ကန်ဂျီ နာဂအိ

ဂျပန်လူမျိူး သတင်းစာဆရာ

ကန်ဂျီ နာဂအိ ခေါ် Kenji Nagai (長井 健司 Nagai Kenji?, August 27, 1957 – September 27, 2007) သည် ဂျပန်လူမျိုး ဓာတ်ပုံသတင်းထောက် တစ်ယောက်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများ နှင့် အန္တရာယ်များသော ဒေသများ တွင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တွင် အစိုးရစစ်တပ် ၏ ပစ်သတ်ခြင်း ခံရသူဖြစ်သည်။

Kenji Nagai
長井 健司
မွေးဖွား(1957-08-27)ဩဂုတ် ၂၇၊ ၁၉၅၇
Imabari, Ehime, Japan
ကွယ်လွန်စက်တင်ဘာ ၂၇၊ ၂၀၀၇(2007-09-27) (အသက် ၅၀)
Yangon, Burma
အလုပ်အကိုင်Photojournalist
ထင်ရှားသည့်
လုပ်ဆောင်မှု(များ)
Shot dead in Burma during the 2007 Burmese anti-government protests.

ဒဏ်ရာများဖြင့် လဲကျသွားသော်လည်း ဓာတ်ပုံကို ဆက်လက်ရိုက်ကူးနေဆဲဖြစ်ပြီး နောက်ပိုင်းတွင် ရရှိသော ဝမ်းပိုက် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သည်။ သူသည် ထိုအရေးအခင်းအတွင်း အသတ်ခံရသည့် တစ်ဦးတည်းသော နိုင်ငံခြားသားဖြစ်သည်။ [၁]

နောက်ကြောင်း ပြင်ဆင်ရန်

နာဂအိ သည် ဂျပန်ရှိ အီမာဘာရီ တွင် ကြီးပြင်းခဲ့ပြီး အီမာဘာရီ နီရှီ အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ထို့နောက် တိုကျို ခဲအိဇိုင်း တက္ကသိုလ် (東京経済大学) တွင် တက်ရောက်ခဲ့သည်။ ထိုမှ ဘွဲ့ရရှိပြီးနောက် အမေရိကန် နိုင်ငံတွင် တစ်နှစ်ကြာ ပညာသင်ကြားခဲ့သေးသည်။ ဂျပန်သို့ ပြန်လည်ရောက်ရှိသော အခါ တကိုယ်တော် ဂျာနယ်လစ် မလုပ်ခင် အချိန်ပိုင်း အလုပ်ဝင်လုပ်ခဲ့သေးသည်။ [၂]

တိုကျိုရှိ အေအက်ဖ်ပီ သတင်းဌာန သို့ အလုပ်ဝင်သောအခါ [၁] အရှေ့အလယ်ပိုင်းဒေသရှိ အန္တရာယ်များသော ဒေသများသို့ သတင်းယူရန် စေလွတ်ခြင်းခံရသည်။ [၃] ၁၉၉၇ မှ သေဆုံးချိန်ထိ အာဖဂန်နစ္စတန်၊ ကမ်ဘောဒီးယား၊ ပါလက်စတိုင်း နှင့် အီရတ် တွင် စစ်သတင်းများ ရယူခဲ့သည်။ [၂][၄]

နာဂအိ သည် မြန်မာပြည်သို့ ဘုန်းတော်ကြီးများဦးဆောင်သော ဆန္ဒပြပွဲကို ဖြိုခွဲမှုမတိုင်ခင် နှစ်ရက်အလိုတွင် ရောက်ရှိလာခဲ့သည်။ [၁][၅] ထိုအရေးအခင်းသည် လောင်စာဆီ ဈေးနှုန်းများတက်လာခြင်းမှ အစပြုခဲ့ပြီး၊ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဦးဆောင်သော လူထုဆန္ဒပြပွဲကြီး အသွင်ပြောင်းလာခဲ့သည်။ [၆]

