ရွှေဝါရောင် တော်လှန်ရေး

၂၀၀၇ ခုနှစ်တွင်ဆန္ဒထုတ်ဖော်ခဲ့မှုများ

ရွှေဝါရောင် တော်လှန်ရေး သည် မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ် ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများတွင် ဖြစ်ပေါ်ခဲ့သော အစိုးရဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြမှုဖြစ်ရပ်များ ဖြစ်သည်။ ကန့်ကွက်ဆန္ဒပြမှုများ ရုတ်တရက်ဖြစ်ပေါ်လာရခြင်း အဓိကအကြောင်းရင်းမှာတပ်မတော်ကဖွဲ့ထားသည့်ကောင်စီ အစိုးရဖြစ်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ထုတ်ပြန်ကြေညာခြင်းမရှိသော ဆုံးဖြတ်ချက်ဖြစ်သည့် လောင်စာဆီ ထောက်ပံ့ထုတ်ပေးခြင်းအား ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ၎င်းသည် ဒီဇယ်နှင့်ဓာတ်ဆီဈေးနှုန်းကို ၆၆ရာခိုင်နှုန်းအထိ ရုတ်တရက်တိုးမြှင့်စေခဲ့ပြီး ဘတ်စ်ကားများအတွက် သဘာဝဓာတ်ငွေ့ဈေးနှုန်းသည် ရက်သတ္တပတ် မပြည့်မှီ ငါးဆမြှင့်တက်စေခဲ့ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။.[၁][၂]

ရွှေဝါရောင် တော်လှန်ရေး
အကြမ်းမဖက်ရေး စာတန်းပါ ဖော်ပြချက်နှင့် ရန်ကုန်မြို့တွင် ကန့်ကွက်ဆန္ဒပြနေသူများ
နေ့ရက်၁၅ ဩဂုတ် ၂၀၀၇ – ၂၆ စက်တင်ဘာ ၂၀၀၈
နေရာ
အကြောင်းရင်းခံ
  • နိုင်ငံရေး ဖိနှိပ်မှုများ
  • နိုင်ငံရေး အကျင့်ပျက်မှုများ
  • လူ့အခွင့်အရေး ချိုးဖောက်မှုများ
  • လောင်စာဆီ ဈေးနှုန်းမြင့်တက်မှု
  • နိုင်ငံရေးတွင် စစ်တပ်၏ ပါဝင်မှု
ရည်မှန်းချက်များ
  • ဒီမိုကရေစီ
  • လွတ်လပ်သော ရွေးကောက်ပွဲများ
  • လူ့အခွင့်အရေး
  • လူနည်းစုအခွင့်အရေး
  • နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး
  • နိုင်ငံရေးတွင် စစ်တပ်၏ ပါဝင်မှု အဆုံးသတ်ရေး
နည်းလမ်းများ
  • အကြမ်းမဖက်ဆန္ဒပြမှု
  • သပိတ်မှောက်
  • အာဏာဖီဆန်မှု
ရလဒ်လှုပ်ရှားမှု နှိမ်နင်းခံရ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ နှင့် အစိုးရသစ် ရွေးကောက်ခံရ

ကန့်ကွက်ဆန္ဒပြမှုများကို အမျိုးသမီးများအပါအဝင် အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူများ၊ ကျောင်းသားများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဦးဆောင်ခဲ့ကြပြီး အကြမ်းမဖက်သော လှုပ်ရှားမှုများ ဖြစ်သည်။[၃] ကန့်ကွက်ဆန္ဒပြမှုများတို့သည် အစပိုင်းတွင် နအဖမှ အလျင်အမြန်နှင့်ဖြိုခွင်း ခဲ့ပြီးနောက် ဒါဇင်ပေါင်းများစွာသော ကန့်ကွက်ဆန္ဒပြသူများ ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရသည်။ စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်၍ ကန့်ကွက်ဆန္ဒပြမှုများကို ထောင်ပေါင်းများစွာသော ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များမှ ဦးဆောင်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့တွင်အစိုးရ၏ ထပ်မံဖြိုခွင်းခြင်းကို မခံရမှီအချိန်အထိ ၎င်းကန့်ကွက်ဆန္ဒပြမှုများ ရှေ့ဆက်ရန် အခွင့်ရခဲ့သည်။[၄] ဖြိုခွင်းစဉ်ကာလအတွင်း မြန်မာ့တပ်မတော်အတွင်းတွင် သဘောထားကွဲလွဲမှုရှိခဲ့ကြောင်း ကောလာဟလများ ရှိခဲ့သော်လည်း တစ်ခုမျှ အတည်ပြုနိုင်ခြင်း မရှိခဲ့ပါ။ အချို့သော သတင်းထုတ်ပြန်ချက်တို့တွင် ကန့်ကွက်ဆန္ဒပြမှုများကို ရွှေဝါရောင်တော်လှန်ရေးဟု ရည်ညွှန်းပြောဆိုကြသည်။[၅][၆]

၂၀၀၇ ဆန္ဒပြမှုများအတွင်း ထိခိုက်သေဆုံးမှု အရေအတွက်အတိအကျကို မသိရှိရသော်လည်း အစိုးရ၏ နှိမ်နင်းမှုကြောင့် ၁၃ ဦးမှ ၃၁ ဦးအထိ သေဆုံးမှုရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ လူရာပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အများစုမှာ ပြန်လည်လွတ်မြောက်ခဲ့သည်။

 
ကန့်ကွက်ဆန္ဒပြနေကြသော ဘုန်းတော်ကြီးများ ရန်ကုန်မြို့ ရွှေတိဂုံဘုရားတွင် စုရုံး နေကြစဉ်

