ဥရောပ၏ ကမ္ဘာ့ခြေဆန့်ခေတ် (အင်္ဂလိပ်: Age of Exploration) ဟူသည်မှာ အကြမ်းဖျင်းအားဖြင့် ခုနှစ် ၁၄၀၀-ကျော် ကာလများနှင့် ၁၆၀၀-ကျော် ကာလများအတွင်း ဥရောပတိုင်းပြည် အသီးသီးမှ သင်္ဘောရေကြောင်းတို့ဖြင့် ကမ္ဘာ့ဒေသ အများအပြားသို့ ရွက်လွှင့်စူးစမ်းခြင်း၊ ကိုလိုနီပြု နယ်မြေစိုးမိုးခြင်း၊ နယ်မြေသိမ်းပိုက်ခြင်းတို့ ပြုလုပ်ဖြစ်ပျက်ခဲ့ရာ ကာလအပိုင်းအခြား (အကြမ်းဖျင်း အနှစ် ၁၀၀ ကျော်ကျော်ခန့်) ဖြစ်၏။ အမည်ကျော် ခရစ္စတိုဖာ ကိုလံဘတ် ၏ အမေရိကားတိုက်သို့ (ပထမဆုံး ရှာဖွေတွေ့ရှိခြင်းမူ မဟုတ်ဘဲ) ပထမဆုံး ခြေဆန့်နယ်မြေစိုးမိုးမှုမှာ ဤခေတ်အစ၏ ပြယုဂ် အဖြစ်အပျက် ဖြစ်နိုင်၏၊ ၁၅ ရာစု အနှောင်းပိုင်းတွင် ဖြစ်သည်။

A replica of the Spanish carrack Santa Maria which was used by Christopher Columbus in his first expedition across the Atlantic Ocean in 1492, arriving to the New World
A replica of the Portuguese carrack Flor de la Mar. participated in decisive events for Portugal in the Indian Ocean until her sinking in November 1511

ဥရောပသမိုင်းကြောင်း အတွင်း

ပြင်ဆင်ရန်

ဥရောပ၏ ဤကမ္ဘာ့ခြေဆန့်ခေတ် မတိုင်မီမှာ ဉာဏ်သစ် အရေးတော်ပုံ ဖြစ်ပြီး၊ ဤကမ္ဘာ့ခြေဆန့်ခေတ် နောက် ဖြစ်ပေါ်ဆက်စပ်သွားသည်မှာ ဉာဏ်အလင်းပွင့်ခေတ် ဖြစ်ပါ၏။

အကိုးအကား

ပြင်ဆင်ရန်