သျှင် ကရဝိကသည် ညောင်ရမ်းခေတ် သက္ကရာဇ် ၉၉၁ ခုနှစ် အင်းဝမြို့၌ နန်းတက် တော်မူသော သာလွန်မင်းတရားကြီး လက်ထက်တွင် ထင်ရှားသော စာဆို တော်တစ်ဦး ဖြစ်သည်။ ဇာတိမှာ ပုခန်းကြီးမြို့ ကျေးပိုင်သင်ရွာ ဖြစ်သည်။ သျှင်ကရဝိကသည် ပထမကျော်အောင်စံထား ဆရာ တော်၏ တပည့်တစ်ဦး ဖြစ်၏။

သက္ကရာဇ် ၉၉၆ ခုနှစ်တွင် 'တက်ထွန်းလျှံဝါ' ချီရတုပိုဒ်စုံ သုံးပိုဒ်ကို သွင်းသည်။ ယင်းရတုကို ဘုရင်က နှစ်သက်တော် မူ၍၊ ရွှေကျည်တောက်တွင် သွင်းနှံသိမ်းဆည်းကာ အလိုက်ရတု များကို ရေးသား လေ့ကျက်သည်ဟု ဆိုသည်။

ဤစာဆိုသည် နရပတိရေလား ရတုပိုဒ်စုံကိုလည်း ရေး သည်။ ပုဂံမြို့ဘွဲ့ လူးတားကိုလည်း ရေးသည်ဟု ဆိုသည်။ ထိုလူးတားစာမူကို မတွေ့ရသေးသော်လည်း လူးတား ရေးခဲ့ရိုး မှန်လျှင် အဟောင်းဆုံးလူးတား ဖြစ်ပေမည်။

စာဆိုသည် သက္ကရာဇ် ၁၁၁ဝ ပြည့်နှစ်တွင် ဘုရားဟော ဝိသတိနိပါတ်လာ ဘလ္လာတိယ ဇာတ်တော် ကိုမှီး၍ 'ညွန်ဖူးဝေဝေ၊ ကျွန်းသပြေ၏' အစချီသော မင်းလှယဉ်နုပျို့ကိုဖွဲ့ဆိုသည်။

  • ထိုပျို့တွင်-

သော်ကထွတ်ထွက်၊ ဖက်ဆွတ်လတ်လတ်၊
ရင်ခတ်ရွှေရွှေ၊ မိုးစွေနီနီ၊
သရဖီထပ်ထပ်၊ ဇလပ်မွှေးမွှေး၊
မုလေး ဆင့်ဆင့်၊ ကြကြာပွင့်ဝါဝါ၊
မုလေး ဆင့်ဆင့်၊ ကြ
ယင်းမာလန်းလန်း၊ အနန်းရှားရှား၊
စကားဝင်းဝင်း၊ အင်ကြင်းရွှင်ရွှင်၊
သဇင်လူလူ၊ မဉ္ဇူ လှိုင်လှိုင်၊ ပန်းခိုင်ခိုင်နှင့်၊
စသည်ဖြင့် စကားလုံးများကို ဝေဆာနိုင်နင်းစွာ ဖွဲ့နွဲ့ထားသည်။ စကားလုံးကြွယ်ဝ၍ စကားတန်ဆာ ဆင်နိုင်စွမ်း ရှိလှသည်။ စာဆိုသည် မင်းရဲကျော်စွာ လေးထပ်ကျောင်းတည် မော်ကွန်းများနှင့် ရတုများကိုလည်း စပ်ဆိုခဲ့လေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)