ရေကြက်ရင်ဖြူ

(ကလူကွက်ငှက် မှ ပြန်ညွှန်းထားသည်)
ရေကြက်ရင်ဖြူ / ကရကွက်
Adult in Singapore
Call at dusk, Bangalore
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Gruiformes
မျိုးရင်း: Rallidae
မျိုးစု: Amaurornis
မျိုးစိတ်:
A. phoenicurus
ဒွိနာမ
Amaurornis phoenicurus
Pennant, 1769
     approximate range
Synonyms

Erythra phoenicura

ရေကြက်ရင်ဖြူ (သို့) ကရကွက်ကို ရေကြက်မဟုလည်း ခေါ်သည်။ ဤငှက်ကို အရှေ့တိုင်းဒေသများတွင် တွေ့ရ၍၊ မြန်မာနိုင်ငံရာသီဥတုသင့်လျော်သော ဒေသများတွင် တွေ့မြင်နိုင်သည်။ အလျား ၁၂ လက်မခန့်ရှိ၍၊ ဦးခေါင်းတွင် မွဲပြာရောင်ဖြစ်သည်။ ကရကွက်သည် ရေတွင်ကျက်စားသောငှက်ဖြစ်၍၊ နံနက်ခင်းနှင့် ညနေခင်းတွင် ကုန်းသို့တက်ကာ ပိုးမွှားနှင့် သစ်စေ့များကို ရှာဖွေစားသောက်နေတတ်သည်။

အနီးအနားသို့ သွားရောက်နှောက်ယှက်လျှင်၊ ပျံမပြေးဘဲ ချုံဖုတ် တောအုပ်များရှိရာသို့ ပြေးလွှားပုန်းအောင်းတတ်သည်။ မိုးရာသီ သားပေါက်ချိန်တွင် အလွန်ဆူညံ၍ တစ်ခါတစ်ရံ ညဉ့်လုံးပေါက် အော်နေတတ်သည်။ အသိုက်ကို ရေစပ်ရှိ ချုံပုတ်များတွင် မြက်ခြောက်၊ ဝါးရွက်ခြောက်များဖြင့် ပြုလုပ်ကြသည်။ တစ်မြုံလျှင် (၄)လုံးမှ (၈)လုံးအထိ ရှိတတ်၏။ ဥမှာ အလျား ၁.၅၇ လက်မ၊ ပြက် ၁.၁၈ လက်မရှိ၍၊ ရှည်မျောပြီးလျှင် ချောမွတ်သည်။[]

  1. BirdLife International (2012). "Amaurornis phoenicurus". IUCN Red List of Threatened Species 2012. IUCN. 
  2. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၅၄)။ "ကရကွက်"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်