"ရွှေဝါရောင် တော်လှန်ရေး" ဟူသော စကားစုသည် မြန်မာစစ်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန္ဒပြမှုများနှင့် ဆက်နွယ်နေပြီး ရွှေဝါရောင်ဖြစ်သော သင်္ကန်းများသည် ဆန္ဒပြခြင်းများ၏ ရှေ့တန်းတွင်ရှိကြသော ဗုဒ္ဓဘာသာဝင် ရဟန်းများနှင့် များစွာပတ်သက်သည်။[၇] အလားတူစကားအသုံးအနှုန်းများကို အခြားနိုင်ငံများတွင် ညင်သာသော သို့မဟုတ် ငြိမ်းချမ်းသော တော်လှန်ရေးဖြစ်စဉ်အဖြစ်ဖော်ပြရန် ယခင်က အသုံးပြုခဲ့သည်။ ပထမဦးဆုံးအကြိမ်ဟု ထင်ရသော ၎င်းဆန္ဒပြမှုသည် အဓိကကန့်ကွက်ဆန္ဒပြမှုနှင့် ပတ်သက်ဆက်နွယ်နေခဲ့ပြီး အပြည်ပြည်ဆိုင်ရာ သတင်းအာဘော်တွင် မြန်မာကန့်ကွက်ဆန္ဒပြမှုများနှင့် ပတ်သက်၍ အမိအရ သတင်းထုတ်ပြန်ခဲ့သည်။[၈] မည်သို့ပင်ဖြစ်စေ ဘုန်းတော်ကြီးဘဝနှင့် တော်လှန်ရေးဆိုင်ရာ မြန်မာ့အတွေးအခေါ်များ အဓိကအားဖြင့် ပတ်သက်နေသည်ဟူသော စိတ်ကူးကို ဂတ်စတဖ် ဟော့တ်မန်း (Gustaaf Houtman) မှ ကန့်ကွက်ခဲ့ပြီး နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးအနေဖြင့် အခြားသောရှုထောင့်တစ်ခုမှ တစိတ်တဒေသ ဝေဖန်ခဲ့သည်မှာ ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးသည်သာ တစ်ခုတည်းသော အောင်မြင်သောတော်လှန်ရေး ဖြစ်သည်ဟု ဆိုသည်။ မြန်မာ့တော်လှန်ရေးအယူအဆသည် မည်သို့ပင် များစွာသော ရှည်လျားသည့်သမိုင်းနှင့် နေရာအတော်များများတွင် အသုံးပြုခဲ့သည်ဆိုသော်ငြားလည်း အားလုံးသော သာသနာ့ဘောင်ဝင်ခြင်းဆိုင်ရာ ခံယူရမည့်အရာများတွင် အသုံးမပြုပါ။

အဆိုပါ ရွှေဝါရောင်တော်လှန်ရေးသည် ပခုက္ကူမြို့မှ စတင်ခဲ့ခြင်းဖြစ်ပြီး  လောင်စာဆီဈေးနှုန်းမြင့်တက်မှုနှင့် လူထုကြားက အထွေထွေကျပ်တည်းမှုများအတွက် စက်သုံးဆီဈေးနှုန်း ပြန်ချပေးရန် မေတ္တာပို့လမ်းလျှောက်ခဲ့သည့် သံဃာတော်များကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးရာကနေ ပဋိပက္ခကြီးမားလာခဲ့ကာ သံဃာတော်များကို ပခုက္ကူမြို့လယ်၏ အ.လ.က (၃) ကျောင်းရှေ့ဓာတ်တိုင်ရှေ့တွင် ကြိုးတုပ်ရိုက်နှက်ခြင်းကို မြင်တွေ့ရာက အထွေထွေမကျေနပ်မှုနှင့် ပြည်သူလူထုပါဝင်သည့် ရွှေဝါရောင်အရေးအခင်းအဖြစ် ပေါက်ပေါက်လာခဲ့ခြင်းဖြစ်သည်။

သေကြေဒဏ်ရာရမှုများ

ပြင်ဆင်ရန်

သေကျေဒဏ်ရာရမှုအရေအတွက်သည် မရှင်းလင်းသေးပါ။[၉] အေဘီစီ (ABC) ၏အခိုင်အမာပြောဆိုချက်အရ စစ်တပ်မှ ရာပေါင်းများစွာသော အသက်တို့ကို ဖြိုခွင်းခဲ့သည်။ တရားဝင်သေဆုံးမှုသည် ၁၃ ဦးတွင် ရပ်တန့်နေသည်။[၁၀] ဂျပန်ဓာတ်ပုံသတင်းထောက် ကန်ဂျီ နာဂအိ (Kenji Nagai) သည် လက်ရှိအချိန်အထိ ဆူပူအုံကြွမှု၏ တစ်ဦးတည်းသော နိုင်ငံခြားသား သေဆုံးမှုဖြစ်သည်ဟု ယုံကြည်ရသည်။ သို့သော်ငြားလည်း ထိခိုက်သေဆုံးမှုသည် တရားဝင်သတင်းထုတ်ပြန်ချက်ထက် အဆပေါင်းများစွာ သာလွန်နိုင်သည်။[၁၁]

ကုလသမဂ္ဂအထွေထွေညီလာခံတွင် မပြောကြားမှီ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာကောင်စီ၏ အထူးညှိနှိုင်းရေးမှူး ပေါ်လို စာဂျီရို ပင်န်နဲရိုး (Paulo Sergio Pinheiro) မှပြောကြားသည်မှာ ဘက်မလိုက်သော အရင်းအမြစ်များ သတင်းထုတ်ပြန်ခဲ့မှုအရ အပါး ၃၀ မှ ၄၀ သော ရဟန်းသံဃာတော်များနှင့် အယောက် ၅၀ မှ ၇၀ သော အရပ်သားပြည်သူများ သတ်ဖြတ်ခြင်းခံခဲ့ရပြီး အယောက် ၂၀၀ သည်လည်း ရိုက်နှက်ခြင်းခံခဲ့ကြရသည်။[၁၂]

ဒီမိုကရက်တစ် မြန်မာ့အသံမှ ခန့်မှန်းသည့် သေဆုံးသူအရေအတွက် ၁၃၈ ဦးဟူသော ၎င်းတို့၏ ဖော်ပြချက်သည် မြန်မာနိုင်ငံရှိ ၈၈ မျိုးဆက်သစ်ကျောင်းသားများ စုစည်းခဲ့သည့် စာရင်းအပေါ်တွင် အခြေခံထားသည်။ ဒီဗွီဘီ (DVB) ၏ အလုပ်အမှုဆောင်ဒါရိုက်တာ အေးချမ်းနိုင်မှ သက်ဆိုင်ရာ စာနယ်ဇင်းသို့ ပြောကြားခဲ့သည်မှာ "ဒီ ၁၃၈ ဆိုတဲ့အရေအတွက်ဟာ အလွန်ယုံကြည်စိတ်ချရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစာရင်းဟာ ဓားစာခံတွေရဲ့နာမည်တွေပေါ်မှာ အခြေခံထားတာမို့လို့ ကျွန်တော့်အနေနဲ့လည်း ဒီအရေအတွက်ဟာ တိကျသေချာတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ပုံတွေကလည်း ဗမာပြည်ထဲက လာတာမို့လို့ပါ။ လူထုထဲကို စက်သေနတ်တွေနဲ့ သူတို့ပစ်လိုက်တဲ့ပုံစံဟာ လူဒါဇင်ပေါင်းများစွာကို သေစေနိုင်တဲ့အတွက်ဖြစ်ပါတယ်"။[၁၃]

