
• | လွတ်လပ်သောမြေ | ၁၈ရာစု | |||
• | ကယားခေါင်းဆောင်များ အာဏာစွန့်ခြင်း | ၁၉၅၉ | |||
ဧရိယာ | |||||
• | ၁၉၃၁ | ၆၄၇၅ km2 (၂၅၀၀ sq mi) | |||
လူဦးရေ | |||||
• | ၁၉၃၁ | ၃၀၆၇၇ | |||
သိပ်သည်းမှု | ၄.၇ /km2 (၁၂.၃ /sq mi) |
သမိုင်းကြောင်း
ပြင်ဆင်ရန်ဒေသခံများ၏စကားများအရ ယခင်က ရှမ်းစော်ဘွားများ၏သစ္စာခံ စော်ဘွားများအုပ်ချုပ်ကြသည်။၁၈ရာစုတွင် လွတ်လပ်လာပြီး ၁၉ရာစုတွင် ကရင်နီဒေသ၌ ဒေသကြီး၅ခုရှိခဲ့သည်။
၁၈၆၄တွင် ကရင်နီမင်းသားတစ်ပါးမှ ဗြိတိသျှ၏အစောင့်အရှောက်ကိုတောင်းခံခဲ့သည်။ သို့သော် ဗြိတိသျှအာဏာပိုင်များမှ စိတ်မဝင်စားခဲ့ပေ။ ၁၈၆၉တွင် ထိုမင်းသားသေသွားပြီးသူ၏သား၂ယောက်မှ မြန်မာတို့၏သူတို့ပြည်နယ်အပေါ်ထားသည့် ရည်မှန်းချက်ကို ကြောက်ရွံ့၍ ထပ်မံလျောက်ထားခဲ့သည်။ ဗြတိတိသျှတို့ကအစတွင် ထပ်မံငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လက်ခံခဲ့သည်။ ကြယ်ဖိုးကြီး၊ နန့်မယ်ခုံ၊ နောင်ပုလဲနှင့်ဘော်လခဲဒေသများမှာ ဗြိတိသျှ၏အစောင့်ရှောက်ခံဖြစ်လာပြီး ကန္ဒရဝတီမှမူ တရားဝင်မဟုတ်သော်လည်းအစောင့်ရှောက်ခံဖြစ်လာသည်။ ကန္ဒရဝတီဒေသမှာ ၁၈၈၈ခုနှစ်တွင် ကြီးမားစွာ ဒဏ်ရိုက်ခံရသည်။ အဘယ်ကြောင့်ဆိုသော် မြို့စားစောလဖော်၏ နယ်ချဲ့တို့အပေါ်ဆန့်ကျင်ခြင်းကြောင့်ဖြစ်သည်။ သူ့ကိုဆက်ခံသော စဝ်လဝီသည် ဗြိတိသျှအစိုးရကို ရူပီး၅၀၀၀ဆက်သသဖြင့် စော်ဘွားဘွဲ့ချီးမြှင့်ခဲ့သည်။
ထိုနှစ် နိုဝင်ဘာတွင် ဆိုင်ယမ်(ထိုင်း)အစိုးရမှ ကန္ဒရဝတီအရှေ့ပိုင်းကို နယ်ချဲ့ရန်ကြိုးပမ်းလာသည်။၁၈၉၂-၁၈၉၃ ခုနှစ် အင်္ဂလိပ်-ဆိုင်ယမ် နယ်နိမိတ်မျဉ်းကော်မရှင်အရ အရှေ့သံလွင်ကို ထိုင်းမှရယူသွားသည်။
၁၉၄၂တွင် ဂျပန်စစ်တပ်နှင့်အတူ ထိုင်းစစ်တပ်က ရှမ်းပြည်နယ်များကိုကျူးကျော်ခဲ့သည်။ ဗြိတိသျှ၏အကူအညီတောင်းခံမှုကြောင့် တရုတ်တပ်များက ကျိုင်းတုံနေရာများကိုစောင့်ရှောက်ကြသည်။ တရုတ်အမှတ်၉၃တပ်မှ ကျိုင်းတုံကို ခုခံပြီး ၂၄၉နှင့်၅၅တပ်တို့မှ ကျိုင်းတုံနှင့်ကရင်နီဒေသများမှခုခံသည်။ ဂျပန်လေတပ်ကြောင့် ၁၉၄၂နိုဝင်ဘာတွင် တရုတ်တပ်များကိုကျော်နိုင်ခဲ့သည်။ ဂျပန်စစ်တပ်မှာ ဆိုင်ယန်စစ်တပ်ကို ကျိုင်းတုံဒေသနှင့်ကရင်နီဒေသအချို့ကိုခွဲဝေပေးသည်။ ထိုင်းနှင့်ဂျပန်အကြားချုပ်ဆိုသော စာချုပ်များအရ ထိုင်းတပ်၏ကျိုင်းတုံဒေသများကို တိုက်ခိုက်ခြင်းကို သဘောတူခဲ့သည်။မောက်မယ်ဒေသမှ ၂ခရိုင်ကိုလည်း ထိုင်းမှလိုချင်ခဲ့သည်။ ထို့အတူ အရှေ့သံလွင်ရှိ ကန္ဒရဝတီဒေသပါ ပါဝင်သည်။
ဂျပန်အင်ပါယာ၏ ကျရှုံးမှုနှင့်အတူ ထိုင်းတို့ကပါ ကျိုင်းတုံနယ်များမှ ၁၉၄၅ တွင် စွန့်ခွာသွားသည်။ ကန္ဒရဝတီဒေသကိုမူ ၁၉၄၆ တွင်မှ ထွက်ခွာသွားသည်။
အုပ်ချုပ်သူများ
ပြင်ဆင်ရန်၁၉၀၃ခုနှစ်မှစ၍ စော်ဘွားဘွဲ့ခံယူခဲ့ကြသည်။
- ၁၈၃၇-?မောင်ပုံ(ပီးပေါ်)
- ၁၈၄၅-?ပါပေါ်ကြီး
- ၁၈၅၀-?စဝ်လာစာ
- c.၁၈၅၀-၁၈၆၆ စဝ်ပြတ်တင်
- ၁၈၆၆-၁၈၆၈ စဝ်လောဖော်
မြို့စား
ပြင်ဆင်ရန်- ၁၈၆၈-၁၈၈၈ ဒီဇင်ဘာ စဝ်လောဖော်
- ၂၈ ဇန်နဝါရီ ၁၈၈၉-၃ ဇန်နဝါရီ ၁၉၀၃ စဝ်လဝီ (၁၈၅၂-၁၉၀၇)
စော်ဘွား
ပြင်ဆင်ရန်- ၁ ဇန်နဝါရီ ၁၉၀၃- ၈ ဇူလိုင် ၁၉၀၇ စဝ်လဝီ
- ၂ ဒီဇင်ဘာ ၁၉၀၇- ၁၉၀၉ ခွန်နန်(၁၈၈၀-၁၉၀၉)
- ၂၂ ဧပြီ ၁၉၁၀- ၁၉၄၈ ခွန်လီ(၁၈၉၁-၁၉..)
ဆက်စပ်ကြည့်ရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ Khu Oo Reh (October 2006)။ Highlights in Karenni History to 1948။