ရှင်ကရဝိက (၉၉၁ - ၁၀၅၁) သည် အင်းဝခေတ်တွင် ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

ရှင်ကရဝိကကို ၉၉၁ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ပုခန်းကြီးမြို့နယ်၊ ပိုက်သင်ရွာ၌ ဦးလှော်-ဒေါ်ရွှေမယ်တို့မှ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ချမ်းသာ ဖြစ်သည်။ ငယ်စဉက ပထမကျော်အောင်စံထားဆရာတော်ထံတွင် ပညာသင်ကြား၍ ရှင်သာမဏေဝတ်ခဲ့သည်။ ဘွဲ့တော်မှာ “ရှင်ကရဝိက” ဖြစ်သည်။

သာလွန်မင်းတရားကြီး ဥကင်တော်ဖွင့်သောအခါ ရှင်ကရဝိကသည် ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ မင်းတရားကြီးက ရှင်ကရဝိကအား လူဝတ်လဲစေသော်လည်း မလဲဘဲ စစ်ကိုင်းရွှေမင်းဝံတောင်ရိုးတွင် အရညဝါသီဆောက်တည်တော်မူခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ရှင်ကရဝိကသည် ၁၀၅၁ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။ [၁]

စာပေများ ရေးသားခြင်း ပြင်ဆင်ရန်

၁။ မင်းလှယဉ်နုပျို့ (၁၀၂၀)၊

၂။ ရတုများ၊

၃။ ပုဂံမြို့ဘွဲ့လူးတား၊

၄။ နရပတိရေလား၊

၅။ မင်းရဲကျော်စွာလေးထပ်ကျောင်းတည်မော်ကွန်း။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၁၁။