ဒေးလီးမေးလ် (Daily Mail) သတင်းတစ်ပုဒ်တွင် "ထောင်ပေါင်းများစွာသော ကန့်ကွက်ဆန္ဒပြသူများ သေဆုံးကြပြီး ရာပေါင်းများစွာသော အသတ်ခံရသည့် သံဃာတော်များကို တောထဲတွင် စွန့်ပစ်ခဲ့သည်"ဟု သတင်းမထုတ်ပြန်မှီ ရက်များအလို စစ်တပ်မှ စွန့်ခွာထွက်ပြေးခဲ့သူ ဗိုလ်မှူးလှဝင်းပေးပို့သော သတင်းအချက်အလက်များပေါ်တွင် အခြေခံ၍ ဖော်ပြခဲ့သည်။ ၎င်းမှပင် ကိုးကား၍ပြောကြားခဲ့သည်မှာ "မကြာသေးခင်ရက်တွေတုန်းက ခင်ဗျားတို့ကြားထားတာထက် ပိုများတဲ့လူတွေ အသတ်ခံခဲ့ရတယ်။ ထောင်ပေါင်းများစွာသော လူသေကောင်တွေကို ရေတွက်လို့ရနိုင်တယ်"။

ဩစတြေးလျနိုင်ငံ၏ သည်အေ့ချ် (The Age) မှသတင်းထုတ်ပြန်သည်မှာ ကန့်ကွက်ဆန္ဒပြသူမဟုတ်သော သူနှစ်ဦး ရန်ကုန်မြို့အနောက်မြောက်ပိုင်းတွင် ပစ်သတ်ခံခဲ့ရပြီးနောက် "စစ်တပ်က ပြန်လာခဲ့ပါတယ်၊ မိသားစုတစ်စုချင်းကို ၂၀၀၀၀ ကျပ် (ဒေါ်လာ နှစ်ဆယ်နှင့် ညီမျှသော) စီပေးခဲ့ပြီး အလောင်းတွေကို ယူသွားကြပါတယ်"။[၁၄]

တိုင်းမ်စ်အောန်လိုင်း (Times Online) မှပေးပို့သော သတင်းဖော်ပြချက်တွင်မူ ရန်ကုန်အနောက်မြောက်ပိုင်းရှိ ငွေကြာယံဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်သည် စစ်သားများ၏ ကြိမ်ဖန်များစွာ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး "ပွဲခြင်းပြီးသေဆုံးသွားခဲ့သည်" ဟုဖော်ပြသည်။ စစ်သားများသည် သံဃာတော်များအား နံရံနှင့် မျက်နှာချင်းဆိုင် စီတန်းထား၍ ထရပ်ကားများပေါ်သို့ မတင်မှီ သံဃာတော်များ၏ ဦးခေါင်းများကို တစ်ခေါင်းချင်းစီ နံရံနှင့် အားရအောင်ရိုက်ခွဲခဲ့ကြသည်။ နောက်ဆုံး ထိခိုက်သေဆုံးမှုသည် ၃၁ ဦးအဖြစ်သာ ဆက်လက်တည်ရှိခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ သံတမန် ပေါ်လို စာဂျီရို ပင်န်နဲရိုး (Paulo Sergio Pinheiro) မှ အတည်ပြုခဲ့သည်။[၁၅]

ဖမ်းဆီးမှုများနှင့် ပြန်လည်လွှတ်ပေးခြင်းများ

ပြင်ဆင်ရန်

အနည်းဆုံး ပြည်သူ ၁၀၀၀ ဦးဖမ်းဆီးခံခဲ့ရကြောင်း အောက်တိုဘာ ၇ ရက်နေ့ အယ်လ်ဂျာဇီးရာ (Al Jazeera) သတင်းတွင် ထုတ်ပြန်ခဲ့သည်။ ဤအရေအတွက်ကို မြန်မာအစိုးရပိုင် မီဒီယာဖြစ်သော မြန်မာ့အလင်းသတင်းစာ မှ ပေးပို့ခဲ့ခြင်းသည်။ အောက်တိုဘာလ ၁၁ ရက်နေ့ အစိုးရမီဒီယာမှ အသစ်သောအရေအတွက်ကို သတင်းထုတ်ပြန်ခဲ့သည်မှာ ပြည်သူ ၂၁၀၀ ဦး ဖမ်းဆီးခံခဲ့ရပြီး အယောက် ၇၀၀ ကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်းဖြစ်သည်။[၁၆] ကွဲလွဲသည်မှာ ပြည်ပသတင်းဌာနများမှမူ အယောက် ၆၀၀၀ ထက်မကသောသူများ ထိန်းသိမ်းခံခဲ့ကြရသည်ဟု ဖော်ပြကြသည်။[၁၇] လန်ဒန်အခြေစိုက် စီးပွားရေးသတင်းကိုယ်စားလှယ်လုပ်ငန်း ရိုက်တာ (Reuters) မှ သတင်းထုတ်ပြန်ခဲ့သည်မှာ သံဃာအပါး ၈၀ ခန့်နှင့် အမျိုးသမီး ၁၄၉ ဦး (ဗုဒ္ဓဘာသာဝင် သီလရှင်များဟု ယုံကြည်ရသည်) တို့ကို စစ်အစိုးရမှ အောက်တိုဘာလ ၃ ရက်နေ့ ၂၀၀၇ ခုနှစ်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။[၁၈]

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ အင်းစိန်အကျဉ်းထောင်ရှိ တရားရုံးတစ်ခုတွင် အစိုးရဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြမှုများတွင် ဖမ်းဆီးခံခဲ့ရသော ၈၈ မျိုးဆက် ကျောင်းသားများ ၁၄ ဦး (အံ့ဘွယ်ကျော်၊ ကျော်ကျော်ထွေး၊ ကျော်မင်းယု (ကိုဂျင်မီ)၊ မာမာဦး[၁၉] မင်းဇေယျ၊ နီလာသိန်း[၂၀] Pannate Tun, စန္ဒာမင်း[၂၁] သန်းတင်၊ သက်သက်အောင်၊[၂၂] သင်းသင်းအေး (မီးမီး)၊ သက်ဇော်၊ ဇော်ဇော်မင်းနှင့် ဇေယျ (ကုလားမ))[၂၃]တို့အား ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့သည်။[၂၄] အစိုးရမှ အမျိုးမျိုးသောဥပဒေပုဒ်မများဖြစ်ကြသည့် နိုင်ငံသားများနိုင်ငံခြားငွေ လက်ဝယ်ထားရှိခြင်း သို့မဟုတ် ခွင့်ပြုချက်မရှိသောဗွီဒီယိုနှင့် လျှပ်စစ်ပစ္စည်းများ ကိုပိုင်ဆိုင်ခြင်းတို့ကို တားမြစ်သည့်ဥပဒေပုဒ်မများဖြစ်သော နိုင်ငံခြားငွေလဲလှယ်မှုဥပဒေနှင့် ဗွီဒီယိုနှင့် လျှပ်စစ်ပစ္စည်းများဆိုင်ရာဥပဒေတို့ကို အသုံးပြုခဲ့သည်။[၂၅] ရန်ကုန်မြို့ ငွေကြာယံဘုန်းတော်ကြီးကျောင်းမှ သံဃာတော် ၅ ပါးအပါအဝင် အခြား နိုင်ငံရေးလှုပ်ရှားမှု ဆောင်ရွက်သူ ၂၆ ဦးတို့ကို ၆ နှစ်မှ ၂၄ နှစ်အထိ ထောင်ဒဏ်ချမှတ်ခဲ့သည်။[၂၆] ဦးဂမ္ဘီရအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၂ နှစ် အပါအဝင် စုစုပေါင်း ၆၈ နှစ်အထိ ချမှတ်ခဲ့သည်။[၂၇]

