ကိုယ်မချိ အမိသော်လည်း သားတော်ခဲ
ကိုယ်မချိ အမိသော်လည်း သားတော်ခဲ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။ မြန်မာဆိုရိုးစကား တစ်ခုလည်း ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်မိခင်သည် အတိဒုက္ခရောက်နေချိန်တွင် မိမိသားသမီးကိုပင် သားသမီးဟူ၍ မယူဆနိုင်သကဲ့သို့ မိမိ အတိဒုက္ခရောက်နေချိန်တွင် မည်သူ့ကိုမျှ မငဲ့မထောက်နိုင်ဖြစ်သည်။
အခြားအသုံးအနှုန်း
ပြင်ဆင်ရန်ကမ္ဘာမီးလောင် သားကောင်ချနင်း နှင့်အတူတူဖြစ်သည်။
ဆိုရိုးအဖြစ်အသုံးရှိကြောင်းဖော်ပြချက်
ပြင်ဆင်ရန်- ကိုယ်မချိ၊ အမိသော်လည်း သားတော်ခဲ ဆိုရိုးစကားလည်းရှိသည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "သတ္တဝါတို့သည် အစာငတ်မွတ်ခေါင်းပါးသောအခါ ကိုယ်မချိ အမိသော်လည်း သားတော်ခဲဆိုသော စကားကဲ့သို့ မည်သူ့ကိုမျှ ညှာတာခြင်း မပြုနိုင်အောင် ရှိသဖြင့်..." [၁၂၈၃] ပညာအလင်း၊ ၄၊ ၁။ ၅။
- "ငါ့သမီးတော့ ဒီရန်သူရဲ့လက်အောက်မှာ အခိုင်းအစေ ခံရရှာတော့မယ်။ အဖေ အသည်းနာလှတယ် သမီးရယ်။ အဖေလည်း ကိုယ်မချိ အမိသော်လည်း သား တော်ခဲဆိုသလိုမို့သာ ခွင့်လွှတ်ရမှာပဲ။" [၁၃၁၂] ပဒေသာ၊ ၁၊ ၅။ ၉၇။