ကမ္ဘာမီးလောင် သားကောင်ချနင်း
ကမ္ဘာမီးလောင် သားကောင်ချနင်း ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ကမ္ဘာမြေကြီး မီးလောင်သကဲ့သို့ အလွန် ပူပြင်းသောအခါ မိခင်ဖြစ်သူသည် မိမိသက်သာရာရစေရန် မိမိသားသမီးကိုပင် မြေတွင် ချ၍ နင်းသည်ဆိုသကဲ့သို့ ကြီးမားသော ဘေးနှင့် ကြုံတွေ့ရလျှင် မည်သူ့ကိုမျှ မငဲ့ကွက်နိုင်၊ မိမိလွတ်မြောက်ရာ လွတ်မြောက်ကြောင်းကိုသာ လုပ်ဆောင်သည်ကို ဆိုလိုသည်။
ရှေးအခါက သဲကန္တာရကို ဖြတ်သန်း၍ ခရီးသွားလာကြသော လှည်းကုန်သည်တို့သည် လမ်းခရီးတစ်နေရာတွင် ညအိပ်ရပ်နားပြီး နံနက်အချိန် အဆောတလျင် ခရီးနှင်ကြရာ မိခင်တစ်ဦးနှင့်ကလေးငယ်တို့ ကျန်ခဲ့သည်။ နေမြင့်သောအခါ သဲပူလွန်းသဖြင့် ခြေဖြင့် မနင်းနိုင်ဘဲ တောင်းကို ချ၍ နင်းသည်။ တောင်းပူလာသောအခါ ခေါင်းခုအဝတ်ကို ချ၍ နင်းပြန်သည်။ ခေါင်းခုအဝတ် ပူလာသောအခါ ရင်ခွင်ပိုက်ထားသော သားငယ်ကို သဲပေါ်ချကာ တက်နင်းလေသည်။ နောက်ဆုံးတွင် မိခင်လည်း သေဆုံးရလေသည်။[၁]
ဆိုလိုရင်းတူညီသောအခြားစကားပုံ
ပြင်ဆင်ရန်- ကိုယ်မချိ အမိသော်လည်း သားတော်ခဲ -နှင့်အတူတူ။
မူလရင်းမြစ်
ပြင်ဆင်ရန်- "ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုသလို မတတ်သာလို့ သမီးလေးပေးရတာ ကံသာချပါတော့ မမိရယ်။" [၁၂၉၇] ဒဂုန်၊ ၁၈၆။ ၁၅၀။