အင်တာနက် ထိန်းချုပ်မှု

ပြင်ဆင်ရန်

ဝက်ဘ်အခြေပြု အီးမေးလ် အသုံးပြုမှုကို မရရှိစေခြင်းအပါအဝင် ဝက်ဘ်ဆိုဒ်များနှင့် မြန်မာနိုင်ငံနှင့် ပတ်သက်သော သတင်းများ သို့မဟုတ် အချက်အလက်များအား ပေးပို့သော ဝန်ဆောင်မှုများအားလုံးကို အစိုးရမှ ပိတ်ပင်ရန် ကြိုးစားသည်။ သို့သော်လည်း ရန်ကုန်မြို့ရှိ ဘလော့ဂါများသည် တည်းဖြတ်မှုများမှ အောင်မြင်စွာ လွတ်အောင်ရှောင်ရှားနိုင်ခဲ့ပြီး ရုပ်ပုံများနှင့် ဗွီဒီယိုများကို ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်နေချိန်နှင့် တစ်ပြေးညီနီးနီး ဘလော့ဂ် ပေါ်တွင် တင်ပြနိုင်ခဲ့ကြသည်။[၂၈] များစွာသော ပုံများကို သာမန်သတင်းအဖွဲ့အစည်းများမှ စုစည်းရရှိခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘလော့ဂါများသည် မည်သူတစ်ဦးတစ်ယောက်မှ မရရှိနိုင်သော ပုံများကို ဖမ်းယူနိုင်ရန် စီမံခဲ့သောကြောင့် ဖြစ်သည်။ စနေနေ့တွင်အောင်ဆန်းစုကြည် သူမ၏ရန်ကုန်မြို့နေအိမ်မှ အပြင်သို့ ထွက်၍ ထောက်ခံအားပေးသူများနှင့် ချီတက်လာသော သံဃာတော်များကို နှုတ်ဆက်ရန် ထွက်ခဲ့သော ခဏတာ မျက်စိတစ်မှိတ်အတွင်း အထင်ကရဖြစ်ရပ် ရုပ်ပုံများကို ဘလောက်များတွင် တင်ပြထားခဲ့သည်။

မိမိဆန္ဒအလျောက်တိုင်းပြည်မှ ထွက်ခွာခဲ့သော အစိုးရနှင့် သဘောထားကွဲလွဲဆန့်ကျင်သူများဦးစီးသည့် အိန္ဒိယအခြေစိုက် မဇ္ဈိမသတင်းအဖွဲ့သည်[၂၉] အောင်ဆန်းစုကြည်၏ ပုံများစွာအနက်မှ တစ်ပုံကို ရွေးချယ်ခဲ့ပြီး အယောက် ၅၀၀၀၀ ထက်မကသောသူများ ထိုနေ့တွင် ၎င်းတို့၏ ဝက်ဘ်ဆိုဒ်ကို အသုံးပြုခဲ့သည်ဟု ဆိုသည်။[၃၀] အချို့သော အင်တာနက်သုံးစွဲသူ မြန်မာတို့သည် အစိုးရမထိန်းချုပ်ထားနိုင်သည့် ၎င်းတို့၏အခြေအနေနှင့် ပတ်သက်သော ပြင်ပမှသတင်းအချက်အလက်များကိုရရှိရန် အင်တာနက်တွေ့ဆုံဆွေးနွေးမှုများကို ကြိုးစား၍သုံးစွဲခဲ့ကြသည်။ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အစိုးရမှ အင်တာနက်အသုံးပြုမှုအခွင့်အလမ်းအားလုံးကို ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။[၃၁]

တရားဝင်ဖြေရှင်းချက်မှာပြုပြင်ထိန်းသိမ်းမှုပြုလုပ်နေသောကြောင့်ဟု ဆိုသော်လည်း ကောင်းကင်သတင်း (Sky News) မှ သတင်းပေးပို့ချက်များအရ အင်တာနက်ကဖေးများသည်လည်း ပိတ်လိုက်ရခြင်းဖြစ်သည်။[၃၂][၃၃] ရန်ကုန်မြို့တွင် အောက်တိုဘာလ ၆ ရက်နေ့ ဒေသစံတော်ချိန် ညသန်းခေါင်ယံမတိုင်မှီ အင်တာနက်ဆက်သွယ်မှုအား နဂိုအတိုင်းပြန်လည်ဆက်သွယ်ပေးခဲ့သည်။ မြန်မာနိုင်ငံရှိ အရင်းအမြစ်များမှ ပြောကြားခဲ့သည်မှာ အောက်တိုဘာလ ၆ ရက်နေ့ ၂၂:ဝဝ နာရီမှ ဒေသစံတော်ချိန် နံနက် ၅:ဝဝ နာရီတွင် အင်တာနက်ပြန်လည်ကောင်းမွန်ခဲ့သည် ဟုယူဆရသည်။

နိုင်ငံတကာမှ တုံ့ပြန်မှုများ

ပြင်ဆင်ရန်

နိုင်ငံအမြောက်အမြားမှ ကန့်ကွက်ဆန္ဒပြမှုများကို ထောက်ပံ့ကူညီအားပေးရန်နှင့် စစ်အစိုးရကို အရေးတကြီးပြန်လည်ဖွဲ့စည်းမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အကြံပြုတိုက်တွန်းမှုများ ပြုလုပ်နေကြချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ကဲ့သို့အဓိကကျသော နိုင်ငံအချို့တို့သည် ကြားဝင်မစွက်ဖက်ရေးခံယူချက်အမြင်ကို ဆက်လက်ထိန်းသိမ်းထားရှိသည်သာမက အစိုးရကို အပြန်အလှန်နားလည်မှုဖြင့် ပံ့ပိုးကူညီကြောင်း သဘောထားကိုပြသခဲ့သည်။[၃၄][၃၅]