The Times သတင်းစာ အဆိုအရ၊ လုပ်ဖော်ကိုင်ဖက် တစ်ဦးပြောသည်မှာ နာဂအိ သည် မည်သူမျှမသွားချင်သော နေရာ သို့ သွားရောက် သတင်းယူခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။ [၇]

သေဆုံးပုံ ပြင်ဆင်ရန်

နာဂအိ သည် စက်တင်ဘာ ၂၅ တွင် သတင်းယူရန် မြန်မာပြည်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၂၇ တွင် အရေးအခင်းအား ဆူးလေ ဘုရားမှ အနည်းငယ်ဝေးသော ထရိတ်ဒါး ဟော်တယ်အနီးတွင် ဓာတ်ပုံရိုက်ကူးနေခဲ့သည်။ စစ်သားများက ဆန္ဒပြသူများကို ပစ်ခတ်သော အခါ နာဂအိ သေဆုံးခဲ့ပြီး အခြား နိုင်ငံခြား သတင်းထောက် တစ်ယောက်လည်း ဒဏ်ရာရရှိခဲ့သည်။ [၈][၉]

ကနဦးသတင်းများအရ နာဂအိ သည် မှားယွင်းစွာ ပစ်ခတ်သော ကျည်အရ သို့ ရှေ့တည့်တည့်မှ ပစ်ခတ်သော ကျည်အရ ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ [၁၀] မှားယွင်းစွာ ပစ်ခတ်သော ကျည်အရ ဆိုသည်မှာ မြန်မာအစိုးရ၏ နာဂအိ သေဆုံးမှု အပေါ်သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ သို့သော်၊ ဂျပန်သတင်းဌာန များမှ ထုတ်လွင့်သော ရုပ်သံအရ မြန်မာစစ်သားတစ်ဦးက နာဂအိ အား မြေပြင်ပေါ်တွန်းလဲ ခဲ့ပြီးမှ အနီးကပ် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ [၃][၁၁]

Adrees Latif ၏ ဓာတ်ပုံအရ စစ်သားတစ်ယောက်သည် ဒဏ်ရာရ၍ လဲကျနေပြီး ဓာတ်ပုံဆက်ရိုက်နေသော နာဂအိ အပေါ်မိုး လျက် ရှိသည်။ ထိုပုံသည် နောက်တစ်နေ့ ၂၈ စက်တင်ဘာ ၂၀၀၇ ထုတ် နယူးယောက်တိုင်း သတင်းစာ မျက်နှာဖုံးတွင် ပါလာခဲ့သည်။ ဆက်ရိုက်သော ပုံများအရ ထိုစစ်သားသည် နာဂအိ ၏ ခန္ဓာကိုယ်ပေါ်မှ ဆက်လျှောက်သွားခဲ့သည်။ လေ့လာမှုများအရ ၎င်းစစ်သားသည် ထိုအချိန်တွင် ရန်ကုန်၌ တာဝန်ယူရသော တမခ ခေါ် ခြေမြန်တပ်မ ၆၆ မှ ဖြစ်နိုင်သည်။

မြန်မာနိုင်ငံရှိ ဂျပန်သံရုံးတွင်၊ ဆရာဝန်တစ်ယောက်က ကျည်လမ်းကြောင်း ကို သုံးသပ်သည်မှာ ကျည်သည် ဝမ်းပိုက်၏ ညာအောက်ပိုင်းမှ ဝင်ရောက်ခဲ့ပြီး နှလုံးကို ဖောက်ထွင်းသွားခဲ့ကာ နောက်ဖက်မှ ထွက်သွားသည် ဟု ဆိုသည်။ [၃]

