ကိန္တိသုတ်
ဘုရားရှင် ပိသိနာရမြို့အနီး နတ်တို့အား ဗလိနတ်စာပူဇော် ပသရာ တောအုပ်၌ သီတင်းသုံးနေတော်မူစဉ် “တရားဟောမှုနှင့် ပတ်သက်၍ ဘုရားရှင်အပေါ် ရဟန်းတို့၏ ထင်မြင်ယူဆချက်ကို” မေးတော်မူသည့်အခါ ရဟန်းတို့က “ဘုရားရှင်သည် သင်္ကန်း၊ ဆွမ်း, ကျောင်း ကြီးပွားတိုးတက်မှုအတွက် တရားဟောတော်မမူပဲ သတ္တဝါတို့ အပေါ် သနားစောင့်ရှောက် ချီးမြှောက်မှု၊ စီးပွားလိုလားမှုကို အကြောင်းပြု၍ တရားတော်ကို ဟောတော်မူပါကြောင်း” လျှောက်ထားကြသည်။ ထိုအခါ ဘုရားရှင် က “ငါဘုရား ထူးသောသဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် သိ၍ ဟောကြားတော်မူအပ်သော ဗောဓိပက္ခိယတရားတို့ကို ရဟန်းတော်များအားလုံး အညီအမျှ ဝမ်းမြောက် ဝမ်းသာ ငြင်းခုံခြင်း မရှိကြပဲ ကျင့်သုံးကြရမည်၊ ဓမ္မဝိနယတို့၌ ဝါဒကွဲပြား ငြင်းခုံမှု ဖြစ်ပွားလျှင် အချင်းချင်း ညှိနှိုင်း၍ ဖြေရှင်းနည်းများ၊ အကုသိုလ်မှ ထစေ၍ ကုသိုလ် တရားတို့၌ တည်သောသူသည် မိမိကိုယ်ကိုလည်း မကြွားဝါ၊ သူတပါးကိုလည်း မရှုံ့ချ။ ဘုရားရှင် ဟောတော်မူသည့်အတိုင်း လျော်လျောက်ပတ်စွာ ဟောကြားပါက တစုံ တခု အကြောင်းယုတ္တိရှိသော စွပ်စွဲခြင်း, ကဲ့ရဲ့ရှုံ့ချခြင်းသို့ မရောက်နိုင်ပုံကို အကျယ် တဝင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၁] [၂]
ကိုးကား
ပြင်ဆင်ရန်- ↑ -မ၊၃၊၂၆-၃၁။ မ၊မြန်၊၃၊၂၉-၃၃။ မ၊ဋ္ဌ၊၄၊၁၈-၂၁။ မ၊ဋီ၊၃၊၂၃၈-၂၄၀။ ။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၁-ဒေဝဒဟဝဂ္ဂ၊ တတိယသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