အရေးယူမှုများ

ပြင်ဆင်ရန်

အမေရိကန်အစိုးရ၊ ဥရောပသမဂ္ဂနှင့် ကနေဒါနိုင်ငံတို့သည် စစ်အစိုးရအပေါ် အရေးယူမှုများစွာကို တွန်းအားပေး ဆောင်ရွက်ခဲ့ကြရာတွင် သစ်လုပ်ငန်းနှင့် ကျောက်မျက်ရတနာတင်သွင်းမှုများကို ပိတ်ပင်မှုများ ပြုလုပ်ခြင်းနှင့် ဘဏ်စာရင်းများ ပိတ်လိုက်ခြင်းတို့ ပါဝင်သည်။[၃၆] တရုတ်အိန္ဒိယနှင့် အာဆီယံနိုင်ငံများတို့သည် ပုဂ္ဂလိကအရေးယူမှုများတွင် သဘောတူပါဝင်ရန်လက္ခဏာ တစ်စုံတစ်ရာမရှိသည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ပြုလုပ်ခဲ့လျှင် ဖြစ်နိုင်သည်ဟု အာဆီယံမှ ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ အထက်တန်းအရာရှိ ၁၄ ဦးတို့အား ပိတ်ဆို့အရေးယူကြောင်း အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာနမှ ကြေညာခဲ့သည်။[၃၇] ထိုကဲ့သို့ ဦးတည်ချက်ထား၍ အရေးယူမှုများတွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ပါဝင်သည်။ ဘဏ္ဍာရေးဌာနမှ အရေးယူဆောင်ရွက်မှုသည် ဦးတည်သတ်မှတ်ထားသူတစ်ဦး အမေရိကန်ဘဏ် သို့မဟုတ် အခြားသော အမေရိကန်တရားစီရင်မှုအောက်တွင်ရှိသော ငွေကြေးဆိုင်ရာအဖွဲ့အစည်းများတွင် ထားရှိသော မည်သည့်ပိုင်ဆိုင်မှုများကိုမဆို ပိတ်ပင်ခြင်းခံရလိမ့်မည်။ အမိန့်သည်မည်သည့်အမေရိကန်နိုင်ငံသားများကိုမဆို ပညတ်ထားသောတစ်ဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်းမှ တားမြစ်သည်။[၃၈]

စက်တင်ဘာ ၂၇ ရက်နေ့တွင် ဥရောပသမဂ္ဂသည် လက်ရှိအရေးယူမှုများတွင်ပါဝင်ပြီးဖြစ်သော လက်နက်ရောင်းဝယ်မှုကို တားမြစ်ခြင်း၊ ပိုင်ဆိုင်မှုကို ပိတ်ပင်ခြင်းနှင့် ပြည်ဝင်ခွင့်နှင့် ကုန်သွယ်မှုတားမြစ်ခြင်းတို့ကို စစ်အစိုးရကို ဆန့်ကျင်ရန် "ဦးတည်ထားသော အရေးယူမှုများကို တွန်းအားပေးခြင်း" အဖြစ် စတင်စဉ်းစားခဲ့သည်။[၃၉] ၎င်းတို့၏ ရည်ရွယ်ချက်မှာ အများပြည်သူအား မထိခိုက်စေပဲ ပြန်လည်အရေးယူမှုများ ပြုလုပ်ရန် ဖြစ်သည်။ဩစတြေးလျ ဝန်ကြီးချုပ် ဂျွန်ဟောင်းဝါဒ် (John Howard) သည် ပစ်မှတ်ထားသော စစ်အစိုးရအဖွဲ့ဝင်များ၏ ငွေကြေးဆိုင်ရာ ပိတ်ပင်အရေးယူမှုများကို ဩစတြေးလျအစိုးရမှ ပေးပို့မည့်အပြင် နောက်ထပ်ကန့်သတ်ထားသော စစ်ခေါင်းဆောင်များကိုလည်း အခြားအရေးယူဆောင်ရွက်မှုများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အတည်ပြု အစီရင်ခံသည်။[၄၀][၄၁]

တရုတ်နိုင်ငံမှကြားဝင်ဖျန်ဖြေရန်တိုက်တွန်းခံရပုံ

ပြင်ဆင်ရန်

မြန်မာနိုင်ငံတွင် ပြုလုပ်ဆဲရှိသော ကန့်ကွက်ဆန္ဒပြမှုများတွင် တရုတ်နိုင်ငံအနေဖြင့် ကြားဝင်ဖျန်ဖြေရန် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒက်စ်မွန်တူးတူးမှ တိုက်တွန်းခဲ့သည်။ "တရုတ်နိုင်ငံ၊ သင့်မှာ ဩဇာအရှိန်အဝါရှိပါတယ် - လူမဆန်တဲ့ ဟိုလူတွေကို သူတို့ရဲ့ လူမဆန်တဲ့ လုပ်ရပ်ကို ရပ်ဖို့ပြောပါ" ဟု ဆွီဒင်နိုင်ငံ ဂုတ်ဘောဂ် စာအုပ်ပွဲတော်တွင် တူးတူးမှပြောကြားခဲ့သည်။ အကယ်၍ တရုတ်နိုင်ငံသည် ၎င်းအနေဖြင့်တတ်နိုင်သော မြန်မာနိုင်ငံရှိ စစ်အစိုးရများကို ဆန့်ကျင်ရေးဘက်တွင် မရပ်တည်ခဲ့လျှင် "နောက်နှစ် ဘေကျင်း အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ဖို့ရန် လှုံ့ဆော်ရေးတစ်ခု ပြုလုပ်မည်"ဟု ဂုဏ်ထူးဆောင်ခရစ်ယာန်ဂိုဏ်းချုပ်တူးတူးမှပြောကြားခဲ့သည်။ လူအမြောက်အမြားမှတရုတ်အစိုးရကိုဖိအားပိုတိုးစေခြင်းသည်မြန်မာပြည်သူများကိုပံ့ပိုးမှုပေးရန်အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟုပြော ဆိုကြပြီး၂၀၀၈ ခုနှစ် နွေရာသီ အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ရန် ကမ္ဘာတစ်ဝန်းသို့ ဆော်ဩခြင်းကို ကြီးထွားလာစေသည်။ ဗြိတိသျှအသံလွှင့်ဌာန ကမ္ဘာ့သတင်းများ ရုပ်သံဝန်ဆောင်မှုမှ တွေ့ဆုံမေးမြန်းခန်းများ၊ အီးမေးလ်များနှင့် ကမ္ဘာအရပ်ရပ်မှ ထောက်ခံအကြံပြုသော အမှာစကားစာသားများကို ထုတ်လွှင့်ခဲ့ပြီး လူအများကို ဖုန်းခေါ်ဆို၍ လက်မှတ်များ ပယ်ဖျက်ခြင်း၊ လေကြောင်းလိုင်း ကြိုတင်မှာယူခြင်း များနှင့် ဘေကျင်းတွင်ဟိုတယ်ကြိုတင်မှာယူထားခြင်းများကို ပယ်ဖျက်ရန် ပြောဆိုခဲ့သည်။