အစိုးရ စစ်သားက နာဂအိ၏ ကင်မရာကို သိမ်းယူသွားခဲ့ပုံများ အောက်တိုဘာ ၈ ရက်တွင် ဂျပန်သတင်းဌာနများမှ ထွက်ပေါ်လာခဲ့သေးသည်။ [၁၂][၁၃] နာဂအိ အပစ်ခံရပုံ ကို ရိုက်ကူးထားသော Adrees Latif ၏ ဓာတ်ပုံသည် ၂၀၀၈ ခုနှစ် ကြားဖြတ်သတင်းဓာတ်ပုံ ပူလစ်ဇာဆု ကို ဆွတ်ခူးရရှိခဲ့သည်။[၁၄]

တုံ့ပြန်မှုများ ပြင်ဆင်ရန်

စက်တင်ဘာ ၂၈ တွင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မာဆာဟီကို ကိုမူရာ သည် နာဂအိ အသတ်ခံရမှု အပေါ် မြန်မာအစိုးရကို ကန့်ကွက်သော ဆန္ဒပြပွဲတစ်ခုကို တက်ရောက်ခဲ့သည်။ ထိုအတောအတွင်း ကုလသမဂ္ဂရုံးချုပ်တွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခဲ့သည်။ အစည်းအဝေးတွင် ဦးဉာဏ်ဝင်းက နာဂအိ သေဆုံးမှု အပေါ်တောင်းပန်ခဲ့သည်။ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ယာဘူနာက မီတိုဂျီ သည် ထိုကိစ္စအတွက် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၃၀ တွင် သွားရောက်ခဲ့သည်။ [၁၅]

မြန်မာနိုင်ငံခြားရေးဝန်ကြီး က တရားဝင် တောင်းပန်ခဲ့သော်လည်း အောက်တိုဘာ ၁၃ ရက်နေ့ထုတ် အစိုးရ သတင်းစာ ကြေးမုံ တွင် အခြား အမြင် တမျိုးဖြင့် ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့သေးသည်။ ထိုဆောင်းပါးတွင် နာဂအိသည် တိုင်းပြည်အတွင်း သို့ သတင်းထောက် ဗီဇာ ဖြင့် ဝင်ရောက် ရမည့် အစား အလည်အပတ် ဗီဇာ ဖြင့်သာ ဝင်ရောက်ခဲ့သူ ဖြစ်ပြီး တရားဝင် ခွင့်ပြုချက်မရှိဘဲ သတင်းထောက်အလုပ်ကို လုပ်ကိုင်ခဲ့သူ ဖြစ်သည်ဟု ဖော်ပြထားသည်။ အခင်းဖြစ်ပွားသော အချိန်သည် စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ်ပြန်ထားသော အချိန်ဖြစ်ပြီး စစ်သားက အာရှသား ရုပ်ရည်ဖြစ်သော မြန်မာနှင့် ဂျပန် ကို ရုတ်တရက် ခွဲမရခဲ့ခြင်းကြောင့် ဖြစ်သည်ဟု လည်း ဖော်ပြထားသည်။ [၁၆]

