ကျွန်း ကိုင်းမှီ၊ ကိုင်း ကျွန်းမှီ

ကျွန်း ကိုင်းမှီ၊ ကိုင်း ကျွန်းမှီ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်

ပြင်ဆင်ရန်

ကိုင်းပင်များ ပေါက်ရောက်နေသဖြင့်လည်း သောင်ကျွန်းသည် ရေတိုက်စားမှုကို ခံနိုင်ပြီး ရပ်တည်နေနိုင်သည်။ သောင်ကျွန်းတည်ရှိနေသဖြင့်လည်း ကိုင်းပင်များ ပေါက်ရောက်ရှင်သန် ရပ်တည်နိုင်သကဲ့သို့ တစ်ဦးနှင့်တစ်ဦးသည်လည်း အပြန်အလှန် အကျိုးပြု၍ အမှီသဟဲပြုကာ ရပ်တည်ကြရသည်ကို ဆိုလိုသည်။

ဆိုလိုရင်းတူညီသောအခြားစကားပုံ

ပြင်ဆင်ရန်

နမူနာအသုံး

ပြင်ဆင်ရန်
  • "ကျွန်တော်တို့နှင့် ထိုက်တန်သော ကိစ္စရှိပါလျှင် ပြောတော်မူပါ။ ကျွန်း ကိုင်းမှီ၊ ကိုင်း ကျွန်းမှီ ဆိုသလို အမေကြီးတို့ကိုလည်း ကျွန်တော်က အားထား ပါရစေ။"' [၁၂၇၅] စံပယ်။ ၉။
  • "ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုတဲ့အတိုင်း အချင်းချင်း ကျေးဇူးမကင်းကြပုံ သဘောများကိုလည်း ဘယ်အရာမှာမဆို တွေးတော ဆင်ခြင်တတ်ရမတဲ့။" [၁၃၂၇]

ရှေ့သို့၊ ၇၊ ၂။ ၁၁။

ကျမ်းကိုး

ပြင်ဆင်ရန်
  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၁

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်