စည်းရုံးလှုံ့ဆော်ခြင်းများ

ပြင်ဆင်ရန်
 
လန်ဒန်တွင် ကန့်ကွက်ဆန္ဒပြသူများ ချီတက်နေပုံ

မြန်မာစည်းရုံးလှုံ့ဆော်ရေးယူကေနှင့် မြန်မာ့စည်းရုံးလှုံ့ဆော်ရေးအတွက်ယူအက်စ် အပါအဝင် နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူများနှင့် ကမ္ဘာတစ်ဝန်း စည်းရုံးလှုံ့ဆော်သည့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံရှိ သံဃာတော်များ၏ ကန့်ကွက်ဆန္ဒပြမှုတို့ကို ထောက်ခံရန် ဖေ့စ်ဘွတ်ခ်အဖွဲ့များ (များမကြာမှီ တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့အရေးလှုပ်ရှားမှု ကွန်ယက်) က မွန်းတည့် ၁၂းဝဝ နာရီအချိန်မှစ၍ အောက်တိုဘာလ ၆ ရက်နေ့ကို တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့အရေးလှုပ်ရှားမှုနေ့အဖြစ် သတ်မှတ်ရန် ဆော်ဩခဲ့ကြသည်။ဤအခမ်းအနားကို ဆစ်ဒနီ (ဩစတြေးလျ)၊ မွန်ထရီယယ်၊ အိုတဝါ၊ ကစ်ချနာနှင့် ဗင်ကူးဘာ (ကနေဒါ)၊ နယူးယောက်နှင့် ဆန်ဒီရာဂို (အမေရိကန်နိုင်ငံ)၊ ဒပ်ဘ်လင် (အိုင်ယာလန်)၊ ဟောင်ကောင်နှင့် နော်ဝေနိုင်ငံတို့၏နေ့များတွင် ဆက်တိုက် ကျင်းပပြုလုပ်ခဲ့ကြသည်။

 
ကန့်ကွက်ဆန္ဒပြသူများ ကစ်ချနာ၊ အွန်တေရီယိုတွင် ချီတက်နေပုံ
 
(Carlos Latuff) ကားလို့စ် လတပ်ဖ်၏ကာတွန်း

အေဗားဇ် ဒေါ့အော့ချ် မှ တာဝန်ယူ၍ "စစ်မှန်သော ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီကို ထောက်ခံမှုပေးရန်"နှင့် "ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းခြင်းများကို ဆန့်ကျင်ကြောင်း"တို့ကို တရုတ်သမ္မတ ဟူကျင်တောင် (Hu Jintao) နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ လေလှိုင်းမှတစ်ဆင့် တရားဝင်မေတ္တာရပ်ခံ ပန်ကြားခဲ့ကြသည်။ ပန်ကြားလွှာတွင် "သွေးထွက်သံယိုမှုများအတွက် တာဝန်ယူရန်" ၎င်းတို့အား ကတိပြုစေဖို့ ပါဝင်သည်။ အစပိုင်းတွင် လက်မှတ် ၅၀၀၀၀၀ ကို လက်ခံရရှိရန် ရည်ရွယ်ခဲ့ပြီး ရည်ရွယ်သည့်အတိုင်း အောင်မြင်ပြီးသည့်နောက် အသစ်ဦးတည်ချက်အဖြစ် လက်မှတ် ၁၀၀၀၀၀၀ ကိုရရှိရန် ရည်ရွယ်ခဲ့ကြသည်။

ဘလော့ဂါများ၏ဆောင်ရွက်မှုများ

ပြင်ဆင်ရန်

ဘလော့ဂါများ ၎င်းတို့၏ ဘလောက်များကို မတင်ပဲ ထားရှိရန် လှုံ့ဆော်စည်းရုံးမှုတစ်ခုကို အောက်တိုဘာလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ထိုနေ့ကို အပြည်ပြည်ဆိုင်ရာမြန်မာဘလော့ဂါနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဘလော့တင်မည့်အစား မြန်မာပြည် လွတ်လပ်ရမည်! ဟူသော စကားလုံးများကို မျဉ်းသားဖော်ပြထားသည့် နဖူးစည်းစာတန်းတစ်ခုကိုတင်ရန် ပြောဆိုခဲ့ကြသည်။ အီတလီ ၌အခြေပြုသော ဘလော့ဂါများ၏ ကမ္ဘာတစ်ဝန်းလှုပ်ရှားဆောင်ရွက်မှုသည် မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် ထောက်ပံ့ကူညီပေးခြင်းဟူသော ဆိုင်းဘုတ်တစ်ခုကို အင်တာနက်မှတစ်ဆင့် တင်ရှိထားလိမ့်မည်ဖြစ်သည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းရှိ ဘလော့ဂါများနှင့် ဝက်ဘ်ဆိုဒ်ပိုင်ရှင်များအားလုံးသည် "မြန်မာပြည် လွတ်လပ်ရမည်"ဟူသော ဂရပ်ဖစ်ကို ဝက်ဘ်ရှေ့မျက်နှာစာများတွင် ထည့်သွင်းခြင်းနှင့် ဘလော့များပေါ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အကြောင်းအရာများကိုသာ ထည့်သွင်းခြင်းဖြင့် ထောက်ပံ့ကူညီရန် ဆော်ဩသည့် လှုံ့ဆော်စည်းရုံးမှုကို ပြုလုပ်ခဲ့သည်။ အင်တာနက်မှ အလားတူလှုပ်ရှားဆောင်ရွက်မှုမျိုးကို ယခုအချိန်အထိ တစ်ခါမျှ မဖော်ပြခဲ့ဖူးသေးပါ။