ကန်ဂျီ နာဂအိ ဆု ပြင်ဆင်ရန်

မြန်မာသတင်းသမဂ္ဂ က နာဂအိ အမှတ်တရ ဆု ချီးမြှင့်ခဲ့သည်။ ဆု ကို မြန်မာနိုင်ငံ၏ အဖြစ်မှန်များကို ရေးသားတင်ပြနိုင်သူများကို ချီးမြှင့်မည် ဟု ဆိုသည်။ ပထမဆုံး ဆု ကို ၂၀၀၉ တွင် ပေးခဲ့ပြီး မြန်မာ အမျိုးသမီး သတင်းထောက် အိမ့်ခိုင်ဦးက ရရှိခဲ့သည်။ [၁၇]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ "Japanese journalist first foreign victim of Myanmar clashes"၊ Agence France-Presse၊ 2007-09-28။ 2007-09-28 တွင် ပြန်စစ်ပြီး။ Archived from the original on 9 June 2007။ 
  2. ၂.၀ ၂.၁ "Nagai's friends struggle for words"၊ The Daily Yomiuri၊ 2007-09-29။ 2007-09-29 တွင် ပြန်စစ်ပြီး။ Archived from the original on 12 October 2007။ 
  3. ၃.၀ ၃.၁ ၃.၂ "Video shows Japanese journalist 'being shot deliberately'"၊ London: Times Online၊ 2007-09-28။ 2007-09-28 တွင် ပြန်စစ်ပြီး 
  4. Chu၊ Henry။ "Protests persist despite bloodshed"၊ Business: TechnologyLos Angeles Times၊ 2007-09-28။ 2007-09-30 တွင် ပြန်စစ်ပြီး 
  5. "Myanmar Troops Kill 9 More Protesters"၊ Associated Press၊ 2007-09-27။ 2007-09-29 တွင် ပြန်စစ်ပြီး 
  6. "Troops take back control in Myanmar"၊ Associated Press၊ 2007-09-29။ 2007-09-29 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]
  7. Gittens၊ Hasani။ "Shocking Fotog-Slay"၊ New York Post၊ 2007-09-28။ 2007-09-28 တွင် ပြန်စစ်ပြီး 
  8. "Japanese photographer killed, another foreign journalist injured" (သတင်းထုတ်ပြန်ချက်)။ Reporters Without Borders။ 2007-09-27။ 3 October 2007 တွင် မူရင်း အား မော်ကွန်းတင်ပြီး2007-09-29 တွင် ပြန်စစ်ပြီး Unknown parameter |dead-url= ignored (|url-status= suggested) (အကူအညီ)
  9. "Japan inquiry into reporter death"၊ BBC News၊ 2007-09-28။ 2007-09-29 တွင် ပြန်စစ်ပြီး 
  10. "Japan to demand full explanation of death of journalist in Myanmar"၊ Canadian Press၊ 2007-09-29။ 2007-09-29 တွင် ပြန်စစ်ပြီး။ Archived from the original on 24 October 2007။ 
  11. Raw Footage of Execution။ Getaway Pundit (2009-07-22)။ 2009-07-22 တွင် ပြန်စစ်ပြီး။ “This is raw footage of the execution of Japanese journalist Kenji Nagai by the Burmese junta on September 27, 2007.”[လင့်ခ်သေ]
  12. "New footage of journalist shot in Burma shows soldier leaving scene with camera"၊ Japan News Review၊ 2007-10-09။ 2007-10-09 တွင် ပြန်စစ်ပြီး။ Archived from the original on 25 October 2007။ 
  13. "ミャンマー:警官カメラ持ち去る…長井さん銃撃直後の映像"၊ Mainichi Shimbun၊ 2007-10-09။ 2007-10-09 တွင် ပြန်စစ်ပြီး။ Archived from the original on 11 October 2007။ 
  14. Latson၊ Jennifer (2008-04-08)။ Reuters photographer's risky shot wins PulitzerHouston Chronicle။ 2008-04-24 တွင် ပြန်စစ်ပြီး။ “His photograph of the fatal shooting of a fellow journalist, the Japanese videographer Kenji Nagai, won the Pulitzer Prize for breaking news photography on Monday.”
  15. "Deputy foreign minister leaves for Myanmar following journalist killing"၊ National NewsMainichi Daily News၊ 2007-09-30။ 2007-10-01 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]
  16. Kyaw Min Lu (Shwe Pyi Thar)။ "Prevent salt destroying the Soup (ပြည်ပန်းညိုချိုချင်လျက်၊ ဆားကမဖျက်အောင်)" (in မြန်မာဘာသာ)၊ The Mirror၊ 2007-10-13၊ စာ- 6 and 7။ 2007-10-13 တွင် ပြန်စစ်ပြီး။ Archived from the original on 23 October 2006။ 
  17. "1st Kenji Nagai award to be presented to Myanmar female journalist"၊ Breitbart.com၊ 2009-02-13။ 2009-02-14 တွင် ပြန်စစ်ပြီး။ Archived from the original on 17 February 2009။ 

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်

ဗီဒီယို ပြင်ဆင်ရန်