ကလပ်ငယ်ကြိုးသည် ဝန်ကြီးပဒေသရာဇာက ရေးဖွဲ့ခဲ့သော တေးသီချင်း တပုဒ် ဖြစ်ကာ၊ မဟာဂီတ. ဝင် ဖြစ်သည်။ ကလပ်ကြီးကြိုး ဟုလည်း ရှိသည်။

ကလပ်ငယ်ကြိုး ပြင်ဆင်ရန်

စည်းနဲ့ဝါး... စည်းနဲ့ဝါး..စည်းနဲ့ဝါးလေး
စည်းနဲ့ဝါး..စည်းနဲ့ဝါးလေး..စည်းနဲ့
သာယာသာယာ မြည်လေကြွေး။ သာလိကာငယ်လေကျေး။ ။
ချီခင်စွတ်ကယ်က။ ကျူးတယ်ကျူးတယ်ကို။ သင်တိုင်းဝတ်ကယ်က။ မြူးတဲ့မြူးတယ်ကို။ ။
သံချိုတည့်ဧဧ။ ပယ်တည့် ပယ်ထွေးထွေး။ ။
စာပေးခွန့်ကြ။ ချစ်ရေး ခင်ရေးမျှပါလို့လေး။ ။
အတူစုံစွာ။ စံတည့်စံပျော်ရာ။ ။
ချစ်ခင်လေ ချစ်ခင်လှပါသည်ရှင်။ ချစ်ခင်လေ လွန်မြတ်နိုး။ ဇီတဲ့သာ ဇီဝဇိုး။ ။
ဥချိုး တွံသံ သာပင် သာချည့်လေ။ ။
မ ကို မ ကို ခေါ်သွေး။ မြည်မြည်မြည်ကြလေး။ ။
မယ်ညိုဖြူပြာ။ နီတဲ့နီရွှေဝါ။ ။
ဟင်္သာလေ ပျံကာသွား။ ပိတုံးပိတုံးပျား။ ။
ရေပေါ်မှာ လွှားပါလို့။ ကြာဆံကို စားပါလို့။ ဝဲကာ ပျံလေလေတည့်။ ဝဲကာပျံ။

ကျေးဇူးတင်ပါသည် ပြင်ဆင်ရန်

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/