ငြိမ်းချမ်းရေးအတွက်အတွင်းခံများ

ပြင်ဆင်ရန်

သံဃာတော်များ အောင်ဆန်းစုကြည်နေအိမ်ကို ချီတက်ဖြတ်လျှောက်ပြီး ပထမဦးဆုံး ကွန်ယက်သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် "မြန်မာနိုင်ငံရှိ သံဃာတော်များ၏ ကန့်ကွက်ဆန္ဒပြမှုကို ထောက်ပံ့ကူညီရန်" ဖေ့စ်ဘွတ်ခ် အသုံးပြုသူများအဖွဲ့ အား ချက်ချင်းဖွဲ့စည်းခဲ့သည်။ အဖွဲ့သည် အောက်တိုဘာလ ၉ ရက်နေ့တွင် အဖွဲ့ဝင် ၃၈၀ ၀၀၀ အထိတိုးမြှင့်ခဲ့ပြီး အမြင့်ဆုံး ၄၄၀ ၀၀၀ အထိ ရောက်ရှိခဲ့သည်။ အဖွဲ့၏အချို့သော အဖွဲ့ဝင်များသည် နောက်ပိုင်းတွင် တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်မှု ကွန်ယက်ဟုခေါ်သော တရားဝင် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်မှုနေ့အဖြစ် အောက်တိုဘာလ ၆ ရက်နေ့တွင် မြို့ကြီးများ၊ ကမ္ဘာတစ်ဝန်းရှိ မြို့နယ်များတို့တွင် လူထုဆန္ဒပြပွဲများပြုလုပ်ရန် ဆော်ဩမှုတွင် ပူးပေါင်းပါဝင်ခဲ့သည်။ ဖေ့စ်ဘွတ်ခ်အနေဖြင့် "ပွင့်လင်းသော နိုင်ငံရေးအရင်းအမြစ်"ကို ပေးရဲ့လားဟု မေးခွန်းထုတ်ထားသော ဆောင်းပါးတစ်ပုဒ်ကို ဝီးယတ် (Wired) မဂ္ဂဇင်းမှ အခြေခံလူတန်းစားများ၏ ထူးခြားသောဆောင်ရွက်မှုအဖြစ် မှတ်တမ်းတင်ခဲ့သည်။

"ငြိမ်းချမ်းရေးအတွက်အတွင်းခံများ" ("Panties for Peace") ဟုအမည်တပ်ထားသော စည်းရုံးလှုံ့ဆော်ခြင်းကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် စတင်ခဲ့သည်။ ရည်ရွယ်သည်မှာ အယူသည်းသော မြန်မာဗိုလ်ချုပ်ကြီးများ အထူးသဖြင့် စစ်ခေါင်းဆောင် သန်းရွှေကို အမျိုးသမီးများ၏ မည်သည့်အတွင်းခံမျိုးနှင့်မဆို ထိတွေ့ခြင်းအားဖြင့် ၎င်းတို့၏အာဏာကို ကင်းမဲ့စေရန် ရည်ရွယ်သည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများသည်လည်း မြန်မာသံရုံးများသို့ အတွင်းခံများပါဝင်သော အထုပ်များကို ပေးပို့ခဲ့ကြသည်။ စည်းရုံးလှုံ့ဆော်မှုသည် ဩစတြေးလျ၊ ဥရောပ၊ စင်ကာပူနှင့် ထိုင်းသို့ ပျံ့နှံ့ခဲ့သည်။ မြန်မာနိုင်ငံရှိ ပြည်သူတို့သည်လည်း ခွေးလည်ပတ်ဆွဲထားသော သန်းရွှေ၏ ပုံများကို စတင်ချိတ်ဆွဲခဲ့သည်။ ခွေးနှင့် နှိုင်းယှဉ်ပြောဆိုခြင်းသည် မြန်မာယဉ်ကျေးမှုအရ အလွန်ပြင်းထန်သော စော်ကားမှုဖြစ်သည်။ စစ်အစိုးရဆန့်ကျင်ရေးပုံများကို မှုတ်ဆေးဖြင့် ဘတ်စ်ကားများ၊ ရထားဘူတာများတွင် လူသတ်သမားသန်းရွှေဟု ခေါ်ဝေါ်ရေးသားခဲ့သည်။

တိုတယ်၏စစ်အစိုးရအပေါ်ပံ့ပိုးမှုများ

ပြင်ဆင်ရန်

ဩစတြေးလျတွင် ဩစတြေးလျံလူမျိုးတို့၏ အသည်းစွဲ ဂျိမ်းစ်မာတီစန်သည် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဆစ်ဒနီမြို့ ၌ပြုလုပ်သော မြန်မာပြည်လွတ်လပ်ရေး လူထုစည်းဝေးပွဲတစ်ခုတွင်အစီအစဉ်မှူးအဖြစ် ပါဝင်ကူညီခဲ့ခြင်းဖြင့် သူ၏ထောက်ခံအားပေးမှုကို ပြသခဲ့သည်။ ပြည်တွင်းကန့်ကွက်ဆန္ဒပြမှုများသည် ပြင်သစ်၏ဧရာမရေနံလုပ်ငန်း တိုတယ်ရေနံ၏ အဆောက်အအုံရှေ့၌ အောက်တိုဘာလတွင် ဖြစ်ပွားခဲ့ပြီး ပထမဦးဆုံး တိုတယ်ရေနံသုံးစွဲသူတို့၏ ကမ္ဘာတစ်ဝန်း သပိတ်မှောက်မှု (အီးအယ်လ်အက်ဖ် နှင့် ဖီနားတို့ကိုလည်း ပိုင်ဆိုင်သည်) ဖြစ်ပြီး့် အမေရိကန်အခြေစိုက် ချက်ဗရွန် (တက်ဇကို၊ ကော်လ်တက်ဇ်နှင့် ယူနိုကယ်လ် တို့ကိုလည်း ပိုင်ဆိုင်သည်) သည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဆင့်ခေါ်ခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံတောင်ပိုင်းရှိ ရတနာသဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို အလွဲသုံးစားမှု ပြုလုပ်နိုင်ရန် ခန့်မှန်းခြေအားဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ကို စစ်အစိုးရအား ထောက်ပံ့ကူညီလျက်ရှိပြီး ၎င်းတို့သည် အမေရိကားနှင့် ဥရောပရှိ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် ထောက်ပံ့ကူညီလျက်ရှိသော အစိုးရ၏ ဆောင်ရွက်ချက်များကို ဆန့်ကျင်ရန် စည်းရုံးမဲဆွယ်လျက်ရှိသည်။

တိုတယ်၏ စိတ်ဝင်စားမှုများကို ကာကွယ်ရန်အတွက် ပြင်သစ်နိုင်ငံအစိုးရသည် ဥရောပသမဂ္ဂ၏ ပြင်းထန်သော မြန်မာ့အရေးဆောင်ရွက်မှုများအပေါ် အတားအဆီးတစ်ခု ဖြစ်လာခဲ့သည်။ ပြင်သစ်နိုင်ငံအစိုးရသည် စစ်အစိုးရကြောင့် တိုတယ်၏ ရင်းနှီးမြုပ်နှံမှုများအား ခုခံကာကွယ်နေသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများအား ဝန်ခံရန် တွန်းအားပေးခြင်းခံခဲ့ရသည်။ အေဗားဇ်ဒေါ့အော့ (Avaaz.org) သည် တစ်ကမ္ဘာလုံးဆိုင်ရာ လေလှိုင်းမှ ဦးစီးကမကထပြု၍ "ကျွန်ုပ်တို့၏နိုင်ငံများနှင့် ကျွန်ုပ်တို့သွားလာလေရာ အရပ်ရပ်တွင်ရှိသော မည်သည့် တိုတယ်၊ ချက်ဗရွန်၊ အီးအယ်လ်အက်ဖ်၊ ဖီနား၊ တက်ဇကို သို့မဟုတ် ကော်လ်တက်ဇ်ဆိုင်များမှ ဆီဝယ်ယူခြင်းမပြုကြရန်" ၂၀၂၅၅ ယောက်သော ပြည်သူများကို လက်မှတ်ရေးထိုးစေပြီး လက်မှတ် ၄၀၀၀၀ ကို စီးပွားရေးလုပ်ငန်းများ၏ ထိပ်တန်းအုပ်ချုပ်ရေးသို့ ပေးပို့ရန် ရည်ရွယ်သည်။ ၎င်းတို့၏ တည်ရှိမှုတို့သည် မြန်မာပြည်သူများကို အကျိုးရှိစေသည်ဟု ချက်ဗရွန်နှင့် တိုတယ်ရေနံတို့မှ မည်သို့ပင်ပြောဆိုသော်လည်း "တိုတယ်သည် စစ်အစိုးရအား အဓိကပံ့ပိုးသူ ဖြစ်လာခဲ့သည်" ဟု ၂၀၀၅ ခုနှစ်တွင် အောင်ဆန်းစုကြည်မှ လီမွန်ဒီ ပြင်သစ်သတင်းစာ တွင် ပြောကြားခဲ့သည်။

  1. Human Rights Concern။ 17 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 April 2009 တွင် ပြန်စစ်ပြီး။
  2. "BBC NEWS | World | Asia-Pacific | Burma leaders double fuel prices"၊ news.bbc.co.uk၊ 15 August 2007။ 
  3. Christina Fink, "The Moment of the Monks: Burma, 2007", in Adam Roberts and Timothy Garton Ash (eds.), Civil Resistance and Power Politics: The Experience of Non-violent Action from Gandhi to the Present, Oxford University Press, 2009. ISBN 978-0-19-955201-6, pp. 354–370. [၁]
  4. UN envoy warns of Myanmar crisis Archived 28 February 2008 at the Wayback Machine.
  5. "Military junta threatens monks in Burma"၊ The Times၊ 24 September 2007။ 
  6. 100,000 Protestors Flood Streets of Rangoon in "Saffron Revolution"။ 10 April 2009 တွင် ပြန်စစ်ပြီး။
  7. Lloyd Parry၊ Richard။ "Nuns join monks in Burma's Saffron Revolution"၊ The Times၊ 24 September 2007။ "Which meant that to the public the Monks and their religion played an important role throughout the protests. Along with the monks were nuns, students and activists who were protesting during the revolution." 
  8. Mother Jones: Has Washington Found its Iranian Chalabi? 6 October 2006
  9. Groups struggle to tally Myanmar's dead[လင့်ခ်သေ] Yahoo News, 1 October 2007
  10. More Burma protesters arrested as curfew orders ignored ABC News Australia
  11. Death Toll may be higher than reported Forbes
  12. "Myanmar: UN rights expert to probe allegations of abuses during crackdown" (သတင်းထုတ်ပြန်ချက်)။ UN News Centre။ 25 October 200725 October 2007 တွင် ပြန်စစ်ပြီး
  13. Groups struggle to tally Myanmar's dead[လင့်ခ်သေ] Yahoo News, 1 October 2007
  14. As Burma's junta reclaims streets, locals stand up for monks The Age, 2 October 2007
  15. Burma Toll at least 31 UN say BBC News, 7 December 2007
  16. "US Diplomat Meets Burma Leader"Time။ Associated Press။ 12 October 2007။ 26 July 2008 တွင် မူရင်း အား မော်ကွန်းတင်ပြီး10 April 2009 တွင် ပြန်စစ်ပြီး
  17. AJE – Al Jazeera English Aljazeera News, More protesters held in Myanmar.
  18. BBC NEWS | Asia-Pacific | Monks 'trying to escape Rangoon' BBC News, More monk escape
  19. Assistance Association for Political Prisoners (Burma)။ "Mar Mar Oo Profile"၊ Assistance Association for Political Prisoners (Burma)။ 
  20. Assistance Association for Political Prisoners (Burma)။ "Nilar Thein Profile"၊ Assistance Association for Political Prisoners (Burma)။ 
  21. Assistance Association for Political Prisoners (Burma)။ "Sandar Min Profile"၊ Assistance Association for Political Prisoners (Burma)။ 
  22. Assistance Association for Political Prisoners (Burma)။ "Thet Thet Aung Profile"၊ Assistance Association for Political Prisoners (Burma)။ 
  23. Home Assistance Association of Political Prisoners
  24. Assistance Association for Political Prisoners (Burma)။ "Mar Mar Oo Profile"၊ Assistance Association for Political Prisoners (Burma)။ 
  25. "Prison Terms for Activists in Myanmar"၊ The New York Times၊ 12 November 2008။ 
  26. 40 Burmese Dissidents Given Prison Terms of up to 65 Years Archived 1 May 2011 at the Wayback Machine.
  27. MYANMAR: Monk Receives 68 Years in PrisonAmnesty International (3 October 2008)။ 29 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2011 တွင် ပြန်စစ်ပြီး။
  28. [၂] Challenging the Authoritarian State: Buddhist Monks and Peaceful Protests in Burma. vol.32:1 winter 2008. Retrieved 7 April 2009. Archived 16 May 2009.
  29. Over 100,000 people in Rangoon and parts of Burma protest (Third to last paragraph) Mizzima News Archived 23 February 2008 at the Wayback Machine.
  30. Yangon bloggers outsmart Myanmar censors Archived 15 November 2007 at the Wayback Machine. AFP, 25 September 2007.
  31. Burma cyber-dissidents crack censorship BBC, 26 September 2007
  32. Burma 'cuts all Internet links' Bangkok Post, 28 September 2007
  33. Warning Shots Fired At Protesters Sky News, 28 September 2007
  34. Faced with Myanmar protests, China reaffirms nonintervention Archived 11 October 2007 at the Wayback Machine. Inquirer.net, 25 September 2007.
  35. World urges restraint amid Myanmar protests Archived 11 October 2007 at the Wayback Machine. AFP, 25 September 2007.
  36. personal sanctions BBC News, 10 October 2007
  37. "Bush Imposes Economic Sanctions on Key Officials From Myanmar's Government" Fox News Channel
  38. Missima News။ monywa.org။ 8 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 May 2015 တွင် ပြန်စစ်ပြီး။
  39. Pressure Builds on Myanmar as Protesters Are Shot At (Update) Bloomberg, 27 September 2007.
  40. Howard flags sanctions against Burma Australian Broadcasting Corporation News, 27 September 2007.
  41. PM launches sanctions against junta The Sydney Morning Herald, 27 September 2007.